Saturday, July 21, 2012

Motherboard တိုင်းကို ၀ယ်သင့်သလား

ဒါကတော့ ကျွန်တော့်ကိုမေးရင်တော့ ဟင့်အင်း မ၀ယ်သင့်ဘူးလို့ပဲ ဖြေရပါလိမ့်မယ်. ကျွန်တော်သာ motherboard တစ်ချပ်ဝယ် ဖြစ်ခဲ့ရင်တော့ အဲ့ motherboard ကို Ram ဘယ်လောက်အထိ အမြင့်ဆုံး ဆိုက်လို့ရမလဲဆိုတာကို အရင်ဆုံး စာအုပ်မှာ ဖတ်ကြည့်မိမှာပါ။ ပြီးတော့မှ ကျန်တဲ့ ဘယ်အပိုင်းတွေ ပါသလဲ ဆိုတာကို ဆက်ကြည့်မိမှာပါ။ အဲ့တော့ မေးတဲ့သူကိုလည်း ကျွန်တော် ဒီပို့စ်မှာပဲ ဖြေပေးလိုက်ပါတယ်။ ဘာလို့လဲဆိုရင်တော့ window တင်နည်းကို ကျွန်တော် capture ဖမ်းတဲ့ card ၀ယ်ပြီးတော့ ကျွန်တော်ပျူတာ နှစ်လုံးချိတ်ပြီးတော့ အသေးစိတ်ရှင်းပြပေးပါ့မယ်။ window xp တင်နည်း၊ window 7 တင်နည်း၊ window 8 တင်နည်း ၃ မျိုးပေါ့။ တစ်ဆင့်ချင်းစီကို video ဖိုင်အနေနဲ့ ရှင်းပြပေးမှာ ဖြစ်တဲ့အတွက် အသေအချာတော့ ဂရုတစိုက်နားထောင်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပိုင်း video ဖိုင်တွေနဲ့ချည်းပဲ တင်ပေးဖြစ်မယ်ထင်ပါတယ်။ လုပ်ပုံလုပ်နည်းတွေကောပေါ့။ motherboard တစ်ချပ်ကို ၀ယ်မယ်ဆိုရင် ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်သုံးနေတဲ့ ASUS BOARD ကို ရွေးချယ်ခဲ့တာကို ဥပမာထားပြီး video ဖိုင်နဲ့ ရှင်းပြပါ့မယ်။ အဓိကသတိထားရမှာကတော့ များသောအားဖြင့် Ram မှာ အမြင့်ဆုံး 8 GB အထိပဲ စိုက်လို့ရတာများပါတယ်။ ကိုက မြင့်မြင့်စိုက်ချင်ပေမယ့် သူ့မှာ 8 GB အထိပဲလက်ခံရင် အဲ့လောက်ပဲ စိုက်သုံးသင့်ပါတယ်။ ကျွန်တော်ကတော့ 16 GB အထိ အမြင့်ဆုံးစိုက်လို့ရလို့ 8GB နှစ်ချောင်းစိုက်ထားပါတယ်။ ဒါကတစ်ပိုင်းပါ။ နောက်ထပ်အပိုင်းကတော့ မိမိအသုံးပြုမည့် Drive နှင့် Hard disk အတွက် slot ဘယ်နှစ်ခုပါသလဲ၊ ဥပမာ ကို့မှာက IDE Hard disk တစ်လုံးပါနေခဲ့ရင်တော့ IDE slot ပါတဲ့ motherboard ကို ထပ်ပြီးတော့ ရွေးပေါ့။ ဒါပေမယ့် Sata များများပါပြီး IDE မပါလည်း IDE hard disk ကို sata ပြောင်းတဲ့ converter card နဲ့ ပြန်ပြောင်းပြီး သုံးလဲ ရပါတယ်။ ပြီးတော့ ကိုက graphic card မ၀ယ်နိုင်သေးရင်တော့ onboard graphic card ပါတဲ့(speed ကိုချိန်ဆပါ) board ကိုရွေးဝယ်ရပါမယ်။ ပြီးတော့ အဲ့ board ဟာ ဘယ် CPU အမျိုးအစားတွေကို support လုပ်နိုင်သလဲဆိုတာလဲ အဓိက ကျပါတယ်။ မိမိမှာ ရှိတဲ့ CPU ကို support မလုပ်နိုင်တဲ့ board မျိုးကို ၀ယ်မိရင်တော့ အခက်တွေ့ရတတ်ပါတယ်။ အဲ့တော့ ကို့
(၁) CPU အမျိုးအစားက ဘာလဲ၊
(၂) သူက ဘယ် motherboard socket အမျိုးအစားမှာ သုံးရမှာလဲ၊
(၃) Ram ကကော ဘယ်လောက်အထိ ထပ်မြှင့်နိုင်သလဲ။
(၄) ကိုထည့်မယ့် Drive အရေအတွက်နဲ့ board မှာ ပါတဲ့ slot ကိုက်ရဲ့လား၊ လိုနေသေးသလား
(၅) Graphic card ကကော ဘယ်အမျိုးအစားတွေကို တပ်ဆင်ရမှာလည်း။ မိမိမှာရှိတဲ့ Graphic card နဲ့ ကိုက်ညီပါ့မလား။

