W w W. N y I n @ y M i N. o R g

14 February 2014

Alert Message Box ​လေး​များ​လုပ်​နည်း


အား​လုံး​ပဲ ​မ​င်္ဂ​လာ​ပါ​ခင်​ဗျာ…

ဒီ​တစ်​ခါ​တော့ ​အ​သစ်​အ​ဆန်း​လေး​တစ်​ခု ​တွေ့​ရှိ​လို့ ​ပြန်​လည် ​ဝေ​မျှ​ချင်​ပါ​တယ်.

ဘာ​လဲ​ဆို​တော့ Alert Message Box ​လေး​တွေ ​လုပ်​နည်း​ပါ.

ကိုယ့်​ဘ​လော့ဂ် (​သို့) ​ဝက်ဘ်​ဆိုက်​ထဲ​ကို ​ဝင်​လာ​တဲ့ ​စာ​ဖတ်​သူ​ကို Message Box ​လေး​နဲ့ ​ကြို​ဆို​တာ​ပဲ​ဖြစ်​စေ၊ ​သိ​စေ​ချင်​တဲ့ ​ကြေ​ငြာ​ချက်​လေး​တွေ​ကို Highlight ​လုပ်​ပြ​တာ​ပဲ ​ဖြစ်​စေ​ဖြစ်​စေ၊ ​သ​တိ​ပေး​ကြေ​ငြာ​ချင်​တာ​လေး​တွေ​ကို ​ပြော​ပြ​ချင်​တာ​ပဲ ​ဖြစ်​စေ​ပေါ့ ​အ​လို​ရှိ​သ​လို ​အ​သုံး​ချ​နိုင်​ပါ​တယ်.

Message Box ​လေး​တွေ​ကို ​လုပ်​နည်း ​အ​မျိုး​မျိုး​ရှိ​တဲ့ ​အ​ထဲ​က ​အ​ဆင်​ပြေ​ဆုံး ​နည်း​လမ်း​လေး​ကို ​ရွေး​ချယ်​ပြီး ​ပြန်​လည်​ဆွေး​နွေး​ထား​ခြင်း​သာ ​ဖြစ်​ပါ​တယ်.

ကဲ. ​စ​လိုက်​ကြ​ရ​အောင်​လား​ဗျာ…

Alert Box with OK Button

အဲ​ဒါ​လေး​ကို ​လုပ်​ဖို့​အ​တွက် Template ​ထဲ​ကို​သွား​ပါ. Page Elements ​ကို​သွား​ပါ. ​ပြီး​တော့ Add a page Element ​လုပ်​ပြီး HTML/Javascript ​ကို​ရွေး​ပါ. ​ပြီး​ရင် ​အောက်​ပါ ​ကုဒ်​ဒင်း​လေး​တွေ​ကို ​ထည့်​ပေး​လိုက်​ပါ.



<script type="text/javascript">
alert('You are about to enter an extremely funny site. People   who are prone to laughing fits ... Beware!')
</script>
<noscript>Enable javascript in your browser to view an important message.</noscript>


အ​နီ​ရောင်​နဲ့ ​ပြ​ထား​တာ​လေး​တွေ​က ​ကိုယ်​ပေါ်​စေ​ချင်​တဲ့ Message ​လေး​တွေ​ပါ. ​အ​ပြာ​ရောင်​လေး​နဲ့ ​ပြ​ထား​တာ​လေး​က​တော့ ​တ​ကယ်​လို့​များ user ​က ​သူ့​ရဲ့ Browser ​မှာ Javascript Functions ​ကို off ​လုပ်​ထား​ခဲ့​ရင် ​ပြန်​ဖွင့်​အောင် ​သ​တိ​ပေး​ထား​တာ​ပါ.

မြန်​မာ​လို ​ပေါ်​စေ​ချင်​တယ်​ဆို​ရင်​တော့ Zawgyi-One ​ကို ​ထည့်​ကြေ​ငြာ​ပေး​ရ​ပါ​မယ်. ​ဒီ​မှာ ​အ​စမ်း​လုပ်​ပြ​ထား​တာ ​ကြည့်​ပါ.



<script type="text/javascript">
alert(<font face="Zawgyi-One">'​ဟေ့​ဟေ့. ​သ​တိ​ထား​နော်. ​ခင်​ဗျား ​အ​ခု​သွား​နေ​တာ ​ကို​ရန်​အောင်​ရဲ့ ​ဘ​လော့ဂ်​ဗျ. ​ဟတ်​ဟတ်​ဟတ်.'</font>)
</script>
<noscript>Enable javascript in your browser to view an important message.</noscript>

ဒါ​မျိုး​လေး​ပေါ်​လာ​မှာ ​ဖြစ်​ပါ​တယ်.




