W w W. N y I n @ y M i N. o R g
03 March 2014
Onlie ​ပေါ်​မှာ​ဖိုင်​တွေ​သိမ်း​ဖို့ Free Host ​တစ်​ခု ​နှင့် ​ဖိုင်​တင်​နည်း၊ ​လင့်​ယူ​နည်း ​အ​ပြည့်​အ​စုံ
ဒီ​လို Free Host ​တွေ​ကို ​အ​ပတ်​စဉ်​တိုင်း ​တစ်​ခု​တစ်​ခု​စီ​တင်​ပေး​သွား​ပါ​မယ်... ​ခု​ပြော​ပြ​မယ့် Host ​နာ​မည်​က pCloud ​ဖြစ်​ပါ​တယ်..
ဒီ Host ​မှာ Register ​စ​လုပ်​လုပ်​ချင်း 10 Gb Free ​စ​ပြီး​ရ​မှာ​ဖြစ်​ပါ​တယ်.. Free ​ဆို​ပေ​မယ့် Storage Space ​ကန့်​သတ်​ထား​တာ​က​လွဲ​လို့ Upload File Size ​ကန့်​သတ်​ထား​တာ ​မ​ရှိ​ပါ​ဘူး. ​ဖိုင်​စ​နစ်​အ​မျိုး​မျိုး​ကို ​လက်​ခံ​ပါ​တယ်.. Crack, Keygen ​တွေ ​တင်​လို့​ရ​ပါ​တယ်.. File ​ကို ​မ​ဖျက်​ပါ​ဘူး.. Download Limit ​မ​ရှိ​ပါ​ဘူး.. ​ပြီး​တော့ 20 Gb ​ထိ Free ​ရ​အောင် ​တိုး​ချဲ့​နိုင်​ပါ​တယ်.. ​ဖိုင်​တင်​ဖို့​အ​တွက် Computer ​က​ပဲ​တင်​မ​လား၊ Online ​မှာ​ရှိ​တဲ့ ​ဖိုင်​ကို ​ကိုယ့် PCloud ​ဆီ​ကို ​လွှဲ​ယူ​မ​လား ( ​တစ်​နည်း​အား​ဖြင့် Remote Upload ​တင်​မ​လား.) ​ခွင့်​ပြု​ပါ​တယ်.. ​ဖိုင်​ဆိုဒ်​ကြီး​ပြီး Download ​လုပ်​ရ​ခက်​တဲ့ ​ဆိုဒ်​တွေ​ဆီ​က​နေ ​ကိုယ့် PCloud ​ဆီ​ကို Remote Upload ​နဲ့ ​လွှဲ​ယူ​ပြီး Download ​လုပ်​ရင် ​ပို​မြန်​တာ​ပေါ့​ဗျာ.. ​အောက်​က​လင့်​ကို ​သွား​လိုက်​ပါ...
Register ​လုပ်​တာ​က​လွယ်​ပါ​တယ်.. ​ကျွန်​တော်​ပေး​ထား​တဲ့​လင့်​က​နေ ​အ​လွယ်​တ​ကူ​သွား​ပြီး ​အ​ပေါ်​ဆုံး​မှာ Email, ​ဒု​တိ​ယ​နဲ့​တ​တိ​ယ​အ​ကွက်​တွေ​မှာ Password ​ကို​ဖြည့်၊ I Accept ​ဘေး​မှာ ​အ​မှန်​ခြစ်​လိုက်​ပြီး REGISTER YOUR NEW ACCOUNT ​ကို​နှိပ်​လိုက်​ပါ.. 
ချက်​ချင်း​ပဲ PCloud Account ​ထဲ​ကို ​ရောက်​သွား​ပါ​မယ်.. ​ညာ​ဘက်​အ​ပေါ်​တန်း​က ​ကိုယ့် Email ​ရဲ့ ​ကပ်​လျက်​မှာ ​မှာ Verify Now ​ဆို​ပြီး ​အ​နီ​ရောင်​စာ​သား​လေး​ပေါ်​နေ​ပါ​တယ်.. Verify ​လုပ်​တာ​က​လည်း​လွယ်​ပါ​တယ်.. ​ခု Register ​လုပ်​လိုက်​တဲ့ Email ​ကို​ဖွင့်​ပါ. Email ​ထဲ​မှာ pCloud Notifications ​ဆို​တဲ့ ​ခေါင်း​စဉ်​နဲ့ ​အီး​မေး​တစ်​စောင်​ရောက်​နေ​ပါ​လိမ့်​မယ်.. ​အဲ​ဒါ​ကို​ဖွင့်​ပြီး Your pCloud account should be verified in order to use all the features
we provide. Please, click the following link to verify your e-mail
: ​ဆို​တဲ့​စာ​သား​အောက်​က ​လင့်​ကို ​နှိပ်​လိုက်​ပါ..
Tab ​တစ်​ခု​ခွဲ​ထွက်​လာ​ပြီး Verify ​ဖြစ်​ကြောင်း​ပြ​ပါ​လိမ့်​မယ်.. ​ကိုယ့်​ရဲ့ pCloud ​အ​ကောင့်​ထဲ​မှာ Verify Now ​လည်း ​မ​ရှိ​တော့​ပါ​ဘူး..