စတဲ့အချက်တွေကို အရင်ရွေးချယ်ပြီးမှ motherboard ကို ၀ယ်ရပါတယ်။ နောက်တော့ ကျွန်တော် တစ်ဆင့်ချင်းစီကို ကွန်ပျူတာ တစ်လုံးဆင်ပြီးသည်အထိ အသေးစိတ် ရှင်းပြသွားပါ့မယ်။ အခုတော့ hardware ပိုင်းနားလည်တဲ့သူတစ်ယောက် အတွက်တော့ ကျွန်တော်ရှင်းပြတာကို သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော် software တွေကို ပြန်တင်နေပါတယ်။ အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်သူ့ကိုမှ ထိခိုက်လိုစိတ်နဲ့ အခုအချိန်အထိ ပြောခဲ့တာမျိုးမရှိခဲ့ပါဘူး။ ပြောမိခဲ့ရင်လည်း အားလုံးကိုပဲ တောင်းပန်လိုက်ပါတယ်။ ကျွန်တော့်အမေ ကျွန်တော့်ဘေးနားမှာ ရောက်နေပြီ ဖြစ်တဲ့အတွက် ကျွန်တော့်အတွက် ဘာမှ မလိုအပ်တော့လောက်အောင် ပြည့်စုံနေပါပြီ။ အရင်ရက်တွေက ကျွန်တော် ကွန်ပျူတာ သုံးမလို့ ထိုင်ခုံပေါ်ထိုင်တိုင်း ကျွန်တော်မအိပ်သေးလို့ ဘေးနားမှာ လာပြီး သားကြီး အိပ်တော့လေ အိပ်တော့လေလို့ ပြောနေတာနဲ့ အွန်လိုင်းပေါ်ကို မတက်ဖြစ်တာပါ။ ဒီနေ့တော့ ဘုရားတွေ လိုက်ပို့လိုက်လို့ ပင်ပန်းပြီး အိပ်နေပါတယ်။ အဲ့ဒါကြောင့် online ထိုင်ဖြစ်တာပါ။ ကိုယ်ကိုယ်တိုင် လူကြီးလူကောင် ဖြစ်ချင်ရင် အပေါ်က တင်ပေးလိုက်တဲ့ ကဗျာလေးကို ဖတ်ဖတ်ပေးပါ။ အဲ့လိုစိတ်ဓါတ်မျိုးတွေကို ဖယ်ရှားနိုင်တဲ့တစ်နေ့ကျရင်တော့ ကောင်းမွန်စွာ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာမှာပါ။ သူများကို မပုတ်ခတ်ခင် မိမိကိုယ်ကိုယ် အပြစ်ကင်းသလား၊ မကင်းဘူးလား၊ အရင်ဆုံး အပြစ်ရှာပါ။ အခုကျွန်တော် ကြည့်ကြည့်နေပါတယ်။ သိမ်မွေ့ပါတယ် သီးခံခြင်းတရားနှင့်ပြည့်စုံတဲ့ ဗမာလူမျိုးတွေချည်းပဲ ရိုင်းပြတဲ့ စကားလုံးတွေနဲ့ နေရာတော်တော်များများမှာ ဆဲဆို၊ ပြောဆိုနေတာ တွေ့ရပါတယ်။ တရားသူကြီး တစ်ယောက်ဟာ ဥပဒေအကြောင်းကို နားလည်ရင် လက်တစ်လုံးခြား ဥပဒေကို လိမ်လို့ရသလိုပဲ။ ကို့ဘေးနားကိုပဲကြည့် ဖုတ်လိုက် ဖုတ်လိုက်နဲ့ သေသေသွားကြတာ ဘယ်နှစ်ယောက်ရှိပြီလဲ။ ကိုကကော နံပါတ်စဉ်ဘယ်လောက်လဲဆိုတာကို သတိဝင်လိုက်ပါ။ ဆရာတွေဟာ ဆရာအလုပ်လုပ်သလို၊ ပညာတတ်တို့မည်သည်လည်း ပညာတတ်ရဲ့ ပုံစံအတိုင်း နေထိုင်ကြရပါတယ်။ ပညာသင်ယူပြီး ကျောင်းပြီးတိုင်း ပညာတတ်တစ်ယောက် မဟုတ်ပါဘူး။ ပညာသင်ယူပြီး ရိုင်းစိုင်းတဲ့အကျင့်ရှိပြီး