W w W. N y I n @ y M i N. o R g

20 January 2014

မိ​မိ​ရ​ထား​တဲ့ ​အင်​တာ​နက်​လိုင်း ​တစ်​လိုင်း​ထဲ​ကို Rounter ​မ​လို​ဘဲ ​ဘယ်​လို ​အင်​တာ​နက် ​ထပ်​ဆင့်​လွှင့်​မ​လဲ။

အဲ့​တော့ connectify hotspot ​နဲ့ ​ပါတ်​သတ်​ပြီး ​မ​ပြော​ခင်​မှာ ​ကျ​နော်​တို့ ​အင်​တာ​နက်​လိုင်း ​သုံး​တဲ့​အ​ခါ​မှာ ​ရ​လာ​တဲ့ ​အင်​တာ​နက်​လိုင်း​တစ်​လိုင်​ထဲ​ကို ​နောက်​ထပ် ​လိုင်း​တွေ ​ထပ်​ခွဲ​ချင်​တယ်​ဆို​ပါ​တော့။ ​ဥ​ပ​မာ iphone, ipad ​တွေ ​သုံး​လာ​ပြီ​ဆို​ရင် Restore ​ပြန်​လုပ်​ဖို့​အ​တွက် wifi ​လို​ပါ​တယ်။ ​ဒါ​မှ​မ​ဟုတ် ​ကို့​မှာ ​ရ​ထား​တဲ့ ​အင်​တာ​နက်​လိုင်း ​တစ်​လိုင်း​ထဲ​ကို​ပဲ ​မိ​မိ​အိမ်​မှာ ​ရှိ​တဲ့ ​ဖုန်း​တွေ၊ ​တစ်​ခြား ​ကွန်​ပျူ​တာ​တွေ​မှာ ​သုံး​စေ​ချင်​တယ်​ဆို​ရင် ​ယ​ခု​ပို့စ်​လေး​ဟာ ​အ​ရမ်း​ကို ​တန်​ဖိုး​ရှိ​ပါ​တယ်။ ​အင်​တာ​နက်​ဆိုင်​က​နေ user name ​နဲ့ password ​ပေး​ပြီး​တော့ ​လ​စဉ်​ကြေး​နဲ့ ​သုံး​နေ​တဲ့​သူ​တွေ​ရှိ​ပါ​တယ်။ username and password ​ဟာ ​တစ်​ယောက်​တည်း ​သုံး​ဖို့ ​ပေး​တာ​ဖြစ်​လို့ ၂ ​လုံး​ပြိုင်​တူ​ဝင်​တာ​နဲ့ ​တစ်​လုံး​က auto log out ​ဖြစ်​သွား​ပါ​တယ်။ ​အဲ့​ဒါ​ဆို​ရင် ​ကို​ရ​ထား​တဲ့ ​အင်​တာ​နက် ​လိုင်​တစ်​လိုင်း​ကို ​ပြန်​ခွဲ​ပြီး ​ဘယ်​လို ​သုံး​နိုင်​မ​လဲ။ ​အဲ့​တော့ Router ​လည်း ​မ​ဝယ်​ရ​အောင် ​မိ​မိ​ကွန်​ပျူ​တာ​မှာ ​ရ​နေ​တဲ့ ​အင်​တာ​နက်​လိုင်း​ကို​လဲ ​ခွဲ​သုံး​လို့ ​အ​ဆင်​ပြေ​အောင် connectify ​နဲ့ ​သုံး​ပြီး​တော့ ​ခွဲ​ထုတ်​နိုင်​ပါ​တယ်။ ​လုပ်​နည်း​က ​အ​ရမ်း​လွယ်​ပါ​တယ်။ ​နောက်​တစ်​ခု​က connectify hotspot ​ဟာ ​သာ​မာန် router ​တွေ​ထက်​ကို ​တော်​တော်​ဝေး​ဝေး​အ​ထိ​ကို ​ပြန်​လွှင့်​ပေး​နိုင်​ပါ​တယ်။ ​လုပ်​နည်း​ကို ​ပြော​ပြ​ပါ့​မယ်။

မိ​မိ ​ကွန်​ပျူ​တာ​သည် Laptop ​ဖြစ်​ချင်​ဖြစ်၊ Desktop ​ဖြစ်​တယ်​ဆို​ရင်​လည်း wireless stick ​တစ်​ခု ​တပ်​ဆင်​ထား​ဖို့​လို​ပါ​တယ်။ laptop ​တွေ​မှာ​တော့ wifi ​က ​ပါ​ပြီး​သား​မို့​လို့ ​အ​ဆင်​ပြေ​ပါ​တယ်။

connectify website ​ကို ​အ​သုံး​ပြု​ဖို့ ​ပ​ထ​မ​ဦး​ဆုံး  .net framework 4.5 ​ကို install ​လုပ်​ရ​ပါ​မယ်။ Download ​လုပ်​ဖို့ ၂ ​ခု​စ​လုံး​ကို ​တင်​ပေး​လိုက်​ပါ​တယ်။ ၂ ​ခု​စ​လုံး​ကို Download ​လုပ်​ပါ။
  1. Download .Net Framework 4.5
  2. Download Connectify

