သည်တစ်ခါတော့ မိတ်ဆွေအပေါင်းတို့ အတွက် ဘလော့တစ်ခုမှ အမှန်တစ်ကယ်လိုအပ်တဲ့နည်းပညာလေးတစ်ခုဆိုရပါတယ်.. သူ့ရဲ့အသုံးဝင်ပုံလေးကို သိထားသင့်ပါတယ်... ကျနော် ပုံလေးတွေနဲ့အတူ သေခြာရှင်းပြပေးသွားပါ့မယ်...
အဆင့် ( ၁ ) အနေနဲ့..Blogger Singin ဝငိလိုက်ပါ...
အဆင့် ( ၂ ) အနေနဲ့ အပေါ်ပုံအတိုင်း Setting ကလစ်တာနဲ့ သည်လိုလေးတွေ့မယ်...
အပေါ်ပုံရဲ့ စာမျက်နှာမှာ 0ther ဆိုတာကိုကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ ပုံထဲ့အတိုင်း Import Blog--Export Blog--Deleted Blog ဆိုပြီးတော့ တွေ့ရမှာ ဖြစ်ပါတယ်...
အဲအချက်သုံးချက်ဟာ ဘလော့တစ်ခုအတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတွေပါ။
အဆင့် ( ၃ ) ကတော့..သူတို့ ရဲ့အသုံးဝင်ပုံလေးတွေကိုပါ ရှင်းပြမယ်နော်..
Exportblog ဆိုတဲ့အပိုင်းကို စပြောပါ့မယ်.. သူကတော့ မိမိတို့ဘလော့ကို အနည်းဆုံး တစ်လ တစ်ကြိမ် လုပ်ပေးသင့်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်.. ဘာကြောင့်လဲဆိုတော့ ဘလော့ဆိုတာ တခါတခါ ပျက်တတ်တယ်... နောက်ဆုံး အဟက်ခံရတာမျိုးလဲ ကြုံရတတ်ပါတယ်.. အဲရန်တွေကနေ ကာကွယ်ဖို့ အတွက် အရေးပါတဲ့ အစိတ်ပိုင်းလေးပါဘဲ...
ဒါကြောင့် သည် Exportblog ဆိုတာကို ကလစ်ပြီး Download Blog လုပ်ထားတာနဲ့ မိမိတို့ဘလော့ရဲ့ ပို့စ်တွေကအစ အားလုံးကို ဒေါင်းထားလိုက်တာပါဘဲ... ရလာတဲ့ xml ဖိုင်လေးကို သိမ်းဆည်းထားသင့်တာပေါ့...ဒါဆို ဟက်ခံရရင်တောင် မူရင်းဘလော့အတိုင်း လုံးဝ ပုံစံတူဘေလာ့တစ်ခု အမြန် လုပ်နိုင်ပါတယ်...
Importblog ဆိုတာကတော့ မိမိတို့ ဘေလာ့တစ်ခု ပျက်သွားပြီဆိုပါတော့ သူ့ကို အပေါ်က ဒေါင်းယူထားတဲ့ xml ဖိုင်လေးထည့်သွင်းပြီး အသစ်ပြန်လည် တည်ဆောက်တဲ့ နေရာမှာ အသုံးပြုပါတယ်... ပြောရရင် Exportblog နဲ့ Importblog
ဆိုတာအမွှာ ညီကိုတွေလို အရေးပါလှပါတယ်...
ဘလော့ထည့်မည်ဆိုပါက.. Importblog မှာ Bower ဆိုတာကိုကလစ်ပါ ပြီးတာနဲ့ မိမိတို့ဒေါင်းယူထားတဲ့ xml ဖိုင်လေးကို ထည့်ပေးလိုက်ပါ..အောက်မှာ ပြထားတဲ့ စာသားအတိုင်း မေးတာ ဖြေပေးလိုက်ပါ.. ကဲဒါဆို သင်ပျက်စီးသွားတဲ့ (သို့) အဟက်ခံ ရတဲ့ ဘလော့လေး မူရင်းလိုဘဲ အခြေမပျက် ပြန်ရပါပြီနော်..
ဒါဆို ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြမှာပါ.....
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှေလးတွေကို ပြန်လည် မျှေဝနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...
www.aungsanmks.com
0 comments:
Post a Comment