မိဘကို မိဘမှန်းမသိရင် အဲ့လူဟာ ပညာတတ်မမည်ပါဘူး။ သူများကို လက်ညိုးထိုးရင် ကို့ဖက်မှာ လက်သုံးချောင်း အလိုလို ထိုးနေပြီးသားဆိုတာ သတိချပ်ပါ။ မှားတယ်ထင်ရင် ပြင်၊ မှန်တယ်ထင်ရင် ဆက်လုပ်ပေါ့။ ကျွန်တော် အခု MAC O/S နဲ့ ပတ်သက်ပြီး software များနှင့် ဖုန်းနှင့်ပတ်သက်သည်များကိုပါ တင်ပေးသွားပါ့မယ်။ တစ်ချို့ရှိပါတယ်။ တစ်ခြားနိုင်ငံတွေတောင်မှ အများသူငှာ ၀ယ်မသုံးနိုင်တာကို share လုပ်နေကြ၊ တင်ပေးနေကြတာ အင်တာနက်မှာ တစ်ပုံတစ်ပင်ပါ။ အပျော်သဘောရေးနေကြတာ ရှားပါတယ်။ ကျွန်တော်တို့က ကွန်ပျူတာကို ကိုင်တာ လူဦးရေနဲ့ ချိန်ကြည့်ရင် လက်ချိုးပြီးရေဆိုရင် ခဏလေးနဲ့ ပြည့်သွားမှာပါ။ မယုံရင် ကို့အိမ်ရဲ့ ရှေ့၊ နောက်၊ တောင်၊ မြောက် စတဲ့အရပ်တွေမှာ ကိုသုံးနိုင်သလို တစ်ခြားသူတွေကော ကွန်ပျူတာ သုံးနိုင်သလား ပြန်ကြည့်ပါ။ အဲ့လို လူနည်းစုပဲ သုံးနိုင်သေးတဲ့ နိုင်ငံမှာ software တွေကို အမြင်ကျယ်အောင်၊ သုံးတတ်အောင်၊ ခေတ်နဲ့အညီ လွယ်ကူလာတဲ့ နည်းပညာတွေကို software အဖြစ်ဖန်တီးပြီး ရယူနိုင်အောင်လို့ software တွေ share ပေးတာဟာ အပြစ်လား၊ လက်ညိုးထိုးစရာလား။ ကျွန်တော့်ဝဘ်ဆိုက်တောင် နိုင်ငံရေးဝေလာဝေးလို့ ဘာမှန်းတောင် မသိတဲ့သူရဲ့ ၀ဘ်ဆိုက်ကိုတောင်မှ မြန်မာပြည်က MPT နဲ့ Bagan ကနေ ပိတ်ပါသေးတယ်။ ဘာလို့ ပိတ်တာလည်း ဆိုတာတော့ ပိတ်တဲ့သူတွေပဲ သိပါလိမ့်မယ်။ လက်ချိုးရေလို့ရတဲ့ နည်းပညာ ဆိုက်တွေကို လမ်းညွှန်မပေးတဲ့အပြင် လိုက်ပိတ်နေတာတွေဟာ မျက်စိကို ပိတ်နားကိုပိတ်တာနဲ့ အတူတူပါပဲ။ အဲဒါပေမယ့် မဟုတ်မဟတ်တွေ၊ sex နဲ့ ပတ်သက်တဲ့ ဆိုက်တွေကိုတော့ ကျွန်တော့်ဝဘ်ဆိုက်ကို ပိတ်ခဲ့စဉ်တုန်းက ဖွင့်ပေးနေတာ တွေ့ရပါတယ်။ ဒါတွေဟာ လုပ်ကိုင်ခွင့်ဆိုတာကို ငါလုပ်ချင်တာ လုပ်လို့ရတာပဲ ငါ့လက်ထဲမှာပဲဆိုပြီး မိမိရဲ့ ရလာတဲ့ လုပ်ကိုင်ခွင့်ကို အလွဲသုံးစားလုပ်တာနဲ့ အတူတူပါပဲ။ အခုအချိန်ဘာပဲဖြစ်ဖြစ်၊ ဘယ်သူက လက်ညိုးထိုးထိုး၊ ကျွန်တော်ကတော့ ဆက်ရေး ဆက်လုပ်နေဦးမှာပါပဲ။ တစ်နေ့နေ့ တစ်ချိန်ချိန်အထိပေါ့လေ။ တစ်ချို့တွေရှိပါတယ်။ သူများရေးထားပြီးသား program တစ်ခုကို ဟိုဟာပြင် ဒီဟာပြင်နဲ့ ကို့နာမည် software တတ်ပြီးတော့ လုပ်ထားပါသေးတယ်။ မသိတဲ့သူများအတွက်ကတော့ အထင်ကြီးစရာပါပဲ။ ကျွန်တော်ကတော့ အထင်မကြီးတာ အမှန်ပါ။ အခုကျွန်တော်လုပ်ထားတဲ့ဆိုက်မှာ သူများတွေ share ပေးထားတဲ့ ဖိုင်တွေကို ပြန်ပြီးလက်ဆင့်ကမ်း share ပေးတာသည်။ မေးထားတာကို ပြန်ဖြေပေးပြန်တော့လည်း အမေးအဖြေကဏ္ဍကိုကြည့်ပြီး မင်းကဆရာကြီးလားဆိုတဲ့သူက ရှိပါသေးတယ်။ ကျွန်တော်သိတဲ့ အသိကို တစ်ခြားသူတွေကိုပါ သိစေချင်လို့ ဝေငှပေးနေတာ၊ ပြောပြပေးနေတာ၊ ရှင်းပြပေးနေတာလောက်ပါပဲ။ အင်္ဂလိပ်စာလိုက်နိုင်တဲ့သူ၊ အင်တာနက်ကို ရှာဖွေနိုင်တဲ့သူတွေ၊ အင်တာနက်ဘဏ်အကောင့် ရှိသူတွေအတွက် ကျွန်တော့်ရဲ့ software share ပေးတာသည် ဟာသဖြစ်နိုင်ပေမယ့်။ ၀ယ်ချင်တဲ့ software ၀ယ်လို့မရ၊ ရှာလို့မရ၊ သင်တန်းမတက်နိုင်တဲ့သူအတွက်တော့ ဆေးကောင်းတစ်လက် ဖြစ်နိုင်တယ်ဆိုရင် ကျွန်တော့်ကို လက်ဆယ်ချောင်းထိုးနေလဲ အဲ့လက်ညိုးထိုးလို့ ညောင်းပြီးအောက်ချသွားလည်းပဲ ကျွန်တော်ကတော့ ဆက်ရေးနေ၊ ဆက်ပြောပြနေဦးမှာပါပဲ။ ကိုယ်ပိုင် ၀ဘ်ဆိုက်ဖြစ်တဲ့အပြင် ကိုတစ်ယောက်တည်း ရေးနေတဲ့အတွက် ပြောတဲ့သူတွေ ပြောကြပါစေ ဒီဖက်ကနားက၀င်ရင် ဟိုဖက်က နားက အလိုလို ထွက်သွားပါလိမ့်မယ်။ ပြောတဲ့ပါးစပ် လေကုန်ရင် ရပ်သွားပါလိမ့်မယ်။ ပါးစပ်ရှိလို့ပြောတယ်၊ ကျွန်တော်က မျက်စိရှိလို့မြင်တယ်၊ နားရှိလို့ကြားတယ်။ အဖြေကတော့ ဒါပါပဲ။ အချိန်တန်ရင်ရပ်သွားမှာပါပဲ။ ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ ခုနှစ်ရက်ပါ။ ကိုကြိုးစားမှ ရသလိုပဲ၊ ကိုအလုပ်လုပ်မှ ပိုက်ဆံရမှာပါ။ ဘယ်သူဆီက ထောက်ပံ့ငွေနဲ့မှ အသက်ရှင်နေတာ မဟုတ်ပါဘူး။ လက်နှစ်ဖက်နဲ့လုပ်လို့ရတဲ့ သူများကြေကြေနပ်နပ်နဲ့ပေးတဲ့ ပိုက်ဆံနဲ့ စားနေတာဖြစ်တဲ့အတွက် ကျွန်တော့်ဖက်ကတော့ ရှင်းပါတယ်။ I Don't Care ပါပဲ။ လူတိုင်းကို အထင်သေးလို့မရသလို၊ အထင်လည်းမကြီးပါနဲ့။ ကျွန်တော့်ဟာလည်း ဆရာကြီးမဟုတ်ပါဘူး။ အားလုံးကို လမ်းမှန်လေးနည်းနည်းလေး တည့်သွားအောင် ဖေးမပေးတဲ့သဘောနဲ့ ရှေ့ကနေ လျှောက်တာပါ။ မှန်တယ်ထင်တဲ့သူ ဆက်လိုက်ပြီး။ လမ်းမှားနေရင် ကျန်ရစ်ခဲ့လို့ရပါတယ်။ အခုဒီဆိုက်ကို Forum သဘောမျိုးလုပ်ပစ်လို့ရပေမယ့်။ လူပေါင်းစုံရဲ့ စိတ်ကို မသိတဲ့အတွက်ကြောင့်။ အချိန်တိုင်းလိုက်ပြီး လုံခြုံရေး ကင်းမလှည့်နိုင်တာကြောင့် တစ်ယောက်တည်းပဲ ရေးတဲ့ ခုလိုဆိုက်မျိုးကို ရေးဖြစ်လိုက်တာပါ။


အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း

(Software များအားလုံးကို ပြန်တင်ပေးနေပါသည်) အသစ်(အသစ်)များဖြင့် ပြန်စကြတာပေါ့ဗျာ။ မဟုတ်ဘူးလား။)

28 comments:

  1. ဟုတ်ကဲ့ပါ အကို ပြန်စကြတာပေါ့ ကူညီပေးချင်ပေမယ့်လည်း ဘယ်လိုကူညီပေးရမှန်းမသိတော့ စိတ်မကောင်းဘူးဗျာ အမြဲအားပေးနေပါတယ်အကို

    ReplyDelete
  2. မင်္ဂလာပါ.....အကို....ကျွန်တော်ကတော့ အကို့ နောက်ကနေဆက်လိုက်နေဦးမှာပါ....ယုံကြည်စွာနဲ့ပေါ့....

    ReplyDelete
  3. ကျွန်တော့်အမေ ကျွန်တော့်ဘေးနား ရောက်နေပြီးဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အတွက် ဘာမှ မလိုအပ်တော့လောက်အောင်ပြည့်စုံနေ
    ပါပြီ ဆိုတဲ့စကားကို ရင်ထဲထိအောင်ခံစားရတယ်။မိဘကို အလေးပေးတဲ့သူ ဘယ်တော့မှ မဆင်းရဲဘူး။သူတော်ကောင်းတွေနဲ့ဘဲတွေ့၇မှာပါ။အစစ ကျေးဇူးတင်ပါတယ်။

    ReplyDelete
  4. ဟုတ်တာပေါ့ဗျာ

    ReplyDelete
  5. ကိုညီနေမင်းခင်ဗျား--
    ဗဟုသုတများရရှီတဲ့အတွက်--
    ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ--၊

    ReplyDelete
  6. ကျေးဇူးပါပဲ ကိုညီ... အမြဲတမ်း အားပေးနေပါတယ်...

    ReplyDelete
  7. ကြိုက်တယ်ဗျာ...........ကျွန်တော်တို့ (ရေသည်)ငမွဲများအဖို့ ဒါကိုဘဲအားကိုးနေရပါတယ်။ အားပေးနေရင်းနှင့်လည်း ကြုံကြိုက်ရင် ဒေါင်းမှာဘဲ။ ဒီလိုဆိုဒ်မျိုးကို အလိုမကျသူများကလည်း ဘယ်နေရာမှာ အခမဲ့ share ရနိုင်သည်ကို ကျေးဇူးပြုပြီးလမ်းညွှန်ပေးကြပါ ခင်ဗျား။ ကျွန်တော်တို့ကတော့ ဒေါင်းမှာဘဲ ဒေါင်းမှာဘဲ စက်ပြည့်အောင်ဒေါင်းမယ်။

    ReplyDelete
  8. ကို ညီနေမင်း ကိုတော့ ဘယ်အချိန်ဖြစ်ဖြစ် အားကျတယ် ဗျာ
    အမှန်တွေပဲ ရေးသွားတယ်

