W w W. N y I n @ y M i N. o R g
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Computer နှင့် Mobile သင်တန်း
သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။
သင်ပေးမည့် သင်ခန်းစာများ
1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
အမှာစကား
အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
09 October 2010
မေး​ထား​တာ​လေး​များ
လတ်​တ​လော ​မေး​ထား​တာ​လေး​တွေ​ပါ . konyinaymin@gmail.com ​ထဲ​က ​မေးလ်​တွေ​က​တော့ ​ပြန်​ယူ​လို့ ​မ​ရ​နိုင်​တော့​တဲ့​အ​တွက် ​မ​ဖြေ​ပေး​နိုင်​တော့​တာ​ကို ​စိတ်​မ​ကောင်း​ပါ​ဘူး .
မေးး myomin zaw : ​ကို​ညီ​နေ​မင်း​ဗျာ။ ​ဘယ်​လို​ပြော​ရ​မှန်း​မ​သိ​တာ​နဲ့ ​ဒီ​က​ပဲ reply ​နဲ့​ပြော​ရ​တော့​မှာ​ပဲ။ ​ကျွန်​တော် kaspersky key ​တွေ​လစ်​ကုန်​လို့
ဖြေ : ​ကျွန်​တော့် ​ဝဘ်​ဆိုက်​ရဲ့ ​ညာ​ဖက်​ခြမ်း​မှာ ​ကီး​အ​သစ်​များ​လို​ချင်​လျှင် ​ဒီ​ကို​နှိပ်​ပါ ​ဆို​တဲ့ ​အ​ကွက်​ရှိ​ပါ​တယ် . ​အဲ့​ပုံ​လေး​ကို ​နှိပ်​လိုက်​ပါ Download ​လုပ်​ဖို့ ​ကီး​ကျ​လာ​ပါ​လိမ့်​မယ်.
မေးး fatherson 87 ; ​ကျွန်​တော်. ​စက်​က blue screen ​တက်​ပြီး​တော. restart ​ကျ​ကျ​သွား​တယ်.....​အဲ​ဒါ​ကို​ဘယ်​လို ​ဖြေ​ရှင်း​ရ​မ​လဲ
ဖြေး Ram error ​ကြောင့်​ဖြစ်​မယ်​ထင်​ပါ​တယ် ​အစ်​ကို​တပ်​ထား​တဲ့ Ram ​ကို​ပြန်​ဖြုတ်​လိုက်​ပါ​ပြီး​တာ​နဲ့ Ram ​ရဲ့​အောက်​က ​ကြေး​ဝါ​ရောင်​လေး​တွေ​ကို ​ခဲ​ဖျက်​နဲ့ ​ပြောင်​လာ​အောင် ​တိုက်​ပြီး​တော့ ​ပြန်​တပ်​လိုက်​ပါ. ​အ​ဆင်​မ​ပြေ​ရင် ​ဆက်​ပြော​ပါ ​ကျွန်​တော် ​နောက်​တစ်​နည်း​ပြော​ပြ​ပါ​ဦး​မယ် .
စေ​တ​နာ​များ​စွာ​ဖြင့်
ညီ​နေ​မင်း
21 July 2010
Advanced Office Password Recovery
ဒါ​က​တော့ ​ညီ​လေး ​တစ်​ယောက်​က Excle password recover software ​တောင်း​ထား​လို့ ​ကျွန်​တော် ​တင်​ပေး​လိုက်​ပါ​တယ် ​ဒါ​က Excle ​တစ်​မျိုး ​မ​က​ပါ​ဘူး Office File ​တော်​တော်​များ​များ password recover ​လုပ်​လို့​ရ​ပါ​တယ် ​ဒါ​ကြောင့် ​စာ​ဖတ်​သူ​တွေ​လဲ ​လို​ရင် ​ယူ​သုံး​လို့​ရ​အောင် ​တင်​ပေး​လိုက်​ပါ​တယ် ​ကျွန်​တော်​လဲ ​မ​အား​လို့ ​ပိုစ်​မ​တင်​ဖြစ်​တာ ​ကြာ​ပါ​ပြီး ​ကဲ​ညီ​လေး​ရေ ​ဒါ​လေး​နဲ့ ​စမ်း​ကြည့်​လိုက်​ပါ ​အ​ဆင်​ပြေ​မယ်​လို့ ​တင်​ပါ​တယ် ​လို​ချင်​ရင် ​အောက်​မှာ ​ကြိုက်​တဲ့ ​လင့်​က​နေ ​ဒေါင်း​ယူ​လိုက်​ပါ ​အ​ဆင်​ပြေ​ပါ​စေ။ 2.77mb
Download ifile | Download mediafire
03 July 2010
Windows ​ကို Update ​ဘယ်​လို​ပိတ်​ရ​မ​လဲ
ဒီ​တစ်​ခါ​တော့ Windows ​တွေ​ကို Update ​ဘယ်​လို​ပိတ်​ရ​မ​လဲ ​ဆို​တဲ့ ​မေး​ခွန်း​လေး​ကို ​ကျွန်​တော် ​ပြန်​ဖြေ​ပေး​လိုက်​ပါ​ပြီး ​အ​စ​က ​မ​ဖြေ​ပေး​တော့​ဘူး​လို့ ​နေ​လိုက်​တာ ​မေး​လာ​တာ​များ​တော့​လဲ ​ဘယ်​နေ​နိုင်​မ​လဲ ​ဖြေ​ပေး​ရ​တာ​ပေါ့ ​ကျွန်​တော် ​ပြန်​တွေး​ကြည့်​တော့​လဲ ​သိ​ပြီး​သား​သူ​တွေ​ရှိ​သ​လို ​မ​သိ​တဲ့​သူ​တွေ​လဲ ​ရှိ​နေ​သေး​တယ်​ဆို​တာ​ကို ​ကျွန်​တော် ​မေးလ်​ကို ​ပြန်​ဖွင့်​ကြည့်​လိုက်​ရ​တယ် ​ဒါ​ကြောင့် ​မ​သိ​လို့ ​ကျွန်​တော်​တို့​ကို ​အား​ကိုး​တ​ကြီး​နဲ့ ​မေး​လာ​တဲ့ ​ညီ​အစ်​ကို ​မောင်​နှစ်​မ​များ ​အ​တွက် ​ကျွန်​တော် ​ဖြေ​ပေး​လိုက်​ပါ​ပြီး ​သေ​ချာ​ဖတ်​ပြီး ​လိုက်​လုပ်​ကြည့်​ပါ ​မ​သိ​တာ​လေ​တွေ​ရှိ​ရင်​လဲ ​ကျွန်​တော်​တို့​ကို ​မေး​လို့​ရ​ပါ​တယ် ​အား​ရင်​ဖြေ​ပေး​မှာ​ပါ ​မ​အား​တဲ့​အ​ခါ ​ဆို​ရင်​လဲ ​နား​လည်​ပေး​ကြ​ပါ ..
