W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

17 May 2013

Internet Download manager version 6.15 built 12 (latest version)

ကဲ Internet download manager ​နောက်​ဆုံး​ထွက် version ​ကို patch file ​နဲ့ ​တစ်​ခါ​တည်း ​တင်​ပေး ​လိုက်​ပါ​တယ်။ ​တ​ချို့​က​လည်း ​အင်​တာ​နက်​ဆိုင်​မှာ Internet Download  Manager ​နဲ့ Download ​ဆွဲ​နေ​လို့ ​တစ်​ခြား customer ​ရဲ့ ​ကွန်​ပျူ​တာ​တွေ​မှာ​ပါ။ internet speed ​ကျ​သွား​တာ gtalk ​တောင် ​ဝင်​မ​ရ ​တဲ့​အ​ထိ ​ဖြစ်​နေ​လို့ ​အင်​တာ​နက်​ဆိုင်​မှာ internet download manager ​ကို ​သုံး​လို့​မ​ရ​အောင် install ​လုပ်​မ​ရ​အောင်​လို့ ​ဘယ်​လို​မျိုး ​လုပ်​ရ​မ​လဲ​ဆို​ပြီး ​ဆိုင်​ပိုင်​ရှင်​တွေ​က ​မေး​လာ​လို့ ​ပြော​ပြ​ပေး​ပါ။ user ​တွေ​က ​ကျ​တော့​လည်း ​အင်​တာ​နက် ​ဆိုင်​မှာ ​ဆိုင်​ရှင်​တွေ​က ​အ​ကျင့်​မ​ကောင်း​ဘူး IDM ​ကို ​ပိတ်​ထား​တယ် ​လုံး​ဝ install ​လုပ်​မ​ရ​ဘူး portable ​နဲ့ ​တောင် ​မ​ရ​ဘူး ​ဘယ်​လို​မျိုး ​လုပ်​ရ​မ​လဲ ​ဆို​တာ​မျိုး ​မေး​လာ​ပြန်​တယ်။ ​ကျွန်​တော်​က ​ကြား​ထဲ​က​နေ ​ခေါင်း​ကိုက်​ရ​ပါ​တယ်။ internet download manager ​သုံး​ပြီး Download ​ဆွဲ​တယ် ​ဆို​ရင် ​တ​ကယ့်​ကို ​တစ်​ခြား ​ကွန်​ပျူ​တာ​တွေ​ပါ internet download speed ​ကျ​သွား​တာ ​မှန်​ပါ​တယ်။ ​သိ​သိ​သာ​သာ​ကို ​ကျ​သွား​တာ​ပါ။ ​တစ်​ခြား downloader ​နဲ့ ​မ​တူ​ပါ​ဘူး။ ​ည​ဖက်​တွေ​မှာ user ​တွေ​က download ​ဆွဲ​မယ်​ဆို​ရင် ​လူ​ပါး​ချိန်​ဆို ​မ​သိ​သာ​ပေ​မယ့် ​လူ​အ​ရမ်း​ကျ​နေ​တဲ့​အ​ချိန် ​ဆိုင်​ရှင်​တွေ​ကို ​အား​မ​နာ​ဘဲ Download ​ဆွဲ​မယ် ​ဆို​ရင်​တော့ ​တစ်​ခြား​သူ​တွေ​ပါ ​ကို့​အ​တွက်​နဲ့ ​ထိ​ခိုက်​နစ်​နာ ​နိုင်​ပါ​တယ်။ ​အဲ့​အ​တွက်​ကြောင့် Download ​ဆွဲ​မည့်​သူ​များ ​မိ​မိ ​သုံး​သည့် ​အင်​တာ​နက်​ဆိုင်​မှာ ​လူ​ပါး​ချိန်​မှ​သာ ​ဆွဲ​ပါ။ ​ဆိုင်​ရှင်​များ ​ဖက်​သို့ ​နည်း​နည်း ​စာ​နာ​ပေး​လိုက်​ပါ။ ​ဆိုင်​ရှင်​နှင့် ​အ​ဆင်​ပြေ​တယ် ​ဆို​ရင်​တော့ ​ကိုယ့်​သ​ဘော​ပေါ့။ ​ပို​ပြီး​အ​ဆင်​ပြေ​တာ​ပေါ့။ ​ကဲ ​အောက်​မှာ ​တင်​ပေး​လိုက်​ပါ​တယ်။ ​ကြိုက်​တဲ့ link ​က​နေ​သာ Download ​လုပ်​ယူ​လိုက်​ပါ။ patch ​က​တော့ ​သုံး​နည်း​ကို ​ပြော​ပြ​ထား ​ရှင်း​ထား​တာ​မို့ ​အ​သုံး​ပြု​တတ် ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

