ကဲ ဒီကိစ္စကိုပြောရအောင်ဗျာ. ကျွန်တော် ဒီအကြောင်းကို ပြောတယ်. ပို့စ်ကိုလည်း ထိပ်ဆုံးမှာ တင်ထားပေးတယ်. Download လုပ်မည့်သူများ မဖြစ်မနေဖတ်ပေးပါ ဆိုတဲ့ခေါင်းစဉ်ကို မမြင်ကြတာကတော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ ကျွန်တော့်ဖက်က အဲ့လို password မခံဘဲ (သို့) software နာမည်နှင့် version ကိုသာ ထည့်ထည့်ပြီး တင်နေရင် အခု mediafire account နှင့်တင်ထားသမျှ ဖိုင်များကို ဖျက်ပစ်ယုံတင်မကဘူး။ အကောင့်ကိုပါ ပိတ်ပစ်တဲ့အထိ ဒုတိယအကြိမ် ဖြစ်လာဦးမှာပါ။ အဲ့လို ဖြစ်လာမယ်ဆိုတာကိုလည်း ကြိုသိလို့ ပို့စ်တင်ပါတယ်။ ဒါကို ဘာမှမဆိုင်ဘူးပြောတဲ့သူကပြော၊ အခုဆိုရင် အထာကိုင်တယ် လို့ဆိုတဲ့သူကဆိုနဲ့ အမျိုးမျိုးပြောကြပါတယ်။ ကျွန်တော့် မေးလ်လိပ်စာဟာ ကျွန်တော့်ရဲ့ password ပါပဲ။
လျှို့ဝှက်နံပါတ် တောင်းသမျှကို >>>>> konyinaymin@gmail.com <<<<<<
ရှာတဲ့သူက ရှာပေးပြီး virus ဟုတ်မဟုတ် သေချာစစ်ပြီးမှ အပင်ပန်းခံ တင်ပေးတာတောင်မှ ဒီ password လေး ရိုက်ထည့်ဖို့တောင်မှ ၀န်လေးနေရင်လည်း မဒေါင်းတာက ပိုကောင်းပါတယ်။ ဒါကျွန်တော် ပြတ်ပြတ်ပြောတာပါ။ ကျွန်တော်ကတော့ ကျွန်တော်တင်တဲ့ဖိုင် အဖျက်မခံရအောင် နည်းအမျိုးမျိုးနဲ့ cover လုပ်ကြည့်မှာပါပဲ။ လိုချင်တာပဲ သိလို့မရပါဘူး။ အဲ့ဆိုက်မှာ ဘာတွေ ပြုပြင်ထားသလဲ။ လက်ရှိလက်တလောအခြေအနေ ဘယ်လိုရှိသလဲ နည်းနည်းပါးပါး တီးခေါင်းကြည့်ပါဦး။ www.mediafire.com ဘာတွေပြောင်းလဲနေပြီလဲ။ ဘာလို့ တင်ထားသမျှ လင့်တွေ(တစ်ခြားသူတွေတင်ထားသမျှတွေပါ အပါအ၀င်) အဖျက်ခံရတာတွေဟာ ဘာလို့လဲ။ သူ့ဆိုက်မှာ စည်းမျဉ်းစည်းကမ်းတွေဘာတွေ ထပ်တိုးထားသလဲ။ www.ifile.it ကကော ဘာဖြစ်လို့ အဲ့နာမည်မရှိတော့တာလဲ။ အဲ့နာမည်အစား နောက်ထပ် နာမည်အသစ်တစ်ခု ကိုထပ်ဝယ်ပြီးတော့ free user များတင်ထားတာတွေ မှန်သမျှကို ဖျက်ပစ်ပြီးတော့ premium member တွေ တင်ထားတာတွေကိုသာ backup ပြန်ပြီးတော့ လုပ်ပေးထားပါတယ်။ ဒီဒုက္ခတွေကို သိပါသလား။ ဘာတွေဖြစ်နေသလဲကော လိုက်ဖတ်ကြည့်ဖူးလား။ ကိုယ့်ကိုယ်ကိုယ်မေးပေးပါ။ ကျွန်တော့်ကိုချည်းအပစ်တင်နေမယ့်အစား အင်တာနက်မှာ ဘာတွေပြောင်းလဲနေသလဲ ဆိုတာကို ကိုယ်ကိုယ်တိုင် သွားဖတ်ကြည့်တာ ပိုကောင်းပါတယ်။ ကျွန်တော်ဒီလောက်ပဲ ပြောချင်ပါတယ်ဗျာ။ စကားပြောတာ နည်းနည်းရိုင်းသလို ဖြစ်သွားရင်တော့ တောင်းပန်ပါတယ်လို့ပဲ ပြောပါရစေ။ တစ်ခုတည်းပဲပြောချင်ပါတယ်။ ၃ နှစ်တိုင်တိုင် တင်ပေးထားတဲ့ mediafire account နဲ့ ifile account နှစ်ခုစလုံး အပြောင်းအလဲတွေကြောင့် အဖျက်ခံလိုက်ရပါတယ်။ အဲ့အတွက် အားလုံးကို ပြန်တင်ပေးရမယ့် အခြေအနေအထိ ရှိပါတယ်။ ကျွန်တော် စဉ်းစားထားပါတယ်။ version အဟောင်းတွေကို ပြန်ပြီး link တွေပြင်နေမယ့်အစား version အသစ်တွေကို တင်ပေးသွားဖို့ပါပဲ။ ပြီးတော့ ကိုတင်ထားတဲ့ ဖိုင်ကို တတ်နိုင်ရင် premium account နဲ့ တင်ဖို့အထိကို ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့်ဖက်က လုပ်သင့်လုပ်ထိုက်တယ်ထင်ရင် လုပ်ပေးသွားမှာပါပဲ။ ပြောင်းလဲမှု့ကြောင့် ဖိုင်တင်တဲ့အခါမှာလည်း သူ့ပြောင်းလဲတာကို လိုက်ပြီး ဘာ့ကြောင့်လဲဆိုတဲ့အဖြေကိုရှာပြီး နောက်ထပ်မဖြစ်အောင် password နဲ့တင်ရပါတယ်. မဟုတ်ရင် တင်ထားတဲ့ ဖိုင်ကိုဒေါင်းပြီး software ဟုတ်မဟုတ် စစ်မှာပါ။ များသောအားဖြင့် အဲ့ဖိုင်ကို တင်ထားတာ ဘယ်ဆိုက်မှာဆိုတာ သူတို့တန်းသိပါတယ်။ အဲ့တော့ ပထမဦးဆုံး သူတို့စမ်းမှာက ဆိုက်ရဲ့လိပ်စာပါ။ အဲ့ဒါကြောင့် ဆိုက်လိပ်စာမထည့်ဘဲ ကျွန်တော့်ရဲ့ မေးလ်လိပ်စာကို ထည့်လိုက်တာပါ။ ဒါလေးတောင် မရိုက်နိုင်ရင်လည်း ကျွန်တော်လည်း မတတ်နိုင်ပါဘူး။ password ကတော့ ခံထားမြဲခံထားရမှာပါပဲ။ ဘာလို့လဲဆိုတာ Download လုပ်တဲ့ဖိုင်ထဲမှာ မြန်မာလို ရေးပေးထားပါတယ်။ ကိုလိုချင်တဲ့ဖိုင်ရရင်ပြီးရော ဖတ်ပေးပါဆိုတဲ့ဖိုင်က မလိုပါဘူးကွာလို့ ဆိုပြီး ဖျက်ပစ်ရင်တော့ ဘာဖြစ်လို့ password ခံထားသလဲဆိုတာကို သိမှာမဟုတ်ပါဘူး။ အခြေအနေနဲ့ အချိန်အခါဆိုတာ ရှိပါတယ်။