windows 7 off update
ဒါ​က windows7 ​အ​တွက် ​အောက်​ပါ​အ​တိုင်း ​လိုက်​လုပ်​ပါ။
၁။ ​အ​ရင်​ဆုံး Control Panel ​ဝင်​လိုက်​ပါ ​ပြီး​ရင်
၂။ ​ညာ​ဘက်​က ​အ​ပေါ်​မှာ Category ​မှာ ​က​လစ်​ပြီး Large icons ​ကို ​က​လစ်​လိုက်​ပါ ​ပြီး​ရင်
၃။ ​အောက်​ဆုံး​မှာ​ကြည့်​လိုက်​ပါ Windows Update ​ဆို​တာ​ကို ​က​လစ်​လိုက်​ပါ ​ပြီး​ရင်
၎။ ​ဘယ်​ဘက်​မှာ​ပြန်​ကြည့်​ပါ Change settings ​ကို​က​လစ်​လိုက်​ပါ ​ပြီး​ရင် Important updates ​ရဲ့​အောက်​နား​က ​ဘား​လေး​ကို Never check for updates (not recommended) ​ကို ​ရွေး​ပေး​လိုက်​ပါ ​ပြီး​ရင် OK ​ပေး​လိုက်​ပါ။
windows vistar off update
ဒါ​က​တော့ windows vistar ​အ​တွက် ​အောက်​ပါ​အ​တိုင်း ​လုပ်​လိုက်​ပါ။
၁။ ​အ​ရင်​ဆုံး Control Panal ​ဝင်​လိုက်​ပါ ​ပြီး​ရင်
၂။ ​ဘယ်​ဘက် ​အ​ပေါ်​မှာ Control Panal Home ​ကို​က​လစ်​လိုက်​ပါ ​ပြီး​ရင်
၃။ Security ​မှာ ​အောက်​က Check for updates ​ကို ​က​လစ်​လိုက်​ပါ ​ပြီး​ရင် ​ဘယ်​ဘက်​မှာ Change settings ​ကို​က​လစ်​လိုက်​ပါ ​ပြီး​ရင်
၅။ Never check for updates (not recommended) ​ကို ​က​လစ်​လိုက်​ပါ ​ပြီး​ရင် OK ​ကို​သာ​နိပ်​လိုက်​ပါ။
windows xp off update
ဒါ​က​တော့ windows xp ​အ​တွက် ​အောက်​ပါ​အ​တိုင်း ​လိုက်​လုပ်​ပါ။
၁။ ​အ​ရင်​ဆုံး Control Panel ​ကို​ဝင်​လိုက်​ပါ ​ပြီး​ရင်
၂။ Control Panel ​ထည်း​မှာ Security Center ​ကို​ရှာ ​တွေ့​ရင်​က​လစ်​လိုက်​ပါ
၃။ ​ပေါ်​လာ​မယ့် ​ဝင်း​ဒိုး​မှာ ​အောက်​မှာ​ဆုံး​မှာ​ကြည့်​လိုက်​ပါ Automatic Updates ​ဆို​တာ​ကို ​က​လစ်​လိုက်​ပါ
၎။ ​နောက်​ထပ်​ဝင်​ဒိုး​မှာ Turn off Automatic Updates. ​ကို ​က​လစ်​ပေး​ပြီး OK ​ပေး​လိုက်​ရင်​ရ​ပါ​ပြီး။
ကဲ​ဗျာ ​ဒီ​လောက်​ဆို ​အ​ဆင်​ပြေ​မယ်​လို့ ​ကျွန်​တော်​ထင်​ပါ​တယ် ​လိုက်​လုပ်​ကြည့်​ပါ update ​ကွိုင် ​မှ ​ကင်း​ဝေး​ကြ​ပါ​စေ။
21 June 2010
မေး​ခွန်း​နှင့်​အ​ဖြေ​များ
မေးmoe-z - ​အစ်​ကို့​ဆိုဒ်​ကို​တော့ ​အ​မြဲ​တမ်း ​ဝင်​ဖတ်​ဖြစ်​ပါ​တယ်။ ​ခု​လည်း ​အစ်​ကို​အ​ဆင်​ပြေ​မယ်​ဆို​ရင် ​ကူ​ညီ​ပါ​အုံး။ ​ကျွန်​တော် youtube ​က​နေ video ​ဖိုင်​ကို download ​လုပ်​ချင်​လို့ . . . ​အဲ့​ဒါ​ဘယ်​လို​လုပ်​ရ​မ​လဲ . . . ​ဘယ်​လို download ​မျိုး​သုံး​ရ​မ​လဲ . . . ​လမ်း​ညွှန်​ပေး​ပါ​အုံး . . . ​တ​ကယ်​လို့​များ ​အစ်​ကို connection ​ကောင်း​လို့ ​အ​ဆင်​ပြေ​မယ်​ဆို​ရင် ​ပို့​ပေး​လို့​ရ​မယ်​ဆို​ရင်​လည်း ​ပို့​ပေး​စေ​ချင်​ပါ​တယ်...
ဖြေ​ဒီ​မှာ (or) ​ဒီ​မှာ (or) ​ဒီ​မှာ ​တင်​ထား​ပေး​ပါ​တယ် . ​တစ်​ခု​နဲ့ ​မ​ရ​ရင် ​တစ်​ခု​ကို Download ​လုပ်​ပြီး​တော့ ​လုပ်​လိုက်​ပါ . ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် . ​တော်​တော်​များ​များ ​မေး​ခွန်း​တွေ​က ​ကျွန်​တော် ​တင်​ပေး​ထား ​ပြီး​သား ​ချည်း​ပါ​ပဲ . ​မ​မေး​ခင် ​အ​ရင် search box ​မှာ ​ရှာ​စေ​ချင်​ပါ​တယ် .
------------------------------
မေးthar tharး ​ကို​ညီ​နေ​မင်း​ခင်​ဗျား..​တ​ကယ်​လို့​များ ​အ​ဆင်​ပြေ​ခဲ့​ရင် Autocad 2008 Tutorial PDF ​နဲ့ Adobe Illustrator 10 (or)11 Tutorial PDF ​ဖိုင်​လေး​များ ​တင်​ပေး​စေ ​လို​ပါ​တယ်​ခင်​ဗျား ​အ​မြဲ​တန်း ​ကျေး​ဇူး​တင်​လျှက်
ဖြေ​ကျွန်​တော့်​ဆီ​မှာ ​မြန်​မာ​လို​တော့ ​မ​ရှိ​သေး​လို့ ​အ​င်္ဂ​လိပ်​လို ​ရေး​ထား​တာ​လေး ​တင်​ပေး​လိုက်​ပါ​တယ် . ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် . ​အောက်​မှာ Download ​လုပ်​ယူ​လိုက်​ပါ ​စာ​အုပ် (2) ​အုပ် ​တင်​ပေး​လိုက် ​ပါ​တယ် .
Book 1 | Book 2
------------------------------
မေး​ကို​ညီ ​ဆီ​မှာ ​အ​ကူ​အ​ညီ ​တောင်း​လို့​ရ​မ​လား XP ​အ​တွက် bluetooth driver ​လို​ချင်​လို့​ပါ ​ကျွန်​တော့် ​ကွှန်​ပျူ​အ​မျိုး​အ​စား ​က compaq v3772tu ​ပါ ..
ဖြေ​ဒီ​မှာ Download ​လုပ်​ယူ​လိုက်​ပါ . External Mirror 1 ​ဆို​တဲ့ ​စာ​ကြောင်း​ကို ​နှိပ်​လိုက်​ပါ .
19 June 2010
မေး​ခွန်း​၏ ​အ​ဖြေ​များ
မေး​အစ်​ကို​ရေ ​ကျွန်​တော့်​ရဲ့ Antivirus ​က​ဒီ​နေ့​မှာ Expired ​ဖြစ်​သွား​တယ်။ ​အဲ​ဒါ​ဘယ်​လို​လုပ်​ရ​မှာ​လဲ? ​ကျေး​ဇူး​ပြု​ပြီး ​ပြော​ပြ​ပေး​ပါ​ဦး​နော်။ Expired ​ဖြစ်​သွား​တဲ့​အ​တွက်​ကြောင့် Virus Scan ​ကို​ထိ​ခိုက်​နိုင် ​ပါ​သ​လား ​ခင်​ဗျား။ ​ကျေး​ဇူး​ပြု​ပြီး ​ဖြေ​ပေး​ပါ။
ဖြေ​ငါ့​ညီ​ရေ virus scan ​ကို ​မ​ထိ​ခိုက်​ပါ​ဘူး . ​ဒါ​ပေ​မယ့် ​ငါ့​ညီ update ​မ​လုပ်​တော့​နဲ့ ​ရက်​ရဲ့ ​နောက်​ပိုင်း​မှာ ​ထွက်​တဲ့ virus ​အ​သစ်​တွေ​ကို​တော့ ​သတ်​နိုင်​တော့​မှာ ​မ​ဟုတ်​တော့​ပါ​ဘူး . ​ဒါ​နဲ့ ​ငါ့​ညီ​ရဲ့ antivirus program ​က​ဘာ​လဲ . ​အဲ့​လို​ပြော​နိုင်​ရင် ​အစ်​ကို့​အ​နေ​နဲ့ ​ငါ့​ညီ Expire ​ဖြစ်​သွား​တဲ့ antivirus program ​အ​တွက် ​ကူ​ညီ​ပေး​လို့ ​ရ​ပါ​တယ် . ​အ​ခု ​ငါ့​ညီ ​အ​မေး​ကို​ပဲ ​ပြန်​ဖြေ​ပေး​လိုက်​ပါ​တယ် .
မေးkosoeး ​ကို​ညီ​နေ​မင်း ​ရေ ​ညီ​လေး​ကို (super proxy helper 1.5) application ​တင်​ပေး​ပါ ​ခင်​ဗျား
ဖြေ​အစ်​ကို​ရေ့ ​ဒီ​မှာ Download ​လုပ်​လိုက်​ပါ . version ​က​တော့ 1.0 ​ပါ .
မေးWindows 7 ​က genuine ​မ​ဖြစ် ​တော့ ​လို့ ​အ​ကို ​တင်​ပေး​ထား​တဲ့ windows 7 loader 1.8 ​နဲ့ ​က ​မ ​ရ ​တော့ ​လို့ ​ဘာ​နဲ့​ရ ​ဦး​မ​လဲ ​မ​သိ​လို့ windows ​က​အ ​စ​က ​ဘာ ​မှ ​ဖြစ် ​ဘူး ​ဗျ ​ကျ ​နော် ​က window ​ကို update ​လိုက်​လို့ ​ဖြစ် ​သွား ​တာ, ​ကူ​ညီ​ပါ​ဦး ​ဗျာ . ​နဲ​နဲ​လေး​အ​ရေး​ကြီး​နေ​လို့​ပါ .
