W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

21 July 2012

Motherboard ​တိုင်း​ကို ​ဝယ်​သင့်​သ​လား

ဒါ​က​တော့ ​ကျွန်​တော့်​ကို​မေး​ရင်​တော့ ​ဟင့်​အင်း ​မ​ဝယ်​သင့်​ဘူး​လို့​ပဲ ​ဖြေ​ရ​ပါ​လိမ့်​မယ်. ​ကျွန်​တော်​သာ motherboard ​တစ်​ချပ်​ဝယ် ​ဖြစ်​ခဲ့​ရင်​တော့ ​အဲ့ motherboard ​ကို Ram ​ဘယ်​လောက်​အ​ထိ ​အ​မြင့်​ဆုံး ​ဆိုက်​လို့​ရ​မ​လဲ​ဆို​တာ​ကို ​အ​ရင်​ဆုံး ​စာ​အုပ်​မှာ ​ဖတ်​ကြည့်​မိ​မှာ​ပါ။ ​ပြီး​တော့​မှ ​ကျန်​တဲ့ ​ဘယ်​အ​ပိုင်း​တွေ ​ပါ​သ​လဲ ​ဆို​တာ​ကို ​ဆက်​ကြည့်​မိ​မှာ​ပါ။ ​အဲ့​တော့ ​မေး​တဲ့​သူ​ကို​လည်း ​ကျွန်​တော် ​ဒီ​ပို့စ်​မှာ​ပဲ ​ဖြေ​ပေး​လိုက်​ပါ​တယ်။ ​ဘာ​လို့​လဲ​ဆို​ရင်​တော့ window ​တင်​နည်း​ကို ​ကျွန်​တော် capture ​ဖမ်း​တဲ့ card ​ဝယ်​ပြီး​တော့ ​ကျွန်​တော်​ပျူ​တာ ​နှစ်​လုံး​ချိတ်​ပြီး​တော့ ​အ​သေး​စိတ်​ရှင်း​ပြ​ပေး​ပါ့​မယ်။ window xp ​တင်​နည်း၊ window 7 ​တင်​နည်း၊ window 8 ​တင်​နည်း ၃ ​မျိုး​ပေါ့။ ​တစ်​ဆင့်​ချင်း​စီ​ကို video ​ဖိုင်​အ​နေ​နဲ့ ​ရှင်း​ပြ​ပေး​မှာ ​ဖြစ်​တဲ့​အ​တွက် ​အ​သေ​အ​ချာ​တော့ ​ဂ​ရု​တ​စိုက်​နား​ထောင်​ပေး​ဖို့ ​လို​အပ်​ပါ​တယ်။ ​နောက်​ပိုင်း video ​ဖိုင်​တွေ​နဲ့​ချည်း​ပဲ ​တင်​ပေး​ဖြစ်​မယ်​ထင်​ပါ​တယ်။ ​လုပ်​ပုံ​လုပ်​နည်း​တွေ​ကော​ပေါ့။ motherboard ​တစ်​ချပ်​ကို ​ဝယ်​မယ်​ဆို​ရင် ​ဆို​တဲ့ ​ခေါင်း​စဉ်​နဲ့ ​ကျွန်​တော်​သုံး​နေ​တဲ့ ASUS BOARD ​ကို ​ရွေး​ချယ်​ခဲ့​တာ​ကို ​ဥ​ပ​မာ​ထား​ပြီး video ​ဖိုင်​နဲ့ ​ရှင်း​ပြ​ပါ့​မယ်။ ​အ​ဓိ​က​သ​တိ​ထား​ရ​မှာ​က​တော့ ​များ​သော​အား​ဖြင့် Ram ​မှာ ​အ​မြင့်​ဆုံး 8 GB ​အ​ထိ​ပဲ ​စိုက်​လို့​ရ​တာ​များ​ပါ​တယ်။ ​ကို​က ​မြင့်​မြင့်​စိုက်​ချင်​ပေ​မယ့် ​သူ့​မှာ 8 GB ​အ​ထိ​ပဲ​လက်​ခံ​ရင် ​အဲ့​လောက်​ပဲ ​စိုက်​သုံး​သင့်​ပါ​တယ်။ ​ကျွန်​တော်​က​တော့ 16 GB ​အ​ထိ ​အ​မြင့်​ဆုံး​စိုက်​လို့​ရ​လို့ 8GB ​နှစ်​ချောင်း​စိုက်​ထား​ပါ​တယ်။ ​ဒါ​က​တစ်​ပိုင်း​ပါ။ ​နောက်​ထပ်​အ​ပိုင်း​က​တော့ ​မိ​မိ​အ​သုံး​ပြု​မည့် Drive ​နှင့် Hard disk ​အ​တွက် slot ​ဘယ်​နှစ်​ခု​ပါ​သ​လဲ၊ ​ဥ​ပ​မာ ​ကို့​မှာ​က IDE Hard disk ​တစ်​လုံး​ပါ​နေ​ခဲ့​ရင်​တော့ IDE slot ​ပါ​တဲ့ motherboard ​ကို ​ထပ်​ပြီး​တော့ ​ရွေး​ပေါ့။ ​ဒါ​ပေ​မယ့် Sata ​များ​များ​ပါ​ပြီး IDE ​မ​ပါ​လည်း IDE hard disk ​ကို sata ​ပြောင်း​တဲ့ converter card ​နဲ့ ​ပြန်​ပြောင်း​ပြီး ​သုံး​လဲ ​ရ​ပါ​တယ်။ ​ပြီး​တော့ ​ကို​က graphic card ​မ​ဝယ်​နိုင်​သေး​ရင်​တော့ onboard graphic card ​ပါ​တဲ့(speed ​ကို​ချိန်​ဆ​ပါ) board ​ကို​ရွေး​ဝယ်​ရ​ပါ​မယ်။ ​ပြီး​တော့ ​အဲ့ board ​ဟာ ​ဘယ် CPU ​အ​မျိုး​အ​စား​တွေ​ကို support ​လုပ်​နိုင်​သ​လဲ​ဆို​တာ​လဲ ​အ​ဓိ​က ​ကျ​ပါ​တယ်။ ​မိ​မိ​မှာ ​ရှိ​တဲ့ CPU ​ကို support ​မ​လုပ်​နိုင်​တဲ့ board ​မျိုး​ကို ​ဝယ်​မိ​ရင်​တော့ ​အ​ခက်​တွေ့​ရ​တတ်​ပါ​တယ်။ ​အဲ့​တော့ ​ကို့
(၁) CPU ​အ​မျိုး​အ​စား​က ​ဘာ​လဲ၊
(၂) ​သူ​က ​ဘယ် motherboard socket ​အ​မျိုး​အ​စား​မှာ ​သုံး​ရ​မှာ​လဲ၊
(၃) Ram ​က​ကော ​ဘယ်​လောက်​အ​ထိ ​ထပ်​မြှင့်​နိုင်​သ​လဲ။
(၄) ​ကို​ထည့်​မယ့် Drive ​အ​ရေ​အ​တွက်​နဲ့ board ​မှာ ​ပါ​တဲ့ slot ​ကိုက်​ရဲ့​လား၊ ​လို​နေ​သေး​သ​လား
(၅) Graphic card ​က​ကော ​ဘယ်​အ​မျိုး​အ​စား​တွေ​ကို ​တပ်​ဆင်​ရ​မှာ​လည်း။ ​မိ​မိ​မှာ​ရှိ​တဲ့ Graphic card ​နဲ့ ​ကိုက်​ညီ​ပါ့​မ​လား။

စ​တဲ့​အ​ချက်​တွေ​ကို ​အ​ရင်​ရွေး​ချယ်​ပြီး​မှ motherboard ​ကို ​ဝယ်​ရ​ပါ​တယ်။ ​နောက်​တော့ ​ကျွန်​တော် ​တစ်​ဆင့်​ချင်း​စီ​ကို ​ကွန်​ပျူ​တာ ​တစ်​လုံး​ဆင်​ပြီး​သည်​အ​ထိ ​အ​သေး​စိတ် ​ရှင်း​ပြ​သွား​ပါ့​မယ်။ ​အ​ခု​တော့ hardware ​ပိုင်း​နား​လည်​တဲ့​သူ​တစ်​ယောက် ​အ​တွက်​တော့ ​ကျွန်​တော်​ရှင်း​ပြ​တာ​ကို ​သ​ဘော​ပေါက်​လိမ့်​မယ်​လို့ ​မျှော်​လင့်​မိ​ပါ​တယ်။ ​ကျွန်​တော် software ​တွေ​ကို ​ပြန်​တင်​နေ​ပါ​တယ်။ ​အား​လုံး ​အ​ဆင်​ပြေ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​ဘယ်​သူ့​ကို​မှ ​ထိ​ခိုက်​လို​စိတ်​နဲ့ ​အ​ခု​အ​ချိန်​အ​ထိ ​ပြော​ခဲ့​တာ​မျိုး​မ​ရှိ​ခဲ့​ပါ​ဘူး။ ​ပြော​မိ​ခဲ့​ရင်​လည်း ​အား​လုံး​ကို​ပဲ ​တောင်း​ပန်​လိုက်​ပါ​တယ်။ ​ကျွန်​တော့်​အ​မေ ​ကျွန်​တော့်​ဘေး​နား​မှာ ​ရောက်​နေ​ပြီ ​ဖြစ်​တဲ့​အ​တွက် ​ကျွန်​တော့်​အ​တွက် ​ဘာ​မှ ​မ​လို​အပ်​တော့​လောက်​အောင် ​ပြည့်​စုံ​နေ​ပါ​ပြီ။ ​အ​ရင်​ရက်​တွေ​က ​ကျွန်​တော် ​ကွန်​ပျူ​တာ ​သုံး​မ​လို့ ​ထိုင်​ခုံ​ပေါ်​ထိုင်​တိုင်း ​ကျွန်​တော်​မ​အိပ်​သေး​လို့ ​ဘေး​နား​မှာ ​လာ​ပြီး ​သား​ကြီး ​အိပ်​တော့​လေ ​အိပ်​တော့​လေ​လို့ ​ပြော​နေ​တာ​နဲ့ ​အွန်​လိုင်း​ပေါ်​ကို ​မ​တက်​ဖြစ်​တာ​ပါ။ ​ဒီ​နေ့​တော့ ​ဘု​ရား​တွေ ​လိုက်​ပို့​လိုက်​လို့ ​ပင်​ပန်း​ပြီး ​အိပ်​နေ​ပါ​တယ်။ ​အဲ့​ဒါ​ကြောင့် online ​ထိုင်​ဖြစ်​တာ​ပါ။ ​ကိုယ်​ကိုယ်​တိုင် ​လူ​ကြီး​လူ​ကောင် ​ဖြစ်​ချင်​ရင် ​အ​ပေါ်​က ​တင်​ပေး​လိုက်​တဲ့ ​က​ဗျာ​လေး​ကို ​ဖတ်​ဖတ်​ပေး​ပါ။ ​အဲ့​လို​စိတ်​ဓါတ်​မျိုး​တွေ​ကို ​ဖယ်​ရှား​နိုင်​တဲ့​တစ်​နေ့​ကျ​ရင်​တော့ ​ကောင်း​မွန်​စွာ ​ဦး​ဆောင်​နိုင်​တဲ့ ​ခေါင်း​ဆောင်​တစ်​ယောက်​ဖြစ်​လာ​မှာ​ပါ။ ​သူ​များ​ကို ​မ​ပုတ်​ခတ်​ခင် ​မိ​မိ​ကိုယ်​ကိုယ် ​အ​ပြစ်​ကင်း​သ​လား၊ ​မ​ကင်း​ဘူး​လား၊ ​အ​ရင်​ဆုံး ​အ​ပြစ်​ရှာ​ပါ။ ​အ​ခု​ကျွန်​တော် ​ကြည့်​ကြည့်​နေ​ပါ​တယ်။ ​သိမ်​မွေ့​ပါ​တယ် ​သီး​ခံ​ခြင်း​တ​ရား​နှင့်​ပြည့်​စုံ​တဲ့ ​ဗ​မာ​လူ​မျိုး​တွေ​ချည်း​ပဲ ​ရိုင်း​ပြ​တဲ့ ​စ​ကား​လုံး​တွေ​နဲ့ ​နေ​ရာ​တော်​တော်​များ​များ​မှာ ​ဆဲ​ဆို၊ ​ပြော​ဆို​နေ​တာ ​တွေ့​ရ​ပါ​တယ်။ ​တ​ရား​သူ​ကြီး ​တစ်​ယောက်​ဟာ ​ဥ​ပ​ဒေ​အ​ကြောင်း​ကို ​နား​လည်​ရင် ​လက်​တစ်​လုံး​ခြား ​ဥ​ပ​ဒေ​ကို ​လိမ်​လို့​ရ​သ​လို​ပဲ။ ​ကို့​ဘေး​နား​ကို​ပဲ​ကြည့် ​ဖုတ်​လိုက် ​ဖုတ်​လိုက်​နဲ့ ​သေ​သေ​သွား​ကြ​တာ ​ဘယ်​နှစ်​ယောက်​ရှိ​ပြီ​လဲ။ ​ကို​က​ကော ​နံ​ပါတ်​စဉ်​ဘယ်​လောက်​လဲ​ဆို​တာ​ကို ​သ​တိ​ဝင်​လိုက်​ပါ။ ​ဆ​ရာ​တွေ​ဟာ ​ဆ​ရာ​အ​လုပ်​လုပ်​သ​လို၊ ​ပ​ညာ​တတ်​တို့​မည်​သည်​လည်း ​ပ​ညာ​တတ်​ရဲ့ ​ပုံ​စံ​အ​တိုင်း ​နေ​ထိုင်​ကြ​ရ​ပါ​တယ်။ ​ပ​ညာ​သင်​ယူ​ပြီး ​ကျောင်း​ပြီး​တိုင်း ​ပ​ညာ​တတ်​တစ်​ယောက် ​မ​ဟုတ်​ပါ​ဘူး။ ​ပ​ညာ​သင်​ယူ​ပြီး ​ရိုင်း​စိုင်း​တဲ့​အ​ကျင့်​ရှိ​ပြီး ​မိ​ဘ​ကို ​မိ​ဘ​မှန်း​မ​သိ​ရင် ​အဲ့​လူ​ဟာ ​ပ​ညာ​တတ်​မ​မည်​ပါ​ဘူး။ ​သူ​များ​ကို ​လက်​ညိုး​ထိုး​ရင် ​ကို့​ဖက်​မှာ ​လက်​သုံး​ချောင်း ​အ​လို​လို ​ထိုး​နေ​ပြီး​သား​ဆို​တာ ​သ​တိ​ချပ်​ပါ။ ​မှား​တယ်​ထင်​ရင် ​ပြင်၊ ​မှန်​တယ်​ထင်​ရင် ​ဆက်​လုပ်​ပေါ့။ ​ကျွန်​တော် ​အ​ခု MAC O/S ​နဲ့ ​ပတ်​သက်​ပြီး software ​များ​နှင့် ​ဖုန်း​နှင့်​ပတ်​သက်​သည်​များ​ကို​ပါ ​တင်​ပေး​သွား​ပါ့​မယ်။ ​တစ်​ချို့​ရှိ​ပါ​တယ်။ ​တစ်​ခြား​နိုင်​ငံ​တွေ​တောင်​မှ ​အ​များ​သူ​ငှာ ​ဝယ်​မ​သုံး​နိုင်​တာ​ကို share ​လုပ်​နေ​ကြ၊ ​တင်​ပေး​နေ​ကြ​တာ ​အင်​တာ​နက်​မှာ ​တစ်​ပုံ​တစ်​ပင်​ပါ။ ​အ​ပျော်​သ​ဘော​ရေး​နေ​ကြ​တာ ​ရှား​ပါ​တယ်။ ​ကျွန်​တော်​တို့​က ​ကွန်​ပျူ​တာ​ကို ​ကိုင်​တာ ​လူ​ဦး​ရေ​နဲ့ ​ချိန်​ကြည့်​ရင် ​လက်​ချိုး​ပြီး​ရေ​ဆို​ရင် ​ခ​ဏ​လေး​နဲ့ ​ပြည့်​သွား​မှာ​ပါ။ ​မ​ယုံ​ရင် ​ကို့​အိမ်​ရဲ့ ​ရှေ့၊ ​နောက်၊ ​တောင်၊ ​မြောက် ​စ​တဲ့​အ​ရပ်​တွေ​မှာ ​ကို​သုံး​နိုင်​သ​လို ​တစ်​ခြား​သူ​တွေ​ကော ​ကွန်​ပျူ​တာ ​သုံး​နိုင်​သ​လား ​ပြန်​ကြည့်​ပါ။ ​အဲ့​လို ​လူ​နည်း​စု​ပဲ ​သုံး​နိုင်​သေး​တဲ့ ​နိုင်​ငံ​မှာ software ​တွေ​ကို ​အ​မြင်​ကျယ်​အောင်၊ ​သုံး​တတ်​အောင်၊ ​ခေတ်​နဲ့​အ​ညီ ​လွယ်​ကူ​လာ​တဲ့ ​နည်း​ပ​ညာ​တွေ​ကို software ​အ​ဖြစ်​ဖန်​တီး​ပြီး ​ရ​ယူ​နိုင်​အောင်​လို့ software ​တွေ share ​ပေး​တာ​ဟာ ​အ​ပြစ်​လား၊ ​လက်​ညိုး​ထိုး​စ​ရာ​လား။ ​ကျွန်​တော့်​ဝဘ်​ဆိုက်​တောင် ​နိုင်​ငံ​ရေး​ဝေ​လာ​ဝေး​လို့ ​ဘာ​မှန်း​တောင် ​မ​သိ​တဲ့​သူ​ရဲ့ ​ဝဘ်​ဆိုက်​ကို​တောင်​မှ ​မြန်​မာ​ပြည်​က MPT ​နဲ့ Bagan ​က​နေ ​ပိတ်​ပါ​သေး​တယ်။ ​ဘာ​လို့ ​ပိတ်​တာ​လည်း ​ဆို​တာ​တော့ ​ပိတ်​တဲ့​သူ​တွေ​ပဲ ​သိ​ပါ​လိမ့်​မယ်။ ​လက်​ချိုး​ရေ​လို့​ရ​တဲ့ ​နည်း​ပ​ညာ ​ဆိုက်​တွေ​ကို ​လမ်း​ညွှန်​မ​ပေး​တဲ့​အ​ပြင် ​လိုက်​ပိတ်​နေ​တာ​တွေ​ဟာ ​မျက်​စိ​ကို ​ပိတ်​နား​ကို​ပိတ်​တာ​နဲ့ ​အ​တူ​တူ​ပါ​ပဲ။ ​အဲ​ဒါ​ပေ​မယ့် ​မ​ဟုတ်​မ​ဟတ်​တွေ၊ sex ​နဲ့ ​ပတ်​သက်​တဲ့ ​ဆိုက်​တွေ​ကို​တော့ ​ကျွန်​တော့်​ဝဘ်​ဆိုက်​ကို ​ပိတ်​ခဲ့​စဉ်​တုန်း​က ​ဖွင့်​ပေး​နေ​တာ ​တွေ့​ရ​ပါ​တယ်။ ​ဒါ​တွေ​ဟာ ​လုပ်​ကိုင်​ခွင့်​ဆို​တာ​ကို ​ငါ​လုပ်​ချင်​တာ ​လုပ်​လို့​ရ​တာ​ပဲ ​ငါ့​လက်​ထဲ​မှာ​ပဲ​ဆို​ပြီး ​မိ​မိ​ရဲ့ ​ရ​လာ​တဲ့ ​လုပ်​ကိုင်​ခွင့်​ကို ​အ​လွဲ​သုံး​စား​လုပ်​တာ​နဲ့ ​အ​တူ​တူ​ပါ​ပဲ။ ​အ​ခု​အ​ချိန်​ဘာ​ပဲ​ဖြစ်​ဖြစ်၊ ​ဘယ်​သူ​က ​လက်​ညိုး​ထိုး​ထိုး၊ ​ကျွန်​တော်​က​တော့ ​ဆက်​ရေး ​ဆက်​လုပ်​နေ​ဦး​မှာ​ပါ​ပဲ။ ​တစ်​နေ့​နေ့ ​တစ်​ချိန်​ချိန်​အ​ထိ​ပေါ့​လေ။ ​တစ်​ချို့​တွေ​ရှိ​ပါ​တယ်။ ​သူ​များ​ရေး​ထား​ပြီး​သား program ​တစ်​ခု​ကို ​ဟို​ဟာ​ပြင် ​ဒီ​ဟာ​ပြင်​နဲ့ ​ကို့​နာ​မည် software ​တတ်​ပြီး​တော့ ​လုပ်​ထား​ပါ​သေး​တယ်။ ​မ​သိ​တဲ့​သူ​များ​အ​တွက်​က​တော့ ​အ​ထင်​ကြီး​စ​ရာ​ပါ​ပဲ။ ​ကျွန်​တော်​က​တော့ ​အ​ထင်​မ​ကြီး​တာ ​အ​မှန်​ပါ။ ​အ​ခု​ကျွန်​တော်​လုပ်​ထား​တဲ့​ဆိုက်​မှာ ​သူ​များ​တွေ share ​ပေး​ထား​တဲ့ ​ဖိုင်​တွေ​ကို ​ပြန်​ပြီး​လက်​ဆင့်​ကမ်း share ​ပေး​တာ​သည်။ ​မေး​ထား​တာ​ကို ​ပြန်​ဖြေ​ပေး​ပြန်​တော့​လည်း ​အ​မေး​အ​ဖြေ​က​ဏ္ဍ​ကို​ကြည့်​ပြီး ​မင်း​က​ဆ​ရာ​ကြီး​လား​ဆို​တဲ့​သူ​က ​ရှိ​ပါ​သေး​တယ်။ ​ကျွန်​တော်​သိ​တဲ့ ​အ​သိ​ကို ​တစ်​ခြား​သူ​တွေ​ကို​ပါ ​သိ​စေ​ချင်​လို့ ​ဝေ​ငှေ​ပး​နေ​တာ၊ ​ပြော​ပြ​ပေး​နေ​တာ၊ ​ရှင်း​ပြ​ပေး​နေ​တာ​လောက်​ပါ​ပဲ။ ​အ​င်္ဂ​လိပ်​စာ​လိုက်​နိုင်​တဲ့​သူ၊ ​အင်​တာ​နက်​ကို ​ရှာ​ဖွေ​နိုင်​တဲ့​သူ​တွေ၊ ​အင်​တာ​နက်​ဘဏ်​အ​ကောင့် ​ရှိ​သူ​တွေ​အ​တွက် ​ကျွန်​တော့်​ရဲ့ software share ​ပေး​တာ​သည် ​ဟာ​သ​ဖြစ်​နိုင်​ပေ​မယ့်။ ​ဝယ်​ချင်​တဲ့ software ​ဝယ်​လို့​မ​ရ၊ ​ရှာ​လို့​မ​ရ၊ ​သင်​တန်း​မ​တက်​နိုင်​တဲ့​သူ​အ​တွက်​တော့ ​ဆေး​ကောင်း​တစ်​လက် ​ဖြစ်​နိုင်​တယ်​ဆို​ရင် ​ကျွန်​တော့်​ကို ​လက်​ဆယ်​ချောင်း​ထိုး​နေ​လဲ ​အဲ့​လက်​ညိုး​ထိုး​လို့ ​ညောင်း​ပြီး​အောက်​ချ​သွား​လည်း​ပဲ ​ကျွန်​တော်​က​တော့ ​ဆက်​ရေး​နေ၊ ​ဆက်​ပြော​ပြ​နေ​ဦး​မှာ​ပါ​ပဲ။ ​ကိုယ်​ပိုင် ​ဝဘ်​ဆိုက်​ဖြစ်​တဲ့​အ​ပြင် ​ကို​တစ်​ယောက်​တည်း ​ရေး​နေ​တဲ့​အ​တွက် ​ပြော​တဲ့​သူ​တွေ ​ပြော​ကြ​ပါ​စေ ​ဒီ​ဖက်​က​နား​က​ဝင်​ရင် ​ဟို​ဖက်​က ​နား​က ​အ​လို​လို ​ထွက်​သွား​ပါ​လိမ့်​မယ်။ ​ပြော​တဲ့​ပါး​စပ် ​လေ​ကုန်​ရင် ​ရပ်​သွား​ပါ​လိမ့်​မယ်။ ​ပါး​စပ်​ရှိ​လို့​ပြော​တယ်၊ ​ကျွန်​တော်​က ​မျက်​စိ​ရှိ​လို့​မြင်​တယ်၊ ​နား​ရှိ​လို့​ကြား​တယ်။ ​အ​ဖြေ​က​တော့ ​ဒါ​ပါ​ပဲ။ ​အ​ချိန်​တန်​ရင်​ရပ်​သွား​မှာ​ပါ​ပဲ။ ​ချီး​မွမ်း ​ခု​နှစ်​ရက်၊ ​ကဲ့​ရဲ့ ​ခု​နှစ်​ရက်​ပါ။ ​ကို​ကြိုး​စား​မှ ​ရ​သ​လို​ပဲ၊ ​ကို​အ​လုပ်​လုပ်​မှ ​ပိုက်​ဆံ​ရ​မှာ​ပါ။ ​ဘယ်​သူ​ဆီ​က ​ထောက်​ပံ့​ငွေ​နဲ့​မှ ​အ​သက်​ရှင်​နေ​တာ ​မ​ဟုတ်​ပါ​ဘူး။ ​လက်​နှစ်​ဖက်​နဲ့​လုပ်​လို့​ရ​တဲ့ ​သူ​များ​ကြေ​ကြေ​နပ်​နပ်​နဲ့​ပေး​တဲ့ ​ပိုက်​ဆံ​နဲ့ ​စား​နေ​တာ​ဖြစ်​တဲ့​အ​တွက် ​ကျွန်​တော့်​ဖက်​က​တော့ ​ရှင်း​ပါ​တယ်။ I Don't Care ​ပါ​ပဲ။ ​လူ​တိုင်း​ကို ​အ​ထင်​သေး​လို့​မ​ရ​သ​လို၊ ​အ​ထင်​လည်း​မ​ကြီး​ပါ​နဲ့။ ​ကျွန်​တော့်​ဟာ​လည်း ​ဆ​ရာ​ကြီး​မ​ဟုတ်​ပါ​ဘူး။ ​အား​လုံး​ကို ​လမ်း​မှန်​လေး​နည်း​နည်း​လေး ​တည့်​သွား​အောင် ​ဖေး​မ​ပေး​တဲ့​သ​ဘော​နဲ့ ​ရှေ့​က​နေ ​လျှောက်​တာ​ပါ။ ​မှန်​တယ်​ထင်​တဲ့​သူ ​ဆက်​လိုက်​ပြီး။ ​လမ်း​မှား​နေ​ရင် ​ကျန်​ရစ်​ခဲ့​လို့​ရ​ပါ​တယ်။ ​အ​ခု​ဒီ​ဆိုက်​ကို Forum ​သ​ဘော​မျိုး​လုပ်​ပစ်​လို့​ရ​ပေ​မယ့်။ ​လူ​ပေါင်း​စုံ​ရဲ့ ​စိတ်​ကို ​မ​သိ​တဲ့​အ​တွက်​ကြောင့်။ ​အ​ချိန်​တိုင်း​လိုက်​ပြီး ​လုံ​ခြုံ​ရေး ​ကင်း​မ​လှည့်​နိုင်​တာ​ကြောင့် ​တစ်​ယောက်​တည်း​ပဲ ​ရေး​တဲ့ ​ခု​လို​ဆိုက်​မျိုး​ကို ​ရေး​ဖြစ်​လိုက်​တာ​ပါ။


