W w W. N y I n @ y M i N. o R g
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
Computer နှင့် Mobile သင်တန်း
သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။
သင်ပေးမည့် သင်ခန်းစာများ
1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.
အမှာစကား
အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
03 March 2012
TuneUp Utilities 2012 with keygen
ခင်​မောင်​ဌေးTuneUp Utilities 2012 ​က ​ကီး​က ​ထပ်​တောင်း​နေ​လို့ ​ကူ​ညီ​ပေး​ပါ​ဦး​ခင်​ဗျာ.
ကဲ​အ​ရင်​တုန်း​က ​တင်​ပေး​ထား​တာ​က ​ကီး​နဲ့​ပဲ ​တင်​ပေး​ထား​တာ​ပါ. ​အဲ့​အ​တွက်​ကြောင့် ​အ​ခန့်​မ​သင့်​လို့ key ​ကို block ​ဖြစ်​သွား​ခဲ့​ရင် key ​ပြန်​ရှာ​ဖို့ ​မ​လွယ်​ကူ​ပါ​ဘူး. ​အဲ့​အ​တွက်​ကြောင့် ​အ​ခု ​အား​လုံး​အ​ဆင်​ပြေ​အောင်​လို့ keygen ​ကို ​ရ​အောင် ​ရှာ​ပေး ​လိုက်​ပါ​တယ်. ​အဲ့​ထဲ​မှာ ​ကီး​တွေ​အ​များ​ကြီး​ပါ​တဲ့​အ​တွက် ​လုံး​ဝ​အ​ဆင်​ပြေ​သွား ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​ကျွန်​တော်​လည်း​အ​ခု TuneUp Utilities 2012 ​ကို​ပဲ ​သုံး​နေ​ပါ​တယ်. ​ကွန်​ပျူ​တာ ​သုံး​တာ ​မြန် ​ဆန်​စေ ​ဖို့​က​တော့ ​တ​ခြား software ​တွေ​ထက် TuneUp Utilities 2012 ​က ​ပို​ပြီး​အ​ဆင်​ပြေ​စေ​ပါ​တယ်. ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ​ဖို့ ​နည်း ​လမ်း​တွေ​ကို ​သီး​သန့်​ရေး​ထား ​ပါ​တယ်. ​အ​ပြီး​မ​သတ်​ရ​သေး​လို့ ​မ​တင်​ပေး​သေး​တာ​ပါ. ​စာ​အုပ်​အ​နေ​နဲ့ ​ထုတ်​ပေး ​မှာ ​ဖြစ်​ပါ​တယ်။ ​နည်း​နည်း​တော့ ​များ​တယ်​လို့ ​ဆို​ရ​မှာ ​ဖြစ်​ပါ​တယ်. ​အ​ခု ​ကျွန်​တော့​မှာ ​သင်​တန်း​က ​တ​ဖက်​နဲ့​ဆို​တော့ ​စာ​အုပ်​လုပ်​ဖို့​ကို ​နည်း​နည်း​အား​တဲ့ ​အ​ချိန်​မှ​သာ ​ရေး​နိုင်​ပါ​တယ်. ​သင်​တန်း​သား​တွေ​က ​ပ​ထ​မ course ​တက်​ပြီး​ရင် ​နောက်​ထပ် course ​ကို ​တက်​ဖို့​အ​တွက် ​စိတ်​အား​ထက်​သန်​နေ​တော့ ​ကျွန်​တော့်​မှာ ​အ​တော်​လေး ​ပင်​ပန်း​ပါ​တယ်. ​တစ်​ယောက်​က photoshop, ​တစ်​ယောက်​က service special course, ​တစ်​ယောက်​က web design, ​တစ်​ယောက်​က ​စာ​စီ​စာ​ရိုက်​နဲ့၊ ​သူ​တို့​တွေ​အ​တွက် ​စာ​အုပ်​တွေ ​ထုတ်​ဖို့​အ​တွက် ​အား​လုံး​ညီ​တယ် ​ဆို​ရင်​တော့ ​ပြ​ဿ​နာ​မ​ရှိ​ပေ​မယ့်. ​တစ်​ယောက် ​တစ်​မျိုး ​ဝါ​သ​နာ​ချင်း ​မ​တူ​ညီ​တော့ ​ကျွန်​တော့်​မှာ ​အ​တော်​လေး​ကို ​ပင်​ပန်း​ရ​ပါ​တယ်. ​အား​လုံး​လည်း ​နား​လည်​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​ကျွန်​တော် ​ဒီ​နေ​ရာ​မှာ ​တ​သက်​လုံး​နေ​မှာ ​မ​ဟုတ်​ပါ​ဘူး။ ​နှစ်​အ​ပိုင်း​အ​ခြား​လောက်​ပဲ ​ဖြစ်​မယ်​လို့ ​ထင်​ပါ​တယ်. ​နောက်​တစ်​နေ​ရာ​ကို ​မ​ပြောင်း​ခင်​အ​ချိန်​မှာ ​ကွန်​ပျူ​တာ ​ကျွမ်း​ကျင်​တဲ့​လူ​ငယ်​လေး​တွေ​ကို ​မွေး​ထုတ်​ပေး​ခဲ့​ချင်​တာ​ပါ။ ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ​မည့် ​နည်း​လမ်း​နှင့် ​နှေး​ရ​သည့် ​အ​ကြောင်း​ရင်း​လေး​တွေ ​ကို ​ခြုံ​ငုံ​ပြီး​ရေး​ပေး​သွား​မယ့် ​စာ​အုပ်​အ​ပြင်၊ ​အင်​တာ​နက်​သုံး​တဲ့​နေ​ရာ​မှာ ​ဘယ်​လို​နည်း​လမ်း​မျိုး​နဲ့ ​ကိုယ့်​ရဲ့ data ​တွေ​နဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​မ​ကျန်​ခဲ့​အောင် ​လုပ်​ခဲ့​ရ​မယ်​ဆို​တာ​ကို​ပါ ​စာ​အုပ်​လုပ်​ပြီး​တော့ ​တင်​ပေး​မှာ​ဖြစ်​ပါ​တယ်။ ​ကျွန်​တော့်​ဆီ​ကို ​အပ်​ထား​တဲ့ ​ဝဘ်​ဆိုက်​တွေ​ကို​လည်း ​အ​ခု ​တစ်​ပတ်​အ​တွင်း​ပြီး​အောင် ​အ​ဆုံး​သတ်​ရ​ပါ​မို့၊ ​အား​တဲ့​အ​ချိန်​လေး​တွေ​မှာ ​ရ​သ​လို ​ဝင်​ဝင်​ပြီး​တော့ ​တင်​ပေး​သွား​ပါ့​မယ်. ​ကျွန်​တော့် ​ဝဘ်​ဆိုက် ​တွင် ​နည်း​ပ​ညာ​ပိုင်း ​ရေး​သား​ချင်​သူ​များ၊ ​ဖြန့်​ဝေ​ချင်​သူ​များ​ကို ​ဖိတ်​ခေါ်​ပါ​တယ်. ​ရေး​သား​သည့် ​အ​ကြောင်း​အ​ရာ​များ​သည် ​သူ​များ​ရေး​သား​ထား​သည့် ​ပို့စ်​များ​ကို ​ကူး​ယူ​ပြီး ​မ​တင်​ပြ​ရ​ပါ။ ​ကိုယ်​ကိုယ်​တိုင် ​ရေး​သား​ထား​သည့် ​ပို့စ်​ဖြစ်​ရ​ပါ​မယ်။ ​ဖိုင်​များ​ကို​လည်း ​ကိုယ်​ကိုယ်​တိုင် ​တင်​ရ​မှာ​ဖြစ်​ပါ​တယ်။ ​အ​ရေး​အ​သား​နှင့်​ပို့စ်​တင်​နိုင်​မှု့​ပေါ်​မူ​တည်​ပြီး​တော့ web admin ​နှင့် chatbox admin ​ရာ​ထူး​ကို ​ပေး​မှာ​ဖြစ်​ပါ​တယ်။ ​အား​လုံး​ပဲ ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ ​ဖို့ ​ပြု​လုပ် ​ရာ​မှာ ​မ​ပါ​မ​ဖြစ် ​ပါ​ဝင်​ရ​မည့် TuneUp Utilities 2012 software ​ကို ​ကြို​ပြီး​တော့ Download ​လုပ်​ထား​ပါ​လို့ ​တိုက်​တွန်း​ချင်​ပါ​တယ်. ​စာ​အုပ်​ထွက်​လာ​သည့် ​အ​ချိန်​ကျ​မှ download ​လုပ်​မ​ရ​တာ​မျိုး​နဲ့ ​ကြုံ​ရင် ​အ​စ​က​နေ ​ပြန်​ဒေါင်း​နေ​ရ​မှာ ​မို့ ​ကြို​ပြီး ​လုပ်​ခိုင်း​ထား​တာ​ပါ။
Download ifile.it
Part1 | Part2
Download Up4vn
Part1 | Part2
Download Mediafire
Part1 | Part2
Download Mirrorcreator
Part1 | Part2
02 March 2012
file ​တွေ​ကို ​ကူး​တဲ့ ​နေ​ရာ​မှာ ​မြန်​ဆန်​စေ​မည့် tear copy 2.12
ကွန်​ပျူ​တာ​က​နေ flash drive, sd card, phone, external HDD, ​စ​တဲ့ device ​တွေ​ကို copy ​ကူး​ရင်​ဖြစ်​ဖြစ်၊ ​အဲ့​ဒီ့ device ​က​နေ ​ကွန်​ပျူ​တာ​ထဲ​ကို copy ​လုပ်​ရင်​ပဲ​ဖြစ်​ဖြစ် ​အ​ရမ်း​ကို ​မြန်​ဆန်​စေ​မယ့် software ​ဖြစ်​ပါ​တယ်။ ​သီ​ချင်း​သွင်း​တဲ့​သူ software ​တွေ ​ကူး​ပေး​တဲ့​သူ​တွေ၊ data ​တွေ​ကို copy ​ကူး​တဲ့​သူ​တွေ​အ​တွက် ​မ​ရှိ​မ​ဖြစ် ​တင်​ထား​ရ​မယ့် software ​ဆို​ရင်​လည်း ​မ​မှား​ပါ​ဘူး။ ​ရိုး​ရိုး​အ​တိုင်း ​သာ​ကူး​နေ​မယ်​ဆို​ရင်​တော့ ​အ​ရမ်း​ကြာ​တယ်​ဆို​တာ ​အား​လုံး​ပဲ ​သိ​ကြ​မယ်​လို့ ​ထင်​ပါ​တယ်. ​ကျွန်​တော့်​စက်​မှာ​လည်း ​အ​မြဲ ​တင်​ထား​တဲ့ software ​ဖြစ်​ပါ​တယ်။ကူး​တာ ​မြန်​တယ် ​မ​မြန်​ဘူး​ဆို​တာ​တော့ ​လက်​တွေ့ ​စမ်း ​ကြည့်​လိုက်​ရင် ​သိ​ပါ​လိမ့်​မယ်. ​ကျွန်​တော် ​သုံး​နေ​တဲ့ software ​ဆို​ရင်​တော့ ​အား​လုံး​ပဲ ​စိတ်​ချ​လက်​ချ​နဲ့ ​သုံး​ရဲ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. file