    ReplyDelete
  9. အကိုရေ............ စကားများများပြောလို့ အမှားတာမျိုး အဖြစ်စေချင်ပါဘူး အကိုရေးထားတဲ့ အထဲမှာ သံဃာတော်တွေ အကြောင်း ဆိုထားတဲ့နေရာမှာ အကို့ ဆိုလိုတာ ကရုဏာ စိတ်နဲ့ ဆိုတာ သိပါတယ် အကိုရေးထားသလိုပဲ ဖြစ်နေတာလဲ အများကြီးပါ ဒါပေမယ့် မဝေးလှသေးတဲ့ ကာလတစ်ခုက အင်းကျွန်တော် ထွေအုပ်မှာ တာဝန်ထမ်းဆောင်နေစဉ်တုန်းကာလ က အဖြစ်အပျက်လေး တစ်ခုပါ တည့်တည့်ပြောရရင် ဦးခင်ညွှန့် မကျမီကာလက ကပေါ့ ဘာဖြစ်သလဲ ဆို ပရိပတ္တိ စာသင်သား ကိုယ်တော်တွေ ကိုယ်ရင်တွေ အောင်ဆန်းကွင်းမှာ လာလာ ပြီး ဘောလုံးကန်ကြပါတယ် ဒါကို ဦးခင်ညွှန့်က သိတဲ့ အခါ သံဃနာယက ထံကို အသိပေး အဲ တိုင်တယ်ပြောတာ ရှင်းပါတယ် အဲခါမှာ သံဃနာကယ အဖွဲ့က သံဃာတော်တွေ အတွက် မထိခိုက် မနစ်နာစေလိုတာကြောင့် ဖြေကြားခဲ့တာက စာသင်သား ရဟန်းတော်များဟာ တစ်နေ့တာကာလပတ်လုံး စာအံ ကျက်မှတ် ရတာ ပင်းပန်း နုံးချိ ကြပါတယ် ခောတ်ကလ အလိုက် ကိုယ်လက် လှုပ်ရှားတဲ့ ကျမ်းမာရေးအတွက် ပြုသင့်တဲ့အကြောင်းရယ် ဒီလို လုပ်တာဟာ ၀ိနည်းတော်ကို ဆန့်ကျင် ၇ာ ရောက်သော်လည်း ဥပမာ သစ်ပင်တစ်ပင်မှာ ခိုင်မာမြဲမြံတဲ့ အနှစ်ရှိသလို မခိုင်မာတဲ့ အကာလဲ ရှိပါတယ် တဲ့ အခုလဲ ဒကာတော် တို့ အနေနဲ့ ဒီသဘောကို ရှုမြင်ပြီး နေ၇ာတိုင်းမှာ စုန်းပြူးဆိုတာ ရှိတယ် ဆိုပြီး ရှင်းလင်း မိန့်ကြားခဲ့ပါတယ် နောက် အခုဆိုလိုထားတာအရ ပြောစရာ အဲ အငြင်းပွားဖွယ်ရာ တစ်ခုခု ဖြစ်သွားစရာ ရှိတာက ၀ိနည်းတော် နဲ့ ပက်သက်ပြီး ဘုရားရှင် ကိုယ်တော် တိုင် မိန့်ကြားခဲ့တဲ့ အချက်တစ်ချက်ရှိပါတယ် ဒါက သေးငယ်တဲ့ ၀ိနည်းတေါကို ပယ်လိုက ပယ်နိုင်၏ ဆိုတဲ့ မိန့်ကြားချက်ပါ ဒီအချက် က တစ်ဦးတစ်ယောက် အဲ သံဃာတော်တစ်ပါးက 227 သွယ်သော သိက္ခာပုဒ် တွေထဲက တစ်ချက်ကို သေးငယ်တယ်လို့ ယူဆပြီး ပယ်ရှားမယ် ဆိုရင် ရနေပြန်ပါတယ် သံဃာ အဖွဲ့အစည်းတစ်ခုလုံးရဲ့ သဘောတူညီညွတ်မှု နဲ့မှ ဖယ်ရှားလို့ ရတာ မျိုးမဟုတ်ဘဲ တစ်ဦးချင်းစီ ရဲ့ ခံယူရှုမြင်မှုအရ ကွာခြားနိုင်ပါတယ် ဒါဟာ သံဃာတော်တွေ ကြားမှာ အငြင်းပွားဖွယ်ရာ အချက်ပါပဲ အစ်ကို ဆိုလိုသလိုတွေ ဖြစ်နေတာ ဒုနဲ့ဒေးပါ မြင်နေ၇တာပဲ တွေ့နေတာပါပဲ ဒါပေမယ့် ဘယ်လို ခံယူတယ်ဆိုတာ သူနဲ့သာ သက်ဆိုင်မှာပါ ဘေးကမြင်သူတစ်ယောက် အနေနဲ့ ပြောဖို့ ဆိုတာ မလွယ်တဲ့ အရာပါ ဘယ်သူမဆို ကိုယ်လမ်းကိုယ်ဖောက်နေကြတာပါပဲ ဒါကို ဘာဖြစ်တယ်ညာဖြစ်တယ် ပြောမိရင် အပြောခံရသူတွေ အနေနဲ့ ဆိုလာနိုင်ပါတယ် မင်းကဘယ်လောက် မှန်သလဲ ဆိုပြီးတော့ပေါ့ ဒါတော်တော် ကြောက်စရာ ကောင်းတဲ့ မေးခွန်းပါ ထေရ၀ါဒ စစ်စစ်ဖြစ်ဖို့ ဆိုတာ ခုချိန်ကာလမှာ ၀ိနည်းထိုရ် ဖြစ်မှပဲ ဒါသေချာတယ်ပြောရမယ့် အနေအထားပါ တကယ်လဲ ယိုင်နဲ့နေပါပြီ ဥပမာ အင်းအခုဥပမာကို စော်ကားတယ်လို့ မမြင်စေချင်ပါဘူး အစ်ကို အခြားဆိုဒ်တစ်ခု အဖြစ် လုပ်ထားသလိုပေါ့ ဒီလိုပညာရပ်တွေက သင်္ဂါယနာတင်တဲ့ နေရာမှ မှ မပါတာ ဒီပညာရပ်တွေကို အခု ပြောနေတဲ့ ကျွန်တော်ကိုယ်တိုင်လဲ တော်တော်ထဲထဲ ၀င်ဝင် တတ်ကျွမ်းပါတယ် ဒါပေမယ့် အထက်ကပြောခဲ့သလိုပဲ ဘယ်လိုခံယူသလဲ ဆိုတာပေါ် မူတည်တာပဲ မဟုတ်လား အစ်ကို ကိုယ်တိုင်တောင်မှ ထေရ၀ါဒ စစ်စစ် မဖြစ်သေးဘဲ ခုလို ပြောတာတွေက အစ်ကို စေတနာထား ဝေဖန်တာက ရှုံ့ချသလို ဖြစ်နေတယ် ကဲ့ရဲ့သလို ဖြစ်နေတယ် လူသားတစ်ဦး အနေနဲ့ ပုထုဇဉ်တွေပဲဆိုတော့ လောကီ လောကုတ္တ၇ာ နှစ်ဖက်လုံးကို လေ့လာ လိုက်စားတာ မဆန်းပါဘူး ဒါကို အပြစ်မြင်လို့ မ၇ပါဘူး ဘယ်သူမှ မဂ်ဖို မဆိုက်ေ၇ာက်ကြသေးတော့ မှားတာ မှန်တာ ရှိကြမှာပဲလေ အကိုပြောတဲ့ စကားလုံးလေးတွေ အနှစ်ပါပါတယ် ကောင်းပါတယ် စေတနာ ထား ပြောမှန်းလဲ သိပါတယ် ဒါပေမယ့် အကို ပြောနေရင်း မှားမိမှာ စိုး၇ိမ်လို့ပါ
    အစ်ကို အ၇င်းတစ်ယောက်လို ချစ်ခင်လို့ ဒီကော့မက်ပေးတာကို နားလည်ပေးပါ ကျွန်တော့်ကိုလဲ ပြောဆို ဆုံးမနိုင်ပါတယ် ကောင်းစေလိုလို့ ပြောတာကို ခံယူ ကြားနာ ချင်လျှက်
    ချစ်ခင်တဲ့ ညီလေး
    အာကာဖြိုး

    ReplyDelete
  10. အစဉ်အားပေးလျှက်ပါကိုညီ

    ReplyDelete
  11. အစ်ကိုရေ ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပါနဲ့...အစ်ကိုဟာ အများအတွက်ကောင်းကျိုးပြုတဲ့အလုပ်လုပ်နေတာမို့ အစ်ကို့ကို လေးစားအားပေးနေတဲ့သူတွေ အများကြီးရှိနေပါတယ်ခင်ဗျာ...

    ReplyDelete
  12. အခုအချိန်ထိ့ကို မ၇ှိမဖြစ် လိုအပ်ပြီး အားပေးလျှတ်ပါ

    ReplyDelete
  13. အစဉ်အမြဲအားပေးနေပါတယ်ကိုညီ
    နည်းပညာတွေကှိုမျှဝေပေးတဲ့ကိုညီဒီထက်မကအောင်မြင်ပါစေ

    ReplyDelete
  14. အကိုရေဘေးကိုတအားကြည့်ရင် ဘေးတွေ့တတ်တယ်လို့ထင်ပါတယ်

    ReplyDelete
  15. မ၇ှိမဖြစ် လိုအပ်ပြီး အားပေးလျှတ်ပါ
    ဘယ်သူတွေဘာပြောပြော ဂရုမစိုက်ပါနဲ့

    ReplyDelete
  16. ကိုညီရေ အခုလိုသင်ပြပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ....
    ဗိုက်၇ပ် တွေနဲ့ပတ်သက်တာလေးတွေကို ရေးသားတင်ပေးစေလိုပါတယ်....
    www.layphyu@gmail.com

    ReplyDelete
  17. }}ထေရ၀ါဒ စစ်စစ်ဖြစ်ဖို့ ဆိုတာ ခုချိန်ကာလမှာ ၀ိနည်းထိုရ် ဖြစ်မှပဲ ဒါသေချာတယ်ပြောရမယ့် အနေအထားပါ တကယ်လဲ ယိုင်နဲ့နေပါပြီ}}.................အင်း ဒုက္ခပဲ..........
    ဒီစကားကို ဘယ်လိုအဓိပ္ပါယ်နဲ့ ပြောတာလဲဆိုတာတော့ မသိပါဘူး.................
    ခုလိုပြောတဲ့ အာကာဖြိုး(နည်းပညာ)ဆိုတာ ဒကာလေးလား? ဒကာကြီးလား? ဘယ်သူလည်းတော့ မသိပါဘူး..... ဒါပေမဲ့ အာကာဖြိုး(နည်းပညာ)သိထားဖို့ရာက
    ထရ၀ါဒဆိုတဲ့စကားကို နားလည်အောင်တော့ သေသေချာသေချာလေ့လာသင့်တယ်လို့ ထင်ပါတယ်.............အင်း ဦးဇင်းအနေနဲ့ကတော့ ဒီလောက်ပဲ ပြောပါတော့မယ်.....
    ဒီဆိုက်ကို ဦးဇင်းအနေနဲ့ ခဏခဏ၀င်ရောက်ဖြစ်ပေမဲ့......ခုလိုကွန်မန့်ပေးတာကို တခါမှ မလုပ်ဖူးပါဘူး......ခုဟာက မနေနိုင်တော့လို့ ကွန်မန့်ပေးရတာပါ.......
    ထေရ၀ါဒနဲ့ ထေရ၀ါဒဘာသာကို သေသေချာချာလေ့လာပီးမှ ခုလိုပြောသင့်တယ်ထင်လို့ပါ.....
    ပီးတော့ ၀ိနည်းဓိုရ်(တကယ်က ၀ိနည်းထိုရ်မဟုတ်ပါ။)ကလည်း ထေရ၀ါဒစစ်စစ်ဖြစ်တာနဲ့ ဘာမှမဆိုင်ဘူး.............၀ိနည်းဓိုရ်ဖြစ်မှ ထေရ၀ါဒစစ်စစ်ဖြစ်မယ်ဆိုရင်တော့ ......
    ဆက်ရေးနေရင်လည်း တစ်သက်လုံးပီးတော့မှာ မဟုတ်ပါဘူး..........

    ReplyDelete
  18.ေ၇းချင်တာေ၇းကြဟေ့  ဒို့ ကတော့ ဒေါင်းမှာဘဲ ..တင်ပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ

    ReplyDelete
  19. ခုလို အကို့ အမြင်နဲ့ အခက်အခဲလေးတွေကိုတင်ပြသွားတာကောင်းပါတယ် ..........
    လေးစားလျှက်.............အမြဲအားပေးသွားပါမယ် ......

