ဒါက ညီမငယ်တစ်ယောက်က မေးထားလို့ပါ . မေးလ်နဲ့ပို့တာဆိုတော့ မမှတ်မိတော့ဘူး . မေးလ်ပို့တဲ့သူက များတဲ့အပြင် forward mail တွေကလဲ တစ်သီကြီး . ဘာအဓိပ္နါယ်မှလဲ မရှိဘူး . forward mail တွေကို လိုက်ပို့နေတယ် . ကျွန်တော်အခု filter နဲ့ forward mail ပို့တဲ့သူတွေ ရဲ့ မေးလ်ကို Block လုပ်ထားလိုက်ပါတယ် . ဒီ့အတွက် သူတို့တွေရဲ့ မေးလ်တွေဟာ in box ထဲကို ရောက်လာမှာ မဟုတ်ဘဲ Trash ထဲကို တစ်ခါတည်း ရောက်သွားမှာပါ . Trash ထဲမှာ ရောက်သွားပြီးတဲ့ မေးလ်တွေကိုတော့ ကျွန်တော် မဖတ်ပါဘူး . အကုန်လုံးကို Delete လုပ်ပစ်ပါတယ် . Forward mail ပို့တဲ့အခါ ၃ ခါအထိ ကျွန်တော် လက်ခံပါတယ် . ဒီ့ထက် ပိုလာတာပဲဖြစ်ဖြစ် .. ၃ ကြိမ်အထိ ပို့တဲ့သူဟာ အဓိပ္နါယ်မရှိတဲ့ စာတွေကိုပဲ ဆက်ပို့နေတယ် ဆိုရင်တော့ ကျွန်တော် တစ်ခါတည်းကို အဆိုပါ mail ပိုင်ရှင်ကို block လုပ်ပစ်လိုက်ပါတယ် . တစ်နေ့ကို မေးလ်ပေါင်း အစောင် 200 လောက်ထဲကနေ မသိလို့မေးလာတဲ့မေးလ်တွေကို လိုက်ရှာနေရတာက အလုပ်တစ်ခုပါ . အဲ့ဒီ့အတွက် ကျွန်တော့်ကို နားလည်ကြလိမ့်မယ်လို့ ထင်ပါတယ် . တစ်ကယ်တော့ အရေးကြီးလို့ forward mail ပို့တယ်ဆိုရင် ထားလိုက်ပါတော့ . ကဲ ကျွန်တော် gmail account ကို မလိုချင်တဲ့သူများအတွက် ဖျက်နည်းကိုပြောပြပါ့မယ် . လွယ်ပါတယ် . မသိသေးတဲ့သူများအတွက် ရည်ရွယ်တာပါ . သိပြီးသားလူများ နှာခေါင်းမရှုံ့ကြပါနဲ့ . ကိုယ်ကိုယ်တိုင်က မစွမ်းဆောင်နိုင်ပဲ သူများလုပ်တဲ့အလုပ်ကို သားပုတ်လေလွင့်ပြောနေတာတွေက မကောင်းပါဘူး . ကိုတတ်နိုင်ရင် တတ်နိုင်သလောက်ကလေးလုပ် . တစ်ချို့တွေရှိပါတယ် . သူများကိုတော့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး အပြစ်တွေပြောလို့ ကိုယ့်အပြစ်ကို မမြင်နိုင်တဲ့သူတွေကိုလဲ တွေ့ရပါသေးတယ် . တစ်ပါးသူကိုကျတော့ သံ brush နဲ့ တိုက်ပြီးတော့ ကိုယ့်ကိုယ်ကို ကျတော့ မွှေးပွ brush နဲ့ မတိုက်ပါနဲ့ . တစ်ယောက်ယောက်ကို ပုတ်ခတ်ချင်တယ်ဆိုရင် Direct ပြောလိုက်တာ ပိုကောင်းပါတယ် . ကိုမလုပ်နိုင်တဲ့အလုပ်ကို တစ်ပါးသူ လုပ်နေတာသိနေရင် . ကိုမလုပ်နိုင်တဲ့အလုပ်ဖြစ်တဲ့ အတွက် ဝေဖန်တာ မကောင်းပါဘူး . ကိုနိုင်တယ်ထင်ရင် လုပ်ပစ်လိုက် ၊ ကျွန်တော်အခုအချိန်အထိ ဘယ်ဘလောဂ်ပိုင်ရှင်က ဘာဖြစ်တယ် ညာဖြစ်တယ် တစ်ခါမှ မရေးခဲ့ဖူးဘူး . သူလဲ သူဝါသနာပါလို့ သူလုပ်တယ် ၊ လုပ်နိုင်သလောက်လုပ်တယ် ၊ ကိုလဲ ကိုယ်နိုင်သလောက်ပဲ လုပ်မယ်၊ လုပ်နိုင်ရင် လုပ်မယ်၊ မလုပ်နိုင်ရင် ပိတ်ပစ်လိုက်မယ်၊ ဒါပါပဲ ဘယ်သူ့ကိုမှေတာ့ ကျွန်တော် ပုတ်ခတ်မှာ မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကို ပြန်မေးလိုက် ၊ ငါကကော သူတတ်စွမ်းသလောက် လုပ်ပေးနေတဲ့ အတိုင်းအတာအထိ ဘာတွေ လုပ်နိုင်သလဲ ၊ လုပ်ပေးခဲ့ပြီးပြီလားပေါ့၊
