W w W. N y I n @ y M i N. o R g

09 February 2014

Reported Attack Page ​အ​ဖြစ် ​မိ​မိ​ဆိုဒ် ​သတ်​မှတ်​ခံ​ခဲ့​ရ​လျှင် ​ဖြေ​ရှင်း​နည်း





မိတ်​ဆွေ​ဟာ ​ဘ​လော့​ရေး​နေ​သူ ​တစ်​ယောက် ​ဆို​ကြ​ပါ​စို့ ​တစ်​နေ့ ​ကိုယ့်​ဘ​လော့​လေး ​ကို​ဝင်​လိုက်​တဲ့ ​အ​ချိန်​မှာ ​အဲ​လို ​အ​နီ​ရောင် ​ဆိုင်း​ဘုတ်​ကြီး​နဲ့ Reported Attack Page ​ဆို​ပြီး ​သ​တိ​ပေး​စာ​ကြီး ​ပေါ်​လာ​ရင် ​ဘယ်​လို​များ ​ခံ​စား​ရ​မ​လဲ...

ဟုတ်​ကဲ့ ​ခံ​စား​ရ​သူ​တွေ ​ခံ​စား​ပြီး​ကုန်​ပါ​ပြီ​ဗျာ ​သေ​ပြီ​ပေါ့ ​ဧည့်​သည်​တွေ ​လာ​ရင် ​ကိုယ့်​ဘ​လော့​က​ပဲ ​ဧည့်​သည်​တွေ​ကို ​ဗိုင်း​ရပ်စ် ​တွေ ​လွှတ်​နေ​သ​လို​လို ​ဝင်​ဖတ်​ရင်​ပဲ ​ကွန်​ပြူ​တာ​ကြီး ​ပျက်​သွား​တော့ ​မ​လို​လို ​ဆို​တော့ ​အ​ကုန် ​ပြန်​ပြေး​ကြ​ပြီ​ပေါ့...

ဟို ​တစ်​နေ့​က ​မိတ်​ဆွေ ​တစ်​ယောက်​ရဲ့ ​ဘ​လော့ ​အဲ​လို ​ဖြစ်​သွား​ပါ​တယ် ​ကျွန်​တော့်​ကို ​အ​ကူ​အ​ညီ ​တောင်း​တာ​နဲ့ ​ဟို​လိုက်​ဖတ် ​ဒီ​လိုက်​ဖတ် ​နဲ့ ​လုပ်​သင့်​တာ ​လုပ်​ပေး​လိုက်​တာ ​ဟော ​ဒီ​ည ​လုပ်​လိုက်​တယ် ​မ​နက်​ကျ​တော့ ​အဲ​ဒီ ​ဆိုင်း​ဘုတ်​ကြီး ​ပျောက်​သွား​ပါ​လေ​ရော​ဗျာ....

ဖြစ်​တာ​က ​ဒီ​လို​ပါ ​ဂူ​ဂယ်​က ​ဝဘ်​ဆိုဒ်​တွေ​ကို ​သူ​တို့ ​လိုက်​ပြီး ​စစ်​ပါ​တယ် ​အဲ​ဒီ​မှာ ​တစ်​ချို့ ​ဆိုဒ်​တွေ​က ​လင့်​သေ ​နေ​တာ​တွေ​ကို ​သူ​တို့ ​ဆိုဒ်​မှာ ​ချိတ်​ထား​ခြင်း embed ​နဲ့ ​သုံး​ရ​တဲ့ ​ဗွီ​ဒီ​ယို ​လင့်​တွေ PDF ​ဖိုင်​တွေ ​သီ​ချင်း ​ဖိုင်​တွေ ​များ​ပြား​စွာ ​သုံး​ထား​ပြီး ​လင့်​များ ​သေ​နေ​ခြင်း ​နောက် Js ​ဖိုင်​များ Script ​များ ​လင့်​တွေ ​သေ​နေ​ခြင်း ​အ​စ​ရှိ​သ​ဖြင့်​ပေါ့​ဗျာ ​တွေ့​ရင် ​သူ​တို့​က ​ကိုး​ပတ် ​တိ​တိ ​ကြည့်​ပါ​တယ် ​နောက်​ပြီး​ရင်​တော့ ​ခု​န​က ​ပြော​သ​လို Black list ​ထဲ့ ​ထည့်​လိုက်​ပြီး ​အဲ​ဒီ ​အ​နီ​ရောင် ​သ​တိ​ပေး​စာ​ကြီး​က ​ပေါ်​လာ​ပါ​တော့​တယ်..

ကဲ ​ဒီ​တော့ ​အဲ​ဒါ​ကို ​ဘယ်​လို ​ပြန်​ဖြေ​ရှင်း​မ​လဲ ​ဂူ​ဂယ်​က White listed ​ထဲ ​ပြန်​ထည့်​ပေး​အောင် ​ဘယ်​လို ​လုပ်​ရ​မ​လဲ ???? ​ဘ​လော့​ဂါ ​ညီ​ကို ​မောင်​နှ​မ​တွေ ​အ​တွက် ​ဝေ​မျှ ​ပေး​ပါ​ရ​စေ..။ 

ကိုယ်​မ​ဖြစ်​ဘူး ​လို့​တော့ ​မ​တွက်​ပါ​နဲ့ ​ခြိမ်း​ခြောက်​တာ ​မ​ဟုတ်​ပါ​ဘူး ​ကျွန်​တော် ​သူ​များ ​ဘ​လော့​လင့်​တွေ ​ထည့်​ပြီး ​လိုက်​စမ်း​ပြီး​ပါ​ပြီ ​နာ​မည်​ကြီး ​ဘ​လော့ ​တစ်​ချို့ ​အ​ပါ ​အ​ဝင် ​အ​တော်​များ​များ black list ​ထဲ ​မ​ဝင်​သေး​ပေ​မယ့် Malware ​လို့ ​ခေါ်​တဲ့ ​လင့်​အ​သေ​တွေ ​ချိတ်​ထား​တာ ​အ​များ​ကြီး ​တွေ့​နေ​ပါ​တယ်..

ကဲ ​ဖြစ်​လာ​ခဲ့​ရင် ​လတ်​တ​လော ​ဖြစ်​နေ​ခဲ့​ရင် ​အောက်​က ​အ​ဆင့်​လေး​များ ​အ​တိုင်း ​လိုက်​လုပ်​လိုက်​ပါ..။

၁/​ဟော​ဒီ​လင့်​ကို http://sitecheck.sucuri.net/scanner/ ​သွား​ပြီး ​ကိုယ့်​ဘ​လော့ ​လိပ်​စာ (http://www ​များ ​ထည့်​ရန်​မ​လို​ပါ) ​ထည့်​ပြီး Verify ​လုပ်​လိုက်​ပါ။ ​ခ​ဏ​လေး ​စ​က္ကန့်​ပိုင်း​လောက် ​စောင့်​ပြီး​ရင် ​အောက်​က​လို ​ပေါ်​လာ​ပါ​လိမ့်​မယ်.. ​မိ​မိ​ဆိုဒ်​၏ ​ကျန်း​မာ​ရေး ​ဂ​ရု​စိုက်​သူ​များ​လဲ ​လ​စဉ် ​သွား​ရောက် ​စမ်း​သပ် ​ပေး​ရင် ​ပို​ကောင်း​ပါ​တယ်..
  
၂/​အဲ​လို ​ပေါ်​လာ​ပြီ​ဆို​ရင် ​ကိုယ့်​ဆိုဒ်​မှာ ​လင့်​ချိတ်​ထား​တဲ့ ​အ​ထဲ​က ​အဲ​ဒီ ​အ​နီ​ပြ​နေ​တဲ့ ​လင့်​တွေ​ကို ​ပြန်​ဖျက် ​ထုတ်​ပေး​ပါ.. ​အ​ကောင်း​ဆုံး​နည်း​က​တော့ ​ဆိုဒ်​ဘား​မှာ ​ရှိ​တဲ့ ​လင့်​တွေ widged ​တွေ​ကို ​အ​ကုန် ​ဖြုတ်​ပစ်​လိုက်​တာ ​အ​ကောင်း​ဆုံး​ပါ ​ပြီး​ရင် ​တစ်​ခေါက် ​ထပ်​စမ်း​ကြည့်​ပါ ​အောက်​က ​ပုံ​လို ​ပေါ်​လာ​တဲ့ ​အ​ထိ​ပေါ့ ​ဘယ်​လို ​လုပ်​လုပ် ​အ​ဆင်​မ​ပြေ​ရင်​တော့ ​တန်း​ပ​လိတ် ​အ​သစ်​ပြောင်း​ထည့်​လိုက်​ပါ....။


သူ့​မှာ ​အ​ကုန် ​ရှင်း​လင်း​ပြီး​သွား​ပြီ ​ဘာ​မှ Malware ​တွေ ​မ​ရှိ​တော့​ပါ​ဘူး ​ဒါ​ပေ​မယ့် ​ဆိုဒ်​က​တော့ Blacklisted ​ဝင်​နေ​တုန်း​ပါ​ပဲ.

