W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

13 July 2013

Youtube ​က video ​ကို Download ​လုပ်​နည်း (၂)​နည်း

ကျ​နော် ​အ​သေး​စိတ်​ရှင်း​ပြ​ထား​ပါ​တယ်။ Download ​မ​လုပ်​တတ် ​ပါ​ဘူး၊ ​အ​ဆင်​မ​ပြေ​ဘူး ​ပြော​ပြော​နေ​တဲ့ ​သူ​များ​အ​တွက် IDM ​နဲ့ ​ဒေါင်း​နည်း​နဲ့ web ​က​နေ leech ​လုပ်​ပြီး Download ​လုပ်​တဲ့​နည်း ​ကို ​ဘယ်​လို​လုပ်​ရ​မယ် ​ဆို​တာ​က​အ​စ ​အ​သေး​စိတ် ​ရှင်း​ပေး​ထား​ပါ​တယ်။ ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​ဒီ​နေ့​ကျ​နော် software ​သုံး​နည်း​တွေ​ကို ​တစ်​ခု​ချင်း​စီ​ကို ​ရှင်း​ပြ​ပေး​ပါ့​မယ်။ ​အား​လုံး​ပဲ ​စိတ်​ကြေ​နပ်​ကြ​လိမ့်​မယ်​လို့​လည်း ​မျှော်​လင့်​မိ​ပါ​တယ်။ ​ဖေ့​ဘုတ်​က ​လာ​ကြည့်​တဲ့​သူ Like ​လုပ်​တဲ့​သူ​များ​လာ​တာ ​တွေ့​တော့ ​အိပ်​ရေး​ပျက်​တာ​တွေ​ကို​တောင် ​သိပ်​မ​စဉ်း​စား​မိ​သ​လောက်​တောင်​ပဲ ​အား​တွေ ​ပြန်​ပြည့်​လာ​တာ​တော့ ​အ​မှန်​ပါ​ပဲ။ ​တ​ကယ်​ပါ။ ​ခု​လို ​ဖေ့​ဘုတ်​က​နေ ​အား​တွေ ​ပေး​သွား​တဲ့​သူ​များ ​အား​လုံး​ကို​လည်း ​ဒီ​က​နေ​ပဲ ​ကျေး​ဇူး​တင်​ပါ​တယ်။ ​ခု video record ​လုပ်​ရ​တာ ​အ​ရင်​က​နဲ့​မ​တူ​ပါ​ဘူး။ ​နည်း​နည်း​တော့ ​ပျော်​မိ​သွား​တာ ​အ​မှန်​ပါ​ပဲ။ ​လာ​ကြည့်​တဲ့​သူ​များ​တဲ့​အ​တွက်​လည်း ​ကျွန်​တော် ​ဒီ့​ထက် ​ထပ်​ပြီး​ကြိုး​စား​သွား​မှာ​ပါ​လို့ ​ဒီ​ပို့စ်​က​နေ​ပဲ ​ထပ်​လောင်း ​ပြော​ပါ​ရ​စေ။