ဖြေ ​ကျွန်​တော် ​စ​ပြီး​တော့ ​တင်​ပေး​က​တည်း​က Update ​မ​လုပ်​ဖို့ ​အ​တန်​တန် ​ကြို​မှာ​ထား​ပါ​တယ် . ​အာ​လဲ ​ပေါက်​နေ​ပါ​ပြီ . update ​လုပ်​လိုက်​တော့​ကော ​ဘာ​တွေ​များ ​တစ်​အား​ကောင်း ​သွား​မှာ​လဲ . ​ဘာ​လို့ update ​လုပ်​ချင်​ရ​တာ​လဲ ​ဆို​တာ​ကို​တော့ ​ကျွန်​တော် ​မ​သိ​ပါ​ဘူး . ​အ​ကောင်း​ဆုံး​က​တော့ File ​တွေ​ကို Backup ​လုပ်​ပြီး​တော့ window 7 ​ကို ​ပြန်​ပြီး​တော့ ​တင်​သုံး​လိုက်​ပါ . ​နောက်​ပိုင်း update ​လုပ်​ချင်​တဲ့​သူ​များ ​တစ်​အား​ကို update ​လုပ်​ချင်​နေ​တယ်​ဆို​ရင် ​ဘယ်​ရက်​က​နေ ​ဘယ်​ရက်​အ​တွင်း update ​လုပ်​သင့်​တယ်​ဆို​တာ​ကို ​ပြော​ပြ​ပါ့​မယ်. ​ကျန်​တဲ့​ရက်​မှာ ​သွား​လုပ်​ရင်​တော့ ​အဲ့​လို​ပဲ ​ဖြစ်​မှာ​ပါ​ပဲ . ​လ​မ​ကုန်​ခင် (၁၀)​ရက်​အ​လို​နှင့် ​လ​ကုန်​ပြီး (10 ​ရက်)​အ​တွင်း ​ဘယ်​တော့​မှ update ​မ​လုပ်​မိ​ပါ​စေ​နဲ့ .
မေး​ခွန်း​နှင့် ​အ​ဖြေ​များ
မေး ​ဘို​ဘို : mp3, mp4 ​တွေ​မှာ ​ဖွင့်​လိုက်​တဲ့​အ​ခါ starting ​ပဲ​ပေါ်​လာ​ပြီး ​ဘာ​မှ ​အ​လုပ်​ပဲ . ​တန့်​နေ​တဲ့​အ​ခါ ​ဘယ်​လို​မျိုး​များ​ပြန်​ပြင်​ရ​သ​လဲ​ဆို​တာ ​အစ်​ကို​များ​သိ​ရင်. ​ကျေး​ဇူး​ပြု​ပြီး ​ပြော​ပြ​ပေး​ပါ​လား​ခင်​ဗျာ။
ဖြေ : ​ညီ​လေး​ရေ ​အဲ့​လို​ဖြစ်​တာ​က mp3 (or) mp4 player ​ထဲ​မှာ ​သီ​ချင်း​တွေ​ကို ​အ​ပြည့်​ထည့်​ထား​လို့​လဲ ​ဖြစ်​တတ်​ပါ​တယ်. ​စက်​ထဲ​မှာ ​သီ​ချင်း​တွေ ​ပြည့်​နေ​ရင် loading time ​ကြာ​တတ်​ပါ​တယ် . ​ဖုန်း​လဲ ​အဲ့​လို​ပါ​ပဲ . ​ကို​ဝယ်​ထား​တဲ့ memory card ​ထဲ​မှာ ​ဘယ်​တော့​မှ ​အ​ပြည့် ​မ​ထည့်​ပါ​နဲ့ . player ​နိုင်​သ​လောက်​ပဲ ​ချင့်​ချိန်​ပြီး​တော့ ​ထည့်​တာ ​အ​ဆင်​ပြေ​မှာ​ပါ . ​တစ်​ချို့ player ​တွေ​က 1 GB ​ပဲ ​နိုင်​တယ် . ​ဒါ​ကို ​ကို​က 2 GB card ​ပြောင်း​ပြီး ​သုံး​မယ်​ဆို​ရင်​တော့ loading time ​က ​ကြာ​မှာ​ပါ​ပဲ . ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် .
----------------------------------------
မေး
Aung lay89 : ​အ​ကို​ရေ​ကူ​ညီ​ပါ​အုံး​နော် Epson printer TX101 ​သုံး​ရ​တာ ​အ​ဆင်​မ​ပြေ​လို့ ​ဘယ်​လို​လုပ်​ရ​မ​လဲ ​ဆို​တာ ​အ​ကြံ​ပေး​ပါ​အုံး​နော် ..
ဖြေ ​ကို​အောင်​လေး​ရေ ​အ​ဆင်​မ​ပြေ​ဘူး​ဆို​တာ ​ဘယ်​လို​သုံး​လို့ ​အ​ဆင်​မ​ပြေ​တာ​လဲ ​မ​သိ​ဘူး . ​ဖြစ်​နေ​တဲ့ ​ပြ​ဿ​နာ​လေး ​ပြော​ပြ​ပေး​ပါ .
-----------------------------------------
14 May 2010
manual proxy ​အ​သစ်​လေး​များ
IP
Port
203.81.81.38
>> 80
203.81.81.49
>> 80
212.93.193.88
>> 443
212.116.220.100
>> 443
212.93.193.89
>> 443
212.93.193.90
>> 443
134.153.184.17
>> 443
212.116.220.149
>> 443
192.18.102.59
>> 443
212.93.193.82
>> 443
212.93.193.83
>> 443
212.93.193.72
>> 443
ဘာ Program ​မှ ​ခံ​သုံး​စ​ရာ ​မ​လို​ပါ . (freedom ​နှင့်​အ​ခြား​သော program ​များ​ကို​ဆို​လို​သည်)
  • Tools >> options >> advanced ​ကို ​သွား​ပြီး Network ​ကို ​ရွေး​လိုက်​ပါ .
  • setting ​ကို ​ရွေး​ပါ .
  • (4)​ကြောင်း​မြောက်​က manual proxy configuration: ​စာ​ကြောင်း​ရဲ့ ​အောက်​မှာ ​ရှိ​တဲ့ HTTP Proxy : ​နဲ့ Port: ​အ​ကွက်​မှာ ​အ​ခု​ပေး​ထား​တဲ့ proxy no. ​နဲ့ Port ​ကို ​သာ​ထည့်​လိုက်​ပါ .
  • ​ဘာ software ​မှ ​ခံ​စ​ရာ​မ​လို​တော့​ပါ​ဘူး . ​အ​ဆင်​ပြေ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် . ​ကျွန်​တော် ​ဖျား​နေ​လို့ ​ဘာ​ပို့စ်​မှ ​မ​တင်​နိုင်​တဲ့​အ​တွက် ​စိတ်​မ​ကောင်း​ပါ​ဘူး . ​အား​လုံး​အ​ဆင်​ပြေ ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် . ​ကျွန်​တော့် ​ညီ​လေး ​မြင့်​ဇော်​ကို​လဲ ​ကျွန်​တော့်​လို​ပဲ ​အ​ကူ​အ​ညီ​တောင်း​ပြီး ​မေးလ်​ပို့​မေး​လို့​ရ​သ​လို ​လို​ချင်​တဲ့ software ​တွေ​လဲ ​သူ့​ဆီ​မှာ ​တောင်း​လို့​ရ​ပါ​တယ် .
