W w W. N y I n @ y M i N. o R g

29 December 2008

ဘ​လောက်​လုပ်​ပုံ​အ​ဆင့်​ဆင့် ​အ​ပိုင်း(၂)

အား​လုံး​ပြီး​သွား​ပြီ​ဆို​ရင်​တော့ ​ဒီ​လို​မျိုး​လေး​တွေ့​ရ​မှာ​ပါ။ Dashboard ​တွင် ​မိ​မိ​ဖန်​တီး​ထား​သော ​ဘ​လော့ဂ်​ကို ​မြင်​တွေ့​ရ​မည် ​ဖြစ်​သည်။ ​ဂူ​ဂယ်လ် ​အ​ကောင့်​တစ်​ခု​ဖြင့် ​ဘ​လော့ဂ်​အ​ရေ​အ​တွက် ​အ​ကန့်​အ​သတ်​မ​ရှိ ​ဖန်​တီး​နိုင်​သည်။ ​ယ​ခု Dashboard ​တွင် ​မြင်​ရ​သည့် ​ဘ​လော့ဂ်​များ​ထဲ​မှ ​မိ​မိ​အ​သုံး​ပြု​လို​သည် ​ဘ​လော့ဂ်​ကို ​ရွေး​ချယ်​ပေး​ရ​မည်။ ​ယ​ခု​မှ ​ပ​ထ​မ​စ​လုပ်​သော ​ဘ​လော့ဂ်​များ ​အ​နေ​နှင့်​မူ ​ယင်း​နေ​ရာ​တွင် ​ဘ​လော့ဂ် ​တစ်​ခု​တည်း​သာ ​တွေ့​နေ​ရ​မည် ​ဖြစ်​သည်။

ဘ​လော့ဂ်​တစ်​ခု ​တည်​ဆောက်​ရာ​တွင် ​အ​ဓိ​က ​အ​ခန်း​က​ဏ္ဍ ​သုံး​ခု​ရှိ​သည်။ ​ယင်း​တို့​မှာ
• Posts
• Setting
•Layouts
စ​သည်​တို့​ဖြစ်​သည်။ Posts ​အ​ပိုင်း​မှာ ​စာ​ရိုက်​ခြင်း၊ ​တင်​ခြင်း​များ​နှင့် ​သက်​ဆိုင်​သည်။ Setting ​အ​ပိုင်း​မှာ ​ဘ​လော့ဂ်​ကို ​မည်​သို့ ​ထိန်း​ချုပ်​မည်၊ ​မည်​သို့ ​တင်​ပြ​မည် ​စ​သည်​တို့​နှင့် ​သက်​ဆိုင်​သည်။ Layout ​အ​ပိုင်း​မှာ ​ဘ​လော့ဂ်​၏ ​အ​ဆင်​အ​ပြင်​နှင့် ​ဖွဲ့​စည်း​မှု ​ပုံ​စံ​များ​ကို ​ဖန်​တီး​ယူ​သော ​အ​ပိုင်း​ဖြစ်​သည်။

(၁) Posting (​စ​တင်​ခြင်း)
ိdashboard ​မှာ​မြင်​နေ​ဖြစ်​ပါ​တဲ့ Post ​ဆို​တာ​လေး​ကို ​နှိပ်​မယ်​ဆို​ရင် ​ကျွန်​တော်​တို့​ဟာ ​စာ​ရိုက်​တဲ့​နေ​ရာ​ကို ​တိုက်​ရိုက်​ရောက်​သွား​မှာ​ဖြစ်​ပါ​တယ်။ Posting ​ခေါင်း​စဉ်​အောက်​က creat, Edit Post, Moderate Commant ​စ​သည်​ဖြင့် ​ရှိ​နေ​ပါ​တယ်။
Creat ​က ​ပို့စ်​အ​သစ်​တွေ​ကို ​ဖန်​တီး​ရေး​သား​တာ
Edit Post ​က ​ပို့စ်​တွေ​ကို ​ပြန်​ပြင်​တာ
Moderate Commant ​က ​သူ​များ ​ပေး​လာ​တဲ့ ​မှတ်​ချက်​တွေ​ကို ​ထိန်း​ချုပ်​ထား​တာ​ပါ။

