ကျနော် သင်ခန်းစာတွေကို အရင်တုန်းက ဆက်တိုက် တင်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီ့ကတည်း ကနေ ပြတ်သွားတာ ခုချိန်ထိပါပဲ။ အခု ကျနော် နောက်ထပ် ထပ်တင်ရမည့် video သင်ခန်းစာပေါင်း 100 ကျော်လောက် ဖြစ်မယ်ထင်ပါတယ်။ အဲ့တော့ ညီ/ညီမ များဖက်ကနေ အချိန်အတိုင်းအတာ တစ်ခုပဲ ပေးဖို့လိုပါတယ်။ ကျနော် ဖေ့ဘုတ်မှာ မပြတ်တင်ပေးနေပါတယ် ဆိုတာကို သိစေချင်တာပါ။ video ကို ကြည့်ဖို့ internet speed သိပ်မကောင်းတဲ့ သူများအတွက်တော့ ကျနော် Download လုပ်လို့ရအောင် mediafire ကနေ တင်ပေးနေပါတယ်။ တစ်ချို့ အပိုင်းလေးတွေက ရှင်းတော့ ရှင်းပြလိုက်တယ် ဒါပေမယ့် သိစေချင်လို့ ရှင်းပြလိုက်ပေမယ့် သိထားရင် ရပြီဆိုတာမျိုးလည်း ရှိပါတယ်။ သိတော့သိတယ် သိပ်မသုံးဖြစ်တဲ့ tools တွေလည်းပဲ ပါဝင်မှာ ဖြစ်ပါတယ်။ အားလုံးပဲ ရွှင်လမ်းချမ်းမြေ့ ကြပါစေ။ video သင်ခန်းစာတွေက အမည်နဲ့ ပေးထားတာဆိုတော့ နည်းနည်းတော့ အစီတကျ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Facebook page = https://www.facebook.com/NyiNayMinIT
Upload By Nyi Nay Min
Tutorial class place = Mahachai, Thailand
သင်တန်းကြာမြင့်ချိန် = ၃ လ
အဆိုပါ သင်ခန်းစာများကို ကိုယ်တိုင် လေ့လာလျှင်ဖြစ်စေ တစ်ခြားသူများကို ပြန်လည်ဝေငှလျှင် ဖြစ်စေ လွတ်လပ်စွာ အသုံးပြုနိုင်ပါတယ်။ သင်ခန်းစာထဲတွင် ပါဝင်သော အချက်အလက်များကို ပြန်လည် ရှင်းပြရန်နှင့် စာအုပ်ထုတ်ရန်အတွက် အချိန်အတော် ကြာမြင့်မည် ဖြစ်သဖြင့် နောက်ထပ်ထွက်လာမည့် စာအုပ်များကို စောင့်မျှော် ဖတ်ရှု့ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ဖေ့ဘုတ် စာမျက်နှာက video ဖိုင် များဟာ အကျိုးအများကြီး မဖြစ်တောင် ညီ/ညီမများ ကွန်ပျူတာအသုံးပြုနိုင်ဖို့အတွက် လွယ်ကူအကျိုးရှိ မည့် ထောက်တိုင် တစ်ချောင်းဖြစ်လာမယ် ဆိုခဲ့လျှင် ကျနော် ပင်ပန်းရကျိုး နပ်ပါ တယ်။ ခေတ်မီပွင့်လင်းမြင်သာတဲ့ ကျနော်တို့ မြန်မာနိုင်ငံကြီး တိုးတက်ဖို့ လက်အများကြီးလိုပါတယ်။ တစ်ယောက်တည်း တတ်ကျွမ်းနေယုံနဲ့ နိုင်ငံတိုးတက်တယ်လို့ မဆိုလိုနိုင်ပါဘူး။ သဲတဆုပ်နိုင် သဲတစ်ဆုပ်၊ တူတစ်ချောင်းနိုင် တူတစ်ချောင်း၊ ကွန်ပျူတာ တစ်လုံးသုံးနိုင်လျှင် ကွန်ပျူတာတစ်လုံး၊ ကျနော်တို့ ပြည်သူတွေ ဖက်ကနေ တတ်အားတဲ့ အားတွေနဲ့ ကျတဲ့အရပ်ကနေ ကြိုးစားပြီး နောက်တစ်ချိန် လိုအပ်လာမည့် မြန်မာနိုင်ငံရဲ့ လုပ်သားတွေ နေရာမှာ တစ်ခြားနိုင်ငံသားတွေ အစား ကျနော်တို့ နိုင်ငံသား တွေ ဝင်နေရာယူနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ မြန်မာနိုင်ငံမှာ လူတန်းစား အလွှာ အသီးသီး ရှိကြပါတယ်။ အဲ့ဒီ့ လူတန်းစား အလွှာမှာ အောက်ခြေ အလုပ်ကြမ်းသမားကနေ ပညာရှင်များအထိ လူတန်းစားမျိုးစုံရှိပါတယ်။ တရုတ်နိုင်ငံဟာ တစ်ခြားနိုင်ငံခြားသား ခေါ်ခန့်တာ အတော် နည်းပါတယ်။ သူ့နိုင်ငံက အလုပ်သမားလိုအပ်မှု့ကို သူ့နိုင်ငံသားနဲ့ပဲ ပြန်ဖြည့်တင်းပြီး တစ်ခြားတစ်ဖက်ကနေ ထွက်သွားမည့် ဝင်ငွေကို ထိန်းထားတာလဲ နိုင်ငံ တိုးတက်ဖို့ တွန်းအား တစ်ခုပါပဲ။ ကျနော်တို့လည်း တစ်ချိန်ချိန်မှာ မြန်မာနိုင်ငံအတွက် တတ်အားတဲ့ ဖက်ကနေ တွန်းအားတွေ ပေးနိုင်မယ် ဆိုရင် ကျနော်တို့လိုအပ်နေတဲ့ လိုချင်နေတဲ့ နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလည်မှာ နေရာတစ်ခု ရလာမှာပါ။ ဘယ်နိုင်ငံတွေပဲ ကျနော်တို့ နိုင်ငံသားတွေ ရောက်နေပါစေ။ အမိမြေကို မလွမ်းတဲ့သူ အမိမြေမှာ နေစဉ်ကာလတွေကို မမက်မောတဲ့သူ ဘယ်သူမှ မရှိပါဘူး။ တစ်ခုခု တိုက်ဆိုင်မှု့ ရှိတိုင်းမှာ အမိမြေကို ပြေးပြီး သတိရမိတာဟာ လက်တို့စရာမလိုတဲ့ အသိတစ်ခုပါ။ ကိုဘယ်ဘာသာ စကားနဲ့ နိုင်ငံခြား ရောက်နေပါစေ။ ဘယ်လောက်ပဲ အမြင့်ကို ရောက်နေပါစေ။ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားကို စော်ကားလိုက်တယ်။ မြန်မာနိုင်ငံသားကို နှိပ်စက်လိုက်တယ်ဆိုတဲ့ သတင်းတွေ အပြင်မှာ မတွေ့ရဘဲ အင်တာနက်မှာ ဖတ်ရရင်တောင် သွေးတွေ ဆူဝေလာတတ်ပါတယ်။ ဘာမှန်းမသိတဲ့ဒေါသထွေ ထွက်လာတတ်ပါတယ်။ ဒါဟာ လူမျိုးဆိုတဲ့ လူမျိုးရေး အသိတစ်ခုကြောင့်ပါ။ အဲ့ဒီ့နှိပ်စက်ခံရတဲ့သူ စော်ကားခံရတဲ့သူ မှန်သလား မှားသလား ဘာဖြစ်သလဲဆိုတာက ဒုတိယ အသိတစ်ခုပါ။ ပထမအသိက လူမျိုးရေးအသိတစ်ခုဆိုတာ မြန်မာ့သွေးပါရင် ထည့်ပေးစရာမလိုတဲ့ အသိတစ်ခုပါ။ ဘယ်နေရာပဲရောက်ရောက် ဘယ်ရောက်ပဲ နှိပ်စက်ခံရပါစေ။ ကျနော်တို့ ဘယ်အဆင့်ထိပဲ ရောက်နေပါစေ။ မြန်မာနိုင်ငံသား ကိုယ့်နဘေးမှာ နိမ့်ကျနေရင်ဖြစ်ဖြစ်။ ဒုက္ခရောက်နေရင်ဖြစ်ဖြစ် စိတ်မကောင်းကြီးစွာနဲ့ တစ်ခုခုတော့ ကူညီပေးခဲ့မိတာချည်းပါပဲ။ မကူညီဖြစ်ပဲနဲ့ မြင်ပြီးတော့ ပြန်လာရင်တောင်မှ ညအိပ်တဲ့အချိန်မှာ ကိုမကူညီလိုက်ရတဲ့ ဒုက္ခရောက်နေ တဲ့ မြန်မာတစ်ယောက်ကို မတွေးပဲနဲ့ အတွေးထဲ အလိုလို ရောက်လာမှာပါ။ ကျနော်တို့ ထိုင်းနိုင်ငံမှာ ရောက်နေတယ်၊ မလေးရှားမှာ ရောက်နေတယ်။ စလုံးမှာရောက်နေတယ်။ ဘယ်မှာပဲ ရောက်နေပါစေ။ ကို့အချင်းချင်းတွေ့ရင် ကိုယ့်မြန်မာစကားကို မြတ်မြတ်နိုးနိုး အားပါး တရ ပြောဖြစ်ခဲ့တယ်။ တချိန်ချိန်မှာ အခွင့်အရေးရရင် ငါကမြန်မာကွ ဆိုတဲ့ စိတ်နဲ့ တစ်ခုခုတော့ လုပ်ပြကြည့်ချင်တဲ့စိတ် ပေါ်လာတတ်ပါတယ်။ ကျနော်တို့ နိုင်ငံတိုးတက်ဖို့ သူများအရေးပဲ လိုက်လုပ်ပေးနေတာချည်းပဲ နိုင်ငံတိုးတက်ဖို့မဟုတ်ပါဘူး။ ခု ကျတဲ့ နေရာမှာ ဘယ်နိုင်ငံ ဘယ်ဌာန ဘယ်နေရာမှာပဲ ကျနေကျနေ ကိုကျတဲ့နေရာမှာ ထူးချွန်လာအောင် အဲ့ဒီ့ကျတဲ့နေရာက အလုပ်တစ်ခုကို ပညာရပ်တစ်ခုအနေနဲ့ ရှု့မြင်သုံးသပ်ပြီး ရအောင်ယူခဲ့မယ်ဆိုရင်လည်း နောက်တစ်ချိန်မှာ ကျနော်တို့နိုင်ငံကြီးမှာ အဲ့ဒီ့ယူခဲ့တဲ့ ပညာရပ်တစ်ခုကို တစ်ထောင့်တစ်နေရာက လိုအပ်လာခဲ့မှာပါ။ အဲ့ဒီ့အချိန်မှာ အဲ့ပညာရပ်တစ်ခုကို ကိုယ့်နိုင်ငံသားထဲမှာပဲ ရှိမယ်ဆိုခဲ့ရင် နိုင်ငံခြားသား ငှားနေစရာမလိုတော့ပါဘူး။ ဒါဟာလည်း တစ်ထောင့်တစ်နေရာကနေ တိုးတက်ဖို့ ကြိုးပမ်းမှု့တစ်ခုပါပဲ။ ကိုယ့်နိုင်ငံတိုးတက်ဖို့ ကိုယ့်ဝမ်းစာရှာရင်း ရုန်းကန်ရင်းကနေ လုပ်သွားလို့ရပါတယ်။ ပရဟိတအလုပ် လိုက်လုပ်နေမှရယ်လို့ မဟုတ်ပါဘူး။ အားလုံးက ရှု့မြင်တတ်ခဲ့ရင် ကိုယ့်နိုင်ငံတိုးတက်ဖို့ အတွက် တစ်နည်းမဟုတ် တစ်နည်း ကြိုးစားချင်ကြတဲ့သူချည်းပါပဲ။ ထိုင်းနိုင်ငံမှာဆိုရင် အလုပ်ရှင်ကပေါများပြီး လုပ်မယ့် အလုပ်ကြမ်းသမားက များပါတယ်။ တကယ်တမ်းစက်ရုံတစ်ရုံကို လုပ်ရတာ အလုပ်ကြမ်းသမားတွေပါ။ အလုပ်ရှင်က အလုပ်တစ်ခုရဲ့ ပြသနာနဲ့ ကျွမ်းကျင်မှု့ကို မသိရှိနိုင်ပါဘူး။ အဲ့ဒီ့ အလုပ်ကြမ်းသမားတွေထဲမှာ မြန်မာက 60% လောက်ပါပါတယ်။ တစ်ချိန်ချိန်မှာ အဲ့လို စက်ရုံမျိုးသာ မြန်မာပြည်မှာ ဆောက်ခဲ့ရင် ကျနော်တို့မှာသာ အဲ့စက်ရုံမှာ လုပ်ဖို့ ကျွမ်းကျင် အလုပ်ကြမ်းသမားတွေသာ မရှိခဲ့ရင် ကျွမ်းကျင်နိုင်ငံခြားအလုပ်ကြမ်းသမားတွေ ငှားရမ်းရဦးမှာပါပဲ။ တချိန်တုန်းက မြန်မာပြည်ကနေ အိန္ဒိယနိုင်ငံသားတွေကို လယ်လုပ်ဖို့ ငှားရမ်းခဲ့ရာကနေ မြန်မာပြည်မှာ အိန္ဒိယနိုင်ငံသားတွေ စတင်ရောက်ရှိလာခဲ့တယ်ဆိုတာ သမိုင်းမှာ သင်ခဲ့ဖူးကြပါတယ်။ တချိန်မှာ အဲ့ဒီ့ အလုပ်သမားပြသနာတွေဟာ ဖြစ်လာဦးမှာပါ။ ဒါပေမယ့် ကျနော်တို့နိုင်ငံက လိုအပ်လာမယ့် အလုပ်သမားတွေကို ကျနော်တို့ နိုင်ငံသားတွေ နဲ့သာ ဖြည့်တင်းနိုင်ခဲ့ မယ် ဆိုရင် ရလာမယ့် လစာငွေကြေးဟာ ပြည်တွင်းသုံးစွဲဖို့အတွက်ပါပဲ။ ပြည်ပကိုပို့ဖို့ ပြည်ပမှာ ကိုယ့်မိသားစုမှ မရှိတာ။ အရာရာကို တဖက်သတ်မတွေးဘဲ ရိုးရိုးလေး ရှု့မြင်သုံးသပ်ကြည့်မယ်ဆိုရင် လက်သန်းက လက်သန်းအလျှောက် လက်ညိုးဟာ လက်ညိုးအလျှောက် အသုံးဝင်ပါတယ်။ အားလုံးပဲ ရွှင်လမ်းချမ်းမြေ့ ကြပါစေ .....
တချို့ဝဘ်ဆိုက်တွေမှာ ကျနော် မြင်တွေ့နေရ၊ ဖတ်နေရပါတယ်။ Software တင်ပေးနေတဲ့ ကျနော်တို့လို ဝဘ်ဆိုက်တွေက သူတို့ရဲ့ ရန်သူလို သဘောနေကြတယ်။ လက်ညိုးထိုးချင်ကြတယ်။ ကျနော်တို့ စတင်လေ့လာခဲ့တာမှသည် ခုချိန်အထိမှာ အင်တာနက်စသုံးတုန်းက Download လုပ်တာတောင် မလုပ်တတ်ခဲ့ဘူး။ အဲ့အချိန် တစ်ယောက်ယောက်ရဲ့ ကျေးဇူးကြောင့် သိခဲ့ရရင်ပျော်ခဲ့တယ်။ software ဆိုတာ ကိုလိုချင်တဲ့ software ကို ရှာဖို့မပြောနဲ့ ဘာ program က ဘာအတွက် သုံးတယ် ဆိုတာတောင်မှ သေသေချာချာ ဂဃနဏ မသိခဲ့တော့ software ရှာဖို့ဆိုတာ ဝေလာဝေးပါ။ ခု မြန်မာပြည်က လူငယ်တွေ သုံးနိုင်ဖို့ crack version တွေ တင်ပေးနေတဲ့ ကျနော်တို့ဟာပဲ ကြီးလေးတဲ့ အပြစ်ကြီးတစ်ခုကို ကျူးလွန်ထားသလိုလို၊ program ကို သုံးစေချင်လို့ ရှာပေးတာကပဲ နည်းပညာလောကကို အမှောင်တိုက် ဖုံးအောင် လုပ်မည့်သူတွေလို ထင်မြင်သုံးသပ်နေကြတာဟာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ အရာရာကို အကောင်းဖက်က မမြင်ဘဲ အဆိုးဘက်ကချည်းပဲ မတွေးသင့်ပါဘူး။ တကယ်တော့ ကျနော်တို့တွေဟာ ခရီးသည်တွေ ဖြတ်ကူးမှု့လွယ်ကူစေဖို့အတွက် ခင်းပေးထားတဲ့ တံတားတစ်ခုပါပဲ။ ဖြတ်ကူးအနင်းခံရတဲ့သူ အချင်းချင်း၊ တစ်ခြားကိုယ့်လူမျိုးတွေ အဆင်ပြေစေမယ့် နည်းလမ်းတွေကို ရှာကြံကြတဲ့သူအချင်းချင်း Online က software တင်ပေးတဲ့ သူတွေကို ရန်သူကြီးတစ်ယောက်လို၊ မြန်မာပြည် IT လောကကို အမှောင်တိုက်ဖုံးပေးမယ့် မီးခိုးတွေလိုမျိုး စွပ်စွဲပြောဆိုတာဟာ မဖြစ်သင့်ဘူးလို့ ကျနော့်အနေနဲ့ ရှု့မြင်သုံးသပ်ပါတယ်။ စာဖတ်သူအနေနဲ့ကော ဘယ်လို ထင်မြင်ပါသလဲ။ ထင်မြင်ယူဆချက်ကို ကွန်မန့်ရေးခဲ့နိုင်ပါတယ်။ ကျနော်တစ်ဦးတည်း သုံးသပ်မှု့က မှားယွင်းနေခဲ့မယ်ဆိုရင် ဝိုင်းဝန်းထောက်ပြပေးဖို့ မေတ္တာရပ်ခံပါတယ်။
အစ်ကိုပြောတာတွေကသဘာဝကျပါတယ် အားပေးလျှက်
ReplyDeleteအမှန်တွေပဲ။ ကိုညီမင်း လိုနိုင်ငံသားတယောက်ရှိနေတာ ကျွန်တော်တို့.နိုင်ငံအတွက် ဂုဏ်ယူစရာကောင်းပြီး ခွန်အားဖြစ်စေပါတယ်။
ReplyDeleteကိုညီနေမင်း မှန်တယ် အမြဲးလေးစာတယ် ။
ReplyDeleteအကို့ကို အားကျ ပါတယ်ဗျာ..မြန်မာပြည်မှာ အကို့လို လူမျိုးတွေရှိတာ ဂုဏ်ယူစရာပါ...
ReplyDeleteအကို ကြိုးစားပြီးသိရှိလာတဲ့ ပညာတွေကို အကိုပြန်လည်မျှေဝပေးလို့ ကျွှန်တော်တို့တွေ မသိရှိသေးတဲ့ ပညာတွေတိုးလာတာပါ မြန်မာနိုင်ငံ IT လောကအတွက် ပညာပဒေသာပင်ကြီးပါဘဲ အကို။
ReplyDeleteအကိုကတကယ်ကိုတော်တယ်နော် နောက်လဲ video သင်ခန်းစာတွေထက်ပြီးတင်ပေးပါဦးနော်..
ReplyDeleteကျေးဇူးပါ ........
I want to be like you my Brother. I want to help people like you.
Deleteအကို့ကိုအရမ်းလေးစားတယ် အားလဲကျတယ် အကိုကတကယ်တော်ပြီး စိတ်ထားလဲကောင်းတယ်နော် နောက်လည်းဆက်လက်မျှေဝပေးပါနော် ကျေးဇူးတင်ပါတယ်....
ReplyDeleteလေးစားပါတယ် ကိုညီ
ReplyDeleteအကိုမှန်တယ်၊ ဆက်သာလုပ် အားပေးနေပါ့မယ်
ReplyDeleteှဆရာရေ facebook က video တွေ့ကို ဘယ်လို့ download ယူရမလဲ မသိလို့ပါ သိတဲ့အကိုအမတို့လည်း တစ်ချက်လောက်ကူညီပြီး ပြောပြပေးပါနော်.....
ReplyDeleteှဆရာ...ရေ facebook က video တွေကို ဘယ်လို download လုပ်ရလဲ မသိလို့ပါ သိတဲ့အကို အမတို့လည်း ညီလေးကို ပြောပြပေးကြပါလား...အားလုံးကိုလေးစားပါတယ်....