07 May 2010
MetacafeSetup1.4.20.0
ဒါ​က​လဲ ​ညီ​လေး​တစ်​ယောက်​က ​အ​ကို metacafe setup ​အဲ​ဒါ​လေး​လို​ချင်​လို့​ပါ ​ဒါ​ကြောင့် ​ကျွန်​တော် MetacafeSetup1.4.20.0 ​လေး​ကို​တင်​ပေး​လိုက်​ပါ​တယ် ​နောက်​ပြီး ​ကျွန်​တော့်​ကို ​အား​ကိုး​တစ်​ကြီး​နဲ့ ​ဆော့လ်​ဝဲ​တောင်း​ထား​တဲ့ ​ညီ​အစ်​ကို ​မောင်​နှစ်​မ ​များ​အား​လုံး ​အ​ရင်​က ​ကျွန်​တော်​လိုင်း​မ​ရ​လို့ ​မ​ရှာ​ပေး​နိုင်​တာ​ကို​တော့ ​သိ​ပြီး​သား​ဖြစ်​မှာ​ပါ ​အ​ခု​မှ ​ကျွန်​တော်​လိုင်း ​နည်း​နည်း​ရ​လို့ ​ပြန်​ရှာ​ပေး​နိုင်​တာ​ပါ ​နောက်​မှ ​တောင်း​ထား​တဲ့ ​ဆော့လ်​ဝဲ​မျာ ​ကျွန်​တော်​ပြန်​တင်​ပေး​ပါ​မယ် ​အ​ခု​မှ​လိုင်း​သိမ့်​မ​ပြေ​သေး​လို့ ​ကြာ​နေ​ရင် ​နား​လည်​ခွင့်​လွတ်​ပေး​ပါ​လို့ ​ကျွန်​တော်​ကြို​တင်​ပြီး​တောင်း​ပန်​ပါ​တယ် 
MetacafeSetup1.4.2 ​ကို​လို​ချင်​ရင် ​အောက်​မှာ ​ဒေါင်း​ယူ​လိုက်​ပါ ​အ​ဆင်​ပြေ​ပါ​စေ။
Download ifile.it | Download mediafire
03 May 2010
kaspersky keys ​အ​သစ်​များ
ကျွန်​တော် kaspersky keys ​တွေ​ကို ​တင်​ပေး​လိုက်​ပါ​ပြီ. ​ကျွန်​တော့်​ကို ​ကျွန်​တော်​လဲ ​ပျက်​ကွက်​မှု​တွေ ​ပေး​ဆပ်​မှု​တွေ ​တစ်​နေ့​ထက်​တစ်​နေ့ ​လျှော့​လျှော့ ​လာ​တဲ့​အ​တွက် ​ကျွန်​တော့်​ရဲ့ ​အ​မာ​ခံ ​နည်း​ပ​ညာ ​လေ့​လာ​သူ​များ ​အား​လုံး​ကို ​တောင်း​ပန်​ချင် ​ပါ​တယ် . ​ဒီ​နေ့ kaspersky keys ​အ​သစ်​တွေ ​တင်​ပေး​လိုက်​ပါ​တယ် .
Download ifile.it
27 April 2010
FBI CIA NSA Software Faces v4.0
ဒါ​က​တော့ FBI CIA NSA Software Faces v4.0 ​ဆော့လ်​ဝဲ​လေး​ဖြစ်​ပါ​တယ် ​သူ​က​တော့ FBI ​တွေ​မှာ​သုံး​တဲ့​ဆော့လ်​ဝဲ​လေး​ပါ ​မျက်​နှာ​အ​စိတ်​အ​ပိုင်း ​အ​မျိုး​မျိုး​ပါ​ပါ​တယ် (​ဥ​ပ​မာ) ​ပြော​ရ​ရင် ​လူ​တစ်​ဦး​တစ်​ယောက်​က ​ကိုယ့်​ကို ​ဒု​က္ခ​ပေး​သွား​တယ်​ဆို​ပါ​ဆို့ ​အဲ​ဒီ​အ​ခါ​မှာ​သူ့​ရဲ့​မျက်​နှာ​ကို ​မှတ်​မိ​နေ​ရင် ​ဒီ​ဆော့လ်​ဝဲ​လေး​နဲ့ ​မျက်​နှာ​ပုံ​ဖေါ်​နိုင်​ပါ​တယ် ​စိတ်​ဝင်​စား​ရင်​စမ်း​ကြည့်​လိုက်​ပါ ​လို​ချင်​ရင်​အောက်​မှာ ​အ​ဆင်​ပြေ​မဲ့​လင့်​က​နေ ​ဒေါင်း​ယူ​လိုက်​ပါ ​အား​လုံး​အ​ဆင်​ပြေ​ပါ​စေ။ 307.66mb
Download ifile.it ၊ part1part2 ၊ part3 ၊ part4 ၊ part5 ၊ part6 ၊ part7
Download Mediafire ၊ part1part2part3part4part5part6part7
21 April 2010
all kis and kav keys
ကဲ ​လို​ချင်​ရင်​တော့ ​အောက်​မှာ kis and kav keys ​အ​သစ်​တွေ ​ကို ​တင်​ထား​ပေး​ပါ​တယ် . ​လိုင်း​သိပ်​မ​ကောင်း​လို့ ​ရ​တဲ့ ​တစ်​နေ​ရာ​က​နေ ​တင်​ပေး​လိုက်​ပါ​တယ် . ​ရ​သ​လို​နဲ့ ​ဖြစ်​သ​လို​လေး ​တင်​ပေး​လိုက်​ပါ​တယ်. program ​ဖိုင်​အ​ကြီး​များ​ကို ​တင်​ပေး​တဲ့ ​ညီ​လေး ​မြင့်​ဇော်​ကို​လဲ ​ကျေး​ဇူး​တင်​ပါ​တယ်.
Download ifile.it
20 April 2010
english-myanmar, myanmar-english Dictionary
လို​ချင်​သူ​များ Online ​အ​နေ​ဖြင့် ​ရှာ​ချင်​သူ​များ​အ​တွက် online Dictionary ​တွေ​ကို ​စု​ပြီး​တော့ ​ဒီ​ပို့စ်​မှာ​ပဲ ​တင်​ပေး​ပါ့​မယ်. ​အောက်​မှာ ​ယူ​လိုက်​ပါ. http://dictionary.all-channel.com ​ဆိုက် ​အ​တွက်​က​တော့ ​ဒီ​ဖောင့် ​ကို Download ​လုပ်​လိုက်​ပြီး ​ထည့်​ထား​မှ ​မြင်​ရ​မှာ ​ဖြစ်​ပါ​တယ်.
(၁) http://dictionary.all-channel.com
(၂) http://www.burmese-dictionary.org
(၃) http://www.ornagai.com/
12 April 2010
မေး​ခွန်း​နှင့် ​အ​ဖြေ​များ
မေး - ​အ​ကို ​ညီ​နေ​မင်း animation ​လုပ်​နည်း ​ရေး​ပြီး​တင်​ပေး​မယ်​ဆို ​တင်​ပေး​ပါ့​လား​ဗျာ
မေး - Lo:​ကျွန်​တော်​အိမ်​ကpc​ကိုwindow​အ​သစ်​တင်​လိုက်​တာ​အ​သံ​အ​ထွက်​တော့​ပါ​ဘူး။ဘယ်​လို​လုပ်​ရ​မ​လဲ ​အ​ကို။ ​နောက်​ပြီး​တော့Rar file software ​မ​ရှိ​တော့​ပါ​ဘူး။ ​အဲ့​ပါ​ကြောင့် Rar software ​လို​ချင်​ပါ​တယ်။ ​တင်​ပေး​ပါ​ဦး။
ဖြေ - ​ကြည့်​ရ​တာ ​ငါ့​ညီ ​တင်​လိုက်​တဲ့ window ​က xp sp3 ​ဖြစ်​ဖို့​များ​ပါ​တယ် . window xp sp3 ​မှာ​က​တော့ audio ​အ​တွက် ​အ​တော်​လေး ​အ​ခက်​အ​ခဲ​ဖြစ်​ကြ​ပါ​တယ် . ​အစ်​ကို ​ဖြေ​ပေး​ထား​ပါ​တယ် . audio ​အ​တွက်​ပါ . ​အဲ့​ဒါ​နဲ့​မှ ​မ​ရ​ရင်​တော့ ​ငါ့​ညီ​ရဲ့ motherboard ​အ​မျိုး​အ​စား​ကို ​မေးလ်​နဲ့​ပို့​ပြီး​တော့ ​ပြော​ပြ​ပေး​ပါ ​အစ်​ကို audio driver ​တင်​ပေး​လိုက်​ပါ့​မယ် . win rar ​ကို​တော့ ​အစ်​ကို ​ဒီ​မှာ ​လိုင်​စင် version ​ကို ​တင်​ပေး​ထား​ပါ​တယ် . win rar ​ကို ​ဘယ်​လို ​အ​သုံး​ပြု​ရ​မယ် ​ဆို​တာ​ကို​လဲ ​အဲ့​မှာ movie ​နဲ့ ​တစ်​ခါ​တည်း ​ရှင်း​ပြ​ထား​ပါ​တယ် .