12 July 2013

Lesson 3.4 How to use Patch

ခု Patch ​နဲ့ License version ​လုပ်​နည်း​ကို Internet download mangager ​ကို ​ဥ​ပ​မာ​ထား​ပြီး ​ရှင်း​ပြ​လိုက်​ပါ​တယ်။ Internet download manager ​ကို ​တော်​တော်​များ​များ​က ​မ​လုပ်​တတ်​တဲ့​အ​ကြောင်း​တွေ၊ ​အင်​တာ​နက်​က video ​တွေ​ကို ​ဘယ်​လို Download ​လုပ်​ရ​မ​လဲ​ဆို​တာ​တွေ၊ update ​လုပ်​မိ​ပြန်​ရင်​လည်း ​ဘယ်​လို ​ထပ်​လုပ်​ရ​မ​လဲ ​ဆို​တာ​တွေ​ကို​ပါ ​တစ်​ခါ​တည်း ​ရှင်း​ပြ​ပေး​လိုက်​ပါ​တယ်။ Internet Download mangaer ​အ​ကြောင်း​လည်း ​သိ​သွား​အောင် ​နောက်​တစ်​ခု​က Patch ​ဆို​တာ​လည်း ​နား​လည်​သွား​အောင်​လို့ IDM ​ကို ​ဥ​ပ​မာ​ထား​ရှင်း​လိုက်​တာ​ပါ။ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​ခု​လို ​သင်​ခန်း​စာ video ​တွေ​ကို ​ကျ​နော်​အ​ပင်​ပန်း​ခံ​လုပ်​ပေး​သ​လို ​သူ​ငယ်​ချင်း​များ ​အ​နေ​နဲ့​လည်း ​ကို​နဲ့​လက်​လှမ်း ​မီ​သ​လောက် ​လက်​ဆင့်​ကမ်း​ပေး​ဖို့ ​ကျ​နော့်​အ​နေ​နဲ့ ​အ​နူး​အ​ညွှန့်​တောင်း​ပန်​လိုက်​ပါ​တယ်။ ​ဘာ​လို့​လဲ​ဆို​ရင် ​ကျ​နော်​တို့​လူ​မျိုး​တွေ ​တိုး​တက်​စေ​ချင်​ရင် ​ကျ​နော်​တို့ ​သိ​နေ၊ ​ကျ​နော်​တို့​ချည်း ​တတ်​နေ​လို့ ​မ​ဖြစ်​ပါ​ဘူး။ ​ကိုယ့်​လူ​မျိုး​တွေ​လည်း ​သိ​ဖို့ ​တတ်​ဖို့ ​အ​ရမ်း(​အ​ရမ်း)​ကို ​လို​အပ်​ပါ​တယ်။ ​အဲ့​ဒါ​ကြောင့်​မို့ ​ကို​နဲ့​နီး​စပ်​ရာ ​သူ​ငယ်​ချင်း​တွေ​ကို ​ကျ​နော်​သင်​နေ​တဲ့​အ​ကြောင်း ​ဒါ​မှ​မ​ဟုတ် video ​ဖိုင်​တွေ​ကို ​လက်​ဆင့်​ကမ်း​ပေး​ကြ​စေ​လို​ပါ​တယ်။ 



(Internet Download Manager ​ကို License version ​ဖြစ်​အောင် Patch ​သုံး​နည်း)

Lesson 3.3 How to use Crack

ဒါ​က​တော့ Crack ​ကို ​ဘယ်​လို​သုံး​ပြီး License version (or) Full version ​လုပ်​မ​လဲ​ဆို​တာ​ကို ​ရှင်း​ပြ​ထား​တာ​ပါ။ Crack ​က ​အ​ဓိ​က​က​တော့ Copy and Paste ​လုပ်​တာ​ဆို​တော့ ​အ​ရမ်း​လွယ်​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​သ​တိ​ထား​ရ​မှာ ​လေး​က​တော့ software ​ကို install ​လုပ်​ပြီး ​နောက်​ဆုံး ​အ​ဆင့် Finished ​အ​ဆင့် ​ရောက်​ရင် ​အ​မှန်​ခြစ်​ခြစ်​ထား​တာ​ကို ​ဖြုတ်​ဖို့​ပါ။ ​ဘာ​လို့​ဖြုတ် ​ခိုင်း​တာ​လဲ ​ဆို​ရင် ​မ​ဖြုတ်​ရင် ​အဲ့ program ​က run ​သွား​မှာ ​မို့​ပါ။ Program run ​နေ​ရင် crack ​လုပ်​လို့ ​လုံး​ဝ​မ​ရ​ပါ​ဘူး။ ​တစ်​ခါ​တစ်​လေ ​ပိတ်​လိုက်​တာ​တောင်​မှ ​နောက်​ကွယ်​မှာ run ​နေ​တတ်​ပါ​တယ်။ ​အဲ့​အ​ချိန်​ကျ​ရင် task manager ​ကို​ခေါ်​ပြီး process ​ထဲ​က​နေ​တောင် ​သွား​ပိတ်​ရ​ပါ​တယ်။ ​အဲ့​တော့ ​အဲ့​အ​မှန်​ခြစ်​လေး​ကို ​ဖြုတ်​ပေး​ဖို့ ​မ​မေ့​ပါ​နဲ့။ Crack (or) Patch ​တစ်​ခု​ခု​နဲ့​လုပ်​တော့​မယ်​ဆို ​ဖြုတ်​ပေး​လိုက်​ပါ။



