W w W. N y I n @ y M i N. o R g

29 December 2008

ဘ​လောက်​လုပ်​ပုံ​အ​ဆင့်​ဆင့် ​အ​ပိုင်း(၁)

ကျွန်​တော် ​ကို​ညီ​လင်း​ဆက်​ဆီ​က​နေ ​သိ​လာ​တာ​လေး​ကို ​လေ့​လာ​သူ​များ​အ​နေ​နှင့် ​အ​ကျိုး​ရှိ​မယ်​ထင်​လို့ ​ပို့စ်​အ​ဖြစ်​တင်​လိုက်​ပါ​တယ် ..
သာ​မန် ​ဘ​လော့ဂ်​တစ်​ခု ​တည်​ဆောက်​ခြင်း

အ​ဆင့် (၁)
Create Google Account

ဘ​လော့ဂ်​တစ်​ခု ​တည်​ဆောက်​ရန်​အ​တွက် ​သင့်​ထံ​တွင် Google Account ​သို့​မ​ဟုတ် Gmail Account ​တစ်​ခု ​ရှိ​ရန် ​လို​အပ်​ပါ​သည်။ Google Account ​ကို ​ဒီ​နေ​ရာ​မှာ ​ရ​ယူ​နိုင်​သည်။

အ​ဆင့် (၂)
First Step to Blog

www.blogger.com ​ကို​သွား​ပါ။ ​သင်​၏ Google Account ​နှင့် ​စ​ကား​ဝှက်​ကို ​ထည့်​သွင်း​ပါ။




အ​ဆင့် (၃)
Name Your Blog

သင်​၏ ​ဘ​လော့ဂ်​အ​တွက် ​နာ​မည် (Blog Title)၊ ​လိပ်​စာ (Blog Address) ​စ​သည်​တို့​ကို ​ထည့်​သွင်း​ပါ။ ​ဘ​လော့ဂ် ​နာ​မည်​မှာ ​ထို​ဘ​လော့ဂ်​ကို ​ကိုယ်​စား​ပြု​သော ​နာ​မည်​ဖြစ်​လျှင် ​ပို​ကောင်း​ပါ​သည်။ ​လိပ်​စာ​ကို​တော့ ​အ​ရှည်​ကြီး ​ပေး​မည့်​အ​စား ​ခပ်​တို​တို​ပေး​ခြင်း​က ​ပို​ပြီး ​အ​ဆင်​ပြေ​စေ​ပါ​သည်။ (​ထို​အ​ရာ​များ​မှာ ​အ​ချိန်​မ​ရွေး ​ကိုယ်​နှစ်​သက်​သ​လို ​ပြောင်း​လဲ​နိုင်​သည်​ကို ​နောက်​ပိုင်း ​သက်​ဆိုင်​ရာ ​အ​ခန်း​တွင် ​ရှင်း​ပြ​သွား​ပါ​မည်)

သင့်​ဘ​လော့ဂ် ​လိပ်​စာ​ကို ​ပေး​ပြီး​ပါ​က ​အ​ဆို​ပါ ​လိပ်​စာ​မှာ ​အ​သုံး​ပြု​၍ ​ရ​နိုင်​မ​ရ​နိုင်​ကို ​အ​နီ​ရောင်​ဖြင့် ​ပြ​ထား​သော Check Availability ​ဆို​သည်​ကို ​နှိပ်​ပြီး ​စစ်​ဆေး​နိုင်​ပါ​သည်။ ​ထို့​နောက် ​အ​ပြာ​ကွင်း​ပြ​ထား​သော ​နေ​ရာ​တွင် ​အ​လို​အ​လျောက် ​ပေါ်​လာ​သော ​စာ​လုံး​များ​ကို ​မ​လွဲ​အောင် ​ပြန်​ရိုက်​ပေး​ရ​ပါ​မည်။ ​အား​လုံး​ပြီး​ဆုံး​လျှင် Continue ​ကို​နှိပ်​ရ​ပါ​မည်။

အ​ဆင့် (၄)
Choose Template

ထို​အ​ဆင့်​တွင် ​ကိုယ့်​ဘ​လော့ဂ်​၏ ​အ​သွင်​အ​ပြင် ​ပုံ​သ​ဏ္ဍာန် Template ​ကို​ရွေး​ချယ်​ပေး​ရ​မည် ​ဖြစ်​သည်။ ​ကိုယ်​နှစ်​သက်​သော ​နောက်​ခံ​အ​ရောင်၊ ​စာ​သား ​အ​ထား​အ​သို ​စ​သည်​တို့​နှင့် ​ကိုက်​ညီ​သော Template ​တစ်​ခု​ကို ​ရွေး​ချယ်​ပြီး ​အ​နီ​ရောင် ​အ​ဝိုင်း​ပြ​ထား​သော ​နေ​ရာ​တွင် Mark ​လုပ်​ပေး​ရ​မည် ​ဖြစ်​သည်။ ​ရွေး​ချယ်​ပြီး​လျှင် Continue ​ကို​နှိပ်​ပါ။ ​ထို​အ​ခါ ​အောက်​ဖော်​ပြ​ပါ ​ပုံ​တွင် ​တွေ့​ရ​သ​ကဲ့​သို့ ​သင့်​တွင် ​ဘ​လော့ဂ်​တစ်​ခု ​ဖန်​တီး​ပြီး​ဖြစ်​ကြောင်း ​အ​သိ​ပေး​မည် ​ဖြစ်​သည်။ ​စာ​စ​တင် ​ရိုက်​သွင်း​ရန်​အ​တွက် ​အောက်​ခြေ​မှ Start Posting ​ဆို​သည်​ကို ​နှိပ်​ပေး​ရန် ​လို​အပ်​ပါ​သည်။