မေး - Wai: ​အ​ကို​ရေ ​အဲ​ဒီ​ဖိုင်​မှာ ​ဗိုင်း​ရပ်စ် ​ပါ​နေ​တယ်​လို့ norton ​က​ပြ​နေ​ပါ​တယ်. ​ကျေး​ဇူး​ပြု​ပြီး​ပြန်​စစ်​ပေး​ပါ​ဦး
မေး - saiheart ​ကျွန်​တော် window ​ပြောင်း​တင်​ချင်​လို. ​အဲ.​ဒါ​ဘယ်​လို ​လုပ်​ရ​မှာ​လဲ​အ​ကို
ဖြေ - ​ညီ​လေး​ရေ window ​တင်​နည်း ​မြန်​မာ​လို ​ရေး​ထား​တဲ့ ​စာ​အုပ်​ကို ​ဒီ​မှာ ​တင်​ပေး​ထား​ပါ​တယ်. Download ​လုပ်​ပြီး​တော့ ​ဖတ်​ပြီး window ​တင်​ကြည့်​လိုက်​ပါ . ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​မိ​ပါ​တယ်.
06 April 2010
ကွန်​ပျူ​တာ ​ဘ​တ္တ​ရီ​နှင့် ​ဖုန်း​ဘ​တ္တ​ရီ​တွေ ​ဘာ့​ကြောင့် ​တာ​ရှည်​မ​ခံ​ရ​သ​လဲ
ဖြိုး​ရဲ : ​အစ်​ကို​ညီ​နေ​မင်း ​ကျွန်​တော့် laptop ​က ​ဝယ်​ထား​တာ ​မ​ကြာ​သေး​ဘူး ​ဘ​တ္တ​ရီ​က ​နာ​ရီ​ဝက်​လောက်​ပဲ ​ရ​တယ် . ​သူ​များ​တွေ​ကျ​တော့ ​နှစ်​နာ​ရီ ​သုံး​နာ​ရီ​လောက်​တောင် ​ရ​ပါ​တယ် . ​ဘယ်​လို ​လုပ်​သင့်​သ​လဲ ​အ​ကြံ​ဥာဏ်​လေး ​ပေး​ပါ​ဦး .
ဖြေ ​ကျွန်​တော် ​ဝဘ်​ဆိုက်​နှင့် ​ပတ်​သက်​ပြီး​တော့ ​မ​ရေး​ဖြစ်​ခဲ့​တာ ​ကြာ​ပါ​ပြီ connection ​အ​ခက်​အ​ခဲ​နှင့် ​ကျန်း​မာ​ရေး ​အ​တွက်​နဲ့ ​မို့​ပါ . ​အား​လုံး​ကို ​မ​င်္ဂ​လာ​ပါ​လို့ ​နှုတ်​ခွန်း​ဆက်​လိုက် ​ပါ​တယ် . ​အား​လုံး​ပဲ ​လုပ်​ငန်း​ကိုင်​တာ​များ ​အ​ဆင်​ပြေ ​ချော​မွှေ့​ကြ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် . ​အ​ဆင်​ပြေ​ပါ​စေ​လို့​လဲ ​ဆု​တောင်း​ပေး ​လိုက်​ပါ​တယ် . ​နောက်​ပိုင်း ​နည်း​ပ​ညာ​များ​ကို​သာ ​အ​သား​ပေး ​ရေး​သား​တော့​မှာ ​ဖြစ်​ပါ​တယ် .
BestAddress HTML Editor 2010 Pro 16.1.0
ဒါ​က​တော့ BestAddress HTML Editor 2010 Pro 16.1.0 ​ဖြစ်​ပါ​တယ်
ဒီ​ဆော့လ်​ဝဲ​က​တော့ ​ဘ​လော့​သ​မား​တွေ​အ​တွက် ​အ​သုံး​ဝင်​ပါ​တယ် ​သူ​က HTML Editor ​ပြန်​ရေး​တဲ့ ​ဆော့လ်​ဝဲ​ပါ ​လွယ်​ပါ​တယ် ​စိတ်​ဝင်​စား​ရင်​တော့ ​အောက်​မှာ​ဒေါင်း​လိုက်​ပါ။ 6.38 mb
Download ifile.it | Download mediafire
16 February 2010
ကျွန်​တော် ​သိ​သော Hosting ​ဆိုက်​များ
File Hosting Site: Max. Upload Size Additional Comments (on free accounts)
4Shared.com 100 MB Files deleted after 30 days no login. 5 GB max total per account.
35MB.com 35 MB 35 MB account limit.
AllMyData.com 1 GB 1 GB monthly limit bandwidth.
Anywhere Enterprises 50 MB Limit of 50 daily downloads.
Atgig.com 1 GB 100 GB monthly bandwidth limit.
AxiFile.com 200 MB Supports FTP.
Badongo.com 1 GB 12 GB/day limit on free ‘member’ accounts. Inactive files deleted after 90 days.
BigFilez.com 200 MB Inactive files deleted after 30 days.
BigUpload.com 500 MB Inactive files deleted after 30 days.
BigRoad.net no limit Apparently no limits on files whatsoever.
Bonpoo.com 250 MB No music or movie files (*.RAR files OK?)
Box.net 10 MB 10 MB? - good for one song, we guess.
BOXSTr.com 250 MB 500 MB daily download limit on free 5 GB accounts.
Come2Store 30 MB Inactive files deleted after 20 days.
Datenklo.net 250 MB Inactive files deleted after 60 days.
DepositFiles 300 MB On registered accounts, automatic file splitting into 100 MB RARs.
divShare.com 200 MB 5 GB free storage, 50 GB monthly bandwidth, files never expire.
DropSend.com 1 GB 5 sends per month limit (1 GB each max.), 250 MB free online storage.
Easy-Share 100 MB FTP and remote access support.
EgoShare.com 300 MB Inactive files deleted after 30 days.
esnips.com unknown 5 GB storage on free accounts.
flyupload.com 2 GB Huge 2 GB limit per file! Inactive files deleted after 60 days.
filecloud.com 25 MB 200 KB/s speedcap on free accounts.
FileDen.com 50 MB 1 GB storage space, 5 GB monthly max. bandwidth.
FileFactory.com 300 MB Upload up to 25 files at the same time on registered free accounts.
FileForwarding 50 MB Supports only ZIP and RAR files.
FileFront.com 1 GB Passworded archives are deleted.
FilePoint 500 MB 60 day retention on inactive files.
Files.to 150 MB Multiple upload file support.
FileUL.com 25 MB All services are completely free of charge.
FileUPYOURS 100 MB Archives files are recommended.
FreeFileUpload 50 MB 50 MB per file, 500 MB max. total.
FreeWebTown 1 GB 1 GB total storage limit.
GigaSize.com 300 MB 600 MB file limit for free registered accounts.
HotLinkFiles 50 MB 1 GB storage, 8 GB monthly max. transfers.
JumboFile.com 100 MB Inactive files are deleted after 10 days.
JustUpIt.com 170 MB Not much else is known.
KeepMyFile.com 60 MB 300 MB total limit. Supports image hosting. Files are deleted after 40 days of inactivity.
Load.to 300 MB No bandwidth restrictions on downloads.
mailbigfile.com 100 MB Works via email notifications. Files are deleted with 3 days upon non-download.
megarotic.com 500 MB Inactive files deleted after 21 days - use the ‘video’ feature to view submissions.
MegaShare.com 50 MB No limit on # of files able to be uploaded.
MegaShares.com 1.5 GB Supports uploading of entire folders.
MegaUpload.com 500 MB 90 day file holding on free registered accounts; 21 days for anonymous uploads.
MediaFire.com 1 GB Great services. Supports image hosting, folder sharing and online directories.
Mediamax.com 10 MB 25 GB Storage, 1 GB monthly bandwidth allowance, 10 MB max. file size sharing.
Nakido.com 99 GB 99 GB limit with a 50-year file retention. Could all this really be true?!
OSCDN.com 100 MB Inactive files deleted after 30 days.
QuickSharing 500 MB Inactive files deleted after 30 days.
RapidShare.com 100 MB No limit to # of uploaded files.
RapidShare.de 300 MB Supports multi-uploads.
RapidUpload 300 MB Inactive files deleted after 30 days.
Savefile.com 60 MB 100 MB file limit for free registered accounts.
SaveFiles.net 90 MB Neat feature - browse the latest uploads.
SenditAnywhere 1 GB Works via email notifications. Files are deleted with 7 days upon non-download.
SendMeFile.com 50 MB Inactive files deleted after 14 days.
SendSpace.com 300 MB Inactive files deleted after 7 days.
SendThisFile none? Requires registration. Apparently no limit on file sizes - works via email notification.
SimpleUpload 300 MB Supports a “FreeFolders” option for storage.
SnapDrive.net 500 MB Has online storage as well as 1-click uploading support. Fast upload!
SpeedShare.org 200 MB Supports multiple simultaneous uploads.
Speedy Share 30 MB Small upload file size limit.
Spread-It.com 500 MB Inactive files deleted after 14 days.
TinyLoad.com 100 MB Good service that uploads files to 4 popular 1-click hosting sites. Great for warez!