Lesson 3.2 -How to use Keygen

ခု video ​တွေ​ဟာ ​လတ်​တ​လော ​ရှင်း​ထား​တာ​တွေ ​ချည်း​ပဲ ​ဖြစ်​လို့ ​ကျ​နော်​နေ့​တိုင်း ​ဒု​က္ခ​ခံ​သ​လို ​လေ့​လာ​သူ​တွေ​လည်း ​နည်း​နည်း​လောက် ​ဒု​က္ခ​ခံ​စေ​ချင်​ပါ​တယ်။ ​ခု​က keygen ​အ​ကြောင်း​ပါ။ ​ခု (၄)​နည်း​ကို ​သိ​ရင် ​အား​လုံး​ကို ​အ​ဆင်​ပြေ​ပြေ​နဲ့ Fullversion ​လုပ်​နိုင်​သွား​ပါ​ပြီ။ ​လေ့​ကျင့်​ခန်း​ကို ​နား​မ​လည်​မှာ​စိုး​လို့ software ၂ ​ခု​ကို ​လုပ်​ပြ​ထား​ပါ​တယ်။ ​တစ်​ခု​ကို video ​တစ်​ဖိုင်​စီ ​ခွဲ​ထား​ပေး​ပါ​တယ်။ ​ပ​ထ​မ video ​ဖိုင်​နဲ့​နား​လည်​ရင် ​ဒု​တိ​ယ ​ဖိုင်​ကို ​မ​ကြည့်​လည်း​ရ​ပါ​တယ်။ ​ပ​ထ​မ​ဟာ​ကို ​နား​မ​လည်​ရင် ​ဒု​တိ​ယ video ​ဖိုင်​ကို ​ဆက်​ကြည့်​ပါ။ ​တ​ကယ်​တမ်း​တော့ ၂ ​ဖိုင်​လုံး​ကို ​ကြည့်​ထား​သင့်​တာ​ပါ။ keygen ​ပုံ​စံ​ချင်း​မ​တူ​ပါ​ဘူး။ ​အဲ့​ဒါ​ကြောင့်​ပါ။



(​ပ​ထ​မ ​လေ့​ကျင့်​ခန်း Video)

(​ဒု​တိ​ယ ​လေ့​ကျင့်​ခန်း video)

Lesson 3.1 - How to use Serial Number

အ​ခု ​တင်​ပေး​လိုက်​တဲ့ ​လိုင်​စင်​ဗား​ရှင်း​လုပ်​နည်း (၄)​နည်း​ကို ​လုပ်​တတ်​ပြီ​ဆို​ရင် ​ဘယ် software ​ဘယ် game ​ပဲ ​လာ​လာ ​အ​ဆင်​ပြေ​ပြေ​နဲ့ full version ​လုပ်​တတ်​မှာ ​လုံး​ဝ​သေ​ချာ​ပါ​တယ်။ ​အ​ခု​တော့ ​ပ​ထ​မ​ဆုံး Serial number ​ဖြင့် License version ​လုပ်​တဲ့​နည်း​ကို ​တင်​ပြ​လိုက်​ရ​ပါ​တယ်။ serial number ​နဲ့ software (၂) ​မျိုး​ကို ​လုပ်​ပြ​လိုက်​ပါ​တယ်။ ​လုံး​ဝ ​ရှင်း​ရှင်း​လင်း​လင်း ​နား​လည် ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။  ​အောက်​က ​ပ​ထ​မ vdieo ​က software ​တစ်​မျိုး၊ ​ဒု​တိ​ယ​က software ​တစ်​မျိုး​ပါ။ ၂ ​မျိုး​စ​လုံး​က​တော့ serial number ​နဲ့ license version ​လုပ်​ရ​တာ​ချည်း​ပါ​ပဲ။


(​ပ​ထ​မ ​လေ့​ကျင့်​ခန်း video)
Zippyshare | Ziddu | SolidfilesSharebeast | Tusfiles | Mirrorcreator
 (Or) Zipyshare | Solidfiles | Filecloud | Ziddu | SharebastMIrrorcreator


(​ဒု​တိ​ယ ​လေ့​ကျင့်​ခန်း video)

11 July 2013

Facebook ​တွင်​လည်း ​သင်​ခန်း​စာ video ​များ​ကို ​ကြည့်​ရှု့​နိုင်​ပါ​ပြီ.

ကျ​နော် Facebook ​မှာ​လည်း​ပဲ ​သူ​ငယ်​ချင်း​များ ​အား​လုံး ​ဖတ်​ရှု့​လို့ ​ကြည့်​လို့​ရ​အောင် Page ​တစ်​ခု ​လုပ်​ထား​ပါ​တယ်။ ​အ​ခု ​သင်​တန်း​အ​စီ​အ​စဉ်​ကို ​သ​ဘော​ကျ​သည့် ​သူ​ငယ်​ချင်း​များ Like ​လုပ်​နိုင်​ပါ​တယ်။ ​သင်​ခန်း​စာ​များ​တွင် ​အား​နည်း​ချက်​များ ​ရှိ​ပါ​က ​ဝင်​ရောက် ​ထောက်​ပြ​အ​ကြံ​ပေး​နိုင်​ပါ​တယ်။ ​ကျ​နော် ​အ​စွမ်း​ကုန် ​ကြိုး​စား​ပြီး ​ဖြည့်​စွက်​ပေး​သွား​ပါ့​မယ်။ ​ခု​သင်​တန်း​က Basic ​ပြီး​သွား ​ရင် ​နောက် ​ပိုင်း ​ဒီ​ဇိုင်း​ပိုင်း​နှင့် Web ​ပိုင်း​ကို​လည်း ​သင်​ပေး​ဖို့ ​အ​ထိ ​ကျ​နော် ​ကြိုး​စား​သွား​မှာ ​ဖြစ်​ပါ​တယ်။ ​ဖေ့​ဘုတ်​ရဲ့ Page ​က​တော့ 
http://www.facebook.com/NyiNayMinIT ​ဖြစ်​ပါ​တယ်။ ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့် ​မိ​ပါ​တယ်။

10 July 2013

Lesson 2.2 Power Options ​အ​ကြောင်း

ကွန်​ပျူ​တာ​တွေ​မှာ ​ကွန်​ပျူ​တာ​ကို ​ဘာ​မှ​မ​လုပ်​ဘဲ​နဲ့ ​ကွန်​ပျူ​တာ ​ပိတ်​သွား​တာ​တွေ sleep ​ဖြစ်​သွား ​တာ​တွေ​ကို ​သ​တိ​ထား​မိ​ကြ​မယ် ​ထင်​ပါ​တယ်။ ​အဲ့​လို ​ဘာ့​ကြောင့် ​ဖြစ်​သ​လဲ​ဆို​ရင်​တော့ control panel ​ထဲ ​က setting ​တွေ​ကို ​မ​ပြင်​မိ​လို့ ​ဖြစ်​တာ​ပါ။ ​အဲ့​တော့ ​အဲ့​ဒီ့ power option ​ထဲ​မှာ ​ဘယ်​လို ​ဝင်​ပြင်​ရ​မ​လဲ ​ဆို​တာ​ကို ​အ​သေး ​စိတ် ​ရှင်း​ပြ​ထား​ပေး​ပါ​တယ်. ​မ​များ​ပါ​ဘူး။ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။


Lesson 2 Standard user ​အ​ကောင့်​တစ်​ခု​ကို ​ဘယ်​လို ​ထိန်း​ချုပ်​မ​လဲ

မ​နေ့​က​တုန်း​က ​သင်​ပေး​လိုက်​တာ ​သိပ်​နား​မ​လည်​ဘူး ​ဆို​လို့ ​အ​ခု ​အ​သေး​စိတ်​ပြန်​ရှင်း​ပြ ​ထား​ပေး​ပါ​တယ်။ ​အ​ခု video ​ကို ​ထပ်​ကြည့်​လိုက်​ပါ။ ​အ​ခု​လောက်​ဆို​ရင်​တော့ administrator  ​တစ်​ယောက်​က​နေ standard user ​ကို ​ဘယ်​လို ​ထိန်း​ချုပ်​မ​လဲ ​ဆို​တာ ​သိ​လောက်​ပါ​ပြီ.


How to set up Zawgyi in browser setting and gtalk

ခု​က​တော့ gtalk ​က​နေ Zawygi keyboard ​ကို ​ထည့်​ထား​ပေ ​မယ့် ​မြန်​မာ​လို ​အ​ဆင်​ပြေ​ပြေ ​မ​မြင်​ရ​ဘူး ​စာ​ရိုက် ​လျှင် ​လေး​ထောင့် ​တုံး​တွေ​ပဲ ​မြင်​ရ​လို့​ဆို​ပြီး ​အ​ကူ​အ​ညီ​တောင်း ​လား​လို့ ​ကျွန်​တော် ​တင်​ပေး​လိုက်​ပါ​တယ်။ ​လုပ်​ရ​မှာ​က ၃ ​နေ​ရာ​မှာ​ပဲ setting ​ပိုင်း ​ဝင်​ပြင်​ပေး​ရ​မှာ​ပါ။ ​ကဲ ​ကြည့်​ကြည့်​လိုက်​ပါ. ​အ​ဆင်​ပြေ​ကြ ​လိမ့်​မယ် ​လို့ ​မျှော်​လင့်​မိ​ပါ​တယ်။ ​ခု​သင်​ပေး​တဲ့​အ​တိုင်း ၃ ​နေ​ရာ​မှာ​သာ ​ဝင်​ပြင်​ပေး ​လိုက်​ပါ။ ​အဲ့​ဒါ​ဆို​ရင် ​အား​လုံး​မှာ ​မြန်​မာ​လို ​မြင်​ရ​ပါ​ပြီ။ 