ဖိုင်​တင်​နည်း
ဖိုင်​တင်​နည်း (၂)​မျိုး​ရှိ​ပါ​တယ်..
ပ​ထ​မ​တစ်​မျိုး​က ​ကိုယ့်​ရဲ့ ​ကွန်​ပျူ​တာ​က​နေ ​ဖိုင်​တင်​နည်း​ပါ.. pCloud ​အ​ကောင့်​ရဲ့ ​ညာ​ဘက်​အ​ပေါ်​နား​လေး​မှာ UPLOAD ​ဆို​ပြီး ​အ​စိမ်း​ရောင် Button ​လေး​ရှိ​ပါ​တယ်.. ​အဲ​ဒါ​ကို​နှိပ်​လိုက်​ပါ.. ​ဘောက်​တစ်​ခု​ထွက်​လာ​ပါ​မယ်.. Tab ​လေး (၃)​ခု​ရှိ​ပါ​တယ်.. ​ဘယ်​ဘက်​အ​စွန်​ဆုံး​မှာ File Upload ​ရှိ​ပါ​တယ်.. ​အဲ​ဒါ​က ​ကွန်​ပျူ​တာ​က​တင်​ဖို့​အ​တွက်​ပါ.. Browse ​ကို​နှိပ်​ပြီး​ကိုယ့်​ဖိုင်​ကို​ရွေး​ကာ Upload ​လုပ်​နိုင်​ပါ​ပြီ..
နောက်​တစ်​နည်း​က Remote Upload ​ဖြစ်​ပါ​တယ်.. ​ဒု​တိ​ယ Tab ​ဖြစ်​တဲ့ Remote Download ​ဆို​တာ​ကို​နှိပ်​ပါ.. ​အောက်​က​အ​ကွက်​ဟာ ​ကို​တင်​မယ့်​ဖိုင်​ရဲ့ direct Download Link ​ဖြစ်​ရ​ပါ​မယ်.. Direct Download Link ​ကို​အ​လွယ်​တ​ကူ​ရ​ယူ​တဲ့​နည်း​က​တော့ ​ကိုယ်​တင်​ချင်​တဲ့​ဖိုင်​ကို ​အ​ရင် ​ဒေါင်း​လိုက်​ပါ.. IDM ​နဲ့​ဒေါင်း​ရင် ​ပို​အ​ဆင်​ပြေ​ပါ​တယ်.. ​ဒေါင်း​ဖို့​အ​တွက် Box ​တစ်​ခု​ကျ​လာ​တဲ့​အ​ခါ ​အ​ပေါ်​ဆုံး​က URL ​ကို Copy ​ယူ​လိုက်​ပါ.. ​အဲ​ဒီ ​လင့်​ကို​ပဲ ​ခု​န​က Remote Upload ​ဆို​တဲ့ Tab ​ထဲ​က ​အ​ကွက်​ထဲ​မှာ​ထည့်​ပြီး Upload ​ကို​နှိပ်​လိုက်​ပါ... Upload ​လုပ်​နေ​တာ​ကို ​မြင်​ရ​ပါ​မယ်... ​ပြီး​သွား​ရင်​တော့ Clear Finished ​ကို​နှိပ်​ပြီး ​ညာ​ဘက်​အ​ပေါ်​နား​လေး​က ​အ​နှုတ်​လ​က္ခ​ဏာ​လေး​ကို​နှိပ်​လိုက်.. Uploader ​လေး​က Minimize ​ဖြစ်​သွား​ပြီး ​အ​ကောင့်​ထဲ​မှာ ​ကိုယ်​တင်​ခဲ့​တင့် ​ဖိုင်​ကို ​မြင်​ရ​ပါ​မယ်..
Download Link ​ယူ​နည်း
ကို Download Link ​ယူ​မယ့်​ဖိုင်​ရဲ့ ​ညာ​ဘက်​မှာ ​လင့်​ပုံ​လေး​ရှိ​တယ်. ​အဲ​ဒါ​ကို ​နှိပ်​လိုက်​ပါ..
Link ​ဆို​တဲ့​အ​ကွက်​ထဲ​က ​လင့်​ကို Download Link ​အ​ဖြစ် ​ပေး​နိုင်​ပါ​တယ်.. ​ဒါ​ပေ​မယ့် ​ရှည်​တယ်.. ​တို​အောင် Short Link ​ဆို​တာ​ရဲ့​ဘေး​က Generate ​ဆို​တဲ့ ​အ​စိမ်း​ရောင် Button ​လေး​ကို​နှိပ်​လိုက်​ပါ.. Generate Button ​က ​အ​နီ​ရောင် Remove Button ​အ​ဖြစ် ​ပြောင်း​သွား​ပြီး ​သူ့​ရဲ့​ဘေး​က Download Link ​တို​တို​လေး​ကို ​ဘ​လော့​မှာ​ပဲ​ဖြစ်​ဖြစ်၊ ​တိုက်​ရိုက်​ပဲ​ဖြစ်​ဖြစ် ​ပေး​နိုင်​ပါ​ပြီ....
အ​ဆင်​ပြေ​ပါ​စေ..
မောင်​ပေါက်< Knowledge Note >
www.maungpauk.org
1 comments:
  1. remote upload လုပ်တာ url returned html contect error ပဲပြတာ
    ReplyDelete