ကိုယ့်​ဆိုဒ်​ဟာ ​အ​လည်​လာ​သူ​တွေ ​ကို​ဘာ​မှ ​မ​ထိ​ခိုက် ​စေ​တော့​ဘူး ​ဆို​တာ​ကို ​ဂူ​ဂယ်​ကို ​သ​တင်း​ပို့​ပြီး ​စစ်​ခိုင်း​ရ​ပါ​မယ် ​ဒါ​မှ ​သူ​တို့ ​စစ်​ပြီး ​ကိုယ့်​ဆိုဒ်​ကို Whitelisted ​ထဲ ​ပြန်​ထည့်​ပေး​မှ ​အဲ​ဒီ ​အ​နီ​ရောင် ​သ​တိ​ပေး​စာ​တန်း​ကြီး ​ပျောက်​မှာ​ပါ..​အဲ​ဒါ ​လုပ်​ဖို့​က​တော့

၃/ ​ဟော​ဒီ​လင့်​ကို https://www.google.com/webmasters/tools/home ​သွား​လိုက်​ပါ​အုံး​ဗျာ.. ​ပြီး​ရင် ​ကိုယ့်​ဘ​လော့​ကို ​အ​ကောင့်​ဖွင့်​ထား​တဲ့ Gmail ​လိပ်​စာ​နဲ့ ​ပက်စ်​ဝပ် ​ပေး​ပြီး ​ဝင်​လိုက်​ရင် ​အောက်​က ​ပုံ​မှာ ​ပြ​ထား​တဲ့ ​နေ​ရာ​ကို ​ရောက်​ပါ​မယ်..


အ​ခု ​မြင်​ရ​တဲ့ ​ပုံ​မှာ ​ကျွန်​တော့် ​လိပ်​စာ​နှစ်​ခု​ကို ​မြင်​ရ​မှာ​ပါ ​မိတ်​ဆွေ ​အ​နေ​နဲ့ ​ပ​ထ​မ​ဦး​ဆုံး ​ဝင်​တာ ​ဆို​ရင်​တော့ ​အောက်​က ​လင့်​နှစ်​ခု​လို​မျိုး ​မြင်​ရ​အုံး​မှာ ​မ​ဟုတ်​ပဲ ​အ​ပေါ်​မှာ ​မြင်​ရ​သ​လို ​ကိုယ့်​မှာ ​ရှိ​တဲ့ ​ဘ​လော့​တွေ​ကို ​ပြ​နေ​တာ​ပဲ ​မြင်​ရ​မှာ​ပါ ​ကိုယ်​လုပ်​ချင်​တဲ့ ​ဘ​လော့​ကို Tip ​လုပ်​ပေး​ပြီး Add selected sites ​ဆို​တာ​လေး ​နှိပ်​လိုက်​ရင် Sites ​ဆို​တဲ့ ​နေ​ရာ​မှာ ​ကိုယ် ​ခု​န​က Add ​လိုက်​တဲ့ ​ဆိုဒ်​ဒို​မိန်း ​နာ​မည် ​ပေါ်​လာ​မှာ​ပါ..

၎/​အဲ ​နောက်​တစ်​ချက်​က​တော့ ​ကိုယ်​ပေး​လိုက်​တဲ့ ​ဘ​လော့​လိပ်​စာ​ဟာ ​ကိုယ့်​ရဲ့ ​ဘ​လော့ဂ် ​ဟုတ်​မ​ဟုတ် ​ပိုင်​ရှင် ​ဟုတ်​မ​ဟုတ်​ပေါ့​လေ ​စစ်​ပါ​သေး​တယ် ​အောက်​က ​ပုံ​လေး ​အ​တိုင်း​ပါ​ပဲ ​ပ​ထ​မ​ဆုံး Add a meta tag to your site's home page ​ဆို​တာ​ကို Tip ​ပေး​လိုက်​ရင် Instructions: ​ဆို​တာ​လေး ​အောက်​မှာ ​ထပ်​ပွင့်​လာ​ပါ​မယ် ​အဲ​ဒီ​က ​ကုဒ်​ကို ​ယူ​ပြီး ​ကိုယ့် ​ဘ​လော့​ရဲ့ HTML ​ကုဒ်​တွေ​ကြား​ထဲ ​ထည့်​ရ​မှာ​ပါ ..



ဘယ်​လို ​ထည့်​မ​လဲ ​ဆို​တာ​က ​ကိုယ့် ​ဘ​လော့​ထဲ Login ​ဝင်​လိုက်​ပါ ​ပြီး​ရင်​တော့ Design ​ထဲ​က​နေ Edit Html ​ကို ​ဆက်​ဖွင့်​ပါ ​ပြီး​ရင် <head> ​ရဲ့ ​အောက်​နား ​သို့​မ​ဟုတ် <body>​ရဲ့ ​အ​ပေါ်​မှာ ​ခု​န​က ​ရ​ထား​တဲ့ ​ကုဒ်​ကို ​ထည့်​ပေး​လိုက်​ပါ ​ပြီး​ရင် Verify ​ခ​လုတ်​လေး ​နှိပ်​ပေး​လိုက်​ပါ..

၅/ ​ပြီး​ရင်​တော့ ​ကိုယ်​ပြ​ဿ​နာ ​ဖြစ်​နေ​တဲ့ ​ခု​န​က ​အောက်​ကို Add ​လိုက်​တဲ့ ​ဒို​မိန်း​ကို ​နှိပ်​လိုက်​ပါ ​ဒါ​ဆို ​နောက်​ထပ် ​စာ​မျက်​နှာ ​တစ်​ခု ​ပေါ်​လာ​ပါ​မယ် ​အဲ​ဒီ ​စာ​မျက်​နှာ​ရဲ့ ​ဘယ်​ဘက်​ဆိုဒ်​ဘား​မှာ Diagnostics ​ဆို​တာ​လေး​ကို ​နှိပ်​လိုက်​ပါ ​နောက်​ထပ် ​လေ​ဘယ်​တွေ ​အ​များ​ကြီး ​ထွက်​လာ​ပါ​မယ် ​အဲ​ဒီ​ထဲ​က  Malware ​ကို ​ဆက်​နှိပ်​ပြီး Request a review. ​လုပ်​ပေး​လိုက်​ပါ

တစ်​ခု​ရှိ​တာ​က​တော့ ​ကိုယ့်​ဆိုဒ်​ကို ​စ​ကင် ​ဖတ်​ပြီး ​အ​ကုန်​ရှင်း​လင်း​ပြီ Blacklisted ​ဝင်​နေ​တာ​ပဲ ​ကျန်​တော့​တယ် ​ဆို​မှ ​အ​ဆင့် ၃ ၊ ၄ ​နဲ့ ၅ ​ကို​လုပ်​ပါ ​ပြီး​သွား​ရင်​တော့ ​ပစ်​သာ ​ထား​လိုက်​ဗျာ (​ကျွန်​တော့် ​မိတ်​ဆွေ​ကို ​လုပ်​ပေး​တုန်း​က​တော့ ​သိပ်​မ​ကြာ​လိုက်​ဘူး​ဗျ ​လေး​ငါး​ခြောက် ​နာ​ရီ ​လောက်​ပဲ ​ကြာ ​လိုက်​တယ် ​ထင်​တာ​ပဲ )​သ​တိ​ရ​လောက်​မှ ​ကိုယ့်​ဘ​လော့​လေး ​ပြန်​ဖွင့်​ကြည့်​လိုက်​ရင် ​အ​နီ​ရောင် ​သ​တိ​ပေး​စာ​ကြီး ​မ​ရှိ​တော့​တဲ့ ​လာ​လည်​တဲ့ ​ဧည့်​သည်​တွေ ​ရဲ့ ​ဘ​ရောက်စ်​ဇာ​တွေ ​ကွန်​ပြူ​တာ​တွေ​ကို ​ဟမ်း​စေ​တဲ့ ​အ​န္တ​ရာယ်​ကို ​မ​ဖြစ်​စေ​တော့​တဲ့ ​ကိုယ့်​ဘ​လော့​လေး​ကို ​စိတ်​ချမ်း​သာ​စွာ ​မြင်​တွေ့​ရ​မှာ​ပါ..
အား​လုံး ​အ​ဆင်​ပြေ​ကြ​ပါ​စေ.

From http://www.linhtet.net


0 comments:

Post a Comment