ကျွန်တော် လတ်တလော ၀ဘ်ဆိုက် ၃ ခုကို တာဝန်ခံပြီးလုပ်ပေးနေပါတယ်. လုပ်ပေးရတာ အခက်အခဲမရှိပေမယ့် ပိုက်ဆံလွှဲတဲ့အခါကျရင် အရမ်းဒုက္ခရောက်ပါတယ်. နော်ဝေးက ကိုစောကျော်ဦး ၀ဘ်ဆိုက်ကို လုပ်ပေးလို့ သူငွေပို့တဲ့အခါမှာ ထိုင်းဘဏ်ကနေ တစ်ခါပို့ရင် ဘတ်(၉၀၀) ဖြတ်ပါတယ်. ဘယ်လောက်ပဲ ပို့ပို့ပါ. ဘတ် ၃၀၀၀ ပို့တာ ဘတ်(၉၀၀)ဖြတ်တော့ ဘယ်မှာ ကျန်ပါတော့မလဲဗျာ. အဲ့ဒါနဲ့ paypal ကနေ ငွေလွှဲလို့ရအောင် လုပ်လိုက်ရတာပါ. ပြီးတော့ တစ်ချို့က ၀ဘ်ဆိုက်အတွက် တတ်နိုင်သလောက်လေး လှူချင်ပါတယ်လို့ ပြောပါတယ်. နာမည်တွေ ထည့်မပြောပါနဲ့ဆိုလို့ နာမည်မဖော်ပြတော့ပါဘူး. အဲ့တော့ ကျွန်တော် မှာ အချက်နှစ်ချက်ပဲ ရှိပါတယ်. အခုကျွန်တော် ၀ဘ်ဆိုက်တွေကိုလည်း လက်ခံပြီး ရေးပေးနေပါပြီ. အဲ့အတွက် ဘဏ်ကနေ ငွေလွှဲစရာမလိုပါဘူး . ကျွန်တော့် paypal account ထဲကို ငွေလွှဲပို့ပေး ရင်ရပါပြီ.
- Proxy ၀ယ်ချင်သူများ၊ နိုင်ငံခြားကနေ ၀ဘ်ဆိုက်အပ်လုပ်ချင်သူများ အတွက် အလွယ်တကူ ငွေလွှဲလို့ ရအောင်လို့ လုပ်ထားတာပါ ပြီးတော့
- www.nyinaymin.com လိုမျိုးမဖြစ်ရအောင် ၀ဘ်ဆိုက်ဆက်ပြီး ရှင်သန်ဖို့ ကျွန်တော်တို့ နိုင်သလောက် အကူအညီပေးချင်ပါတယ်ဆိုတဲ့ နိုင်ငံခြားက ညီအစ်ကိုများအတွက်. ဒီနှစ်ချက်နဲ့ paypal button ကို လုပ်ဖြစ်သွားတာပါ.
ဝဘ်ဆိုက် အပ်ချင်သူများ nyinaymin.org@gmail.com ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်. လိုချင်တဲ့ Design၊ website အမျိုးအစားနဲ့ ထည့်ချင်တဲ့ အချက်အလက်တွေကိုတော့ မေးလ်နဲ့ပို့ပေးဖို့ လိုအပ်ပါတယ်. ၀ဘ်ဆိုက်ကို အဆင်လဲပြေ ဈေးနှုန်းလဲ ချိုသာအောင်လို့ အနည်းဆုံးဈေးနဲ့ ရေးပေးနေပါတယ်. အားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်.
















သိပ်ပြီး ကောင်းတဲ့ အစီအစဉ်တခုပါ။ အလုပ်အပ်ချင်သူများအတွက်ရော ပညာကိုလေးစားတဲ့အနေနဲ့
ReplyDeleteကူညီချင်နေကြသူများ အားလုံးအတွက် အဆင်ပြေသွားတာပေါ့။ နောက်ပြီး မားသားဘုတ် လောင်တုံး
ကလို ရပ်ထားရတာမျိုး အရင်ဆိုက်အဟောင်းက လိုငွေအခက်အခံကြောင့် ဖြစ်သွားရတဲ့ အဖြစ်
မျိုးမဖြစ်တော့ဘူးပေါ့။
အေး ညီလေးရေ
ReplyDeleteအကိုတို့  အရမ်းဝမ်းသာပါတယ်
မြန်မာပြည်မှာ သင်တန်းတွေ ကော မဖွင့်သေးဘူးလားညီ
အကိုတို့  လေ့လာအားပေးမှာပါ လာရောက်သင်တန်းတက်ချင်ပါတယ် နည်းပညာလက်ပူးလက်ကျသင်ယူချင်ပါတယ် ညီလေးရေ အကိုတို့ ကတော့ သိပ်လေးစားတယ် သိပ်အားကျတယ်
သိပ်ကောင်းတဲ့အစီအစဉ်ပါ။ လေးစားလျက်ပါ။
ReplyDeleteအဲလိုဖြစ်သင့်တာကြာပြီ..အားပေးတယ်..လှည့်မကြည့်နဲ့ကျနော်တို့ရှိတယ်...
ReplyDeleteလှည့်ကြည့်လိုက်......၊သားသားနဲ့ အတူကျနော်ဒို့ လဲရှိတယ်(ရဲထွန်း)
ReplyDeleteအားပေးပါတယ်ဗျာ။ ကိုညီနေမင်းတို့လိုလူမျိုးတွေ မြန်မာပြည်မှာ အများကြီးရှိသင့်ပါတယ်။ ထူးခြားတဲ့ဖြစ်ရပ်တွေရှိရင်လည်း ဆိုက်ပေါ်မှာရေးထားပေးပါနော်။ ကူညီချင်ပါတယ်။ ကျွန်တော်တော့ pay pal မရှိသေးဘူး။
ReplyDeleteလေးစားလျှက်၊ ကျော်၊ စင်္ကာပူ
အစ်ကို ညီနေမင်း ခင်ဗျာ
ReplyDeletepaypal က us sanction ကြောင့် မြန်မာပြည်ကို ပိတ်ထားတယ်လို့ သိရပါတယ်။ကျွန်တော် က မော်တော်ဆိုင်ကယ် accident ဖြစ်ပြီး ခြေထောက်ကျိုး ထားတာကြောင့် ခြေ ထောက် မသန်တော့ပါဘူး။အဲဒါကြောင့် အိမ်နေရင်း online က၀င်ငွေရှာလို့ ရတဲ့ အလုပ်တွေရှာနေတာပါ။
paypal အကောင့်လုပ်ပုံလုပ်နည်းနှင့် verified လုပ်နည်း withdraw လုပ်နည်း များရှိရင်သိချင်ပါတယ်။
လေးစားစွာဖြင့်
သူရ