Zippyshare | Solidfiles | Filecloud | Ziddu | Sharebeast | Tusfiles | Mirrorcreator

Youcam Deluxe version 4.1

အာ​ကာ​စိုး။   ​ကို​ညီ​ရေ ​ကျ​နော် vzo chat ​က​နေ ​ရ​လာ​တဲ့ ​ဖိုင်​ကို video ​ဖိုင်​ပြန်​ပြောင်း ​တာ ​ပြောင်း​မ​ရ ​ဘူး။ ​ဖြစ်​နိုင် ​ရင် ​ကူ​ညီ​ပေး​စေ ​ချင်​ပါ​တယ်။ ​ဘယ်​လို ​လုပ်​ရင် ​ရ​နိုင်​လည်း ​ဆို​တာ​ကို ​သိ​ချင်​ပါ​တယ်။

ဒါ​က​တော့ ​ကို​အာ​ကာ​စိုး ​ပြော​သ​လို​ပဲ vzo ​က ​ရ​လာ​တဲ့ format type ​က ​ဘယ် converter ​နဲ့​မှ ​ပြောင်း​ယူ ​လို့​အ​ဆင်​မ​ပြေ​သ​လောက်​ပါ​ပဲ။ ​ကျ​နော် ​လက်​လှမ်း​မီ​သ​လောက်​ပါ။ ​ဒါ​ပေ​မယ့် ​အ​ခု ​တင်​ပေး​လိုက်​တဲ့ youcam ​နဲ့​က​တော့ ​စ​ပြီး record ​လုပ်​က​တည်း​က vzo ​မှာ ​ပေါ်​နေ​တဲ့ ​ပုံ​တွေ​ကို video ​အ​ဖြစ် record ​လုပ် ​ထား​ပါ​လိမ့်​မယ်။ ​ကွန်​ပျူ​တာ screen ​တစ်​ခု​လုံး​မ​ဟုတ်​ဘဲ vzo ​မှာ ​ပေါ်​တာ​ကို​ပဲ ​သီး​ခြား record ​လုပ်​ထား​တဲ့ video ​ဖိုင်​ကို ​ရ​ရှိ​မှာ ​ဖြစ်​ပါ​တယ်။ ​ကို​အာ​ကာ​စိုး ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ ​တယ်။ ​မေး ​ထား​တဲ့​သူ​လည်း ​တော်​တော်​များ​ပါ​တယ်။ ​ခု ​တစ်​ခါ​တည်း ​တင်​ပေး​ရင်း ​ပြော​ပြ​လိုက်​ပါ​တယ်။ ​အောက်​မှာ ​မှတ်​ချက်​ပြော​ပြ​ထား​ပါ​တယ်။ Download ​လုပ်​ပြီး​ရင် Part3 ​နာ​မည်​က part3_0.rar ​လို့ ​ဖြစ်​နေ​ပါ​လိမ့်​မယ်။ ​အဲ့​ဒီ့​ဖိုင်​နာ​မည်​ကို rename ​လုပ်​ပြီး ​နောက်​ဆုံး​က _0 ​ဆို​တာ​လေး​ကို ​ဖျက်​ပေး​လိုက်​ပါ။ ​မ​ဟုတ်​ရင် ​ဖိုင်​ဖြေ​တဲ့​အ​ခါ part3 ​ဖိုင်​တစ်​ဖိုင်​လို​နေ​တယ်​လို့ ​ပြော​ပြီး error ​တက်​မှာ​စိုး​လို့ ​ပါ။ ​ကဲ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​အောက်​မှာ Download ​လုပ်​ယူ​လိုက်​ပါ။