ကျွန်တော်ကဗျာလေး တစ်ပုဒ် ရေးပေးပါ့မယ်။
ဂဏာန်း၊ ပုသင်
ဝါးပင်၊ လိပ်မျိုး
နွားသိုး၊ မြေခွေး
ဤ(6)ရေး၊ ကြီးသူမဖြစ်ထိုက်။
အဲ့ အဓိပ္ပါယ်ကို ဘာကိုဆိုလိုတယ်ဆိုတာကတော့ ကိုယ့်ဟာကို စဉ်းစားပေးစေချင်ပါတယ်။ အဲ့ကဗျာထဲကလိုပါပဲ။ ကိုယ့်ကိုယ်ကိုယ် အရင်တည့်မတ်ပါ။ ဂဏာန်းလိုလည်း ကန့်လန့်မသွားပါနဲ့၊ ပုတ်သင်ညိုလိုလည်း ဘာပြောပြော အင်းချည်းပဲ ခေါင်းမညိမ့်ပါနဲ့၊ ၀ါးပင်လိုလည်း ဟိုလူကပြောရင် ဟိုလူ့ဖက်ကိုလိုက်လိုက်၊ ဒီလူပြောရင်လည်း ဒီဖက်ကိုယိမ်းလိုက် မလုပ်မိပါစေနဲ့၊ လိပ်တစ်ကောင်လိုလည်း ကို့ဖက်ကိုချည်း မယက်မိပါစေနဲ့၊ နွားသိုးတစ်ကောင်ကိုလည်း တဇွတ်ထိုး ဘာမှမစဉ်းစားဘဲ ဇွတ်မမိုက်ပါနဲ့၊ မြေခွေးလိုလဲ ဒီဟာကို ရမှဖြစ်မယ်ဆိုပြီး စဉ်းစားဥာဏ်နှင့်ချင့်ချိန်မှု့မရှိဘဲနဲ့ သေသေ၊ ရှင်ရှင် ဆိုပြီး မိုက်လုံး မကြီးမိပါစေနဲ့ ပြောချင်တာကတော့ အဲ့ခြောက်မျိုးထဲမှာ ပါနေတဲ့သူသည် ကြီးတဲ့သူ တစ်နည်းအားဖြင့် အများကို ဦးဆောင်နိုင်တဲ့သူ မဖြစ်ထိုက်တဲ့သူတွေပါပဲ။ အဲ့ဒီ့အထဲမှာ ကိုမပါမိပါစေနဲ့လို့ ကျွန်တော် ဆုတောင်းလိုက်ပါတယ်။
ကဗျာရဲ့ ဆိုလိုရင်းကို သဘောပေါက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း
















ဟုတ်တယ် ... တော်တော်များများက ဘာလို့ ပတ်စ်ဝေါ့ထည့်တယ်မသိကြဘူး.. ကျနော်တို့လည်း ဒေါင်းကြတာပါပဲ.. ဒီလိုပဲ.. မရတာတွေ ဖိုင်ဖျက်ခံရတာတွေနဲ့ကြုံတဲ့အခါ ကိုယ့်ကော်နက်ရှင်နဲ့ ဒီ Webpage တစ်ခုပွင့်အောင်စောင့်ထားရတဲ့အချိန်တွေကို နှမြောမိတာပဲ.. အဲဒါကြောင့် အဖျက်မခံရအောင်တင်ပေးတာကို ကျေးဇူးတင်ပြီးတော့ password လေးကိုတော့ ရိုက်သင့်တယ်ထင်တာပဲ....