Transfer BF 1 GB Minimum 5 day storage.
TurboUpload 100 MB Supports email notification of uploaded files.
UltraShare.net 50 MB Supports email notification of uploaded files.
Up-File.com 1 GB No time limit on held files.
UploadPower 100 MB Supports multiple uploading formats.
WooFiles.com 1 GB No limit on # of uploaded files.
WebFileHost 500 MB Inactive files deleted after 30 days.
YaStorage.com 1 GB Good upload speeds, free 1 GB file service.
YouSendIt.com 100 MB 100 max. downloads per file, 1 GB max. bandwidth per file. Lame!!
zSHARE.net 100 MB Inactive files deleted after 60 days.
zUpload.com 500 MB Inactive files deleted after 30 days, no limit on uploaded files.
12 February 2010
Dial up connection ​ဖြင့် ​အင်​တာ​နက်​သုံး​သူ​များ ​လိုင်း​အား ​ပို​ကောင်း​လာ​အောင် ​ဘယ်​လို​လုပ်​သင့်​သ​လဲ။
ဒါ​လေး ​က​တော့ ​လက်​ဖြစ်​လေး​ပေါ့. ​အင်​တာ​နက် ​လိုင်း​အား ​ဘယ်​လို ​ကောင်း​လာ ​အောင် ​လုပ်​ရ​မ​လဲ၊ ​ဆို​တာ​လေး​ကို video ​ဖိုင်​လေး​နဲ့ ​ပြ​ထား​တာ​ပါ။ ​လက်​တွေ့ ​အ​သုံး​ချ​ကြည့်​ပါ။ ​သုံး​ရ​တဲ့ ​အင်​တာ​နက်​လိုင်း​ဟာ ​ယ​ခင်​က​နှင့် ​ယ​ခု ​ယှဉ်​ကြည့် ​လိုက်​ပါ။ ​ဒီ​နည်း​လေး​ဟာ ​တစ်​ကယ့်​ကို ​လွယ်​ကူ​တယ် ​ဆို​ပေ​မယ့် ​အ​ထင်​မ​သေး ​ပါ​နှင့် ​တ​ကယ့်​ကို ​အင်​တာ​နက် speed ​မြန်​လာ​ပါ ​လိမ့်​မယ်.
Orbit Downloader ​ကို ​ဘယ်​လို ​အ​သုံး​ပြု​ရ​လဲ ??
ကျွန်​တော် ​ဒီ​နေ့​တော့ Orbit Downloader ​နှင့် Program, Music ​နှင့် ​အ​ခြား File ​များ​ကို ​ဘယ်​လို Download ​လုပ်​ရ​လဲ​ဆို​တာ​ကို ​ရှင်း​ပြ​ပေး​ပါ့​မယ် .​အောက်​မှာ ​ဓါတ်​ပုံ​များ​နှင့် ​တစ်​ပုံ​ချင်း​စီ​ကို ​ရှင်း​ပြ​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​အား​လုံး​ပဲ ​ရှင်း​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် .
Orbit Downloader ​ဆို​တာ​ဘာ​လဲ
  • ​သူ​က Downloader ​တစ်​ခု​ပါ . Free ​ဖြစ်​သ​လို . ​သူ့​ရဲ့ Download speed ​ဟာ ​အ​တော်​လေး​ကို ​မြန်​ဆန်​တာ​ကြောင့် Downloader Tools ​များ​ထဲ​မှာ ​တစ်​ခြား​ငွေ​ကြေး​ပေး​ရ​တဲ့ Download Manager ​နှင့် ​ရင်​ဘောင်​တန်း​ပြီး​တော့ ​အ​တော်​အ​သင့် ​နေ​ရာ​ယူ​လာ​တဲ့ Downloader ​တစ်​ခု​ပါ.
ဘယ်​လို Download ​လုပ်​ယူ​ရ​မ​လဲ
  • ​ပ​ထ​မ​ဦး​ဆုံး http://orbitdownloader.com ​ကို ​သွား​ပါ
  • . ​ဆို​တဲ့ icon ​လေး​ကို ​နှိပ်​ပေး​လိုက်​ပါ။ ​ဒု​တိ​ယ​အ​ကြိမ်​ထပ်​ပြီး​တော့ ​ကို ​နှိပ်​ပါ။
  • ​ကဲ​ပြီး​ပြီ​ဆို​ရင်​တော့ http://download.cnet.com ​ဆိုက်​မှာ uploading ​တင်​ထား​တဲ့ Orbitdownlaoder ​ဆီ​ကို ​ရောက်​သွား​မှာ​ပါ . (​စ​ကား​မ​စပ် ​ပြော​ပြ​ပါ​ဦး​မယ် http://download.cnet.com ​ဆိုက်​ဟာ microsoft company ​က​နေ ​အ​ခ​မဲ့ Free ware ​များ​ကို Download ​လုပ်​လို့​ရ​အောင် ​အ​ခ​မဲ့ uploading ​တင်​ပေး​ထား​တဲ့ ​ဆိုက်​တစ်​ခု​ပါ . ​အ​တော်​လေး​ကို ​စုံ​တဲ့ ​ဝဘ်​ဆိုက်​တစ်​ခု​ပါ.) ​အဲ့​မှာ​တင်​ထား​တဲ့ Download Now ​ဆို​တဲ့ ​နေ​ရာ​ကို click ​နှိပ်​လိုက်​ပါ။
  • ​ပြီး​သွား​ပြီ​ဆို​ရင်​တော့ Download ​လုပ်​ဖို့ link ​လေး ​တစ်​ခု ​ကျ​လာ​ပါ​လိမ့်​မယ် . Download ​လုပ်​လိုက်​ပါ ။
  • ​အ​ကယ်​၍ Download link ​မ​ကျ​လာ​ပါ​က ​အ​ခု​လို click here ​ဆို​တဲ့​နေ​ရာ​ကို ​နှိပ်​ပြီး​တော့​လဲ Download ​လုပ်​ယူ​လို့ ​ရ​ပါ​တယ် ။
  • ​အား​လုံး​ပြီး​သွား​ရင်​တော့ ​ရ​လာ​တဲ့ orbit Downloader ​ကို Install ​လုပ်​လိုက်​ပါ။
  • ​လုပ်​ပုံ​လုပ်​နည်း​ကို​ပါ ​အောက်​မှာ ​တစ်​ပုံ​ချင်း​စီ ​ပြ​ပေး​ထား​ပါ​တယ် . ​ရှင်း​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် .
ကဲ ​အ​ပေါ်​က​အ​တိုင်း install ​လုပ်​ပြီး​သွား​ရင်​တော့ ​ဒီ​ကို ​သွား​လိုက်​ပါ။
  • ​ကဲ​ပြီး​ရင်​တော့ ​ဆို​တဲ့ icon ​လေး​ကို ​က​လစ်​နှိပ်​ပါ။
  • ​ပြီး​ရင်​တော့ ​အ​ခု​လို box ​လေး​ကျ​လာ​ရင် install now ​ကို ​နှိပ်​ပြီး install ​လုပ်​လိုက်​ပါ။ ​အား​လုံး​ပြီး​သွား​ရင် firefox ​ကို restart ​လုပ်​မှာ​လား ​မေး​ပါ​လိမ့်​မယ် ။ OK ​ပေး​လိုက်​ပါ။ Firefox ​နောက်​တစ်​ကြိမ် ​ပြန်​ပွင့်​လာ​တာ​နှင့် ​ကျွန်​တော်​တို့ ​လို​ချင်​တာ​ကို Download ​လုပ်​လို့ ​ရ​သွား​ပါ​ပြီ။ ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​ကြ ​ပါ​စေ​ဗျာ။
Download ​ဘယ်​လို​လုပ်​မ​လဲ?