Zippyshare
Part1 | Part2 | Part3 | Part4

solidfiles
Part1 | Part2 | Part3 | Part4

Filecloud
Part1Part2 | Part3 | Part4

Ziddu
Part1 | Part2 | Part3 | Part4

Sharebeast
Part1 | Part2 | Part3 | Part4

Tusfiles
Part1 | Part2 | Part3 | Part4

Mirrorcreator
Part1 | Part2 | Part3 | Part4


(​မှတ်​ချက်။    ။Part3 File ​အ​မည် ​အား ​ဖိုင်​မ​ဖြေ​ခင် Prt3_0.rar ​အား Part3.rar ​ဟု​ပြန်​ပြောင်း​ပေး​ပါ။)

16 May 2013

Boilsoft Video Splitter v7.02.1

Video ​ဖိုင်​တွေ​မှာ ​မ​လို​တဲ့ ​အ​ခန်း​တွေ၊ ​မ​လို​တဲ့​နေ​ရာ​တွေ​ကို ​ဖြတ်​ထုတ် ​ပစ်​ဖို့ ​အ​တွက် video splitter ​ဖြင့် ​ပြု​လုပ်​လို့​ရ​ပါ​တယ်။ ​တ​ချို့ software ​တွေ​က ​ဖြတ်​တော့ ​ဖြတ်​ပေး​တယ်။ ​ဒါ​ပေ​မယ့် ​အဲ့​ဖြတ် ​လိုက်​တဲ့ ​ဖိုင်​က quality ​လျှော့​နည်း​သွား​တာ​မျိုး ​ရှိ​တတ်​ပါ​တယ်။ ​အ​ခု ​ဒီ Software​က​တော့ ​မူ​ရင်း quality ​အ​တိုင်း​ပါ​ပဲ။ ​ကဲ video ​တွေ ​ဖြတ် ​ညှပ် ​ဆက် ​လက်​ချင်​သူ​များ​အ​တွက် ​လို​ချင် ​လျှင် ​အောက်​မှာ Download ​လုပ်​လိုက်​ပါ. ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ 2 ​နေ​ရာ​က​နေ ​တင်​ပေး​လိုက်​ပါ​တယ်။ ​ကြိုက်​တဲ့​နေ​ရာ​က​နေ ​ဒေါင်း​လိုက်​ပါ။


(or)


ဆိုက်​မ​ပြီး​သေး​လို့ ​ကြည့်​လို့ ​မ​ကောင်း​ရင်​ဖြင့် ​သီး​ခံ​ပေး​ကြ​ပါ

အ​ရင်​ပုံ​စံ ​အ​ဟောင်း​က ​နည်း​နည်း​လေး ​မျက်​စိ​ထဲ ​ရိုး​သွား​လို့ ​အ​ခု ​အ​သစ်​ကို ​လုပ်​နေ​လို့ ​မျက်​စိ​ထဲ ​ထော်​လော် ​ကန့်​လန့်​ဖြစ်​နေ​ရင်​ဖြင့် ​သီး​ခံ​ကြ​စေ​လို​ပါ​တယ်။ ​အ​ရောင်​က​လည်း ​ရွေး​လိုက်​ရင် ​တ​မျိုး​စီ​ဖြစ်​နေ​ရင် ​အ​ရောင်​စပ်​တာ ​အ​ဆင်​မ​ပြေ​တော့​တဲ့​အ​တွက် ​ကိုက်​ညီ​မယ့် ​အ​ရောင်​ကို ​ရွေး​လိုက်။ ​ညီ​ငယ်​တွေ​ထဲ​က​လည်း ​အ​ရင်​က ​အ​ရောင်​က ​အ​နက်​ရောင်​လို ​ဆို​တော့ ​မျက်​စိ ​မ​သက်​သာ​ဘူး ​ဆို​လို့ ​ရှင်း​ရှင်း​လင်း​လင်း​လေး ​မြင်​ရ​အောင် ​အ​ဖြူ​ရောင် ​ပြန်​ပြောင်း​ပေး​လိုက်​ပါ​တယ်။ ​အ​ဆင်​ပြေ​မယ် ​လို့​တော့ ​မျှော်​လင့်​ပါ​တယ်။ ​အ​ဆင်​မ​ပြေ​တာ​ရှိ​ရင်​လည်း ​ကွန်​မန့်​ဝင်​ရေး​ပေး​ခဲ့​ပါ။ ​ကဲ​အိပ်​တော့​မယ်​ဗျို့ ..

