W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

19 December 2015

Samsung Galaxy Y (GT-S5360) Rom

ပုံ(၁)
  • ပထမဦးစွာ အောက်က ဇယားကွက်ထဲက Samsung USB Driver ကို Download လုပ်ပြီး ဖိုင်ဖြေလိုက်ပါ. ပြီးလျှင် Install လုပ်လိုက်ပါ။ ပုံ(၁)

  • ပြီးလျှင် Odin နှင့် Rom ကို Download လုပ်လိုက်ပါ။ Single Rom ဆိုလျှင် ပုံ(၂) လိုမြင်ရမှာဖြစ်ပြီး Multiple Rom ဆိုလျှင် ပုံ(၃)လို မြင်တွေ့ရမှာဖြစ်ပါတယ်။
ပုံ(၂)

ပုံ(၃)

  • Version 3.1 နှင့်အောက်ဆိုရင်တော့
  • Settings > Developers Option > USB Debugging ကို Enable ပေးလိုက်ပါ။ ပုံ (၄)


ပုံ(၄)

  • Version 3.2 Android 4.2.2 နှင့်အထက်ဆိုရင်တော့ 
  • Settings > About Phone > Built Number ကို ၈ ကြိမ်တောက်လိုက်ပါ။ ပုံ(၅)

ပုံ(၅)

  •  ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပုံ(၆)
ပုံ(၆)

  • Volume Down + Home  + Power ခလုတ် ၃ ခုစလုံးကို ပြိုင်တူနှိပ်ပြီး ဖိထားလိုက်ပါ။ ပုံ(၇) လိုမျိုး ပုံပေါ်လာပြီဆိုတာနဲ့ Volume Up ကို တစ်ချက်နှိပ်ပေးလိုက်ပါ. အဲ့တာဆိုရင် Download mode ထဲကို ရောက်သွားပါလိမ့်မယ်။
ပုံ(၇)


ပုံ(၈)
  • Download လုပ်ထားတဲ့ Odin3 ကို ဖွင့်လိုက်ပါ။
ပုံ(၉)

  • Odin ကနေ မိမိရဲ့ ချိတ်ဆက်ထားတဲ့ Mobile device ကို စတင်ပြီး အလိုလျောက် စစ်ဆေးပါ လိမ့်မယ်။ (ပုံ၁၀)
  • Single Rom ဆိုရင်တော့ ပုံ(၁၁)လိုမျိုး PDA အကွက်ကနေ .md5 ဖိုင်ကို လမ်းကြောင်း ရွေးပေးလိုက်ပါ။


ပုံ(၁၀)

Multiple Rom ဆိုရင်တော့ အောက်ကအတိုင်း ဖိုင်လမ်းကြောင်း ရွေးပေးရမှာပါ။ ပုံ(၁၂)

PIT” button ကတော့ .pit extension ဖိုင်တွေကို ရွေးပေးရမှာ ဖြစ်ပါတယ်။
BL” or “Bootloader” ကတော့ BL xxx tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
AP” အကွက်မှာတော့ AP xxx tar.md5 ဖိုင်ကို ရွေးပေးရမှာဖြစ်ပါတယ်။
CP” အကွက်ကတော့ CP_xxx_tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
CSC” အကွက်ကတော့ CSC xxx tar.md5 ဖိုင်ကို ရွေးပေးရမှာပါ။
   အားလုံးရွေးပြီးပြီဆိုရင်တော့ Start ကို နှိပ်လိုက်ပါ။


ပုံ(၁၁)

ပုံ(၁၂)


အမည်   Download   Download
1. Samsung USB Driver  Mediafire  Google Drive
2. Rom Mediafire Google Drive
3. Odin
Mediafire Google Drive
4. Rom တင်နည်း စာအုပ်
Mediafire Google Drive

13 December 2015

Computer သင်တန်းအသစ် (13.12.2015) ရက်နေ့မှစပြီး စာရင်းပေးသွင်းနိုင်ပြီ

COMPUTER ( သင်တန်းအသစ် ) အတွက် စာရင်းပေးသွင်းနိုင်ပါပြီ.

အခြေခံသင်တန်း
===========
၎င်းအဖွဲ့အား မနက် (8း00) နာရီကနေ နေ့လည် (12း00)နာရီအထိ သင်ကြားပေးမည် ဖြစ်ပါတယ်။

  1. ၄င်းအဖွဲ့ကိုတော့ ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာ တစ်လုံးစတင်ဝယ်ယူသည့်အခါ ရွေးချယ် တတ်နိုင်စေဖို့နဲ့ ၀ယ်ယူပြီး ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်ဖို့အတွက် လည်းကောင်း၊