ReplyDeleteမှန်တယ်ထင်ရင် ဆက်လုပ် လှည့်မကြည့်နဲ့ နောက်ကပါပြီးသား။ ရှေ့ကမသွားနိုင်ရင်တော့ နောက်ကလိုက်ရမှာပဲလေ ဟုတ်တယ်နော်။ ရှေ့ကလည်းမသွား နောက်ကလည်းမလိုက်နဲ့ ဘေးတိုက်လိုက်နေတဲ့ လွယ်အိပ်လိုတော့မလုပ်ကြပါနဲ့။
ReplyDeleteကျွန်တော်တို့လို အဝေးရောက်နေသူများအတွက် ဒီလိုဆိုဒ်များကိုဘဲ အားကိုးနေရပါတယ်။ ကိုညီနေမင်းကိုယုံကြည်ပါတယ်။ လိုအပ်နေတဲ့အချိန်မှာ ဘယ်လိုမျိုးဘဲဖြစ်ဖြစ် လိုက်ဆောင်ရွက်ပြီး ဒေါင်းတာဘဲ။ အများအကျိုးဆောင်ရွက်ပေးနေတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
ReplyDeleteဟုတ်တယ်ဗျ.အခုလိုလုပ်ထားတာအရမ်းကောင်းပါတယ်.ဒါလေးတောင်မှမရိုက်နိုင်ရင်လည်းမယူကြနဲ့ပေါ့ဗျာ.ဖတ်ပေးပါဆိုပြီးရေးထားတဲ့ဖိုင်ကိုလူအများစုကတော့ဖျက်ပစ်လိုက်တာများတယ်ဗျ.သူတို့ထိုက်နဲ့သူတို့ကံပေါ့ဗျာ.
ReplyDeletenice post brother.... keep it...
ReplyDeletedon't angry fri,more flexible, more mercy . go on u r way
ReplyDeletepls show more mercy more kindly for all
ReplyDeletethx all u do
be a leader
u can do
ပညာကို ချီးပေါသေးပေါ အလကားရတယ်လို့ ထင်တဲ့လူတွေအတွက် စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့..ညီလေး
ReplyDeleteအကိုတို့က အမြဲတမ်း ညီလေးကို အားပေးအားမြှောက်လျက်ပါ.
လောကမှာ ပညာအလှူလောက် သန့်ရှင်းတဲ့ အလှူဆိုတာ မရှိပါဘူးကွာ..
ကျမ်းစာမှာ ဒီလို ဆိုထားတယ်..ညီလေး
ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။
ထိုသူ၏ မျက်နှာသည် အထူးသဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
ပညာအတွက် အချိန်ပေးပြီး အနစ်နာခံတတ်တဲ့ ညီလေးကို ဘုရားရှင်ကောင်းကြီးပေးပါစေ...
This comment has been removed by the author.
ReplyDeleteမသိတဲ့ ကောင်တွေကို ရှင်းပြနေပါနှဲ့ဗျာ. အလကားလည်းရသေး သွားဖြဲကြည့် အမြီးလှန်ကြည့်နဲ့..
ReplyDeleteZip File Password တွေမသိလို့ ဒုက္ခရောက်ရပါတယ်။ ဒေါင်းပြီးသုံးမရတာတွေရှိနေတာပါ။ အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ် ကိုညီရေ.....။
ReplyDeleteအကို ကျွန်တော် လက်တော့ password မေ့သွားလို့ဖွင့်လို့မရဘူးဖြစ်နေတယ်။ကူညီပါအုံး။ဘယ်လိုလုပ်ရမလဲဆိုတာ။
ReplyDeleteအကို ကျွန်တော့် လက်တော့ ပက်စဝက်မေ့သွားလို့ဖွင့်မရတော့ဖြစ်နေတယ်။ကူညီပါအုံး
ReplyDeleteညီနေမင်း ရွေးသွားတဲ့ လမ်းကြောင်းက အမှန်ဆုံးပဲ ... တချို့ Website တော်တော်များများက ပေးချင်ပေမယ့်လည်း မပေးတတ်တော့ ယူချင်တဲ့လူတွေ မရခဲ့ရှာဘူး ...
ReplyDeleteဘယ်သူဘာပြောပြောစိတ်တော့ပျက်နဲ့နော် သူတို့ဗဟုသုသမရှိလို့ဘဲလို့သဘောထားလိုက်ပါ မြန်မာပြည်ကကလေးတွေကစာဖတ်နဲတော့လိုချင်တာဘဲသိတယ် သိသူဖော်စားမသိသူကျော်သွားပေါ့ဟိဟိ အမြဲလေးစားလျက်...
ReplyDeleteအကို♥♥ညီနေမင်း♥♥