size ​သေး​ရင် ​မ​သိ​သာ​ပေ​မယ့် size ​ကြီး​တွေ​ကို copy, paste ​လုပ်​တဲ့​အ​ခါ​မှာ​တော့ ​လုံး​ဝ​သိ​သာ​သွား​ပါ​လိမ့်​မယ်. ​ပြီး​တော့ ​နောက်​ပိုင်း ​ကျွန်​တော် tutorial movie ​တွေ ​တင်​ပေး​တဲ့​အ​ခါ​မှာ ​ဒီ software ​နဲ့ ​လုပ်​ပြ ​ကူး​ပြ​တာ​တွေ ​ပါ​လာ​ပါ​လိမ့်​မယ်. ​အဲ့​အ​ချိန်​ကျ​ရင် ​ဘယ်​လို​ကြီး​လဲ​ဟ ​လုပ်​ပြ​တာ​လို့ ​မ​ထင်​ရ​လေ ​အောင် ​ကြို​ပြီး​တော့ ​တင်​ပေး​လိုက်​တာ​ဖြစ်​ပါ​တယ်. ​ရှင်း​ပြ​တဲ့​အ​ချိန် ​အ​ရမ်း​ကြာ​သွား​ရင် ​ဆိုက်​ကြီး​သွား​မှာ​စိုး​လို့ ​အ​မြန်​ဆုံး ​ရှင်း​ပြ​ပြီး record ​လုပ်​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​တစ်​ခေါက်​နဲ့ ​မ​ရှင်း​ရင် ​နှစ်​ခေါက် ​ပြန်​ကြည့်​ပေး​ပါ. ​အ​ခု software ​က ​ထည့်​တတ်​တဲ့​သူ​နဲ့ ​မ​ထည့်​တတ်​တဲ့​သူ​အ​တွက် ​ခွဲ​ထား​တာ​ပါ. software ​က ​သတ်​သတ်၊ ​ရှင်း​ပြ​ချက် video ​ဖိုင်​က ​သတ်​သတ် ​ခွဲ​တင်​ထား​ပေး​ပါ​တယ်.
Tearcopy software ​အား Download ​လုပ်​ရန်
ifile.it | Mediafire | Mirrorcreator
လုပ်​နည်း​ရှင်း​ပြ​ထား​သည့် video ​နှင့် ​အ​သံ​ဖိုင်​အား Download ​လုပ်​ရန်
ifile.it | Mediafire | Mirrorcreator
26 February 2012
အင်​တာ​နက်​သုံး​တိုင်း adobe product ​အား​လုံး serial number ​ထပ်​ထပ်​တောင်း​နေ​တာ​ကို ​ဘယ်​လို block ​လုပ်​ရ​မ​လဲ
ကဲ​မေး​ထား​တဲ့​သူ​တွေ​က ​များ​နေ​တော့ ​ကျွန်​တော် ​ဖြေ​ပေး ​လိုက်​ပါ​တယ်. ​မေးလ်​နဲ့​မေး​ထား​တာ 8 ​ယောက်​နဲ့ chat box ​ထဲ​မှာ 2 ​ယောက် ​မေး​ထား​ပါ​တယ်. ​စု​စု​ပေါင်း 10 ​ယောက်​ပါ။ ​တစ်​ခြား​သူ​တွေ​လဲ ​မ​မေး​ပေ​မယ့် ​သိ​ချင်​နေ​ကြ ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​လုပ်​နည်း​ကို ​အ​သေး​စိတ် video ​ဖိုင်​နှင့် ​ရှင်း​ပြ​ထား​တာ ​ဖြစ်​တဲ့​အ​တွက်​ကြောင့် ​အား​လုံး ​အ​သေး​စိတ် ​နား​လည် ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်.