ReplyDeleteလေးစားပါတယ်အစ်ကိုအများအကြိုးဆောင်တဲ.ကိုညီ ကျန်းမာချမ်းသာပါစေလို.ဆုတောင်းပေးပါတယ်
ReplyDeleteMediafire appရှိပြီး loginလုပ်မရဖြစ်နေတာ ဘယ်လိုလုပ်ရမလဲဗျ
ReplyDeleteကြိုးစားပါအကိုတကယ်ကိုစိတ်ထဲမှာရှိတဲအတိုင်းပြောတာပါ အကိုကိုပြောနေတဲသူတွေကလည်း သင် တန်းတွေတက် သူငယ်ချင်း ပတ်ဝန်ကျင် က နေ အသိတွေတိုးပွားလာကြတဲသူတွေဖြစ်မှာပါ ကျနော်တိုက တော့သင် တန်းလည်းမတက်နိုင် အကိုတို့လိုနည်းပညာဝေမျှသူတွေဆီကတဆင့်တပည့်ခံကြရတာပါ တကယ်ကိုဆရာတွေပါ ပိုက်ဆံပေးမတက် ရ ပေမဲ့ ဆရာတို့က တကယ်ကို အသပြာ အတွက်ဆရာလုပ်နေတာမဟုတ် ကျနော်တို့စလေ့လာတဲသုတွေသိပါတယ် ကျနော်ဆိုဘာမကိုမသိတာပါ ကျနော်သိတာကိုပြောပြရင်လည်း သူတိုတွေအကုန်ကျနော်ထက်အရင် ကွန်ပြူတာ ကိုင်ကြတာလေ
ReplyDeleteဝိုင်းဝန်းထောက်ပြဆိုလို့ပါခင်ဗျား
ReplyDeleteတကယ်တော့ ခင်ဗျားရေးထားတာမှာလူမျိုးရေးလို့လဲပါတယ်၊ တိုင်းပြည်ရေးလည်းပါသေးတယ်၊ နည်းပညာကိစ္စတွေလည်းပါသေးလေရဲ့၊ ကိုယ့်ကိုစွပ်စွဲတယ်လို့ ခံစားရတဲ့အကြောင်းလေးပါသေးတယ်၊ အင်းပြောရမယ်ဆိုရင်တော့ ဆုံးမယ်မထင်ပါဘူး ဒါပေမယ့် ဟိုးမားရဲ့ကဗျာလေးကိုတော့ဖတ်စေချင်တယ်
မြောလွင့်နေတဲ့တိမ်ရယ်
မင်းကသိပ်လှလွန်းတယ်
အို ဗျိုင်းတစ်စု မင်းကို ကျိန်ဆဲလေရဲ့
အို ဗျိုင်းပျံတာ သိပ်ညီညာတယ်
မြေခွေးအတို့ ကျိန်ဆဲလေရဲ့
ကျေးဇူးတင်ပါတယ်အကိုဒီဘဝမှာတင်မကနောင်ဘဝမှာပါကိုအတွက်ပညာပါရမီကောင်းမှာသေချာပါတယ်
ReplyDeleteကျွန်တော်အကိုကိုအားကျတယ်။အကိုကျန်းမာပါစေ။အမြဲတမ်းပျော်ရွင်ပါစေ။
ကိုညီနေမင်းလိုပုဂ္ဂိုလ်မျိုး၊များများပေါ်ထွက်ပါစေ။ကောင်းပေစွ။ကောင်းပေစွ။
ReplyDeleteအစ်ကို့ဆိုဒ်ကိုအမှတ်မထင်ရရှိခဲ့တာပါ။၂၀၀၆ကလား၂၀၀၈ကလားတောင်မမှတ်မိတော့ပါဘူး။အမြဲမဟုတ်တောင်တတ်နိုင်သလောက်ဝင်ရောက်ပညာယူခဲ့ပါတယ်။ကော့သောင်းကအစ်ကို့ဆိုင်ကိုမြင်ပေမယ့်အကြောင်းကြောင်းကြောင့်ဝင်ရောက်ပညာမသင်ခဲ့ရပါဘူး။ခုလိုမျိုးလုပ်ပေးထားတာအရမ်းကျေးဇူးတင်ပါတယ်။
ReplyDeleteအရမ်းလေးစာပါတယ် ဆရာ
ReplyDeleteညီနေမင်း
မြန်မာနိုင်ငံသားတိုင်း တိုးတက်ရာတိုးတက်ကြောင်းအတွက်ဂုဏ်ယူပါတယ်ခင်မျာ
ReplyDeleteလေးစားလျှက်ပါ
ကျေးဇူးပါ
ReplyDeleteကျေးဇူး
ReplyDeleteအားပေးလျှက်ပါ ကိုကြီးရေ...
ReplyDeleteအားပေးနေပါတယ် ကိုကြီးရေ...
ReplyDelete