ဒါ​က​တော့ ​လွယ်​ပါ​တယ် ​ဒီ​မှာ Download ​လုပ်​နည်း​များ ​အ​ကြောင်း​ကို ​ရေး​ခဲ့​ပြီး​သား​ပါ . ​အ​ပေါ်​က​အ​တိုင်း​သာ ​လုပ်​ထာ​မယ်​ဆို​ရင် ​အ​ခု Download ​လုပ်​နည်း​များ ​အ​တိုင်း Download ​လုပ်​ကြည့်​လိုက်​ပါ. ​အ​ရင်​က Save ​ဆို​တဲ့ box ​တစ်​ခု​ပေါ်​လာ​တဲ့​နေ​ရာ​မှာ orbitdownlaoder ​တစ်​ခု​ပို​လာ​တာ​ကို ​တွေ့​ရ​မှာ​ပါ။
07 February 2010
မ​သိ​စေ​ချင်​တဲ့ Folder ​များ​ကို ​ဖွက်​ထား​ချင် ​သူ​များ​အ​တွက်
ဒါ​က​တော့ ​မိ​မိ ​ကွန်​ပျူ​တာ​ထဲ​မှာ ​တစ်​ခြား​သူ ​မ​မြင်​စေ​ချင်​တဲ့ ​ဖိုင်​များ​ကို hidden ​လုပ်​ထား​ချင်​သူ​များ ​အ​တွက်​ပါ. manual ​လုပ်​နည်း​တော့ ​ရှိ​ပါ​တယ် . ​ဒါ​ပေ​မယ့် ​လုံ​ခြုံ​စိတ်​ချ​မှု ​မ​ရှိ​သေး​ပါ​ဘူး . ​သူ့​အ​တွက် ​သီး​သန့်​လုပ်​ထား​တဲ့ Program ​ဆို​တော့ ​အား​သာ​ချက်​တွေ ​အ​များ​ကြီး​ရှိ​ပါ​တယ် . ​သုံး​ကြည့်​လိုက်​ပါ . ​ဟို​တစ်​ရက်​က ​ညီ​ငယ် ​တစ်​ယောက် ​မေး​ထား​တာ​လေး​ကို​လဲ ​ဖြေ​ပေး​ရင်း​ပါ. HDD ​တစ်​ပိုင်း​လုံး​ကို ​ဖျောက်​ထား​မယ် Lock ​ချ​ထား​မယ်​ဆို​ရင်​လဲ ​ရ​ပါ​တယ် .. window 7 ​ကို support ​လုပ်​ပါ​တယ် . ​ကဲ program ​လေး​က ​ဖိုင်​တွေ​ကို ​ဘာ​တွေ ​လုပ်​ပေး​နိုင်​သ​လဲ ​ဆို​တာ ​အောက်​မှာ ​ကြည့်​လိုက်​ပါ . ​ဒါ​က ​ကို​မိုး​ပြော​လို့ ​ပြန်​ပြီး​ဖြည့်​လိုက်​တာ​ပါ . window ​အ​သစ် ​တင်​မယ်​ဆို​ရင်​လဲ ​သူ​က​ပြ​ဿ​နာ ​မ​ရှိ​ပါ​ဘူး .
  1. Hide ​လုပ်​ထား​မယ်
  2. Lock ​ချ​ထား​မယ်
  3. Hide ​လုပ်​ထား​ပြီး ​အ​ပြင် Lock ​ပါ​ချ​ထား​မယ်
  4. Read Only ​ဆို​ပြီး​တော့ methods ​လေး​နည်း​ရှိ​ပါ​တယ် . ​အဲ့​မှာ ​ကို​လို​ချင်​တဲ့ method ​ကို ​ရွေး​ပေး ​လိုက်​ယုံ​ပါ​ပဲ။
  5. ​သူ​လုပ်​ပေး​နိုင်​တဲ့ ​ဖိုင်​အ​ရေ​အ​တွက်​ကို ​ကန့်​သတ်​မ​ထား​ပါ​ဘူး . Unlimited ​ပါ ​မိ​မိ​ကြိုက်​သ​လောက် ​ဖိုင်​တွေ​ကို ​အ​ထက် methods (၄) ​နည်း​အ​တိုင်း ​လုပ်​လို့​ရ​ပါ​တယ် .
  6. NTFS, FAT32 ​နှင့် FAT format ​တွေ​ဖြစ်​ရ​ပါ​မယ် .
  7. ​မိ​မိ hidden ​လုပ်​ထား lock ​ချ​ထား​သော ​ဖိုင်​များ​ကို ​တစ်​ခြား ​တစ်​စုံ​တစ်​ယောက်​က ​ဖျက်​ဆီး ​ပစ်​မယ် ​ဆို​တာ​တောင်​မှ ​အဲ့​ဒီ့​ဖိုင်​ဟာ ​ပျက်​စီး​မ​သွား ​ပါ​ဘူး .
(or)
RAR file ​တွေ Corrupted ​ဖြစ်​လျှင်​ဖြင့်
လ​ပြည့်​ဝန်း : ​အစ်​ကို​ရေ win rar ​က ​ဖိုင်​ဖြေ​တဲ့ ​အ​ခါ​မှာ error ​ပဲ ​ပြ​နေ​တယ် . ​ကူ​ညီ ​လို့​ရ​ရင် ​ကူ​ညီ​ပေး​ပါ​ဦး .
တစ်​ချို့​သော Rar ​ဖိုင်​များ​ကို ​ဖိုင်​ပြန်​ဖြေ​တဲ့​အ​ခါ​မှာ error ​ဖြစ်​ကြ​ပါ​တယ် . ​အဲ့​ဒါ​က​လဲ win rar ​ရဲ့ ​အား​နည်း​ချက် ​တစ်​ခု​ပါ . ​အဲ့​တော့ ​ကျွန်​တော်​တို့ ​အ​နေ​ဖြင့် ​အဲ့​ဒီ့ ​ဖိုင်​ကို ​တစ်​ခြား​နေ​ရာ​တွေ​က​တေ ​လိုက်​ရှာ​ပြီး Download ​ပြန်​လုပ်​ယူ​တဲ့ ​နည်း​ကို ​မ​သုံး​ဘဲ​နှင့် Win Rar ​ထဲ​မှာ​ပဲ​ပါ​တဲ့ Repair Tools ​နဲ့​ပဲ ​ဖြေ​ရှင်း​ကြည့်​ရ​အောင် ​ဒီ​နည်း​ကို​လဲ ​အ​ရင်​က ​ရေး​ခဲ့​ပြီး​ပါ​ပြီ . ​အ​ခု​က ​နှစ်​နည်း​နှင့် ​ရေး​ပြ​လိုက်​ပါ့​မယ် .
ပ​ထ​မ​နည်း
  • ​မိ​မိ error ​ပြ​နေ​တဲ့ Win Rar file ​ကို ​ဖွင့်​လိုက်​ပါ (Double click)
  • Tools >> Repair Archive (​သို့) Tools Bar ​မှာ ​သူ​နာ​ပြု logo ​ပုံ​စံ​လေး​နှင့် Repair Archive tool ​ရှိ​ရင် ​အ​ဆို​ပါ Tool ​ကို ​နှိပ်​လဲ​ရ​ပါ​တယ် .(​ပုံ-၁)
  • (​ပုံ-၂)​မှာ​လို​မျိုး ​မိ​မိ save ​ချင်​တဲ့ ​နေ​ရာ​ကို ​ရွေး​ပေး​လိုက်​ပါ .
  • (​ပုံ-၃) ​မှာ​လို​မျိုး ​အား​လုံး​ပြီး​သွား​ရင် Done ​ဆို​တဲ့ ​စာ​တမ်း​ပေါ်​လာ​မှာ​ပါ . ​အဲ့​ဒါ​ဆို​ရင် Close ​ပေး​လိုက်​ပါ.
  • ​ဖိုင်​ကို ​ပြင်​ပြီး​သွား​ရင်​တော့ (​ပုံ-၄)​လို​မျိုး ​ဖိုင်​အ​သစ်​တစ်​ဖိုင် ​မိ​မိ save ​ထား​တဲ့​နေ​ရာ​မှာ ​ရောက်​လာ​မှာ​ဖြစ်​ပါ​တယ် .
ဒု​တိ​ယ​နည်း
ဒီ​နည်း​နှင့်​ဖြေ​ရှင်း​ဖို့​က​တော့ ​အောက်​မှာ​ပေး​ထား​တဲ့ Rar Repair tool ​ကို Download ​လုပ်​ပြီး​တော့​မှ ​ဖြေ​ရှင်း​လို့​ရ​မှာ​ပါ.
version 4.0 ​ကို ​တင်​ပေး​ထား​ပါ​တယ် . ​လုပ်​ရ​မှာ​က ​အောက်​က​ပုံ​တွေ​ထဲ​က​အ​တိုင်း ​တစ်​ဆင့်​ချင်း​လုပ်​သွား​လိုက်​ပါ .
အောက်​မှာ​ပေး​ထား​တဲ့ Repair tool ​ကို Download ​လုပ်​ပြီး . ​စက်​မှာ install ​လုပ်​လိုက်​ပါ.
(​ပုံ-၁) ​မှာ​လို Browse ​က​နေ error ​ပေါ်​နေ​တဲ့ rar ​ဖိုင်​ကို ​ရွေး​ပေး​လိုက်​ပါ
(​ပုံ-၂) ​မှာ​လို ​သိမ်း​ဆည်း​မည့် ​နေ​ရာ​တစ်​နေ​ရာ​ကို ​ရွေး​ပေး​လိုက်​ပါ။
(​ပုံ-၃)​မှာ​လို ​ဖိုင်​ပြင်​တဲ့ ​လုပ်​ငန်း​စဉ် ​ပြီး​ဆုံး​သွား​ကြောင်း ​တွေ့​ရ​မှာ​ပါ. ​အား​လုံး​ပြီး​သွား​ရင်​တော့ ​မိ​မိ​သိမ်း​ခဲ့​တဲ့​နေ​ရာ​မှာ win rar ​ဖိုင်​အ​သစ်​က​လေး ​တစ်​ဖိုင်​ကို ​တွေ့​ရ​မှာ​ဖြစ်​ပါ​တယ် .
