W w W. N y I n @ y M i N. o R g

23 March 2012

msixkr32.dll error ​က ​ဘာ့​ကြောင့်​ဖြစ်​တာ​လဲ

စော​ဂျွန်​ကို​ညီ​နေ​မင်း​ခင်​ဗျာ ​ကျွန်​တော့်​စက်​မှာ ​ဖွင့်​လိုက်​တိုင်း runtime error ​ဆို​ပြီး ​တက်​လာ​လို့​ပါ ​အဲ​ဒါ​ဘယ်​လို​ဖြေ​ရှင်း ​ရ​မ​လဲ​ဆို​တာ​ကို ​ကျေး​ဇူး​ပြု​ပြီး​တော့
ပြော​ပြ​ပေး​စေ ​လို​ပါ​တယ် ​အစ်​ကို​က ​မေး​စ​ရာ​ရှိ​ရင် ​ဓာတ်​ပုံ​ရိုက်​မေး​ပါ​ဆို​လို့ ​ကျွန်​တော် ​ဓာတ်​ပုံ​ပါ ​ရိုက်​ပေး​လိုက်​ပါ​တယ် ​အစ်​ကို ​အ​နေ​နဲ့ ​တတ်​နိုင်​မယ်​ဆို​ရင် ​ကူ​ညီ ​ပေး​စေ​လို​ပါ​တယ် .

ကို​စော​ဂျွန်​ရေ ​အဲ့​ဒီ့ error ​မျိုး​ဟာ window ​စ​ဖွင့်​ဖွင့်​ချင်း ​တက်​လာ​တဲ့ program ​တွေ​ထဲ​က ​တစ်​ခု​ခု​ကြောင့်​မို့ ​ဖြစ်​တာ​ပါ. ​ဘယ် program ​ကြောင့်​ဆို​တာ​က​တော့ ​အစ်​ကို​ပြော​တဲ့ error ​မှာ ​အ​ဖြေ​မ​တွေ့​ပါ​ဘူး. ​အဲ့​တော့ ​တစ်​ခု​အ​ကြံ​ပေး​ချင်​တာ​က​တော့. ​အောက်​က ​နည်း​လမ်း​နဲ့ ​စမ်း​လုပ်​ကြည့်​လိုက်​ပါ. ​ဒါ​ဆို​ရင် ​အ​ဆင်​ပြေ​သွား ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​အဲ့​ဒီ့ error ​ပျောက်​သွား​ပေ​မယ့်. ​ညီ့​အ​နေ​နဲ့ program ​တစ်​ခု​ခု​ကို ​ဖွင့်​ရင်း​နဲ့ ​အဲ့ program ​ဟာ ​တစ်​ခု​ခု​ဖြစ်​နေ​တာ​မျိုး၊ ​တစ်​နည်း​အား​ဖြင့် error ​ဖြစ်​တာ​မျိုး ​ဖြစ်​နေ​တယ်​ဆို​ရင်​တော့ ​အဲ့ program ​ကြောင့် ​ဆို​တာ​ကို ​ခန့်​မှန်း​မိ​မယ်​ဆို​ရင် ​အဲ့ program ​ကို ​ဖြုတ်​ပစ်​လိုက်​ပါ. ​ဖြုတ်​တဲ့​နေ​ရာ​မှာ​လဲ Advanced uninstaller ​နဲ့ ​ဖြုတ်​ပစ်​ဖို့ ​အ​ကြံ​ပြု​လို​ပါ​တယ်. Advanced uninstaller program ​ဟာ registry ​ထဲ​မှာ ​ရှိ​တဲ့ ​ကျန်​ရှိ​နေ​တဲ့ ​ဖိုင်​တွေ​ကို​ပါ ​ဖျက်​ပေး​ပါ​တယ်. ​အဲ့​ဒါ​ကြောင့် ​မို့​လို့​ပါ. Advanced uninstaller program ​ကို ​ဒီ​ပို့စ်​မှာ ​တင်​ပေး​ထား​ပါ​တယ်.