    ReplyDelete
  20. သင်တန်းမတဲ့ကျနော်တို့ လို ဆင်းရဲသားတ္ပေအတ္ပက် ဆရာ့ရဲ့ ပညာမျှဝေချင်းဟာ အားဆေးပါပဲဆရာ ကျန်တော်ကတော့ ဆရာတို့ လို ဆရာတ္ပေရှိမှ လေ့လာခ္ပင့်ရမှာဖြစ်ပါတယ်ခင်ဗျာ ဆရာတို့ လိုလူမျိုးတ္ပေကို အမြဲတန်းလေးစားလျှက်ပါ။ အစဉ်ထာဝရလေးစားလျှက်။ မင်းမင်းဦး။

    ReplyDelete
  21. အစ်ကိုညီနေမင်းဟာ ဘယ်သူတွေဘာပြောပြော မြန်မာနိုင်ငံအတွက် အင်မတန်အဖိုးတန်တဲ့ ဆိုဒ်တစ်ခုကို ကိုယ့်အားကိုယ်ကိုး ပြီးထူထောင်နိုင်ခဲ့တဲ့ စေတနာရှင် အစ်ကိုတစ်ယောက်ပါ။မြန်မာနိုင်ငံကွန်နက်ရှင်နဲ့ softwar တွေ upload တင်ပေးနေတဲ့ အစ်ကို့ရဲ့စေတနာဟာ အရမ်းလေးစားစရာကောင်းပါတယ်ဗျာ။အစ်ကိုတန်ဖိုးထားတဲ့ အစ်ကို့ မေမေလည်း အသက်ရာကျော်ရှည်ပြီး စိတ်ချမ်းသာမှုအပေါင်းနဲ့ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။

    ReplyDelete
  22. ကျေးဇုးပါဗျာ ကိုညီနေမင်း
    ကျနော်ကတော.အမြဲလေးစားတယ်
    အကိုရဲ့စေတနာတွေကို

    ReplyDelete
  23. ဒို့ကလဲ ဘယ်သူတွေဘယ်လိုမြင်မြင် သင်ပေးသမျှပညာတွေ တင်ပေးသမျှဆော့ဝဲတွေ ယူမှာပဲ ဒေါင်းမှာပဲ သင်ပေး၊ တင်ပေး တဲ့ ကိုညီနေမင်းကို
    အမြဲလေးစား အားပေးလျှက်ပါ ဒီထက်ပိုအောင်မြင်ပါစေ။

    ReplyDelete
  24. အားပေးလျှက် အားကိုးလျက်ပါ ကိုညီနေမင်း အမြဲထောက်ခံနေမယ် ကို ညီနေမင်းဒီထက်မက အောင်မြင်ပါစေ လို့ အမြဲဆုတောင်းပေးပါတယ်....

    ReplyDelete
  25. ကျွန်တော်ကတော့ တောကနေရန်ကုန်မှာလုပ်လုပ်နေတဲ့ သူပါ..အင်တာနက်ဆိုင်မှာအလုပ်လုပ်ပါတယ်...ဒါပေမယ့် သင်တန်းတွေကိုတစ်တန်းပြီးတစ်တန်းမတတ်နိုင်ပါဘူး..ဒါကြောင့် အလုပ်လုပ်ရင်း..အလကားသုံးရတဲ့ အတွက်..အင်တာနက်ကပဲလေ့း လာရတယ်..အဲဒီထဲမှာတော့ ..အကို့ ဆိုဒ်ကိုတကယ်အားကိုးတာပါ..စာအုပ်တွေကိုဒေါင်း..စော့ ဝဲတွေကိုဒေါင်း..စမ်းလိုက်..လုပ်လိုက်နဲ့ ပညာယူနေရတာပါ..အဲဒါကြောင့် ကိုညီနေမင်းကိုအရမ်းကိုကျေးဇူးတင်နေပါတယ်...ဘယ်သူတွေဘာပဲပြောပြောအကိုကကျွန်တော်ရဲ့ ကျေးဇူးရှင်ပါ...အကို..ကျန်းမာချမ်းသာစွာနဲ့ ...လိုတိုင်းတရနိုင်ပါစေလို့ ..ဆုတောင်းပေးပါတယ်

    ReplyDelete
  26. ဟုတ်ကဲ့ပါ အကို ............
    ကျွှန်တော်လဲဆက်လိုက်မယ်..
    ကျွှန်တော်လဲ အဝေးရောက်နေတာဆိုတော့ ကိုယ့်ကို လမ်းညွန်ပေးမဲ့သူလဲ မရှိ
    မေး မယ်ဆိုလို့အကိုတစ်ယောက်တည်းရှိတာ .. နိုင်ငံခြားရောက်စဆိုတော့
    မေးမဲ့သူငယ်ချင်းလဲမရှိဖြစ်နေတာ အကို..

    ReplyDelete