Download Training Movie
Zippyshare | Ziddu | Solidfiles | Tusfile | Filecloud | Mirrorcreator

Lesson 2-1 How to remove Programs From your PC

ဖြုတ်​နည်း ၂ ​နည်း​ရှိ​ပါ​တယ်။ control panel ​ထဲ​က Programs and features ​ဖြင့် ​ဖြုတ်​နည်း​နှင့် uninstaller ​ကို​သုံး​ပြီး ​ဖြုတ်​နည်း ၂ ​နည်း​ပါ။ ၂ ​နည်း​စ​လုံး ​ရှင်း​ပြ​ထား​ပါ​တယ်။ ​ရှင်း​ပြ​ချက်​နှင့်​အ​တူ advanced uninstaller pro v-11 ​ကို​ပါ ​တစ်​ခါ​တည်း ​တင်​ပေး ​လိုက်​ပါ​တယ်။ ​အ​ဆင်​ပြေ​ကြ ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

ဒါ​က​တော့ ​မ​လို​အပ်​တဲ့  software ​တွေ​ကို Registry ​ထဲ​မှာ​ပါ ​မ​ကျန် ​အ​ကုန်​ရှာ​ပြီး ​ဖျက်​ပေး​တဲ့ uninstaller program ​ပါ ​အောက်​မှာ Download ​လုပ်​ယူ​လိုက်​ပါ။ ​အောက်​ဆုံး​က ​တင်​ပေး​ထား​တာ​က ​သင်​ခန်း​စာvideo ​ဖိုင်​ပါ။

Download softwares
Zippyshare | Ziddu | Fileclousd | rapidshare | Solidfiles | Thusiles | Mirrorcreator


Download Tutorial video
Zippyshare | Ziddu | Filecloud | Sharebeast | rapidshare | Solidfiles | Thusiles | Mirrorcreator

Lesson (2) User Account ​ဖြင့် ​ကွန်​ပျူ​တာ​သုံး​စွဲ​မှု့​အား ​ထိန်း​ချုပ်​ခြင်း

ခု ​ဒီ​နေ့ ​သင်​ပေး​မှာ​က​တော့ User Account ​နှင့် ​ကွန်​ပျူ​တာ ​ထဲ​သုံး​စွဲ​မှု့​ကို ​ထိန်း​ချုပ်​တာ ​ဖြစ်​ပါ​တယ်။ ​သုံး​စွဲ​ချိန်​နှင့် ​သုံး​စွဲ​ရ​မယ့် program ​များ​ကို window ​မှာ ​ပါ​ပြီး​သား​နှင့် ​သုံး​ပြီး​တော့ ​လုပ်​ပြ​သွား​တာ ​ဖြစ်​လို့ ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​ကြ ​လိမ့်​မယ် ​လို့ ​မျှော်​လင့်​ပါ​တယ်။ ​တ​ကယ်​ဆို control panel ​ကို ​သင်​ရင်​တော့ Action center ​က​နေ ​စ​သင်​ရ​မှာ​ပါ။ ​ဒါ​ပေ​မယ့် ​အ​များ​ဆုံး ​သုံး​စွဲ​ရ​တယ့် program ​တွေ​ကို ​ဦး​စား​ပေး​ပြီး ​ရှင်း​ပြ​သွား​ပေး​ပါ့​မယ်။ ​ဒီ​နေ့​က​တော့ user account ​တစ်​ခု​ကို ​သုံး​စွဲ​ပြ​သွား​တာ​ပါ။



