W w W. N y I n @ y M i N. o R g

06 September 2009

Adminstrator account ​နဲ့ ​ပြန်​ဝင်​ချင်​ရင် ​ဘယ်​လို​လုပ်​မ​လဲ .

စိုး​မင်း​ခန့်: ​ကျွန်​တော့်​သုံး​နေ​တဲ့ ​စက် Adminstrator Passoword ​ကို​သိ​ချင်​ရင် ​ဘယ်​လို​လုပ်​လို့​ရ​နိုင်​လဲ​ဗျ .. ​ကျွန်​တော့်​သုံး​နေ​တဲ့ ​စက် Adminstrator Passoword ​ကို​သိ​ချင်​ရင် ​ဘယ်​လို​လုပ်​လို့​ရ​နိုင်​လဲ​ဗျ


ဒါ​က​တော့ ​မိုး​ကုတ်​က ​ညီ​လေး ​တစ်​ယောက်​မေး​ထား​တာ​ပါ .. Adminstrator Passoword ​ဆို​တာ​က ​ကျွန်​တော်​တို့ window xp ​စ​တင်​က​တည်း​က ​ပေး​ထား​ခဲ့​လား​ဆို​တာ​ကို ​အ​ရင်​စ​မေး​ရ​မှာ ​ဖြစ်​ပါ​တယ် . window xp ​စ​တင်​က​တည်း​က ​ပေး​ခဲ့​တဲ့ password ​ကို adminstrator password ​လို့ ​ခေါ်​တာ​ပါ . window ​တက်​လာ​ပြီး​ရင် User Account ​တွေ ​ရွေး​ချယ်​ဝင်​နိုင်​တဲ့ Welcome Screen ​မှာ ​ပေါ်​လာ​ရင် Ctrl + Alt + Delete (ctrl+alt ​ကို ​စုံ​နှိပ်​ထား​ရင်း​နှင့် delete ​ကို ​နှိပ်​ရ​မှာ ​ဖြစ်​ပါ​တယ်) ​ခ​လုတ်​အ​တွဲ​ကို ​သုံး/​လေး ​ချက်​လောက် ​ဆက်​တိုက် ​နှိပ်​လိုက်​ရင် Username ​နဲ့ Password ​ရိုက်​ထည့်​ခိုင်း​တဲ့ box ​တစ်​ကို​မြင်​ရ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​နေ​ရာ​မှာ window ​စ​တင်​တုန်း​က password ​ပေး​ထား​ရင်​တော့ ​အဲ့​ဒီ့ ​ပေး​ထား​တဲ့ password ​ကို ​ရိုက်​ပြီး ​ဝင်​ရ​မှာ​ပါ . ​အ​ရင်​က ​မ​ပေး​ထား​ရင်​တော့ Username ​နေ​ရာ​မှာ Administrator ​လို့​ရိုက်​ပြီး Enter ​ခေါက်​လိုက်​ရင် Adminstrator account ​ထဲ​ရောက်​သွား​ပါ​လိမ့်​မယ်။ ​တ​ကယ်​လို့ Welcome Screen ​ကို​မ​တွေ့​ရ​ဘူး ​ဆို​ရင်​တော့ ​ဝင်း​ဒိုး​တက်​တာ​နဲ့ User ​အ​နေ​နဲ့​တန်း​ဝင်​သွား​တယ်​ဆို​ရင် ​ဝင်း​ဒိုး​ကို Log Off (Start >> Log off ) ​ကို​နှိပ်​လိုက်​ပါ ။ Welcome Screen ​ဆီ​ရောက်​သွား​ပါ​လိမ့်​မယ်။

0 comments:

Post a Comment