အောက်​က​နည်း​အ​တိုင်း​သာ ​လတ်​တ​လော ​လုပ်​ထား​လိုက်​ပါ. ​တ​ကယ်​လို့ ​အ​ချိန်​ရ​မယ်​ဆို​ရင်​တော့ window ​စ​တက်​တက်​ချင်း auto run ​လာ​တတ်​တဲ့ program ​တွေ​ထဲ​က ​တစ်​ခု​ချင်း​စီ​ကို ​အ​မှန်​ခြစ်​ဖြုတ်​ပေး ​ပြီး​တော့ ​စမ်း​ကြည့်​ပါ. ​အ​ချိန်​ရ​မှေ​နာ်. ​အဲ့​ဒါ​ဆို​ရင်​တော့ ​နောက်​ဆုံး error ​မ​ပေါ်​တော့​တဲ့ program ​ကို ​အ​မှန်​ခြစ်​ဖြုတ်​မိ​တဲ့​အ​ချိန်​ကျ​ရင်​တော့ ​အဲ့​ဒီ့ error ​တက်​လာ​တော့​မှာ ​မ​ဟုတ်​ပါ​ဘူး. ​အဲ့​ဒါ​ဆို​ရင် ​ဖြစ်​နေ​တဲ့ program ​ကို ​အ​တိ​အ​ကျ ​သိ​နိုင်​ပါ​ပြီ. ​သိ​တာ​နဲ့ ​အဲ့ program ​ကို ​အ​ထက်​က ​ပြော​ထား​တဲ့ Advanced uninstaller ​နဲ့ ​ဖြုတ်​ပစ်​ဖို့ ​မ​မေ့​ပါ​နဲ့. ​ပြီး​မှ ​သူ့​ထက်​မြင့်​တဲ့ version ​ကို ​ထပ်​တင်​ပေါ့.



လုပ်​နည်း
  • Run Box ​မှာ msconfig ​ဆို​ပြီး ​ရိုက်​ထည့်​ပါ (​ဒါ​မှ​မ​ဟုတ်) start ​အ​ပေါ်​မှာ​ရှိ​တဲ့ search programs and file ​ဆို​တဲ့​အ​ကွက်​မှာ msconfig ​ဆို​တဲ့ ​စာ​သား​ရိုက်​ထည့်​ပြီး msconfig ​ကို​နှိပ်​လိုက်​ပါ. ​ဒါ​ဆို​ရင် System Configuration Box ​ပေါ်​လာ​ပါ​လိမ့်​မယ်.
  • ​အဲ့​ဒါ​ဆို​ရင် ​အဲ့ box ​မှာ startup ​ဆို​ကို ​ရွေး​ပြီး ​နှိပ်​လိုက်​ပါ။
  • ​ပြီး​တာ​နဲ့ ​အ​လွယ်​ကူ​ဆုံး ​လုပ်​ချင်​တယ်​ဆို​ရင်​တော့ Disable All ​ကို ​နှိပ်​လိုက်​ပါ. ​ပြီး​ရင် Antivirus program ​ကို​တော့ ​အ​မှန်​ခြစ်​ပြန်​ပေး​လိုက်​ပါ။ ​ပြီး​ရင် Ok ​ကို ​နှိပ်​လိုက်​ပါ။ ​အဲ့​ဒါ​ဆို​ရင် Restart (or) Exit without restart ​ဆို​ပြီး​တော့ ​နှစ်​မျိုး​မေး​လာ​ပါ​လိမ့်​မယ်. Restart ​ကို ​ရွေး​ပေး​လိုက်​ပါ. 
  • ​ကွန်​ပျူ​တာ Restart ​ကျ​သွား​ပြီး​တော့ ​ပြန်​တက်​တဲ့ ​အ​ချိန်​ကျ​ရင် ​ညီ​ပေါ်​နေ​တဲ့ error ​ပေါ်​လာ​မ​လား ​ဆို​တာ​ကို ​ကြည့်​လိုက်​ပါ. ​ထပ်​ပေါ်​နေ​သေး​ရင် ​မေးလ်​ထပ်​ပို့​ပေး​ပါ။ ​ဒါ​မှ​မ​ဟုတ်​ရင် ​အောက်​မှာ ​မှတ်​ချက်​ပေး​သွား​လိုက်​ပါ။ 

အဲ့​ဒါ​က ​တစ်​ခါ​တည်း​နဲ့ ​လုပ်​တဲ့​နည်း​ပါ။ ​ဒါ​မှ​မ​ဟုတ် ​တစ်​ခု​ချင်း​စီ ​လိုက်​ဖြုတ်​ပြီး ​စမ်း​ရင်​လည်း​ပဲ ​ရ​ပါ​တယ်. ​တစ်​ခု​ချင်း​စီ ​ဖြုတ်​ပြီး restart ​လုပ်​လုပ်​ပြီး​စမ်း​ရင် ​ဘယ် program ​က ​ဖြစ်​တယ်​ဆို​တာ​ကို ​သိ​ရ​မှာ ​ဖြစ်​ပါ​တယ်. ​ဓါတ်​ပုံ​ပါ ​ပို့​ပေး​တဲ့​အ​တွက် ​ကျေး​ဇူး​ပါ.

0 comments:

Post a Comment