
အင်းဟိုဟာနှိပ် ဒီဟာကလစ် ဆိုရင်တော့ဖြင့် virus က ရှေ့ဂျွန်းတွေ နောက်ဂျွန်းတွေ ပြစ်ပီးတော့ကို ဝင်လာမှာ . ကွန်ပျူတာက သတိပေးရင်လဲ ဘာပေါ်တာလဲ မကြည့်ဘူး YES (or) OK ချည်းပဲ နှိပ်လိုက်တော့ . သွားလေပြီ kaspersky ကလဲ မနိုင်တော့ဘူး . ဘယ်နိုင်မလဲ virus ပါတဲ့ ဖိုင်ကို install လုပ်မှာလား . ဘာညာ မေးလာရင်လဲ ပါလား မပါလာလား မကြည့်တော့ဘူး . Ok ပဲ ကိုင်ထည့်လိုက်တော့ . ကိုကတော့ အိုကေပါရဲ့ ခဏနေကျတော့ kaspersky လဲ မနိုင်တော့ဘူး . ကွန်ပျူတာမှာလဲ ဟိုဟာက ထဖောက် ဒီဟာက ထဖောက်နဲ့ ဖြစ်ကုန်ရော. ဖြစ်မှာပေါ့ . ရှေ့မှာခံထားတဲ့ kaspersky နှင့် အခြား antivirus program တွေကို နဘန်ကျင်း၊ ဖနောင့်နဲ့ ပေါက်ပြီးတော့ ဝင်ခွင့် ပေးလိုက်တော့ . သူတို့ကလဲ ဘယ်လို လုပ်ပြီးတော့ တားနိုင်တော့ မှာလဲ . ခဏနေကျတော့ သူ့အလုပ်ကိုသူလုပ်တဲ့ anti virus program ကို အပြစ်ပြောပါလေကော . တင်ထားလိုက်တဲ့ ဘယ် antivirus program ကဖြင့် သောက်သုံးကို မကျဘူး . ဒီ virus ကိုတောင် မသတ်နိုင်ဘူး လုပ်ပါလေရော . တရားခံက ကိုဆိုတာကို မသိဘူး . တစ်ကယ်တော့ antivirus program ဆိုတာဟာ HDD ထဲကို ဝင်မယ့် file နှင့် Program တွေကို virus မပါသွားရလေအောင် . စစ်ဆေးပေးတာပါ . မြို့အဝင်က ဂိတ်စောင့်နှင့်တူပါတယ် . မိမိကတော့ သူကြီးပေါ့ . ဂိတ်စောင့်က ဘယ်လိုမျိုး တားတား ကိုကိုယ်တိုင်ကိုက ဝင်ခွင့်ပေးလိုက်ရင် ဂိတ်စောင့်လဲ မနိုင်တော့ဘူး . ဒါလေးတွေကို သိထားဖို့တော့ လိုပါတယ် .
နောက်တစ်ခု သိထားသင့်တာလေး ပြောပါဦးမယ် . အဲ့ဒါကို လူတိုင်း မသိကြဘူးဗျ . ဘာလဲဆိုရင် မိမိ HDD ထဲမှာ antivirus program မတင်ခင် ကတည်းက virus က ရှိနှင့်ထားပြီးသားဆိုရင် ဘယ် antivirus ကိုပဲ Install လုပ်လုပ် 85% လောက်ဟာ မရဖို့များပါတယ် . ဘာ့ကြောင့်လဲဆိုရင် virus တိုင်းလိုလိုဟာ သူတို့ HDD ထဲမှာ ရှိနေပြီးတဲ့အချိန်ဆိုရင် အဲ့ဒီ့ virus က ဘာတွေအရင်ဆုံး လှုပ်ရှားမလဲသိလား . antivirus program လို သူ့ကို တိုက်ခိုက်မယ့် ရန်လုပ်မယ့် program မျိုးကို install လုပ်လို့မရအောင် ကာထားမယ်ဗျာ . နောက်တစ်ခုက task manager လိုမျိုး သူ့ကို ရပ်တန့်အောင် ပိတ်နိုင်မယ့် Tools မျိုးကို ဖျောက်ထားတတ်ကြတယ် . အဲ့တော့ ကျွန်တော်တို့က အရင်ဆုံးလုပ်သင့်တာက window တင်ပြီးတာနဲ့ antivirus program ကောင်းကောင်း (kaspersky 2010)ကို တင်ထားသင့်ပါတယ် . ပြီးတော့မှ တစ်ခြား program တွေကို install လုပ်ပါ . အဲ့ဒီံတစ်ချက်ကလေးကို သတိထားပေးရင် အဆင်ပြေပါတယ် . ကျွန်တော်နောက်ပိုင်း သိသင့်တာလေးတွေ ရေးပေးပါဦးမယ် . အခုက .exe ရဲ့ icon ကို ဘယ်လိုပြောင်းမလဲ ဆိုတာကို ပြောဖို့ကနေ ဘယ်ရောက် သွားမှန်း မသိပါဘူး . ဘယ် program ကိုမဆို (virus program အပါအဝင်) program ရဲ့ icon ကို ပြောင်းလိုက်လို့ရပါတယ် .