ဒီ​ပုံ​မှာ ​ပိုစ့်​တစ်​ခု​တင်​ခြင်း​နှင့် ​ပတ်​သတ်​သော ​အ​ရာ​အား​လုံး​ကို ​ပြ​သ​ထား​ပါ​သည်။ ​ကိုယ်​ရိုက်​ချင်​သော ​စာ​သား​များ​ကို ​အ​ပြာ​ရောင် ​ပြ​ထား​သော ​နေ​ရာ​တွင် ​ရိုက်​ရ​ပါ​မည်။ ​မြန်​မာ​လို ​စာ​သား​ထည့်​သွင်း​ခြင်း​များ​အ​တွက် ​ဘ​လော့​ဂါ ​အ​များ​စု​က ​ဇော်​ဂျီ ​ကီး​ဘုတ်​နှင့် ​ဖောင့်​ကို ​အ​သုံး​ပြု​ကြ​သည်။ ​ယင်း​အ​ကြောင်း​ကို ​နောက်​ပိုင်း ​အ​ခန်း​တွင် ​ဆက်​ရှင်း​ပြ​ပါ​မည်။ ​စာ​ရိုက်​ပြီး​သွား​လျှင် ​မိ​မိ​၏​စာ​နှင့် ​သက်​ဆိုင်​သော ​ခေါင်း​စဉ်​ကို Title ​နေ​ရာ​တွင် ​တပ်​ပေး​ရ​ပါ​မည်။ Labels ​ဆို​သည်​မှာ ​ကိုယ်​ရေး​ထား​သော ​စာ​နှင့် ​ကိုက်​ညီ​သော ​နာ​မည်​တစ်​ခု ​ဖြစ်​သည်။ ​ဥ​ပ​မာ​အား​ဖြင့် ​ကိုယ်​က ​ခ​ရီး​သွား​အ​တွေ့​အ​ကြုံ​တစ်​ခု ​ရေး​သား​သည်​ဆို​လျှင် Travel ​လို​နာ​မည်​မျိုး ​ပေး​ခြင်း ​ဖြစ်​သည်။ ​ယင်း​လေ​ဘယ်လ် ​ပေး​ခြင်း​သည် ​နောက်​ပိုင်း​တွင် ​မိ​မိ​၏ ​ပိုစ့်​များ​ကို ​သက်​ဆိုင်​ရာ ​က​ဏ္ဍ​အ​လိုက် ​ပြန်​လည်​ခွဲ​ခြား​ရာ​တွင် ​အ​ထူး​အ​ရေး​ပါ​သည်။ ​ထို့​ကြောင့် ​စာ​တစ်​ပုဒ် ​ရေး​ပြီး​တိုင်း​တွင် ​ယင်း​စာ​နှင့် ​ပတ်​သတ်​သော ​လေ​ဘယ်​များ​ကို ​သ​တိ​မ​မေ့​စေ​ဘဲ ​မှတ်​မှတ်​သား​သား ​ပေး​သင့်​သည်။ ​စာ​သား​များ​ကို ​ဘယ်​ကပ်၊ ​ညာ​ကပ်၊ Text Alignment ​များ​ပြု​လုပ်​လို​လျှင်​လည်း Text Editor ​တွင် ​လွယ်​ကူ​စွာ ​ပြောင်း​လဲ​နိုင်​သည်။ ​အား​လုံး ​ပြီး​သွား​သော်​လည်း ​စာ​ကို ​အင်​တာ​နက်​ပေါ်​သို့ ​ချက်​ချင်း ​မ​တင်​ချင်​သေး​ဘူး​ဆို​လျှင် Save Now ​ဟူ​သော ​ခ​လုတ်​ကို ​နှိပ်​ခြင်း​ဖြင့် ​သိမ်း​ထား​နိုင်​သည်။ ​ထို​သို့​မ​ဟုတ်​ဘဲ ​ချက်​ချင်း ​အင်​တာ​နက်​ပေါ် ​တိုက်​ရိုက် ​တင်​မည်​ဆို​လျှင် Publish Post ​ဆို​သည်​ကို ​နှိပ်​လိုက်​သည်​နှင့် ​မိ​မိ​စာ​သည် ​ဘ​လော့ဂ်​ပေါ် ​တင်​ပြီး​သား ​ဖြစ်​သွား​ပေ​လိမ့်​မည်။ ​ယင်း​သို့ ​စာ​ရိုက်​ရာ​တွင် ​ပုံ​များ​ကို​လည်း ​ပူး​တွဲ ​တင်​ပြ​နိုင်​သည်။ ​ယင်း​သို့ ​ပုံ​တင်​ရာ​တွင် ၂​မျိုး​ရှိ​သည်။ ​မိ​မိ​၏ ​ဘ​လော့​ဂါ ​အ​ကောင့်​မှ ​ပုံ​ကို ​မိ​မိ​ဘ​လော့ဂ်​တွင် ​တင်​ခြင်း​နှင့် ​ဘ​လော့​ဂါ​မ​ဟုတ်​သော ​အ​ခြား​အ​ကောင့်​မှ​ပုံ​ကို ​မိ​မိ​ဘ​လော့ဂ်​တွင် ​တင်​ခြင်း​ဟူ​၍ ​ဖြစ်​သည်။

