W w W. N y I n @ y M i N. o R g
07 February 2010
မ​သိ​စေ​ချင်​တဲ့ Folder ​များ​ကို ​ဖွက်​ထား​ချင် ​သူ​များ​အ​တွက်
ဒါ​က​တော့ ​မိ​မိ ​ကွန်​ပျူ​တာ​ထဲ​မှာ ​တစ်​ခြား​သူ ​မ​မြင်​စေ​ချင်​တဲ့ ​ဖိုင်​များ​ကို hidden ​လုပ်​ထား​ချင်​သူ​များ ​အ​တွက်​ပါ. manual ​လုပ်​နည်း​တော့ ​ရှိ​ပါ​တယ် . ​ဒါ​ပေ​မယ့် ​လုံ​ခြုံ​စိတ်​ချ​မှု ​မ​ရှိ​သေး​ပါ​ဘူး . ​သူ့​အ​တွက် ​သီး​သန့်​လုပ်​ထား​တဲ့ Program ​ဆို​တော့ ​အား​သာ​ချက်​တွေ ​အ​များ​ကြီး​ရှိ​ပါ​တယ် . ​သုံး​ကြည့်​လိုက်​ပါ . ​ဟို​တစ်​ရက်​က ​ညီ​ငယ် ​တစ်​ယောက် ​မေး​ထား​တာ​လေး​ကို​လဲ ​ဖြေ​ပေး​ရင်း​ပါ. HDD ​တစ်​ပိုင်း​လုံး​ကို ​ဖျောက်​ထား​မယ် Lock ​ချ​ထား​မယ်​ဆို​ရင်​လဲ ​ရ​ပါ​တယ် .. window 7 ​ကို support ​လုပ်​ပါ​တယ် . ​ကဲ program ​လေး​က ​ဖိုင်​တွေ​ကို ​ဘာ​တွေ ​လုပ်​ပေး​နိုင်​သ​လဲ ​ဆို​တာ ​အောက်​မှာ ​ကြည့်​လိုက်​ပါ . ​ဒါ​က ​ကို​မိုး​ပြော​လို့ ​ပြန်​ပြီး​ဖြည့်​လိုက်​တာ​ပါ . window ​အ​သစ် ​တင်​မယ်​ဆို​ရင်​လဲ ​သူ​က​ပြ​ဿ​နာ ​မ​ရှိ​ပါ​ဘူး .
  1. Hide ​လုပ်​ထား​မယ်
  2. Lock ​ချ​ထား​မယ်
  3. Hide ​လုပ်​ထား​ပြီး ​အ​ပြင် Lock ​ပါ​ချ​ထား​မယ်
  4. Read Only ​ဆို​ပြီး​တော့ methods ​လေး​နည်း​ရှိ​ပါ​တယ် . ​အဲ့​မှာ ​ကို​လို​ချင်​တဲ့ method ​ကို ​ရွေး​ပေး ​လိုက်​ယုံ​ပါ​ပဲ။
  5. ​သူ​လုပ်​ပေး​နိုင်​တဲ့ ​ဖိုင်​အ​ရေ​အ​တွက်​ကို ​ကန့်​သတ်​မ​ထား​ပါ​ဘူး . Unlimited ​ပါ ​မိ​မိ​ကြိုက်​သ​လောက် ​ဖိုင်​တွေ​ကို ​အ​ထက် methods (၄) ​နည်း​အ​တိုင်း ​လုပ်​လို့​ရ​ပါ​တယ် .
  6. NTFS, FAT32 ​နှင့် FAT format ​တွေ​ဖြစ်​ရ​ပါ​မယ် .
  7. ​မိ​မိ hidden ​လုပ်​ထား lock ​ချ​ထား​သော ​ဖိုင်​များ​ကို ​တစ်​ခြား ​တစ်​စုံ​တစ်​ယောက်​က ​ဖျက်​ဆီး ​ပစ်​မယ် ​ဆို​တာ​တောင်​မှ ​အဲ့​ဒီ့​ဖိုင်​ဟာ ​ပျက်​စီး​မ​သွား ​ပါ​ဘူး .
(or)
5 comments:
  1. ​အ​ခု​မှ​ပဲ ​ကျ​နော်​ဖိုင်​တွေ​ကို​စိတ်​ချ​ရ​တော့​တယ်။ ​ကျေး​ဇူး​အ​များ​ကြီး​တင်​ပါ​တယ် ​အ​ကို​ရေ
    ReplyDelete
  2. ​ဒီ​ဆော့ဖ်​ဝဲ​ကို​တော့ ​ကျွန်​တော်​မ​သိ​သေး​ဘူး။ ​အ​ခု​ကျွန်​တော့်​စက်​မှာ Acer ​က​ပေး​တဲ့ Edata Security Management ​နဲ့ ​အ​ရင်​တုန်း​က Folder ​တွေ ​ဖိုင်​တွေ​ကို Lock ​ချ​လေ့​ရှိ​တယ်။ ​နောက်​ပိုင်း​တော့ ​မ​လုပ်​ဖြစ်​တော့​ဘူး။ ​ဘာ​လို့​လဲ​ဆို​တော့ ​ကိုယ်​က ​အဲ​ဒီ​လို Lock ​ချ​ထား​ပြီး​ရင် ​အ​ကြောင်း​အ​မျိုး​မျိုး​ကြောင့် OS ​ကို​ပြန်​ဖြုတ် ​ပြန်​တင်​လုပ်​တဲ့​အ​ခါ​မှာ ​ခု​န​က Lock ​လုပ်​ထား​တဲ့ ​ဖိုင်​တွေ​ကို ​ဖွင့်​လို့​မ​ရ​တော့​ဘူး။ Lock ​ကို ​ပြန်​မ​ဖြေ​ခဲ့​ဘဲ OS ​တင်​ချ ​လုပ်​လို့​မ​ရ​တဲ့ ​အား​နည်း​ချက်​ရှိ​နေ​တယ်။ ​ကိုယ်​က​လဲ OS ​ချ​လိုက်​ပြီး​မှာ Lock ​မ​ဖြေ​ခဲ့​ရ​တာ ​သွား​သ​တိ​ရ​တယ်။ ​အဲ​ဒီ​လို​နဲ့ Data ​တွေ ​ဆုံး​ရှုံး​ပေါင်း​မ​နည်း​တော့​ဘူး။
    ReplyDelete
  3. ​ဘယ်​က ​စ​ပြီ​လုပ်​ပေး​ရ​မှာ​လဲ ​ထပ်​ရှင်း​ပေး​ပါ​အုံး
    ReplyDelete
  4. ​ကျေး​ဇူး​အ​ရမ်း​တင်​ပါ​တယ်​ဗျာ...
    ReplyDelete
  5. ​သူံး​ကြည့်​တာ​ကောင်း​ပါ​တယ်​ရက်(၃၀)​ပဲ​ရ​တယ် ​ပြသ်​သ​နာ​မ​ရှိ​ပါ​ဘူး​ကျေး​ဇူး​ပါ​ပဲq
    ReplyDelete