အား​လုံး​ကို ​ခင်​မင်​လေး​စား​လျှက်
ညီ​နေ​မင်း

(Software ​များ​အား​လုံး​ကို ​ပြန်​တင်​ပေး​နေ​ပါ​သည်) ​အ​သစ်(​အ​သစ်)​များ​ဖြင့် ​ပြန်​စ​ကြ​တာ​ပေါ့​ဗျာ။ ​မ​ဟုတ်​ဘူး​လား။)

Password ​ထည့်​ရ​ခြင်း​နှင့် Download ​ဖိုင်​နာ​မည်​အား ​နာ​မည်​မှန်​မ​ပေး​ခြင်း​နှင့်​ပတ်​သက်​၍

ကဲ ​ဒီ​ကိ​စ္စ​ကို​ပြော​ရ​အောင်​ဗျာ. ​ကျွန်​တော် ​ဒီ​အ​ကြောင်း​ကို ​ပြော​တယ်. ​ပို့စ်​ကို​လည်း ​ထိပ်​ဆုံး​မှာ ​တင်​ထား​ပေး​တယ်. Download ​လုပ်​မည့်​သူ​များ ​မ​ဖြစ်​မ​နေ​ဖတ်​ပေး​ပါ ​ဆို​တဲ့​ခေါင်း​စဉ်​ကို ​မ​မြင်​ကြ​တာ​က​တော့ ​ကျွန်​တော်​လည်း ​မ​တတ်​နိုင်​ပါ​ဘူး။ ​ကျွန်​တော့်​ဖက်​က ​အဲ့​လို password ​မ​ခံ​ဘဲ (​သို့) software ​နာ​မည်​နှင့် version ​ကို​သာ ​ထည့်​ထည့်​ပြီး ​တင်​နေ​ရင် ​အ​ခု mediafire account ​နှင့်​တင်​ထား​သ​မျှ ​ဖိုင်​များ​ကို ​ဖျက်​ပစ်​ယုံ​တင်​မ​က​ဘူး။ ​အ​ကောင့်​ကို​ပါ ​ပိတ်​ပစ်​တဲ့​အ​ထိ ​ဒု​တိ​ယ​အ​ကြိမ် ​ဖြစ်​လာ​ဦး​မှာ​ပါ။ ​အဲ့​လို ​ဖြစ်​လာ​မယ်​ဆို​တာ​ကို​လည်း ​ကြို​သိ​လို့ ​ပို့စ်​တင်​ပါ​တယ်။ ​ဒါ​ကို ​ဘာ​မှ​မ​ဆိုင်​ဘူး​ပြော​တဲ့​သူ​က​ပြော၊ ​အ​ခု​ဆို​ရင် ​အ​ထာ​ကိုင်​တယ် ​လို့​ဆို​တဲ့​သူ​က​ဆို​နဲ့ ​အ​မျိုး​မျိုး​ပြော​ကြ​ပါ​တယ်။ ​ကျွန်​တော့် ​မေးလ်​လိပ်​စာ​ဟာ ​ကျွန်​တော့်​ရဲ့ password ​ပါ​ပဲ။

လျှို့​ဝှက်​နံ​ပါတ် ​တောင်း​သ​မျှ​ကို >>>>> konyinaymin@gmail.com <<<<<<
ရှာ​တဲ့​သူ​က ​ရှာ​ပေး​ပြီး virus ​ဟုတ်​မ​ဟုတ် ​သေ​ချာ​စစ်​ပြီး​မှ ​အ​ပင်​ပန်း​ခံ ​တင်​ပေး​တာ​တောင်​မှ ​ဒီ password ​လေး ​ရိုက်​ထည့်​ဖို့​တောင်​မှ ​ဝန်​လေး​နေ​ရင်​လည်း ​မ​ဒေါင်း​တာ​က ​ပို​ကောင်း​ပါ​တယ်။ ​ဒါ​ကျွန်​တော် ​ပြတ်​ပြတ်​ပြော​တာ​ပါ။ ​ကျွန်​တော်​က​တော့ ​ကျွန်​တော်​တင်​တဲ့​ဖိုင် ​အ​ဖျက်​မ​ခံ​ရ​အောင် ​နည်း​အ​မျိုး​မျိုး​နဲ့ cover ​လုပ်​ကြည့်​မှာ​ပါ​ပဲ။ ​လို​ချင်​တာ​ပဲ ​သိ​လို့​မ​ရ​ပါ​ဘူး။ ​အဲ့​ဆိုက်​မှာ ​ဘာ​တွေ ​ပြု​ပြင်​ထား​သ​လဲ။ ​လက်​ရှိ​လက်​တ​လော​အ​ခြေ​အ​နေ ​ဘယ်​လို​ရှိ​သ​လဲ ​နည်း​နည်း​ပါး​ပါး ​တီး​ခေါင်း​ကြည့်​ပါ​ဦး။ www.mediafire.com ​ဘာ​တွေ​ပြောင်း​လဲ​နေ​ပြီ​လဲ။ ​ဘာ​လို့ ​တင်​ထား​သ​မျှ ​လင့်​တွေ(​တစ်​ခြား​သူ​တွေ​တင်​ထား​သ​မျှေ​တွ​ပါ ​အ​ပါ​အ​ဝင်) ​အ​ဖျက်​ခံ​ရ​တာ​တွေ​ဟာ ​ဘာ​လို့​လဲ။ ​သူ့​ဆိုက်​မှာ ​စည်း​မျဉ်း​စည်း​ကမ်း​တွေ​ဘာ​တွေ ​ထပ်​တိုး​ထား​သ​လဲ။ www.ifile.it ​က​ကော ​ဘာ​ဖြစ်​လို့ ​အဲ့​နာ​မည်​မ​ရှိ​တော့​တာ​လဲ။ ​အဲ့​နာ​မည်​အ​စား ​နောက်​ထပ် ​နာ​မည်​အ​သစ်​တစ်​ခု ​ကို​ထပ်​ဝယ်​ပြီး​တော့ free user ​များ​တင်​ထား​တာ​တွေ ​မှန်​သ​မျှ​ကို ​ဖျက်​ပစ်​ပြီး​တော့ premium member ​တွေ ​တင်​ထား​တာ​တွေ​ကို​သာ backup ​ပြန်​ပြီး​တော့ ​လုပ်​ပေး​ထား​ပါ​တယ်။ ​ဒီ​ဒု​က္ခ​တွေ​ကို ​သိ​ပါ​သ​လား။ ​ဘာ​တွေ​ဖြစ်​နေ​သ​လဲ​ကော ​လိုက်​ဖတ်​ကြည့်​ဖူး​လား။ ​ကိုယ့်​ကိုယ်​ကိုယ်​မေး​ပေး​ပါ။ ​ကျွန်​တော့်​ကို​ချည်း​အ​ပစ်​တင်​နေ​မယ့်​အ​စား ​အင်​တာ​နက်​မှာ ​ဘာ​တွေ​ပြောင်း​လဲ​နေ​သ​လဲ ​ဆို​တာ​ကို ​ကိုယ်​ကိုယ်​တိုင် ​သွား​ဖတ်​ကြည့်​တာ ​ပို​ကောင်း​ပါ​တယ်။ ​ကျွန်​တော်​ဒီ​လောက်​ပဲ ​ပြော​ချင်​ပါ​တယ်​ဗျာ။ ​စ​ကား​ပြော​တာ ​နည်း​နည်း​ရိုင်း​သ​လို ​ဖြစ်​သွား​ရင်​တော့ ​တောင်း​ပန်​ပါ​တယ်​လို့​ပဲ ​ပြော​ပါ​ရ​စေ။ ​တစ်​ခု​တည်း​ပဲ​ပြော​ချင်​ပါ​တယ်။ ၃ ​နှစ်​တိုင်​တိုင် ​တင်​ပေး​ထား​တဲ့ mediafire account ​နဲ့ ifile account ​နှစ်​ခု​စ​လုံး ​အ​ပြောင်း​အ​လဲ​တွေ​ကြောင့် ​အ​ဖျက်​ခံ​လိုက်​ရ​ပါ​တယ်။ ​အဲ့​အ​တွက် ​အား​လုံး​ကို ​ပြန်​တင်​ပေး​ရ​မယ့် ​အ​ခြေ​အ​နေ​အ​ထိ ​ရှိ​ပါ​တယ်။ ​ကျွန်​တော် ​စဉ်း​စား​ထား​ပါ​တယ်။ version ​အ​ဟောင်း​တွေ​ကို ​ပြန်​ပြီး link ​တွေ​ပြင်​နေ​မယ့်​အ​စား version ​အ​သစ်​တွေ​ကို ​တင်​ပေး​သွား​ဖို့​ပါ​ပဲ။ ​ပြီး​တော့ ​ကို​တင်​ထား​တဲ့ ​ဖိုင်​ကို ​တတ်​နိုင်​ရင် premium account ​နဲ့ ​တင်​ဖို့​အ​ထိ​ကို ​ဆုံး​ဖြတ်​ထား​ပါ​တယ်။ ​ကျွန်​တော့်​ဖက်​က ​လုပ်​သင့်​လုပ်​ထိုက်​တယ်​ထင်​ရင် ​လုပ်​ပေး​သွား​မှာ​ပါ​ပဲ။ ​ပြောင်း​လဲ​မှု့​ကြောင့် ​ဖိုင်​တင်​တဲ့​အ​ခါ​မှာ​လည်း ​သူ့​ပြောင်း​လဲ​တာ​ကို ​လိုက်​ပြီး ​ဘာ့​ကြောင့်​လဲ​ဆို​တဲ့​အ​ဖြေ​ကို​ရှာ​ပြီး ​နောက်​ထပ်​မ​ဖြစ်​အောင် password ​နဲ့​တင်​ရ​ပါ​တယ်. ​မ​ဟုတ်​ရင် ​တင်​ထား​တဲ့ ​ဖိုင်​ကို​ဒေါင်း​ပြီး software ​ဟုတ်​မ​ဟုတ် ​စစ်​မှာ​ပါ။ ​များ​သော​အား​ဖြင့် ​အဲ့​ဖိုင်​ကို ​တင်​ထား​တာ ​ဘယ်​ဆိုက်​မှာ​ဆို​တာ ​သူ​တို့​တန်း​သိ​ပါ​တယ်။ ​အဲ့​တော့ ​ပ​ထ​မ​ဦး​ဆုံး ​သူ​တို့​စမ်း​မှာ​က ​ဆိုက်​ရဲ့​လိပ်​စာ​ပါ။ ​အဲ့​ဒါ​ကြောင့် ​ဆိုက်​လိပ်​စာ​မ​ထည့်​ဘဲ ​ကျွန်​တော့်​ရဲ့ ​မေးလ်​လိပ်​စာ​ကို ​ထည့်​လိုက်​တာ​ပါ။ ​ဒါ​လေး​တောင် ​မ​ရိုက်​နိုင်​ရင်​လည်း ​ကျွန်​တော်​လည်း ​မ​တတ်​နိုင်​ပါ​ဘူး။ password ​က​တော့ ​ခံ​ထား​မြဲ​ခံ​ထား​ရ​မှာ​ပါ​ပဲ။ ​ဘာ​လို့​လဲ​ဆို​တာ Download ​လုပ်​တဲ့​ဖိုင်​ထဲ​မှာ ​မြန်​မာ​လို ​ရေး​ပေး​ထား​ပါ​တယ်။ ​ကို​လို​ချင်​တဲ့​ဖိုင်​ရ​ရင်​ပြီး​ရော ​ဖတ်​ပေး​ပါ​ဆို​တဲ့​ဖိုင်​က ​မ​လို​ပါ​ဘူး​ကွာ​လို့ ​ဆို​ပြီး ​ဖျက်​ပစ်​ရင်​တော့ ​ဘာ​ဖြစ်​လို့ password ​ခံ​ထား​သ​လဲ​ဆို​တာ​ကို ​သိ​မှာ​မ​ဟုတ်​ပါ​ဘူး။ ​အ​ခြေ​အ​နေ​နဲ့ ​အ​ချိန်​အ​ခါ​ဆို​တာ ​ရှိ​ပါ​တယ်။

ကျွန်​တော်​က​ဗျာ​လေး ​တစ်​ပုဒ် ​ရေး​ပေး​ပါ့​မယ်။

ဂ​ဏာန်း၊ ​ပု​သင်
ဝါး​ပင်၊ ​လိပ်​မျိုး
နွား​သိုး၊ ​မြေ​ခွေး
ဤ(6)​ရေး၊ ​ကြီး​သူ​မ​ဖြစ်​ထိုက်။

အဲ့ ​အ​ဓိ​ပ္နါယ်​ကို ​ဘာ​ကို​ဆို​လို​တယ်​ဆို​တာ​က​တော့ ​ကိုယ့်​ဟာ​ကို ​စဉ်း​စား​ပေး​စေ​ချင်​ပါ​တယ်။ ​အဲ့​က​ဗျာ​ထဲ​က​လို​ပါ​ပဲ။ ​ကိုယ့်​ကိုယ်​ကိုယ် ​အ​ရင်​တည့်​မတ်​ပါ။ ​ဂ​ဏာန်း​လို​လည်း ​ကန့်​လန့်​မ​သွား​ပါ​နဲ့၊ ​ပုတ်​သင်​ညို​လို​လည်း ​ဘာ​ပြော​ပြော ​အင်း​ချည်း​ပဲ ​ခေါင်း​မ​ညိမ့်​ပါ​နဲ့၊ ​ဝါး​ပင်​လို​လည်း ​ဟို​လူ​က​ပြော​ရင် ​ဟို​လူ့​ဖက်​ကို​လိုက်​လိုက်၊ ​ဒီ​လူ​ပြော​ရင်​လည်း ​ဒီ​ဖက်​ကို​ယိမ်း​လိုက် ​မ​လုပ်​မိ​ပါ​စေ​နဲ့၊ ​လိပ်​တစ်​ကောင်​လို​လည်း ​ကို့​ဖက်​ကို​ချည်း ​မ​ယက်​မိ​ပါ​စေ​နဲ့၊ ​နွား​သိုး​တစ်​ကောင်​ကို​လည်း ​တ​ဇွတ်​ထိုး ​ဘာ​မှ​မ​စဉ်း​စား​ဘဲ ​ဇွတ်​မ​မိုက်​ပါ​နဲ့၊ ​မြေ​ခွေး​လို​လဲ ​ဒီ​ဟာ​ကို ​ရ​မှ​ဖြစ်​မယ်​ဆို​ပြီး ​စဉ်း​စား​ဥာဏ်​နှင့်​ချင့်​ချိန်​မှု့​မ​ရှိ​ဘဲ​နဲ့ ​သေ​သေ၊ ​ရှင်​ရှင် ​ဆို​ပြီး ​မိုက်​လုံး ​မ​ကြီး​မိ​ပါ​စေ​နဲ့ ​ပြော​ချင်​တာ​က​တော့ ​အဲ့​ခြောက်​မျိုး​ထဲ​မှာ ​ပါ​နေ​တဲ့​သူ​သည် ​ကြီး​တဲ့​သူ ​တစ်​နည်း​အား​ဖြင့် ​အ​များ​ကို ​ဦး​ဆောင်​နိုင်​တဲ့​သူ ​မ​ဖြစ်​ထိုက်​တဲ့​သူ​တွေ​ပါ​ပဲ။ ​အဲ့​ဒီ့​အ​ထဲ​မှာ ​ကို​မ​ပါ​မိ​ပါ​စေ​နဲ့​လို့ ​ကျွန်​တော် ​ဆု​တောင်း​လိုက်​ပါ​တယ်။

က​ဗျာ​ရဲ့ ​ဆို​လို​ရင်း​ကို ​သ​ဘော​ပေါက်​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

အား​လုံး​ကို ​ခင်​မင်​လေး​စား​လျှက်
ညီ​နေ​မင်း