နတ်ဆိုး: အစ်ကိုရေး printer တွေစာရွက် အရွက်ရေ သတ်မှတ်ချက်ကုန်သွားရင်သုံးလို့မရတော့ဘူ အဲဒါဘယ်လိုပြန်ဖြည်မလဲလုပ်
printer မှာ အရွက်ရေ သတ်မှတ်ချက်ထက် ကျော်လွန်တာကို ပြန်ပြီးဖြေတာ သုံး နည်းပြောပြလိုက်ပါ့မယ် .
ပထမနည်း
- (၁) ကျွန်တော်တို့ printer ကို ဖွင့်လိုက်ပြီး အထဲက cartridge ကို ထုတ်လိုက်ပါ . cartridge ရဲ့ နောက်ဖက်မှာ circut ပြားလေး သေးသေးလေးရှိပါတယ် တွေ့မယ်လို့ထင်ပါတယ် . အဲ့ဒီ့ circut ပြားလေးမှာ ငုတ်တိုင်လေးတွေ ထောက်ဖို့ အစက်ကလေးတွေရှိပါတယ် . အဲ့ဒီ့အစက်ကလေးတွေကို လိုက်ရေပါ . 7 ငုတ် ရှိသလို ၊ 9 ငုတ်လဲ ရှိတတ်ပါတယ် . အဲ့ဒါက printer အမျိုးအစားနဲ့ ဆိုင်ပါတယ် . ကျွန်တော်တို့သုံးနေတဲ့ printer အမျိုးအစားဟာ R230 ဖြစ်မယ်ဆိုရင်တော့ 9 ငုတ်ရှိမယ်ထင်ပါတယ် . နဲနဲတော့ မေ့သွားပြီ . အဲ့ဒီ့ငုတ်အရေအတွက်ကို မှတ်သွားပါ . printer ဆိုင်တွေမှာ သွားပြီးတော့ cartridge restater လို့ပြောပြီး ဝယ်လိုက်ပါ . သူပြတဲ့ cartridge restarter ရဲ့ နောက်ဖက်မှာ ငုတ်တိုင်လေးတွေရှိပါတယ် . ငုတ်တိုင်လေးတွေကို ရေကြည့်လိုက်ပါ . ကို့စက်နဲ့ ငုတ်တိုင်အရေအတွက်နဲ့ ကိုက်တယ်ဆိုရင် ဝယ်လိုက်ပါ .
နောက်တစ်နည်းက
- (၂) ဟိုတစ်ရက်က ကျွန်တော်တင်ပေးတဲ့ နည်းကိုသုံးလိုက်ပါ . ပို့စ်က ဒီမှာ ပါ ..
- နောက်ဆုံးတစ်နည်းကတော့ အခု နောက်ဆုံးပေါ်နေတဲ့ cartridge ကို စုံတွဲအလိုက် ဝယ်ပြီးတော့ သုံးလိုက်ပါ . သူ့မှာ တစ်ခါတည်း auto restater လုပ်ပေးပြီးသားပါ .
ကျေးဇူးပါပဲ ကိုညီရေ..
ReplyDelete