လုပ်​နည်း​က​တော့ ​လွယ်​ပါ​တယ်. C:/windows/system32/drivers/etc ​ထဲ​ကို​သွား​ပါ။
အ​ထဲ​မှာ "hosts" ​အ​မည်​နဲ့ ​ဖိုင်​ကို​ရှာ​ပါ။
ပြီး​တာ​နဲ့ ​အောက်​ဆုံး​ပေး​ထား​တဲ့ link ​တွေ​ကို ​အ​စား​ထိုး​ပြီး​ထပ်​ထည့်​ပေး​ရ​မှာ​ဖြစ်​ပါ​တယ်။
127.0.0.1 activate.adobe.com
127.0.0.1 practivate.adobe.com
127.0.0.1 adobeereg.com
127.0.0.1 www.adobeereg.com
127.0.0.1 adobe-dns.adobe.com
127.0.0.1 adobe-dns-2.adobe.com
127.0.0.1 wip3.adobe.com
127.0.0.1 125.252.224.90
127.0.0.1 125.252.224.91
ခု​ပြော​တာ​ကို ​ရှင်း​တဲ့​သူ​များ​အ​နေ​ဖြင့် ​ချက်​ချင်း​လုပ်​နိုင်​သ​လို ​နား​မ​လည်​သူ​များ၊ ​မ​ရှင်း​လင်း​သူ​များ၊ ​အ​မှား​တစ်​စုံ​တစ်​ရာ​ဖြစ်​မှာ ​စိုး​ရိမ်​သူ​များ​က​တော့ ​အောက်​က adobe indesign cs5.5 ​နဲ့ adobe photoshop cs6 ​နှစ်​ခု​ကို ​ဥ​ပ​မာ​ထား​ပြီး​တော့ ​အ​စ​က​နေ ​အ​ဆုံး​အ​ထိ ​အ​သံ​နဲ့​ပါ ​ရှင်း​ပြ​ထား​တဲ့ video ​ဖိုင်​ကို download ​လုပ်​ပြီး​ကြည့်​လိုက်​ပါ။ ​ရှင်း​ပြ​ထား​တာ​နဲ့ ​လုပ်​ပြ​ထား​တာ​ဟာ product ​နှစ်​ခု​ဖြစ်​တဲ့​အ​တွက် ​ဖိုင်​ဆိုက်​က​တော့ 52 MB ​လောက်​တော့ ​ရှိ​ပါ​တယ်။ ​အ​သေး​စိတ်​လုပ်​ပြ​ပြီး ​ဘာ့​ကြောင့် ​ထည့်​ရ​တယ်​ဆို​တာ​ကို​ပါ ​ရှင်း​ပြ​ထား​တဲ့​အ​တွက် ​သိ​ချင်​သူ​များ​က​တော့ ​အောက်​မှာ Download ​လုပ်​နိုင်​ပါ​တယ်။
မှတ်​ချက်။     ။ ​ညီ​နေ​မင်း ​အ​သံ​ကောင်း​သည်​ဆို​ပြီး ​အ​ဆို​တော်​လုပ်​ရန်​တော့ ​မ​တိုက်​တွန်း​ပါ​နဲ့. ​အ​ဆို​တော်​တွေ ​ကျွန်​တော့် ​အ​သံ​ကြား​ပြီး​တော့ ​စား​မ​ဝင်​အိပ်​မ​ပျော်​ဖြစ်​သွား​မှာ​စိုး​လို့​ပါ. ​ဟီး​ဟီး . ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်.
Mediafire
Part1 | Part2 | Part3 | Part4 | Part5 | Part6
Mirrorcreator
Part1 | Part2 | Part3 | Part4 | Part5 | Part6
လော့​ချ​ဖို့ folder lock 6.6.5 and serials
pyaezonehein@ : ​အ​ရင်​တစ်​ခါ Gtalk ​ကို​ဘယ်​လို​ဖွင့်​လို့​ရ​မယ်​ဆို​တာ​နဲ့​ပတ်​သက်​ပြီး​တော့ ​စာ​တစ်​စောင် ​ပို​ဖူး​ပါ​တယ်... ​အစ်​ကို​စာ​မ​ပြန်​ပါ.. ​အ​ခု​ဟာ​က​တော့ ​ကျ​နော် Folder Lock ​ကို​သုံး​ပြီး​တော့ ​လော့​ချ​လိုက်​တာ. ​ပြန်​ဖွင့် ​မ​ရ​တော့ ​လို့​အဲ​ဒါ ​ဘာ​လုပ်​ရ​မ​လဲ ​အစ်​ကို.. ​သုံး​လိုက်​တာ​က FolderLOCK.exe ​ပါ version 1.0.0.0 ​တဲ့ ​ဒေ​တာ​တွေ​က​အ​ရေး​ကြီး​တာ​တွေ​မို​လို့​ပါ....
ifile | Mediafire | Mirrorcreator