အား​လုံး​ကို ​ခင်​မင်​လေး​စား​လျှက်

ညီ​နေ​မင်း

Active Password Changer Professional v5.0

ဒါ​က​တော့ window admin password reset ​နဲ့​အ​တူ​တူ​ပါ​ပဲ။ ​ခု Active Password Changer Professional v5.0 ​က window 8 ​ကို​ပါ support ​လုပ်​ပါ​တယ်။ ​ကျ​နော် ​ကိုယ်​တိုင် ​စမ်း​ကြည့်​ပြီး​ပါ​ပြီ. ​အ​ခု software ​က ​အ​ရင်​က window admin password reset software ​လို​မျိုး iso ​ဖိုင်​နဲ့​ပဲ ​တန်း​လာ​တာ ​မ​ဟုတ်​ပါ​ဘူး။ ​အ​ရင်​က ​ဟာ​ဆို​ရင် license no ​ကို boot ​တက်​ပြီး​မှ ​ပြန်​ပြီး​တော့ ​ရိုက်​နေ​ရ ​တာ ​တော်​တော်​လေး ​က​သိ​က​အောက်​နိုင်​ပါ​တယ်။ ​ခု​ဟာ​က​တော့ ​ပ​ထ​မ​ဆုံး setup ​ဖိုင်​နဲ့ ​လာ​ပါ​တယ်။ .exe format ​နဲ့​ပါ ​ပြီး​တာ​နဲ့ ​အဲ့ software ​ကို license ​ဖြစ်​အောင် Registered Name ​နဲ့ Registered key ​ဖြည့်​ပြီး​တာ​နဲ့ ​သူ​က password ​ကို reset ​ဖြစ်​အောင် ​ဘယ်​လို ​လုပ်​မှာ​လဲ ​လို့ ​မေး​ပါ​တယ်။ flash drive ​နဲ့​လား iso ​ဖိုင်​နဲ့​လား cd/dvd ​နဲ့​လား ​ကြိုက်​တာ​နဲ့ boot ​တက်​လို့​ရ​ပါ​တယ်။ flash drive  ​မ​ရှိ​သူ​များ​က cd/dvd ​ဖြင့်​လည်း​ကောင်း cd/dvd ​မ​ရှိ​သူ​များ​က flash drive ​ဖြင့် ​သော်​လည်း​ကောင်း ​အ​ဆင်​ပြေ​သ​လို​မျိုး bootable disc ​ဖြစ်​အောင် ​ပြု​လုပ်​ခွင့်​ပေး​ထား​ပါ​တယ်။ ​ပြီး​တာ​နဲ့ window ​ကို restart ​ပြန်​ချ​ပြီး​တော့ boot ​တက်​လိုက်​တာ​နဲ့ password ​ပေး​ထား​တဲ့ Account ​တိုင်း​ကို ​ဖျက်​လို့ ​ရ​သွား​မှာ ​ဖြစ်​ပါ​တယ်။ ​အ​ထဲ​မှာ ​တစ်​ခါ​တည်း video ​ဖိုင်​နှင့် window password ​ကို ​ဖယ်​ရှား​ဖို့​အ​တွက် ​ရှင်း​ပြ​ထား​ပါ​တယ်။ ​ဘယ်​လောက် password ​များ​နေ​ပါ​စေ ​ဖျက်​လို့ ​ရ​ပါ​တယ်။ ​အ​ဆင်​ပြေ​ကြ ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။


Zippyshare | Ziddu | Sharebeast | Solidfiles | Rapidshare | Tusfiles | Mirrorcreator

မှား​ဖျက်​မိ​တဲ့ SD card ​ထဲ​က data ​တွေ ​ပြန်​ယူ​ဖို့​အ​တွက် CardRecovery v6.10 Build 1210