  • ​ပ​ထ​မ​ဦး​ဆုံး Net Framework 4.5 ​ကို install ​လုပ်​လိုက်​ပါ။ (​ပုံ ၁)
  • ​ပြီး​ရင်​တော့ connectify installer ​ကို Run ​လိုက်​ပါ။ I agree ​ကို​နှိပ်​ပါ။ (​ပုံ ၂)
  • ​နောက်​ဆုံး ​အ​ဆင့် Finished ​ကို ​နှိပ်​ပြီး​တာ​နဲ့ ​ကွန်​ပျူ​တာ Restart ​ချ​ခိုင်း​ပါ​လိမ့်​မယ်။ ​ကွန်​ပျူ​တာ Restart ​ချ​လိုက်​ပါ။
  • ​ကွန်​ပျူ​တာ ​ပြန်​ပွင့်​လာ​တဲ့ ​အ​ချိန်​ကျ​ရင် connectify ​ကို ​ဖွင့်​လိုက်​ပါ။ ​ပွင့်​လာ​ပြီ​ဆို​ရင်​တော့  Next ​ကို ​နှိပ်​ပြီး​တော့ use connectify lite ​ကို ​ရွေး​ပေး​လိုက်​ပါ။ 
  • ​ဒါ​ဆို​ရင် connectify lite ​ပေါ်​လာ​ပါ​လိမ့်​မယ် ​ပေါ်​လာ​တဲ့​အ​ချိန်​ကျ​ရင် ​ကျ​နော် (​ပုံ ၇) ​မှာ ​ပြ​ထား​သ​လို​မျိုး  Setting ​ပိုင်း​မှာ ​ပြင်​လိုက်​ပါ။ Hotspot Name , Password ​ကို ​ပေး​လိုက်​ပါ။ ​ပီး​ရင် ​အောက်​မှာ ​ရှိ​တဲ့ Internet to share ​မှာ​တော့ ​မိ​မိ ​ချိတ်​ထား​တဲ့ ​အင်​တာ​နက်​လိုင်း​ကို ​ရွေး​ပေး​ရ​မှာ​ဖြစ်​ပြီး share over ​က​တော့ ​ကို​ပြန်​ပြီး ​လွှင့်​မယ့် ​မိ​မိ​ကွန်​ပျူ​တာ​ရဲ့ wireless ​အ​မျိုး​အ​စား​ကို ​ရွေး​ပေး​လိုက်​ပြီး Apply setting ​ကို ​နှိပ်​ပါ။
  • ​ဒါ​ပြီး​တာ​နဲ့ Start hotspot ​ကို ​နှိပ်​လိုက်​တာ​နဲ့ (​ပုံ ၈) ​မှာ​လို​မျိုး Share ​လုပ်​ဖို့ ​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​ကျ​နော်​တို့​အ​နေ​နဲ့ facebook account ​ရှိ​ရင် ​ပေါ်​လာ​တဲ့ share ​ထဲ​က share facebook ​ကို ​နှိပ်​ပေး​လိုက်​ပါ။ ​ပြီး​ရင် ​ဖေ့​ဘုတ်​အ​ကောင့်​ကို ​ဝင်​ပြီး​တော့ share ​လုပ်​ပေး​လိုက်​တာ​နဲ့ ​အဲ့ Facebook account ​ရဲ့ email account ​ကို mail ​ပို့​ပေး​ပါ​လိမ့်​မယ်။ ​အဲ့​လို​ပို့​လိုက်​တာ​နဲ့ (​ပုံ ၆) ​ထဲ​မှာ ​ပါ​သ​လို Username and password ​ကို ​ရိုက်​ထည့်​ပေး​လိုက်​ပါ။ ​ဒါ​ဆို​ရင် ​သူ​က activate ​လုပ်​ဖို့ ​ကုတ်​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ့​ကုတ်​ကို ​နှိပ်​လိုက်​တာ​နဲ့ ​ရက် ၆​ဝ Free ​ရ​သွား​ပါ​ပြီ။ ​အ​ဆင်​ပြေ​နိုင်​ပါ​စေ​ဗျာ။ 
  • ​အား​လုံး ​လုပ်​ပြီး​သွား​ရင်​တော့ Connectify+​မိ​မိ​နာ​မည် ​အ​မည်​နဲ့ ​အင်​တာ​နက် ​လိုင်း​တစ်​လိုင်း ​ထပ်​တိုး​လာ​တာ​ကို ​မြင်​ရ​ပါ​လိမ့်​မယ်။ ​စ​ပြီး ​အင်​တာ​နက် ​လွှင့်​ချင်​ရင် start hotspot ​ကို ​နှိပ်​ပြီး ​ခ​ဏ ​ပိတ်​ထား​ချင်​ရင်​တော့ Stop hotspot ​ကို ​နှိပ်​ပေး​လိုက်​ပါ။

(​ပုံ ၁)

(​ပုံ ၂)
(​ပုံ ၃)
(​ပုံ ၄)

(​ပုံ ၅)
(​ပုံ ၆)

(​ပုံ ၇)



(​ပုံ ၈)
(​ပုံ ၉)

1 comments: