W w W. N y I n @ y M i N. o R g
06 February 2014
Computer ​အ​တွက်​လုပ်​သင့်​သော ​နည်း​လမ်း​များ (၁)
မဂ်​လာ​ပါ​နော်​သည်​နေ့ ​ရေး​မဲ့ ​နည်း​ပ​ညာ​လေး​က​တော့  ​ကွန်​ပျူ​ဆာ ​ဆား​ဗစ် ​ဆ​ရာ​တွေ​အ​တွက် ​ရီ​စ​ရာ​ဖြစ်​ကောင်း​ဖြစ်​နေ​မှာ​ပါ  ​ဒါ​ပေ​မယ့် ​ကျွန်​တော်​လို ​မ​လည်​မ​ဝယ်...​ယောင်​ဝါး ​ပ​ညာ​သင်​ဘ​ဝ​လေး​တွေ​အ​တွက်  ​နည်း​လမ်း​လေး​တစ်​ခု ​တိုး​ပါ​စေ​ဆို​တဲ့ ​ရည်​ရွယ်​ချက်​နဲ့ ​ရေး​ခြင်း​ဖြစ်​ပါ​တယ်  ​သိ​သူ ​ကျော်​သွား ​မ​သိ​သူ​ဖေါ်​စား​ပေါ့​နော်..ေိေိ
ဘာ​လဲ​ဆို​တော့ ​မိ​မိ​တို့​ကွန်​ပျူ​တာ​ကို  ​လုပ်​ဆောင်​သင့်​တဲ့​အ​ချက်​အ​လက်​လေး​တွေ ​များ​စွာ​ထဲ​က  ​တစ်​ခု
လို့​ဆို​ကြ​ပါ​စို့... ​အ​ထူး​သ​ဖြင့် ​ဝင်း​ဒိုး​တင်​ပြီး​စ ​စက်​များ​အား  ​မ​ဖြစ်​မ​နေ ​လုပ်​ပေး​သင့်​တယ်​လို့ ​ယူ​ဆ​မိ​ပါ​တယ်... ​နောက် ​လို​အပ်​ချက်​လေး​တွေ​ကို  ​နံ​ပါတ်​စဉ်​လိုက်  ​တင်​ပေး​သွား​ပါ့​မယ်... ​ဒါ​က​တော့
နံ​ပါတ် (၁) ​အ​နေ​နဲ့​ပေါ့​နော်...
အ​ဆင့် (၁)  ​အ​နေ​နဲ့​က​တော့...............
ကဲ​စ​မယ်​ဗျာ..... ​ပ​ထ​မ​ဆုံး  ​မိ​မိ​တို့  ​ကွန်​ပျူ​တာ Start  ​က​နေ ​ဖြစ်​ဖြစ်   Win + R ​ကို​ဘဲ ​တွဲ​က​လစ်​လစ်
run box ​ကို​ခေါ်​လိုက်​ပါ​နော်.. ​အဲ​ကျ​လာ​တဲ့ ​ဘောက်​ထဲ​မှာ regedit  ​ဆို​တာ​လေး​ထည့် enter (​သို့)
ok  ​ပေး​လိုက်​ပါ​နော်..​အောက်​မှာ​ပုံ​လေး​တိုင်း​ပေါ့.....။
အို​ကေ  ​အဲ​လို ​ခေါ်​လိုက်​တာ​နဲ့  regedit ​ဆို​တဲ့ ​ဇ​ယား​ကြီး​တစ်​ခု​ကျ​လာ​မှာ ​ဖြစ်​ပါ​တယ်...​ကြည့်​လိုက်​ပါ
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-CURRENT-USER  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့ 
Contro Panel  ​နောက် ​ထပ် Desktop ​ဆို​ပြီး ​တ​ဆင့်​ခြင်း​နံ​ပါတ်​လေး​တွေ​ပြ​ထား​သ​လို ​က​လစ်​ပေး​လိုက်​ပါ
ပြီး​တာ​နဲ့ ​ညာ​ဘက်​ခြမ်း​မှာ ​ရှိ​နေ​တဲ့ MenuShoeDelay ​ဆို​တဲ့​စာ​တန်း​လေး​ရှာ​ပါ  ​တွေ့​တာ​နဲ့ Double ​က​လစ်​ပေး​လိုက်​ပါ  ​ဘောက်​သေး​သေး​လေး​ကျ​လာ​မယ်.. ​ကျ​လာ​တဲ့​ဘောက်​ထဲ​က Value data ​နေ​ရာ​က
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 0 )..​သု​ည   ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
အ​ဆင့်  (၂)  ​အ​နေ​နဲ့​က​တော့...​အောက်​မှာ ​ဆက်​ကြည့်​ပါ.. ​သည်​နေ​ရာ​က​ဘဲ  ​ပြန်​စ​မှာ​ဖြစ်​ပါ​တယ်..
                regedit ​ဇ​ယား​ကြီး​ကို ​မ​ဖျက်​လိုက်​ပါ​နဲ​က​နော်..​အဲ​ထဲ​က​ဘဲ​ဆက်​သွား​မယ်....
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-LOCAL-MACHINE  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့
Syatem  ​နောက် ​ထပ် CurrentControlSet  ​နောက် Control ​ရဲ့ ​ညာ​ဘက်​ခြမ်း​မှာ​ရှိ​သော”Wait
toKill Services TimeOut”​က​လစ်​ပေး​လိုက်​ပါ ( ​နှစ်​ချက်​က​လစ်​ပါ)
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 50 )..​ငါး​ဆယ်  ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
အ​ဆင့်   (၃)  ​အ​နေ​နဲ့​က​တော့  ​ဆက်​လက်​ကြည့်​လိုက်​ပါ​နော်...
အ​တို​ခေါက်​အ​နေ​နဲ့​က​တော့    ( HKEY-USER/S-1-5-19/Control Panel/Desktop )
ပုံ​သေး​နေ​ရင် ​က​လစ်​လိုက်​ပါ​နော်...​ဒါ​ပေ​မယ့် ​သည်​လို ​အ​စဉ်​လိုက် ​သွား​ပေး​ပါ  ​လွယ်​ပါ​တယ်....
HKEY-USER  ​ဆို​ပြီး​ရှိ​မယ်  ​အဲ​တာ​ကို ​က​လစ်​ပါ...​နောက် ​သူ့​အောက်​က..​ပေါ်​လာ​မဲ့
S-1-5-19 ​နောက် ​ထပ် Control Panel ​အဲ​နောက် Desktop   ​တ​ဆင့်​ခြင်း​နံ​ပါတ်​လေး​တွေ​ပြ​ထား​သ​လို ​က​လစ်​ပေး​လိုက်​ပါ
ပြီး​တာ​နဲ့ ​ညာ​ဘက်​ခြမ်း​မှာ ​ရှိ​နေ​တဲ့ MenuShoeDelay ​ဆို​တဲ့​စာ​တန်း​လေး​ရှာ​ပါ  ​တွေ့​တာ​နဲ့ Double ​က​လစ်​ပေး​လိုက်​ပါ  ​ဘောက်​သေး​သေး​လေး​ကျ​လာ​မယ်.. ​ကျ​လာ​တဲ့​ဘောက်​ထဲ​က Value data ​နေ​ရာ​က
နံ​ပါတ်​ကို  ​ဘာ​ဘဲ ​ကျ​လာ​လာ   ( 0 )..​သု​ည   ​ဟု​ပြောင်း​ပေး​ပြီး ok ​ပေး​လိုက်​ပါ...​နော်
မှတ်​ချက်...........
အ​ပေါ်​က​ပြ​ထား​တဲ့​အ​တိုင်း  HKEY-USER/S-1-5-19/Control Panel/Desktop  ​ကို​လုပ်​ခဲ့​သည်​လို​ဘဲ...
S-1-5-19  ​ရဲ့​အောက်​မှာ​ကျန်​နေ​သေး​တဲ့  S-1-5-20  ​ကို​လည်း​ပဲ  ​အ​လား​ဆူ ​လုပ်​ဆောင်​ပေး​လိုက်​ပါ
ကဲ ​ဗျာ...​ပီး​သွား​ရင်​တော့ Registry ​ထဲ​မှာ ​အ​နည်း​ငယ်​လုပ်​ပီး​သွား​ပြီ​လို့ ​ဆို​ရ​မယ်​ဗျာ..…​ကျွန်​တော်​တို့Window7​မှာ​တော့ Registry
ပိုင်း​ကို ​အ​များ​ကြီး​လိုက်​ပြင်​ပေး​စ​ရာ​မ​လို​ပါ​ဘူး ​အ​ကယ်​လို့ ​သင်​ဟာ WindowXP User ​ဆို​ရင်​တော့ ​တော်​တော်​လေး ​များ​မယ်​ထင်​တယ်..​နော်...
ဆက်​လက်​လေ့​လာ​ရန်
============
{​အ​ခြား​သော ​နည်း​ပ​ညာ​နှင့် ​ပါတ်​သက်​သော ​အ​ကြောင်း​အ​ရာ​များ​ကို 
http://www.nyinaymin.org ​မှာ ​ဝင်​ရောက် ​လေ့​လာ​နိုင်​ပါ​တယ်}
0 comments:
Post a Comment