Alert Box with Confirmation Button

ဒါ​က​ကျ​တော့ ​စာ​ဖတ်​သူ​ကို ​ရွေး​ချယ်​ခွင့်​ပေး​တာ​ပါ. ​ဆက်​သွား​မ​လား. ​ဒါ​မှ​မ​ဟုတ် ​မ​ဖတ်​တော့​ဘဲ ​ပြန်​ထွက်​မ​လား​ဆို​တာ​ကို ​ရွေး​ခိုင်း​တာ​ပေါ့.

ခု​န​က​လို​ပါ​ပဲ. Template ​ထဲ​ကို​သွား​ပါ. Page Elements ​ကို​သွား​ပါ. ​ပြီး​တော့ Add a page Element ​လုပ်​ပြီး HTML/Javascript ​ကို​ရွေး​ပါ. ​ပြီး​ရင် ​အောက်​ပါ ​ကုဒ်​ဒင်း​လေး​တွေ​ကို ​ထည့်​ပေး​လိုက်​ပါ.



<script type="text/javascript">
confirm('This site contains explicit blogger hacks and tircks. You might bet dizzy. Are you sure you want to continue?');
if (confirm('This site contains explicit blogger hacks and tricks. You might bet dizzy. Are you sure you want to continue?')) {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
else {
window.location = "http://www.yanaung.blogspot.com/";
}
</script>


အ​နီ​ရောင်​နဲ့ ​ပြ​ထား​တာ​လေး​တွေ​က ​သင်​ပေါ်​စေ​ချင်​တဲ့ ​စာ​ကြောင်း​လေး​တွေ ​ဖြစ်​ပါ​တယ်. ​အ​ပြာ​ရောင်​လေး​နဲ့ ​ပြ​ထား​တာ​လေး​က​တော့ OK Button ​ကို ​နှိပ်​လိုက်​ရင် ​ရောက်​ရှိ​သွား​မယ့် ​လင့်ခ်​ဖြစ်​ပါ​တယ်. ​လိ​မ္မော်​ရောင်​လေး​နဲ့ ​ပြ​ထား​တာ​က​တော့ Cancel Button ​ကို ​နှိပ်​လိုက်​ရင် ​စာ​ဖတ်​သူ​ကို ​ပြန်​ပြီး​တော့ Redirect ​လုပ်​ပေး​မယ့် ​စာ​မျက်​နှာ​ဖြစ်​ပါ​တယ်.

ဒါ​က​တော့ ​မြန်​မာ​လို ​ဥ​ပ​မာ​ပေး​ထား​တာ​ပါ.



<script type="text/javascript">
confirm(<font face="Zawgyi-One">'​ဟေ့​ဟေ့. ​သ​တိ​ထား​နော်. ​ခင်​ဗျား ​အ​ခု​သွား​နေ​တာ ​ကို​ရန်​အောင်​ရဲ့ ​ဘ​လော့ဂ်​ဗျ. ​ဟတ်​ဟတ်​ဟတ်. OK ​ကို ​နှိပ်​လိုက်​ရင် ​ကျွန်​တော့်​ဘ​လော့ဂ်​လေး​ကို ​ရောက်​လာ​မှာ ​ဖြစ်​ပြီး​တော့ Cancel ​ကို ​နှိပ်​လိုက်​ရင်​တော့ Helpdesk Blog ​လေး​ကို ​ရောက်​သွား​ပါ​လိမ့်​မယ်. It’s up to you!'</font>);
if (confirm(<font face="Zawgyi-One">'​ဟေ့​ဟေ့. ​သ​တိ​ထား​နော်. ​ခင်​ဗျား ​အ​ခု​သွား​နေ​တာ ​ကို​ရန်​အောင်​ရဲ့ ​ဘ​လော့ဂ်​ဗျ. ​ဟတ်​ဟတ်​ဟတ်. OK ​ကို ​နှိပ်​လိုက်​ရင် ​ကျွန်​တော့်​ဘ​လော့ဂ်​လေီး​ကို ​ရောက်​လာ​မှာ ​ဖြစ်​ပြီး​တော့ Cancel ​ကို ​နှိပ်​လိုက်​ရင်​တော့ Helpdesk Blog ​လေး​ကို ​ရောက်​သွား​ပါ​လိမ့်​မယ်. It’s up to you!'</font>)) {
window.location = "http://yanaung.blogspot.com/";
}
else {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
</script>


ဒီ​လို​လေး ​ဖြစ်​သွား​ပါ​လိမ့်​မယ်...


