W w W. N y I n @ y M i N. o R g

19 March 2012

Inbox ​ထဲ​က ​မေးလ်​အ​ကုန်​လုံး​ကို ​တစ်​ခါ​တည်း​နှင့် ​ဘယ်​လို​ဖျက်​ရ​လဲ

thantzinwin123@googlemail.com : ​အ​ကို​ညီ့​ကို ​တ​ခု ​ကူ​ညီ​ပေး​ပါ​လား ​ညီ့​မေးလ် inbox ​ထဲ​မှာ ​မေးလ်​တွေ ​အ​ရမ်း​များ​နေ​လို့​ပါ ​အ​ကုန်​လုံး​ကို ​တ​ခါ​တည်း ​ပျက်​လို့​ရ​မယ့် ​နည်း​လေး​ပြော​ပေး​ပါ​လား ​ခင်​မင်​လျက်​ပါ ​အ​ကို ​ကျေး​ဇူး​ပြု​ပြီး ​ပြော​ပြ​ပါ​နော် ..

ကဲ​ကို​သန့်​ဇင်​ဝင်း​ရေ ​ဘာ​လို့ ​တစ်​ခါ​တည်း ​ဖျက်​ချင်​တယ် ​ဆို​တဲ့​အ​ကြောင်း​ကို ​မ​သိ​ပေ​မယ့် ​ဖျက်​လို့​ရ​တဲ့ ​နည်း​လမ်း​ကို ​ပြော​ပြ​ပေး ​လိုက်​ပါ့ ​မယ်. ​အောက်​မှာ ​သေ​ချာ​ရှင်း ​ပြ​ပေး​ထား​ပါ​တယ်. ​တစ်​ပုံ​ချင်း​စီ ​လိုက်​ကြည့်​လိုက်​လို့ ​ပါ​တယ်. video file ​နဲ့ ​မ​ရှင်း​ပြ​တာ​က ​ဒီ ​ကွန်​ပျူ​တာ​ထဲ​မှာ recoder software ​မ​ရှိ​လို့​ပါ. ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. 

လုပ်​နည်း​က ​လွယ်​ပါ​တယ်. Inbox ​ထဲ​က ​ဟာ​ကို ​အ​ရင် delete ​လုပ်​မယ်. ​ပြီး​တာ​နဲ့ trash ​ထဲ​က​နေ ​အ​ပြီး​ဖျက်​ပစ်​မယ်.
  1. Inbox ​ကို ​နှိပ်​ပါ
  2. Select All ​ကို ​အ​မှန်​ခြစ် ​ခြစ်​ပေး​လိုက်​ပါ။
  3. Select All ?  conversation in inbox (? = email ​အ​စောင်​ရေ​စု​စု​ပေါင်း)
  4. ​ပြီး​တာ​နှင့် Delete ​ကို ​နှိပ်​ပေး​လိုက်​ပါ.
  5. "This action will affect all ? conversations in inbox. Are you sure you want to continue? " ​ဆို​ပြီး​တော့ Message Box ​ပေါ်​လာ​ရင်​တော့ Ok ​ပေး​လိုက်​ပါ . (? = email ​အ​စောင်​ရေ​စု​စု​ပေါင်း)
အ​ခု Inbox ​ထဲ​က ​မေးလ်​တွေ ​ဖျက်​ပြီး​သွား​လို့ Trash ​ထဲ​ကို ​ရောက်​နေ​တဲ့ ​မေးလ်​တွေ​ကို ​အ​ပြီး​တိုင် ​ဖျက်​ပစ်​တော့​ပါ​မယ်.
  1. Trash ​ကို ​နှိပ်​ပါ
  2. Select All ​ကို ​အ​မှန်​ခြစ် ​ခြစ်​ပေး​လိုက်​ပါ။
  3. Select All ?  conversation in trash (? = email ​အ​စောင်​ရေ​စု​စု​ပေါင်း)
  4. ​ပြီး​တာ​နှင့် Delete Forever ​ကို ​နှိပ်​ပေး​လိုက်​ပါ.
  5. "Confirm deleting Messages" ​ဆို​ပြီး Message box ​ပေါ်​လာ​ရင် Ok ​ပေး​လိုက်​ပါ.
ကဲ ​ဒါ​ဆို​ရင်​တော့ ​ညီ​ဖျက်​ချင်​တဲ့ ​မေးလ်​တွေ​ကို ​ခ​ဏ​လေး​နဲ့ ​ဖျက်​လို့ ​ရ​သွား​ပါ​ပြီ. ​အ​ဆင်​ပြေ​မယ် ​လို့ ​မျှော်​လင့်​ပါ​တယ်.













































0 comments:

Post a Comment