ဒါ​က​တော့ ​ဖုန်း​ထဲ​မှာ​ပါ​တဲ့ SD card၊ camera ​ထဲ​မှာ​ပါ​တဲ့ SD card ​စ​တာ ​တွေ​ကို format ​ချ​မိ​ရင် ​ဒါ​မှ​မ​ဟုတ် delete ​လုပ်​မိ​ရင် ​ပြန်​ပြီး​တော့ recovery ​ပြန်​လုပ်​တဲ့ software ​ပါ။ ​အ​ထဲ​မှာ keygen ​ထည့်​ပေး​ထား​ပါ​တယ်။ keygen ​ကို kaspersky ​ဒါ​မှ​မ​ဟုတ် Microsoft security essential ​စ​တဲ့ antivirus program ​တွေ​က ​သတ်​တတ်​ပါ​တယ်။ ​အဲ့​အ​တွက် keygen ​ဖွင့်​တော့​မယ်​ဆို​ရင် ​အ​ဆို​ပါ antivirus program ​တွေ​ကို ​ခ​ဏ ​ပိတ်​ထား​ဖို့​လို​ပါ​တယ် ​ဆို​တာ​ကို ​ကြို​ပြီး ​အ​သိ​ပေး​ပါ​ရ​စေ။ ​ကဲ ​လို​ချင်​တဲ့ ​သူ​များ​အောက်​မှာ Download ​လုပ်​ယူ​နိုင်​ပါ​တယ်။



Zippyshare | Ziddu | Sharebeast | Solidfiles | Rapidshare | Filecloud | Mirrorcreator

13 May 2013

Facebook ​တွင် ​မ​ဟုတ်​တာ​တင်​ရင် ​မ​ဆဲ​ပါ​နှင့် Report ​သာ​လုပ်​လိုက်​ပါ

Facebook ​တို့ Blogger ​တို့​ဟာ ​ဒီ​မို​က​ရေ​စီ​နည်း​လမ်း​ကျ​ကျ​နဲ့ ​လည်​ပတ်​နေ​ပါ​တယ်။ ​ကျွန်​တော်​တို့​ကို ​ကြိုက်​တာ​တင်​ခွင့်၊ ​ရေး​ခွင့်​ပေး​ထား​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အ​များ​ထင်​နေ​ကြ​သ​လို​မျိုး ​စည်း​မဲ့​ကမ်း​မဲ့​တော့ ​မ​ဟုတ်​ပါ။ ​လူ​တစ်​ယောက် ​တင်​တဲ့​အ​ကြောင်း​အ​ရာ၊ ​ဓာတ်​ပုံ ​စ​တာ​တွေ​ဟာ ​မူ​ပိုင်​ခွင့်​နဲ့​ငြိ​စွန်း​ရင်၊ ​လူ​မျိုး​ရေး​ဘာ​သာ​ရေး​တိုက်​ခိုက်​မှု​ဖြစ်​ရင်၊ ​လိင်​ပိုင်း​ဆိုင်​ရာ ​ရိုင်း​စိုင်း​မှု​တွေ​ပါ​ရင်၊ ​ပု​ဂ္ဂိုလ်​ရေး ​တိုက်​ခိုက်​မှု​တွေ​ဆို​ရင် Report ​လုပ်​ပြီး ​ဖျက်​ဖို့​တောင်း​ဆို​နိုင်​ခွင့်​တွေ ​ပေး​ထား​ပါ​တယ်။ ​ဒါ​ကြောင့်​မို့ ​ကျွန်​တော်​တို့​အ​နေ​နဲ့ ​အ​ထက်​ပါ​အ​ကြောင်း​အ​ရာ​မျိုး​တွေ ​တစ်​စုံ​တစ်​ယောက်​က ​သူ့ Facebook ​မှာ ​တင်​တဲ့​အ​ခါ​မှာ ​ဝိုင်း​ပြီး​တော့ ​ဆဲ​နေ​မယ့် ​အ​စား Facebook ​ဆီ Report ​ဝိုင်း​တင်​ပြီး ​ဖျက်​ပေး​ဖို့ ​တောင်း​ဆို​နိုင်​ပါ​တယ်။ Report ​တင်​တဲ့​သူ​များ​ရင် Facebook ​က ​ဖျက်​ပေး​မှာ ​အ​သေ​အ​ချာ​ပါ​ပဲ။ Facebook ​ရဲ့ ​အ​ယူ​အ​ဆ​က​တော့ ​ရှင်း​ပါ​တယ်။ ​အ​များ​က ​လက်​မ​ခံ​ရင် ​သူ​တို့​ဘက်​က ​ဖျက်​ပေး​မယ်​ဆို​တာ​ပါ​ပဲ။