ဟိုတစ်နေ့ကလဲ အဲ့လိုပဲ သာမညတောင်ဆရာတော်၏ အိပ်မက်စာလွှာတဲ့ . ဘာတဲ့ ဆက်လက်ဖြန့်ဝေရင် အကျိုးပေးမယ် ၊ မယုံကြည်ပဲ မဖြန့်ဝေရင် ဒုက္ခရောက်မယ် သေမယ်တဲ့ . ??? အဓိပ္နါယ်ကိုမရှိတာ . အဲ့ဒီ့စာတစ်စောင့်သံသရာကြောင့် ၅ ရက်ဆက်တိုက်လောက် လိုက်ဖျက်နေရသေးတယ် . သေမှာကြောက်တဲ့သူတွေ ဆက်လက်ဖြန့်ဝေတာနေမှာပေါ့ . ဦးနှောက်မရှိကြတာများပြောပါတယ် . အဲ့လိုမျိုးစာကို မဝေလို့ သေသွားမယ်ဆိုရင် ဆယ်ခါပြန် အသေခံလိုက်မယ် . တစ်ကယ်ပြောတာ . သံဃာတော်တွေ ရဟန်းတွေဟာ ဘယ်တော့မှ လူတွေကို ကျိန်စာတိုက်ပြီးတော့ . အဲ့လို မဝေခိုင်းဘူး . သေမှာတို့ ဒုက္ခရောက်မှာတို့က ကျိန်ဆဲတာပဲလေ . ကျွန်တော်တို့ ဘုရားရှင် သက်ရှိထင်ရှားရှိစဉ်ကာလတုန်းက လူဝတ်ကြောင်တွေကို ကျိန်ဆဲတာတို့ ကျမ်းကျိန်ခိုင်းတာတို့ ရှိခဲ့သလား . ကျွန်တော်တော့ဖြင့် ဘယ်ကျမ်းထဲမှာမှ မတွေ့ဘူးပါဘူးဗျာ . အဲ့ဒါတွေကို ယုံတဲ့သူက ရှိသေးတယ် . ဥပ္နါဒ်ဒဏ်ကြောင့် ဥပ္နါဒ်ဖြစ်တယ်တဲ့ . အဲ့ဒါက ဥပမာတစ်ခုပဲရှိသေးတယ် . ကျန်တာပို့တဲ့သူတွေကလဲ ရှိသေးတယ် . အိမ်ကကြောင်လေး သေးမပေါက်တာကအစ forward mail ပို့တယ်ဆိုတော့ စဉ်းစားသာကြည့်တော့ . လက်ယားပြီး လက်စွမ်းပြချင်တယ်ဆိုရင်လဲ သူများတွေလို ကိုယ်ပိုင်ဘလောက်ရေးပေါ့ . ကြောင်သေး မပေါက်တာတင်မဟုတ်ဘူး . ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်အကြောင်းက အစ ရေးလို့ရတယ် . တစ်နေ့တစ်နေ့ ဒါတွေကိုပဲ လိုက်ဖျက်နေရတာ ကျွန်တော့်မှာ အလုပ်ကို လုပ်ရတယ် မရှိဘူး . မေးတဲ့မေးခွန်းတွေကို အဲ့ဒီ့ အစောင် 200 လောက်ထဲက မနဲ ပြူးပြဲပြီးရှာရတယ် . တစ်ခါတစ်လေလဲ မှားဖျက်မိတဲ့အခါတွေလဲ မတတ်နိုင်ဘူးပေါ့ .
- (၁) Google Account ကိုဝင်ပြီး settings ကို နှိပ်လိုက်ပါ .
- (၂) Setting ထဲက Accounts and Import ကိုရွေးလိုက်ပါ .
- (၃) အောက်ဆုံးက စာလုံးအပြာရောင်နဲ့ရေးထားတဲ့ Google Account settings ကိုနှိပ်လိုက်ပါ .
- (၄) My products နဘေးက Edit ကို နှိပ်လိုက်ပါ ။ (ဓါတ်ပုံအောက်တည့်တည့်တွင်ရှိ)
- (၅) Delete a Product အောက်က Remove Gmail permanently ဆိုတာကို ရွေးလိုက်ပါ .
- ကဲ အခု ယခင် gmail အကောင့် ပျက်သွားပါပြီ . စမ်းကြည့်လိုက်ပါဦး .
စိတ်လျှော့... စိတ်လျှော့.. ကိုညီနေမင်းရေ.... သူများတွေဘယ်လိုပြောပြော ကိုယ့်အလုပ်ကိုယ်အကောင်းဆုံးလုပ်နိုင်ရင် ပြီးတာပဲ.... အဲလိုစကားတွေက လျစ်လျူရှုထားလိုက်တာပဲ ကောင်းပါတယ်
ReplyDeleteကြိုက်သွားပြီ ..... ကိုညီနေမင်းရာ .. ပထမဆုံးပါ ဒီကို ကျွန်တော်ရောက်တာ ၊ ဒါပေမယ့် တော်တော်လေးကို စုံပါတယ် စိတ်တိုင်းလည်း ကျတယ် ၊ နောက်လည်း လာအားပေးမယ်နော် အစ်ကို .... လေးစားလျှက်
ReplyDeleteကိုညီနေမင်းရေ
ReplyDeleteစိတ်လျော့ .........လိုက်
အစ်ကိုရဲ့ post တွေက ကျွန်တော့် အတွက် အရမ်း useful ဖြစ်တယ်ဗျာ။.. ကျေးဇူးတင်ပါတယ်...ဒါနဲ့.. facebook account ကို ရော ပိတ်လို့ ရလား ခင်ဗျာ...ကျွန်တော့်မှာ account 2 ခု ဖွင့် မိသွားလို့ ပါဗျာ...
ReplyDelete