W w W. N y I n @ y M i N. o R g

02 March 2012

file ​တွေ​ကို ​ကူး​တဲ့ ​နေ​ရာ​မှာ ​မြန်​ဆန်​စေ​မည့် tear copy 2.12

ကွန်​ပျူ​တာ​က​နေ flash drive, sd card, phone, external HDD, ​စ​တဲ့ device ​တွေ​ကို copy ​ကူး​ရင်​ဖြစ်​ဖြစ်၊ ​အဲ့​ဒီ့ device ​က​နေ ​ကွန်​ပျူ​တာ​ထဲ​ကို copy ​လုပ်​ရင်​ပဲ​ဖြစ်​ဖြစ် ​အ​ရမ်း​ကို ​မြန်​ဆန်​စေ​မယ့် software ​ဖြစ်​ပါ​တယ်။ ​သီ​ချင်း​သွင်း​တဲ့​သူ software ​တွေ ​ကူး​ပေး​တဲ့​သူ​တွေ၊ data ​တွေ​ကို copy ​ကူး​တဲ့​သူ​တွေ​အ​တွက် ​မ​ရှိ​မ​ဖြစ် ​တင်​ထား​ရ​မယ့် software ​ဆို​ရင်​လည်း ​မ​မှား​ပါ​ဘူး။ ​ရိုး​ရိုး​အ​တိုင်း ​သာ​ကူး​နေ​မယ်​ဆို​ရင်​တော့ ​အ​ရမ်း​ကြာ​တယ်​ဆို​တာ ​အား​လုံး​ပဲ ​သိ​ကြ​မယ်​လို့ ​ထင်​ပါ​တယ်. ​ကျွန်​တော့်​စက်​မှာ​လည်း ​အ​မြဲ ​တင်​ထား​တဲ့ software ​ဖြစ်​ပါ​တယ်။ကူး​တာ ​မြန်​တယ် ​မ​မြန်​ဘူး​ဆို​တာ​တော့ ​လက်​တွေ့ ​စမ်း ​ကြည့်​လိုက်​ရင် ​သိ​ပါ​လိမ့်​မယ်. ​ကျွန်​တော် ​သုံး​နေ​တဲ့ software ​ဆို​ရင်​တော့ ​အား​လုံး​ပဲ ​စိတ်​ချ​လက်​ချ​နဲ့ ​သုံး​ရဲ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. file size ​သေး​ရင် ​မ​သိ​သာ​ပေ​မယ့် size ​ကြီး​တွေ​ကို copy, paste ​လုပ်​တဲ့​အ​ခါ​မှာ​တော့ ​လုံး​ဝ​သိ​သာ​သွား​ပါ​လိမ့်​မယ်. ​ပြီး​တော့ ​နောက်​ပိုင်း ​ကျွန်​တော် tutorial movie ​တွေ ​တင်​ပေး​တဲ့​အ​ခါ​မှာ ​ဒီ software ​နဲ့ ​လုပ်​ပြ ​ကူး​ပြ​တာ​တွေ ​ပါ​လာ​ပါ​လိမ့်​မယ်. ​အဲ့​အ​ချိန်​ကျ​ရင် ​ဘယ်​လို​ကြီး​လဲ​ဟ ​လုပ်​ပြ​တာ​လို့ ​မ​ထင်​ရ​လေ ​အောင် ​ကြို​ပြီး​တော့ ​တင်​ပေး​လိုက်​တာ​ဖြစ်​ပါ​တယ်. ​ရှင်း​ပြ​တဲ့​အ​ချိန် ​အ​ရမ်း​ကြာ​သွား​ရင် ​ဆိုက်​ကြီး​သွား​မှာ​စိုး​လို့ ​အ​မြန်​ဆုံး ​ရှင်း​ပြ​ပြီး record ​လုပ်​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​တစ်​ခေါက်​နဲ့ ​မ​ရှင်း​ရင် ​နှစ်​ခေါက် ​ပြန်​ကြည့်​ပေး​ပါ. ​အ​ခု software ​က ​ထည့်​တတ်​တဲ့​သူ​နဲ့ ​မ​ထည့်​တတ်​တဲ့​သူ​အ​တွက် ​ခွဲ​ထား​တာ​ပါ. software ​က ​သတ်​သတ်၊ ​ရှင်း​ပြ​ချက် video ​ဖိုင်​က ​သတ်​သတ် ​ခွဲ​တင်​ထား​ပေး​ပါ​တယ်.

Tearcopy software ​အား Download ​လုပ်​ရန်
ifile.it | Mediafire | Mirrorcreator

လုပ်​နည်း​ရှင်း​ပြ​ထား​သည့် video ​နှင့် ​အ​သံ​ဖိုင်​အား Download ​လုပ်​ရန်
ifile.it | Mediafire | Mirrorcreator

4 comments:

  1. ​အ​ကို ​ရေ ​အ​ကို​တင်​ပေး​လိုက်​တဲ့ ​ဆော့​ဝဲလ်​တွေ​က ​ဘာ​မှ ​မ​ပါ​ဘဲ ​နဲ့ ​အ​ခွံ​ကြီး ​ဖြစ်​နေ​တယ် ​ဒီ့​အ​ရင်​တင်​လိုက်​တဲ့ ​ပိုစ့်​မှာ​လည်း ​အဲ​ဒီ​လို​ပဲ ​ဖြစ်​နေ​ပါ​တယ် ​အဲ​ဒါ​လေး ​ပြန်​လုပ်​ပေး​ပါ​အုံး ​ခင်​ဗျာ ​အ​ကို​ဆိုက်​မှာ ​ကျ​နော်​လို​ချင်​တဲ့ ​ဆော့​ဝဲလ်​လေး​တွေ ​အ​များ​ကြီး ​ရ​လိုက်​တဲ့ ​အ​တွက်​အ​ကို့​ကို ​အ​များ​ကြီး ​ကျေး​ဇူး​တင်​ပါ​တယ် ​ခင်​ဗျာ

    ReplyDelete
  2. ​ကို​ညီ​ဆော့​ဝဲ​တွေ​ကdown​လို့​မ​ရ​ဘူး​ဖြစ်​နေ​တယ်၊ ​ကူ​ညီ​ပါ​အုံး

    ReplyDelete
  3. ​ကျေး​ဇူး​တင်​ပါ​တယ်

    ReplyDelete
  4. ​အ​ကို​တင်​ပေး​လိုက်​တဲ့​ဆော့​ဝဲ​လေး​က​တ​ကယ်​ကောင်း​ပါ​တယ်....​ကျေး​ဇူး​ပါ

    ReplyDelete