ကျွန်တော် ဘယ်လောက်နေမကောင်းကောင်း ပို့စ်တစ်ပုဒ်တော့ တင်ဖြစ်အောင်တင်ပါတယ် . ဝဘ်ဆိုက်ပဲ လုပ်နေလို့လဲ ဘေးက သူငယ်ချင်းတွေက မျက်စောင်းထိုးလှပြီ . ထိုးမှာပေါ့ . ကျွန်တော်က အပေါင်းအသင်းမဲ့တဲ့ အထီးကျန်သမားတစ်ယောက်လို ဖြစ်နေတာလေ . မိုးလင်းက မိုးချုပ် ပို့စ်တင်ဖို့ .. ဖိုင်တွေတင်ဖို့လောက်ပဲ သိတဲ့ကောင်ကိုး . လူမှုရေးဆိုတာ အခုအချိန်မှာ ကျွန်တော်နဲ့ မဆိုင်သလိုပါပဲ .. အချိန်တွေကြာလာတာနဲ့ ကျွန်တော် ကွန်ပျူတာနားကနေ မထချင်တော့ဘူး .. နေ့စဉ်နဲ့အမျှ မိုးလင်းကမိုးချုပ် ကွန်ပျူတာနဲ့ နဘန်းလုံးနေရပေမယ့် ဒီအလုပ်ကို စိတ်မကုန်သွားဘူး .. မောနေရင် ကျွန်တော် ဒီဘလောဂ်လေးကိုလာ စီဘောက်စ်မှာ ဘယ်သူတွေအော်ခဲ့လဲ ကြည့်လိုက်ရင် အမောပြောသွားတယ် . ကျွန်တော် ထိုင်းမှာ ရောက်နေတုန်းအချိန်တွေမှာသာ ဖိုင်တွေကို အများကြီးတင်နိုင်၊ မျှေဝနိုင်မှာပါ .. မြန်မာပြည်ရောက်ရင် ကွန်ပျူတာ သုံးနိုင်ပေမယ့် အင်တာနက်သုံးဖို့က သိတဲ့အတိုင်းပဲလေ . ကျွန်တော်ဘဝကြီးကို ဟိုးအရင်လွန်ခဲ့တဲ့ ရ ကျော်လောက်ကတည်းကသာ အခုလို အင်တာနက်ကို စိတ်ကြိုက်သုံးစွဲခွင့်ရခဲ့မယ်ဆို . အခုထက်အထိ သူငယ်ချင်းတွေကို အကျိုးပြုနိုင်မှာပါ . ဒါပေမယ့် အချိန်ဆိုတာ ကိုက အကျိုးရှိရှိ အသုံးချတတ်ရင် ကို့အတွက် နောင်တစ်ချိန်မှာတိုးတက်မှုတွေနဲ့ နီးစပ်ခွင့် ထိတွေ့ခွင့်ရမှာပါ . ကျွန်တော် လွန်ခဲ့တဲ့ ၆ လကျော် ရ လလောက်ကတည်းက chatting ကို မပြောဖြစ်ခဲ့တာပါ ... တစ်ကယ်တော့ ကျွန်တော့် လိပ်စာလေးကိုပေးထားတယ်ဆိုတာ . မသိတာလေးတွေရှိရင် မေးမြန်းလို့ရအောင် တမင်ပေးထားတာပါ . နာမည်လဲမကြီးချင်ပါဘူး .. ဟိုးအရင်တုန်းက တစ်ခြားဆိုက်တွေကို လိုက်လည်ဖို့အချိန်တွေပေးနိုင်ပေမယ့် . အခုတော့ ကျွန်တော့်အတွက် အပိုချိန်ဆိုတာကို မရှိသလောက်ပါပဲ . Google ကနေ လိုက်ရှာ နောက်ဆုံးပေါ်ဆိုတာကို သူများတွေကို ငွေကြေးမပေးပဲ သုံးလို့ရဖို့အတွက် ကျွန်တော်လိုက်ပြီး ရှာပါတယ် . ကျွန်တော်စုထားတာလေးတွေလဲ တင်ပေးသလို .. ထိုင်းကနေ ဝယ်ထားတာလေးတွေကိုလဲ တင်ပေးပါတယ် . အများအားဖြင့်တော့ နိုင်ငံခြားသားတွေဆီကနေ ရလာတာပါ .. ကျွန်တော့်ဆိုက်ထဲမှာ ရှိတဲ့ ဘယ်ပို့စ်ကိုမဆို ဝေဖန်သွားလို့ရပါတယ် . အကောင်းဆုံးစကားတစ်ခွန်းကိုတော့ ကျွန်တော်ပြောပြချင်ပါတယ် ... ဘလောဂ်မရေးတတ်ရင်လဲ ကျွန်တော် လမ်းညွှန်ပေးပါတယ် . ပြောပြပါတယ် . ဘလောဂ်အိမ်လေးဖြစ်လာဖို့လွယ်ပေမယ့် . မွေးဖွားလာတဲ့ ကိုယ့်ရဲ့ ဘလောဂ်လေးဟာ သန့်သန့်ရှင်းရှင်းနဲ့ ၊ ဖြူဖြူစင်စင်လေးရှိမယ်။ အေးချမ်းနေမယ်ဆိုရင် မေတ္တာတရားဆိုတာ ကိုယ့်ဆီကို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေတာပါ . ကျွန်တော် ညီမလေးတစ်ယောက်ကို ပြောခဲ့ဖူးပါတယ် .. mydiary ဆိုတဲ့ ညီမလေးပါ . လူကိုမမြင်ဖူးသလို . စကားတောင် မပြောဖူးပါဘူး . သူ့ဆိုက်လေးမှာ ရေးထားတာလေးကို ကျွန်တော်က ဆွေးနွေးပေးတာလောက်ပါ . သူ့ဆိုက်ထဲမှာက စီဘောက်စ်ဆိုတာ မလိုသလို . nero counter လို လူဘယ်နှစ်ယောက်လာလည်တယ်ဆိုတာလဲ မလိုပါဘူးလို့ ရေးထားတဲ့ပို့စ်လေးကို ကျွန်တော်ပြောခဲ့ပါတယ် . တစ်ကယ်တော့ အပြင်ပမ်းကြည့်ရင် မလိုအပ်ပါဘူးလို့ .. ဒါပေမယ့် ဘလောဂ်ရေးတဲ့သူတိုင်း ကိုယ့်ဘလောဂ်ကို လာလည်စေချင်တာ . ကိုယ့်ရဲ့အနုပညာကို ခံစားစေချင်တာ၊ ကိုယ်သိတဲ့အသိပညာကို သိစေချင်တာ၊ ဝေမျှချင်တာတွေဟာ လူတိုင်းမှာ ရှိပါတယ် ... အဲ့ဒီ့တော့ ကိုဘလောဂ်လေးကိုဖွင့်လိုက်ရင် လာလည်တဲ့သူတွေ တိုးလာတာပဲဖြစ်ဖြစ်၊ ကိုယ်စီဘောက်စ်မှာပဲဖြစ်ဖြစ် တစ်ခုခုရေးခဲ့ရင် ရင်ထဲမှာ ဘယ်လိုမှ ဖော်ပြလို့မရတဲ့ ပီတိကို ဖြစ်ပေါ်စေပါတယ် .. ကျွန်တော့်စီဘောက်စ်မှာ လေးလေးစားစားနဲ့ပြောခဲ့တဲ့သူတိုင်းကို ကျွန်တော်လေးလေးစားစားနဲ့ အကောင်းဆုံးအဖြေတွေကို ပေးခဲ့တာချည်းပါပဲ . တစ်ချို့မေးခွန်းတွေကို ကျွန်တော်ဖြေဖို့ မတိကျတိုင်း Google ကိုအားကိုပြီးရှာ၊ လိုက်ဖတ်ပြီးမှ အဖြေကိုပေးတာချည်းပါပဲ .. ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စီဘောက်ကိုလာလည်ပြီးရေးခဲ့တိုင်း ရလိုက်တဲ့ပီတိက အရမ်းကိုကြည်နူးဖို့ကောင်းပါတယ် . အဲ့ဒီ့လိုကျွန်တော်ပြောလိုက်လို့ အဲ့ဒီ့ညီမလေးလဲ စီဘောက်စ်ထည့်ဖြစ်သွားတာနေမယ်ထင်ပါတယ် . တစ်ကယ်တော့ ကျွန်တော်စာရေးတာ အလွန်နဲပါတယ် . ဒီနေ့တော့ စိတ်ထဲမှာ တစ်မျိုးဖြစ်လာတာနဲ့ ရေးဖြစ်သွားတာပါ ...
သူငယ်ချင်းများရဲ့ အားပေးမှုနဲ့ကြေနပ်နေတတ်တဲ့
ညီနေမင်း
သူငယ်ချင်းများရဲ့ အားပေးမှုနဲ့ကြေနပ်နေတတ်တဲ့
ညီနေမင်း
အကိုရေ... ဝင်ဝင်လည်ဖြစ်တယ်။
ReplyDeleteဟိန်းနီဆီက တဆင့်ရောက်ဖူးတာပါ။
အကိုစာရေးနဲပေမယ့် ဖတ်လို့ကောင်းအောင်ရေးထားသလို၊ သမီးတို့လို ဘာမှမသိတဲ့ သူတွေအတွက် အကူအညီအများကြီးပေးတယ်လေ။
ကျေးဇူးလည်းအရမ်းတင်ပါတယ်။
ဆက်ရေးပါ၊ ဆက်တင်ပါ၊ အားပေးနေတယ်။
လေးစားခင်မင်တဲ့
Angel Shaper