ပုံ​မှာ​ပြ​ထား​သ​လို​မျိုး ​သူ​တင်​လိုက်​တဲ့ Status ​ရဲ့ ​ညာ​ဘက်​ထောင့်​မှာ​ရှိ​တဲ့ ​ကြက်​ခြေ​ခတ် ​ခ​လုတ်​လေး​ကို​နှိပ်​ပြီး Report/Mark as Spam ​ကို ​ရွေး​ပေး​ပါ။ ​အဲ​ဒီ​အ​ခါ​မှာ ​ပုံ(၂)​မှာ ​ပြ​ထား​သ​လို​မျိုး Thanks for Your Help ​ဆို​တဲ့ ​စာ​တမ်း​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​မှာ​ပါ​တဲ့ Report ​ဆို​တဲ့ Link ​ကို ​ထပ်​နှိပ်​ပါ။





အဲ​ဒီ​အ​ခါ ​ပုံ (၃) ​လို Window ​တစ်​ခု ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​ဒီ​နေ​ရာ​မှာ ​သူ​တင်​ထား​တဲ့ Post  ​ဟာ ​ဘယ်​လို​အ​ကြောင်း​အ​ရာ​မျိုး​နဲ့ ​ငြိ​စွန်း​တယ်​ဆို​တာ​ကို ​ကိုယ့်​ဘက်​က ​သေ​ချာ​ရွေး​ပေး​ရ​ပါ​လိမ့်​မယ်။






I don't like this post (​ဒီ​ပို့စ်​ကို ​ကျွန်​တော်​မ​ကြိုက်​ပါ)

It's harassing me (​ဒီ​ပို့စ်​ဟာ ​ကျွန်​တော့်​ကို ​တိုက်​ခိုက်​နေ​တယ်)

It's harassing a friend (​ဒီ​ပို့စ်​ဟာ ​ကျွန်​တော့်​သူ​ငယ်​ချင်း​ကို ​တိုက်​ခိုက်​နေ​တယ်)

Spam or scam (​ဒီ​ပို့စ်​ဟာ ​အ​ကျိုး​မ​ရှိ​တဲ့ Spam ​တစ်​ခု​ဖြစ်​တယ်)



Hate Speech (​ရိုင်း​စိုင်း​ကြမ်း​တမ်း​တဲ့ ​စ​ကား​ပြော​ဖြစ်​တယ်)

သူ့​ကို​ရွေး​လိုက်​ရင်​တော့ ​နောက်​ထပ် ​ရွေး​စ​ရာ​တွေ ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်

           * Target a Race or Ethnicity (​လူ​မျိုး​ရေး​တိုက်​ခိုက်​မှု)

           * Target a religious group (​ဘာ​သာ​ရေး​တိုက်​ခိုက်​မှု)

           * Targets based on gender or orientation (​ယော​ကျာ်း​ဖြစ်​မှု၊ ​မိန်း​မ​ဖြစ်​မှု​ကို ​တိုက်​ခိုက်​မှု)

           * Targets people with disability or disease (​မ​သန်​မ​စွမ်း​သူ​များ​ကို ​တိုက်​ခိုက်​မှု)



Violence or harmful behavior (​ချိုး​ဖောက်​မှု ​သို့ ​ကြမ်း​တမ်း​ရိုင်း​စိုင်း​တဲ့ ​အ​ပြု​အ​မူ​ဖြစ်​တယ်) ​သူ့​ကို​ရွေး​လိုက်​ရင်​တော့ ​နောက်​ထပ် ​ရွေး​စ​ရာ​တွေ ​ထပ်​ပေါ်​လာ​ပါ​လိမ့်​မယ်