Download User Account Training Video

09 July 2013

How to install Zawgyi

မေး​တဲ့​သူ ​အ​ရမ်း (​အ​ရမ်း)​ကို ​များ​ပါ​တယ်။ ​လုံး​ဝ ​မ​သိ​သေး​တဲ့​သူ​တွေ ​အ​များ​ကြီး​လက်​ထဲ ​ဒီ video ​ဖိုင်​လေး ​ရောက်​သွား​ခဲ့​ရင် ​အ​ရမ်း​အ​ကျိုး​ရှိ​စေ​မယ် ​ဆို​တဲ့ ​ရည်​ရွယ်​ချက်​နဲ့ ​အ​သေး​အ​ဖွဲ့​လေး​က​စ​ပြီး ​သင်​တန်း​အ​တွက် ​စ​ပြီး ​အ​သက်​သွင်း​လိုက်​တာ​ပါ။ ​မှား​တာ​ရှိ​ရင် ​အား​လုံး​ကို ​ကြို​တင် ​တောင်း​ပန်​ထား ​ပါ​ရ​စေ။ ​ကျ​နော် ​တစ်​ယောက်​တည်း ​ကြိုး​စား​ထား​တာ ​ဖြစ်​တဲ့​အ​တွက် ​အ​မှား​တွေ ​အ​များ​ကြီး ​ပါ​ဝင်​နိုင်​ပါ​တယ်။ ​ပ​ညာ​ရှင်​တစ်​ယောက် ​မ​ဟုတ်​ဘဲ ​ကိုယ်​ထူ​ကိုယ်​ထ ​ပ​ရ​ဟိ​တ​အ​လုပ် ​ဖြစ်​တဲ့​အ​တွက် ​နား​လည်​နိုင်​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ ​စေ​တ​နာ ​တစ်​ခု​တည်း​ကို​ပဲ ​ရင်​ထဲ​မှာ ​ထား​ပေး​ပါ။ ​အ​လုပ်​တစ်​ခု​ဆို​တာ ​ပြော​တာ ​လွယ်​သ​လောက် ​လုပ်​တာ ​တ​ကယ်​ခက်​ပါ​တယ်။ ​အ​ခက်​အ​ခဲ​ပေါင်း ​များ​စွာ​ကို ​တွေ့​ရ​တတ်​ပါ​တယ်။

ဒါ​က​တော့ ​သိ​တဲ့​သူ​အ​တွက်​တော့ ​က​လေး​က​လား ​ကျ​ပေ​မယ့် ​မ​သိ​တဲ့​သူ​အ​တွက် ​ခက်​ခဲ​မှု့​တ​ခု​ပါ။ ​ဘယ်​နည်း​လမ်း​မ​ဆို ​သိ​ထား​သင့်​တယ်​ထင်​လို့ ​ကျ​နော့်​အ​နေ​နဲ့ ​မေး​သ​မျှ​ကို ​အ​ကုန်​တင်​ပေး​သွား​မှာ​ပါ။ ​ခု​က zawgyi keyboard ​ကို Download ​လုပ်​နည်း​နဲ့ install ​လုပ်​နည်း​ပါ။ ​အ​များ​ကြီး​ရှင်း​ပြ​နေ​ရင် ​ဖိုင်​ဆိုက်ဒ်​ကြီး ​သွား​မှာ​စိုး​လို့ ​နည်း​နည်း​မြန်​မြန်​ပြော​ပြ​ရ​တာ ​နား​လည်​ပေး​စေ​လို​ပါ​တယ်။ ​ဒါ​တောင်​မှ ​ဖိုင်​ဆိုက်ဒ်​က 20 MB ​ကျော်​သွား​သေး​တယ်။ ​ဖိုင်​ဆိုက်ဒ်​ကြီး​တဲ့​အ​ကြောင်း​က Download ​လုပ်​ပြီး ​ကြည့်​တဲ့​သူ​တွေ​အ​တွက် resolution ​ကောင်း​ကောင်း​နဲ့ ​ကြည်​ကြည်​လင်​လင် ​ကြည့်​နိုင်​ရ​အောင် resolution ​မြှင့်​ပြီး​တော့ ​တင်​ပေး​ထား​လို့​ပါ။ ​ကဲ​အား​လုံး​အ​ဆင်​ပြေ​နိုင်​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