အ​မှန်​စစ်​စစ် ​အ​ဆင့်​လေး​တွင် ​ယေ​ဘု​ယျ ​ဘ​လော့ဂ်​တစ်​ခု ​ဖန်​တီး​ခြင်း​လုပ်​ငန်း ​ပြီး​ဆုံး​ပြီ​ဖြစ်​သည်။ ​သို့​ရာ​တွင် ​အ​ဆို​ပါ Start Posting ​ကို​နှိပ်​လိုက်​ပါ​က ​အောက်​ပါ ​စာ​မျက်​နှာ​ကို ​မြင်​ရ​မည် ​ဖြစ်​သည်။ ​တ​ဆက်​တည်း ​မြင်​သာ​ထင်​ရှား​စေ​ရန် ​ပ​ထ​မ​ဆုံး ​စာ​မူ​တစ်​ခု​ကို ​စမ်း​သပ် ​တင်​ကြည့်​ပါ။ ​စာ​ရိုက်​တဲ့​နေ​ရာ​မှာ Edit Html ​အ​ကွက်​ထဲ​မှာ​ပဲ ​စာ​ကို​ရိုက်​ရ​မှာ​ပါ.. compose ​မှာ ​စာ​မ​ရိုက်​ရ​ပါ​ဘူး။ ​တော်​တော်​များ​များ​ဟာ compose ​မှာ​ပဲ ​ရိုက်​ကြ​တာ​ပါ။ ​ပို့စ်​မ​ပေါ်​ဘူး​လား​လို့​မေး​စ​ရာ​ရှိ​ပါ​တယ်။ ​ပေါ်​ပါ​တယ် ​ဒါ​ပေ​မယ့် ​ကုတ်​တွေ​ထည့်​ချင်​တယ်​ဆို​တာ​မျိုး ​တစ်​ခု​ခု html ​ကုတ်​တစ်​ခု​ခု ​တင်​မယ်​ဆို​ရင် ​အဲ့​ဒီ့​မှာ ​ကုတ်​တွေ​များ​တော့ ​ရှုပ်​ကုန်​ရော​ပေါ့။ compose ​ဆို​တာ ​တစ်​ကယ်​တော့ ​ကာ​လာ​ထည့်​မှာ​တို့​ကို ​စာ​လုံး​ညှိ​တာ​တို့​ကို ​လုပ်​ပေး​ပါ​တယ်။ ​ဆို​လို​တာ​က ​ပို့စ်​တွေ​ကို ​ဘယ်​ညှိ​လား၊ ​ညာ​ညှိ​လား၊ ​အ​လယ်​ညှိ​လား၊ ​နှစ်​ဖက်​ညီ​လား၊ ​ဒါ​မျိုး​တွေ​ကို ​ညှိ​ပေး​တာ​ကို ​အ​ဓိ​က​ထား​လုပ်​ပါ​တယ်။ ​အဲ့​ဒီ့​တော့ ​ကျွန်​တော်​တို့ ​ပို့စ်​တွေ​ကို Edit Html ​နဲ့​ပဲ​ရေး​ကြ​ရ​အောင်​ဗျာ။ ​ကုတ်​တွေ​ရော​မ​ရော​သိ​ချင်​ရင် ​ကျွန်​တော်​တို့ compose ​နဲ့​ရိုက်​ပြီး​ရင် html ​နဲ့​ပြန်​ကြည့်​ပါ ​ကုတ်​တွေ​ထွက်​ကျ​လာ​ပါ​လိမ့်​မယ်။ html ​နဲ့​ရိုက်​ရင်​တော့ ​ဘာ​ကုတ်​မှ ​ပေါ်​မှာ​မ​ဟုတ်​ပါ​ဘူး။ ​အဲ ​စာ​အား​လုံး​ရိုက်​ပြီး​ပြီ​ဆို​ရင်​တော့ publish post ​ဆို​တာ​လေး​ကို ​နှိပ်​ဖို့​မ​မေ့​ပါ​နဲ့​ဗျာ။ ​ဘာ​ဖြစ်​လို့​လဲ​ဆို​ရင် Publish ​ကို​မ​နှိပ်​ရင် ​စာ​ဖတ်​သူ ​တင်​တဲ့​ပို့စ်​ကို ​သူ​က ​ပေါ်​ပေး​မှာ​မ​ဟုတ်​ပါ​ဘူး။


2 comments:

  1. ​ကျေ​ဇူ​တင်​ပါ​တယ်

    ReplyDelete
  2. ​ကျေ​ဇူး​ပါ ​အ​ကို

    ReplyDelete