မိ​မိ​၏ ​ဘ​လော့ဂ် ​အ​ကောင့်​တွင် ​တိုက်​ရိုက်​တင်​ခြင်း
ပ​ထ​မ ​ကိုယ်​တင်​ချင်​တဲ့ ​ပုံ​ကို ​စက်​ထဲ​က​နေ ​ရွေး​ပေး​ပါ။ ​တစ်​ပုံ​ထက် ​ပို​တယ်​ဆို​ရင် Add Another Image ​ဆို​တာ​လေး​ကို ​နှိပ်​ရ​ပါ​မယ်။ ​ပုံ​ကို ​ဘ​လော့ဂ်​ပေါ်​မှာ ​ဘယ်​လို ​ပေါ်​စေ​ချင်​သ​လဲ ​ဆို​တာ​ကို​တော့ ​ဒု​တိ​ယ ​အ​ဆင့် ​အ​နေ​နဲ့ ​ရွေး​ပေး​ရ​ပါ​တယ်။ ​ဘယ်​ဘက်​မှာ​လား၊ ​ညာ​ဘက်​မှာ​လား ​စ​သည်​ဖြင့်။ ​နောက်​ဆုံး​က​တော့ Image Size ​ရွေး​ပေး​ရ​တာ​ပါ။ ​စမ်း​သပ်​ချက်​များ​အ​ရ Medium ​က​အ​ကောင်း​ဆုံး​ပါ။ ​အား​လုံး ​ပြီး​သွား​ရင် ​အောက်​ဆုံး​က Upload Image ​ဆို​တာ​ကို ​နှိပ်​ပေး​လိုက်​ပါ။

နှိပ်​ပေး​လိုက်​ပါ။အ​ထက်​ပါ​ကဲ့​သို့ ​ပုံ​တင်​ပြီး​သွား​ပြီ​ဖြစ်​ကြောင်း ​အ​ကြောင်း​ကြား​စာ ​ပေါ်​လာ​လျှင် Done ​ကို​နှိပ်​ပြီး ​အ​တည်​ပြု​ပေး​လိုက်​ပါ။ ​ပြီး​လျှင် ​ယ​ခင်​အ​ဆင့်​တွင် ​ပြ​ထား​သ​ကဲ့​သို့ ​စာ​ကို ​ပုံ​နှင့်​တ​ကွ ​မိ​မိ​ဘ​လော့ဂ်​ပေါ်​သို့ Publish ​ကို​နှိပ်​ပြီး ​တိုက်​ရိုက် ​တင်​နိုင်​ပြီ ​ဖြစ်​သည်။

Edit Posts
ယ​ခု ​အ​ပိုင်း​မှာ ​ယ​ခင် ​ရေး​သွင်း​ထား​ပြီး​သား ​ပိုစ့်​များ​တွင် ​တစ်​ခု​ခု ​အ​မှား​အ​ယွင်း ​ရှိ​လျှင်​သော်​လည်း​ကောင်း၊ ​အ​ခြား ​အ​ကြောင်း​အ​မျိုး​မျိုး ​ကြောင့်​သော်​လည်း​ကောင်း ​ပြင်​ဆင် ​တည်း​ဖြတ်​မှု ​ပြန်​လည် ​ပြု​လုပ်​လို​လျှင် ​အ​သုံး​ပြု​ရ​သည်။

Edit Posts ​က​ဏ္ဍ​အောက်​တွင် ​ရှိ​နေ​သော ​ပိုစ့် ​သုံး​ခု​ကို ​တွေ့​ရ​မည် ​ဖြစ်​သည်။ ​ယင်း​ပိုစ့်​များ​ထဲ​မှ ​တစ်​ခု​ခု​ကို ​ပြင်​ချင်​လျှင် ​သက်​ဆိုင်​ရာ​ပိုစ့်​၏ ​ဘေး​တွင် ​ရှိ​နေ​သော Edit ​ဆို​သည့် ​ခ​လုတ်​ကို ​နှိပ်​ပေး​ရန်​သာ ​ဖြစ်​သည်။ ​ထို​အ​ခါ ​ယ​ခင် ​တင်​ခဲ့​သော ​ပြင်​ဆင်​လို​သည့် ​ပိုစ့်​သည် Create ​အ​ဆင့်​မှာ​ကဲ့​သို့ ​ပြန်​ပေါ်​လာ​မည် ​ဖြစ်​သည်။ ​ထို​အ​ချိန်​တွင်​မှ ​ပုံ​အ​သစ်​များ၊ ​စာ​သား​အ​သစ်​များ ​ထည့်​သွင်း​မည် ​ဆို​လျှင်​လည်း ​ရ​သည်။ ​တင်​ထား​ပြီး​သား ​စာ​များ ​ပိုစ့်​များ​ကို ​ဖျက်​မည်​ဆို​လျှင်​လည်း ​ရ​သည်။ ​ယင်း​က​ဏ္ဍ​ထဲ​တွင် ​ပိုစ့်​များ​နှင့် ​သက်​ဆိုင်​သော Labels ​များ​ကို​လည်း ​တွေ့​နိုင်​သည်။

1 comments:

  1. ​ကျေး​ဇူး​ကို​နေ၊​ပုံ​လေး​တွေ​ထည့်​ကြည့်​မယ်​နော်

    ReplyDelete