ဒီ​လောက်​ပါ​ပဲ…
သိပ်​တော့ ​အ​ခက်​အ​ခဲ​မ​ရှိ​လှ​ဘူး​လို့ ​ထင်​ပါ​တယ်.
ကဲ. ​ကောင်း​ကျိုး​ဆိုး​ကျိုး​လေး​တွေ ​ဆက်​ဆွေး​နွေး​ကြည့်​လိုက်​ကြ​ရ​အောင်​လား​ဗျာ..
ဒီ​လို Message Box ​လေး​တွေ ​လုပ်​ထား​တာ​ဟာ ​ကိုယ့်​ရဲ့ ​ဘ​လော့ဂ် (​ဝါ) ​ဝက်ဘ်​ဆိုက်​အ​တွက် ​လို​အပ်​မှ​သာ ​လုပ်​သင့်​ပါ​တယ်. ​ဘာ​လို့​လဲ​ဆို​တော့ ​အဲ​ဒီ့ Message Box ​လေး​တွေ​ဟာ System Dialog Windows ​လေး​တွေ ​ဖြစ်​နေ​လို့​ပါ​ပဲ. ​ဆို​လို​တာ​က ​ဒီ Box ​လေး​တွေ ​ပေါ်​ဖို့​အ​တွက် Browser ​မှာ Javascript ​ကို Enable ​လုပ်​ထား​ရ​ပါ​မယ်. ​ဒီ​တော့ ​ကိုယ့်​ရဲ့ Blog Page (or) Web Page ​ကို Upload ​လုပ်​နေ​ရ​တဲ့ ​အ​ချိန် ​ပို​ကြာ​သွား​နိုင်​ပါ​တယ်.
ကောင်း​တဲ့​ဖက်​က ​ကြည့်​မယ်​ဆို​ရင်​တော့​လည်း ​စာ​ဖတ်​သူ​ကို Respect ​ပေး​ရာ​ကျ​ပါ​တယ်.
ဥ​ပ​မာ​ဗျာ. ​ညစ်​ညမ်း​တဲ့ Website ​တစ်​ခု​ကို ​ဝင်​တော့​မယ် ​ဆို​ရင်.
“You must be at least 18 years old to enter this site!” ​ဆို​တဲ့ Message Box ​လေး ​ပေါ်​လာ​ပြီး OK ​နှိပ်​လိုက်​မှ ​ဆက်​ပြီး ​ခွင့်​ပြု​တာ​မျိုး​ဆို​ရင် Internet Law ​ကို ​လိုက်​နာ​ရာ​ကျ​ပါ​တယ်.
ဒါ​က ​ဥ​ပ​မာ ​ပြော​ပြ​တာ​ပါ. ​တစ်​ခြား ​အ​သုံး​ဝင်​အောင် ​သုံး​တတ်​ရင် ​သုံး​လို့​ဖြစ်​မယ့် ​နေ​ရာ​တွေ ​အ​များ​ကြီး ​ရှိ​ပါ​သေး​တယ်. ​ကြိုက်​သ​လို​သုံး​ပါ. ​ဥာဏ်​ရှိ​သ​လို ​သုံး​ပါ.
ကျွန်​တော်​တို့ ​ဘ​လော့ဂ်​လော​က​မှာ​တော့ ​ဘာ​စည်း​မျဉ်း​ဥ​ပ​ဒေ​သ​မှ ​မ​ရှိ​သေး​ပါ​ဘူး. ​ဒါ​ပေ​မယ့် ​ဒီ Message box ​လေး​တွေ​ဟာ ​စာ​ဖတ်​သူ​ရဲ့ ​ဥာဏ်​ကွန့်​မြူး​နိုင်​မှု​ပေါ် ​မူ​တည်​ပြီး ​အ​မျိုး​မျိုး ​အ​ဖုံ​ဖုံ ​အ​သုံး​ဝင်​လာ​နိုင်​တာ​မို့ ​ကျွန်​တော်​ဖတ်​မှတ်​ခဲ့​ဖူး​တာ​လေး​ကို ​ပြန်​လည်​ဝေ​မျှ​လိုက်​ခြင်း​သာ ​ဖြစ်​ပါ​တယ် ​ခင်​ဗျာ…
မှတ်​ချက်။
သုံး​တဲ့ Browser ​နဲ့ Operating Systems (ME, XP, Vista) ​စ​တာ​တွေ​ပေါ် ​မူ​တည်​ပြီး​တော့ ​ပေါ်​လာ​မယ့် Message Box ​လေး​တွေ​ရဲ့ ​ပုံ​စံ​လည်း ​ကွဲ​ပြား​ခြား​နား​နိုင်​ပါ​တယ်.
အား​လုံး​ကို ​ချစ်​ခင်​လေး​စား​လျက်
ရန်​အောင်

0 comments:

Post a Comment