ခု​ဒါ​လေး​ကို ​ဘာ​လို့​ပြော​ပြ​နေ​သေး​လဲ ​ဆို​ရင် ​လုံး​ဝ​မ​သိ​တဲ့ ​ညီ/​ညီ​မ ​လေး​တွေ ​ရှိ​နေ​လို့​ပါ။ ​အဲ့​ဒါ​ကြောင့် ​လွယ်​ကူ​တဲ့ ​အ​ပိုင်း​လေး​တွေ​ကို ​စ​ပြီး​ပြော​ပြ​ရ​တာ​ပါ။

Download Zawgyi and Install



Download How to Download and Install Zawgyi Tutorial
Zippyshare | Solidfile | Filecloud | Tusfiles | Mirrorcreator

07 July 2013

ယ​နေ့ (8-july-2013) ​ရက်​နေ့​မှာ Online ​အ​ခ​မဲ့ ​သင်​တန်း​စ​တင် ​ဖွင့်​လှစ်​လိုက်​ပါ​ပြီ.

ယ​နေ့ ​သင်​လိုက်​တဲ့ ​သင်​ခန်း​စာ​က ​နည်း​နည်း ​တို​ပါ​တယ်. Passport ​ကိ​စ္စ​ခေါင်း​ရှုပ်​နေ​တာ​နဲ့ ​သင်​တာ ​နည်း​နည်း​လေး​နည်း​သွား​တယ်. ​နေ့​တိုင်း ​သင်​သ​မျှ​ဟာ​တွေ​ကို ​တင်​ပေး​သွား​မှာ ​ဖြစ်​တဲ့​အ​တွက် ​လုံး​ဝ ​မ​သိ​သေး​တဲ့ ​ကွန်​ပျူ​တာ​နှင့် ​လုံး​ဝ ​စိမ်း​နေ​တဲ့ ​သူ​များ ​စ​တင်​ပြီး ​လေ့​လာ​ကြ​ရ​အောင်။ ​ဒီ​နေ့​က​စ​ပြီး ​သင်​ယူ​ကြ​ရ​အောင်​လို့ ​ဆ​န္ဒ​ပြု​ရင်း​နှင့် ​အား​လုံး​ကို ​လက်​ကမ်း​လိုက်​ပါ​တယ်။ ​နေ့​တိုင်း​သင်​မှာ​ပါ။ ​ကျွန်​တော့် ​ဝဘ်​ဆိုက်​က​နေ ​တ​ဆင့်​သင်​ပေး​မှာ​ပါ။ youtube ​မှာ​လည်း ​တင်​ပေး​နေ​ပါ​တယ်။ ​အ​ပတ်​စဉ် ​တ​န​င်္လာ​နေ့​က​နေ ​တ​န​င်္ဂ​နွေ​နေ့​ထိ (၆)​ရက်​ကို​တော့ ​ကွန်​ပျူ​တာ ​အ​ခြေ​ခံ​သင်​ခန်း​စာ​များ​က​နေ ​စ​သင်​မှာ​ဖြစ်​ပြီး​တော့ ​အ​ပတ်​စဉ် ​တ​န​င်္လာ​နေ့ ​ကျွန်​တော့်​သင်​တန်း​နား​ရက်​မှာ​တော့ ​ကွန်​ပျူ​တာ software ​သုံး​နည်း​နှင့် ​အ​မေး​အ​ဖြေ​များ ​ကို ​ဖြေ​ပေး​မှာ​ဖြစ်​ပါ​တယ်။ internet ​လိုင်း​မ​ကောင်း​သူ​များ​အ​တွက် ​သင်​ခန်း​စာ​များ​ကို Download ​လုပ်​နိုင်​စေ​ရန်​ပါ ​စီ​စဉ်​ပေး​ထား​ပါ​တယ်။ ​နေ့​စဉ်​သင်​ကြား​မှာ ​ဖြစ်​ပါ​တယ်။ ​မည်​သူ​မ​ဆို ​အင်​တာ​နက် ​ရ​သည့် ​မည်​သည့်​နေ​ရာ​က​နေ ​မ​ဆို ​သင်​ယူ​နိုင်​မှာ​ဖြစ်​ပါ​တယ်။

သင်​ခန်း​စာ (၁)


(Desktop Shortcuts ​အ​ကြောင်း) 


(Personalize ​အ​ကြောင်း) 


(Taskbar and Properties ​အ​ကြောင်း) 

===================
Video ​ဖိုင်​တွေ​က​တော့ ​အောက်​မှာ Download ​လုပ်​ယူ​လိုက်​ပါ။
===================

Download Video Tutorials
(1) Desktop Tutorials

(2) Personalize

(3) Taskbar and Properties