ဖိုင်တစ်ခုကိုဗျာ gmail hacking tool လို့ နာမည်ပေးလိုက်မယ် .
icon ကို မှန်ဘီလူး ကိုင်နေတဲ့ပုံလေး ပြောင်းလိုက်မယ် . ပြီးရင် ဆိုက်မှာသာတင်ကြည့် မသိတဲ့သူဆိုရင် ဖိုင်ကိုကြည့်ပြီးတာနဲ့ ဟာတွေ့ပြီဟေ့ ပွတာပဲ ဆိုပြီး တန်းပြီးတော့ လုပ်မှာက Download လုပ်ပြီးတာနဲ့ Double click လုပ်တော့မှာပါ . ဟုတ်လား မဟုတ်လား မစဉ်းစားတော့ဘူး . အဲ့ဒီ့မယ့် kaspersky လဲ မကယ်နိုင်တော့ဘဲ မာလက ဈာန်ကွှေရာ .
ညီလေးရေ အစ်ကိုအောက်မှာ တင်ပေးလိုက်ပါတယ် ပြောင်းနည်းကတော့ လွယ်ပါတယ် . အတိုချုံးပြီး ပြောပြလိုက်ပါတယ် .
icon ပြောင်းနည်း .
- မိမိပြောင်းချင်တဲ့ logo တစ်ခုကို photoshop သို့မဟုတ် တစ်ခြား ဒီဇိုင်းဖန်တီးလို့ရတဲ့ program တစ်ခုခုဖြင့် ဖန်တီး လိုက်ပါ . ပြီးတာနဲ့ သူ့ကို ဆိုက်သေးပြီးတော့ gif နဲ့ သိမ်းလိုက်ပါ . .ico နဲ့ တစ်ခါတည်း မသိမ်းတတ်ရင် မသိမ်းပါနဲ့. နောက်မှ gif (or) Jpeg စတာတွေကနေ .ico ကို ပြောင်းလိုက်ပါ ကျွန်တော် ဆိုက်ထဲမှာ .ico ပြောင်းတဲ့ program တင်ပေးထား ပြီးသားပါ .
- .ico logo လေးရပြီဆိုရင် . အောက်ကအတိုင်း ပြောင်းပေးလိုက်ပါ . အောက်မှာ တစ်ပုံချင်းစီကို စာနဲ့ ရေးပြီးတော့ ရှင်းပြထားပါတယ် . တစ်ပုံချင်းစီကို ကလစ်နှိပ်လိုက်ပါ ပုံအကြီး ထွက်လာပါလိမ့်မယ် . ပုံတွေရဲ့ အပေါ်က icon ပြောင်းပေးမယ့် program ပါ. တစ်ခုသတိပေးလိုက်ပါ့မယ် စိတ်မကောင်း စရာကောင်းတာက window 7 ကို support မလုပ်ပါဘူး .



















အဟင့်...ငိုချင်တယ်..ကျွန်တော်သုံးတာက
ReplyDeletewindows 7 ဖြစ်နေတယ်.. ဒုက်ကောက်ပါပဲ
ဖြစ်ချင်တာမဖြစ်ရတာလဲဒုက်ကောက်..
ဘာပဲဖြစ်ဖြစ်..ခုလိုဗဟုသုတလေးတွေမျှေဝပေးတဲံ
ကိုညီ..ကိုအရမ်းလေးစားပါတယ်...အားလုံးကိုယ်စား
ကျေးဇူးတင်ပါတယ်လို့ပြောပါရစေ..။