            * Credible threat of violence (​ငွေ​ကြေး​ဆိုင်​ရာ ​ခြိမ်း​ခြောက်​မှု)

            * Self-Harm

            * Suicidal Content (​ကိုယ့်​ကိုယ်​ကို ​သေ​ကြောင်း​ကြံ​စည်​မှု​နှင့် ​ဆက်​နွယ်​သော​အ​ကြောင်း​အ​ရာ)

            * Graphic Violence (​ပုံ​ရိပ်​ပိုင်း ​ချိုး​ဖောက်​မှု - ​အ​ခြား​သူ​ပုံ​များ​ကို ​အ​ခွင့်​မ​ရှိ​ပဲ ​တင်​ခြင်း)

            * Theft or vandalism (​ခိုး​ယူ​မှု ​သို့ ​ရမ်း​ကား​ဖျက်​ဆီး​မှု)

            * Illegal drug use (​မူး​ယစ်​ဆေး​ဝါး​သုံး​စွဲ​မှု)



Sexually explicit content (​လိင်​ပိုင်း​ဆိုင်​ရာ ​မ​သင့်​တော်​သော ​အ​ချက်​အ​လက်​များ​ပါ​ဝင်​နေ​မှု)

My friend's account might be compromised or hacked (​ကျွန်​တော့်​သူ​ငယ်​ချင်း​ရဲ့ ​အ​ကောင့်​ကို ​ခိုး​ယူ​ပြီး​သုံး​စွဲ​နေ​ခြင်း)



အ​ထက်​ပါ​ရွေး​စ​ရာ​တွေ​ထဲ​က​မှ ​သင့်​တော်​တာ​ကို ​ရွေး​ပြီး Continue ​ကို ​နှိပ်​ပါ။ ​အဲ​ဒီ​အ​ခါ ​ပုံ ၄ ​မှာ ​ပြ​ထား​သ​လို​မျိုး Window ​တစ်​ခု ​ထပ်​ပေါ်​လာ​ပါ​လိမ့်​ဦး​မယ်။



Block ​ကို ​ရွေး​ပေး​လိုက်​ရင်​တော့ ​သူ​နဲ့​ကိုယ်​နဲ့ Facebook ​မှာ ​ဆက်​သွယ်​လို့ ​မ​ရ​တော့​ပါ​ဘူး။
Get help..... ​ကို ​ရွေး​ပေး​ရင်​တော့ ​ကိုယ်​နဲ့​အ​တူ Report ​ဝိုင်း​တင်​ဖို့ ​သူ​ငယ်​ချင်း​တွေ ​အ​ကူ​အ​ညီ​တောင်း​နိုင်​ပါ​လိမ့်​မယ်။

မ​ဖြစ်​မ​နေ​လုပ်​ရ​မှာ​က​တော့ ​အောက်​ဆုံး​က Report to Facebook ​ကို ​အ​မှန်​ခြစ်​ပြီး Continue ​ကို ​ဆက်​နှိပ်​ပါ။

နောက်​ဆုံး Thank you ​ပေါ်​လာ​ရင်​တော့ Report ​တင်​တာ ​အောင်​မြင်​သွား​ပါ​ပြီ။


(​ကို​ဇော်​သူ​ရိန်​ရေး​သား​သည့် ​ပို့စ်​အား ​ကျ​နော် post ​အ​ဖြစ် ​တင်​ပေး​လိုက်​ပါ​သည်။ )


Aurora 3D Animation Maker 12.07.23

ဒါ​က​တော့ web design ​လုပ်​တဲ့​နေ​ရာ​မှာ 3D animation ​လုပ်​တဲ့ software ​ပါ။ animation ​လုပ်​တဲ့​နေ​ရာ ​မှာ ​သုံး​ပါ​တယ်။ ​အ​ဆင်​ပြေ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​ကျ​နော် ​အ​ခု ​စမ်း​ပြီး​တော့ ​လုပ်​ပြ​ထား​ပါ​တယ်။ ​လို​ချင်​တဲ့​သူ​များ ​အောက်​မှာ Download ​လုပ်​လိုက်​ပါ။

Mirrorcreator  |  Zippyshare | Ziddu | Solidfiles | Rapidshare | Sharebeast | Tusfiles