05 February 2010
.exe icon ​ကို ​ဘယ်​လို ​ပြောင်း​မ​လဲ
အင်း​ဟို​ဟာ​နှိပ် ​ဒီ​ဟာ​က​လစ် ​ဆို​ရင်​တော့​ဖြင့် virus ​က ​ရှေ့​ဂျွန်း​တွေ ​နောက်​ဂျွန်း​တွေ ​ပြစ်​ပီး​တော့​ကို ​ဝင်​လာ​မှာ . ​ကွန်​ပျူ​တာ​က ​သ​တိ​ပေး​ရင်​လဲ ​ဘာ​ပေါ်​တာ​လဲ ​မ​ကြည့်​ဘူး YES (or) OK ​ချည်း​ပဲ ​နှိပ်​လိုက်​တော့ . ​သွား​လေ​ပြီ kaspersky ​က​လဲ ​မ​နိုင်​တော့​ဘူး . ​ဘယ်​နိုင်​မ​လဲ virus ​ပါ​တဲ့ ​ဖိုင်​ကို install ​လုပ်​မှာ​လား . ​ဘာ​ညာ ​မေး​လာ​ရင်​လဲ ​ပါ​လား ​မ​ပါ​လာ​လား ​မ​ကြည့်​တော့​ဘူး . Ok ​ပဲ ​ကိုင်​ထည့်​လိုက်​တော့ . ​ကို​က​တော့ ​အို​ကေ​ပါ​ရဲ့ ​ခ​ဏ​နေ​ကျ​တော့ kaspersky ​လဲ ​မ​နိုင်​တော့​ဘူး . ​ကွန်​ပျူ​တာ​မှာ​လဲ ​ဟို​ဟာ​က ​ထ​ဖောက် ​ဒီ​ဟာ​က ​ထ​ဖောက်​နဲ့ ​ဖြစ်​ကုန်​ရော. ​ဖြစ်​မှာ​ပေါ့ . ​ရှေ့​မှာ​ခံ​ထား​တဲ့ kaspersky ​နှင့် ​အ​ခြား antivirus program ​တွေ​ကို ​န​ဘန်​ကျင်း၊ ​ဖ​နောင့်​နဲ့ ​ပေါက်​ပြီး​တော့ ​ဝင်​ခွင့် ​ပေး​လိုက်​တော့ . ​သူ​တို့​က​လဲ ​ဘယ်​လို ​လုပ်​ပြီး​တော့ ​တား​နိုင်​တော့ ​မှာ​လဲ . ​ခ​ဏ​နေ​ကျ​တော့ ​သူ့​အ​လုပ်​ကို​သူ​လုပ်​တဲ့ anti virus program ​ကို ​အ​ပြစ်​ပြော​ပါ​လေ​ကော . ​တင်​ထား​လိုက်​တဲ့ ​ဘယ် antivirus program ​က​ဖြင့် ​သောက်​သုံး​ကို ​မ​ကျ​ဘူး . ​ဒီ virus ​ကို​တောင် ​မ​သတ်​နိုင်​ဘူး ​လုပ်​ပါ​လေ​ရော . ​တ​ရား​ခံ​က ​ကို​ဆို​တာ​ကို ​မ​သိ​ဘူး . ​တစ်​ကယ်​တော့ antivirus program ​ဆို​တာ​ဟာ HDD ​ထဲ​ကို ​ဝင်​မယ့် file ​နှင့် Program ​တွေ​ကို virus ​မ​ပါ​သွား​ရ​လေ​အောင် . ​စစ်​ဆေး​ပေး​တာ​ပါ . ​မြို့​အ​ဝင်​က ​ဂိတ်​စောင့်​နှင့်​တူ​ပါ​တယ် . ​မိ​မိ​က​တော့ ​သူ​ကြီး​ပေါ့ . ​ဂိတ်​စောင့်​က ​ဘယ်​လို​မျိုး ​တား​တား ​ကို​ကိုယ်​တိုင်​ကို​က ​ဝင်​ခွင့်​ပေး​လိုက်​ရင် ​ဂိတ်​စောင့်​လဲ ​မ​နိုင်​တော့​ဘူး . ​ဒါ​လေး​တွေ​ကို ​သိ​ထား​ဖို့​တော့ ​လို​ပါ​တယ် .
ဖိုင်​တစ်​ခု​ကို​ဗျာ gmail hacking tool ​လို့ ​နာ​မည်​ပေး​လိုက်​မယ် .
icon ​ကို ​မှန်​ဘီ​လူး ​ကိုင်​နေ​တဲ့​ပုံ​လေး ​ပြောင်း​လိုက်​မယ် . ​ပြီး​ရင် ​ဆိုက်​မှာ​သာ​တင်​ကြည့် ​မ​သိ​တဲ့​သူ​ဆို​ရင် ​ဖိုင်​ကို​ကြည့်​ပြီး​တာ​နဲ့ ​ဟာ​တွေ့​ပြီ​ဟေ့ ​ပွ​တာ​ပဲ ​ဆို​ပြီး ​တန်း​ပြီး​တော့ ​လုပ်​မှာ​က Download ​လုပ်​ပြီး​တာ​နဲ့ Double click ​လုပ်​တော့​မှာ​ပါ . ​ဟုတ်​လား ​မ​ဟုတ်​လား ​မ​စဉ်း​စား​တော့​ဘူး . ​အဲ့​ဒီ့​မယ့် kaspersky ​လဲ ​မ​ကယ်​နိုင်​တော့​ဘဲ ​မာ​လ​က ​ဈာန်​ကွှေ​ရာ .
ညီ​လေး​ရေ ​အစ်​ကို​အောက်​မှာ ​တင်​ပေး​လိုက်​ပါ​တယ် ​ပြောင်း​နည်း​က​တော့ ​လွယ်​ပါ​တယ် . ​အ​တို​ချုံး​ပြီး ​ပြော​ပြ​လိုက်​ပါ​တယ် .
icon ​ပြောင်း​နည်း .
  • ​မိ​မိ​ပြောင်း​ချင်​တဲ့ logo ​တစ်​ခု​ကို photoshop ​သို့​မ​ဟုတ် ​တစ်​ခြား ​ဒီ​ဇိုင်း​ဖန်​တီး​လို့​ရ​တဲ့ program ​တစ်​ခု​ခု​ဖြင့် ​ဖန်​တီး ​လိုက်​ပါ . ​ပြီး​တာ​နဲ့ ​သူ့​ကို ​ဆိုက်​သေး​ပြီး​တော့ gif ​နဲ့ ​သိမ်း​လိုက်​ပါ . .ico ​နဲ့ ​တစ်​ခါ​တည်း ​မ​သိမ်း​တတ်​ရင် ​မ​သိမ်း​ပါ​နဲ့. ​နောက်​မှ gif (or) Jpeg ​စ​တာ​တွေ​က​နေ .ico ​ကို ​ပြောင်း​လိုက်​ပါ ​ကျွန်​တော် ​ဆိုက်​ထဲ​မှာ .ico ​ပြောင်း​တဲ့ program ​တင်​ပေး​ထား ​ပြီး​သား​ပါ .
  • .ico logo ​လေး​ရ​ပြီ​ဆို​ရင် . ​အောက်​က​အ​တိုင်း ​ပြောင်း​ပေး​လိုက်​ပါ . ​အောက်​မှာ ​တစ်​ပုံ​ချင်း​စီ​ကို ​စာ​နဲ့ ​ရေး​ပြီး​တော့ ​ရှင်း​ပြ​ထား​ပါ​တယ် . ​တစ်​ပုံ​ချင်း​စီ​ကို ​က​လစ်​နှိပ်​လိုက်​ပါ ​ပုံ​အ​ကြီး ​ထွက်​လာ​ပါ​လိမ့်​မယ် . ​ပုံ​တွေ​ရဲ့ ​အ​ပေါ်​က icon ​ပြောင်း​ပေး​မယ့် program ​ပါ. ​တစ်​ခု​သ​တိ​ပေး​လိုက်​ပါ့​မယ် ​စိတ်​မ​ကောင်း ​စ​ရာ​ကောင်း​တာ​က window 7 ​ကို support ​မ​လုပ်​ပါ​ဘူး .