  2. O/S နဲ့ ပါတ်သက်သည့် ဗဟုသုတများနှင့် Windows O/S (xp,vista,7,8,10) စသည်တို့ကို တင်နည်းများအားလည်းကောင်း၊
  3. O/S ရှိပြီးသည့် ကွန်ပျူတာကို ပြုပြင်ထိန်းသိမ်းနိုင်စေရန် Control panel နဲ့ ပါတ်သက်သည်များ ကိုလည်းကောင်း၊
  4. installing နှင့်ပါတ်သက်သည်များကိုလည်းကောင်း၊
  5. Virus ကာကွယ်ပုံ နည်းစနစ်နှင့် Cracking နှင့် ပါသက်သည့်ဗဟုသုတများနှင့် virus သတ်နည်းများအားလည်းကောင်း၊
  6. Internet လုံခြုံရေးနှင့်ပါတ်သက်သည် များအားလည်းကောင်း၊
  7. Facebook & Email အသုံးပြုသူများ မိမိ၏ အကောင့်အား အလွယ်တကူ မယူနိုင်စေရန် ကာကွယ်ထိန်းသိမ်းသင့်သည့် အသိပညာများအားလည်းကောင်း၊
  8. search Engine ၏ သဘောတရားများနှင့် မိမိလိုအပ်သည့် အချက်အလက်များကို အင်တာနက်မှ ရှာဖွေသည့် နည်းစနစ်များအားလည်းကောင်း
  9. Storage server များနှင့်ပါတ်သက်သည့် ဗဟုသုတများနှင့် ကိုင်တွယ်ပုံ နည်းစနစ်များ စသည့်များစွာသော အသိပညာများနှင့် ဗဟုသုတများကို ချပြရှင်းလင်း သင်ကြားပေးမည် ဖြစ်ပါသည်။

+++++++++++++++++++++++++++++++++++++++++++++++++
အခြေခံတတ်ကျွမ်းပြီးသူအဆင့်(Pro)
====================



  1. Laptop & Desktop များအား ကိုယ်တိုင် ပြုပြင်နိုင်စေရန်နှင့် ရွေးချယ်ဝယ်ယူနိုင်စေရန်
  2. Hardware နှင့်ပါတ်သက်သည်များကို လက်တွေ့သင်ကြားပေးခြင်းအားလည်းကောင်း
  3. စာစီစာရိုက်နှင့် ပါတ်သက်ပြီး မသိမဖြစ်သိရမည့် program ဖြစ်ပြီး တတ်ကျွမ်းထားဖို့လိုအပ်သည့် Adobe Indesign အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း
  4. ဓါတ်ပုံပြုပြင်သည့်အခါ မသိမဖြစ် သိထား တတ်ကျွမ်းထားရမည့် Adobe Photoshop CS6 အသုံးပြုနည်းနှင့် ကိုယ်ပိုင် template ဒီဇိုင်းများ ရေးဆွဲနည်းအား လည်းကောင်း
  5. animation ပြုလုပ်လျှင်သော်လည်းကောင်း resolution မြင့်သည့် ပုံများရရှိနိုင်စေရန်၊ ဖိတ်စာဒီဇိုင်းများ ရေးဆွဲရာတွင် မသိမဖြစ် သိထားရမည့် adobe Illustrator အသုံးပြုနည်း အားလည်းကောင်း
  6. Accounting နှင့်ပါတ်သက်ပြီး စာရင်းအင်းပညာရပ်ကို တွက်ချက်လုပ်ဆောင်ရာတွင် မရှိမဖြစ် တတ်ကျွမ်းထားရမည့် Microsoft Excel အား အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း၊
  7. Video တည်းဖြတ်ရာတွင် မရှိမဖြစ် တတ်ကျွမ်းထားရမည့် Adobe Premiere CS6 အသုံးပြုနည်းမှသည် DVD အခွေ ထုတ်တဲ့အဆင့်အထိ အားလည်းကောင်း၊
  8. ၄င်း course ထဲတွင် နာမည်ကြီး video တည်းဖြတ်သည့် program ဖြစ်သော Edius ကိုပါ ထည့်သွင်း သင်ကြားပေးမည် ဖြစ်ပါသည်။
  9. Run box နှင့် ပါတ်သက်သော shortcut များနှင့် ကျွမ်းကျင်စွာ အသုံးပြုနည်း အသေးစိတ်အားလည်းကောင်း Linux O/S နှင့်ပါတ်သက်သည့် အသုံးပြုနည်းများအားလည်းကောင်း အပျော်တမ်း wifi လွှင့်နည်းမှသည် စီးပွားဖြစ် wifi လွှင့်နည်းအထိ အသုံးပြု ကိုင်တွယ်နည်းအားလည်းကောင်း စသည့် များစွာသော အသိပညာအတတ်ပညာများကို သင်ကြားပြသပေးမည် ဖြစ်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++++

*** စတင်စာရင်းပေးသွင်းနိုင်သည့်နေ့ 
13-12-2015 ( တနင်္ဂနွေနေ့ )
*** ဆက်သွယ်ရန် -

  • ဆရာ ညီနေမင်း - 094-7463414
  • ကိုဖြိုး - 082-3433929
  • မရွှေဇင်ဝင်း - 096-0744373
*** စာရင်းလာပေးရမည့် နေရာ - BANGKAE CONDO

  • ဖိကစင် 62/4 နှင့် 62/3 ကြားရှိ အမြင့်ဆုံး ကွန်ဒို တိုက်ခန်း (ထိုင်းနိုင်ငံ)။ LOTUS BANGKAE လိုတက်စ် ဘန်ခဲအနီးနား၊ ဘန်ခဲဈေးနှင့် မျက်နှာချင်းဆိုင်ဘက်အခြမ်း. ကွန်ဒိုသည် security card ဖြင့် ဖွင့်ရသည့်အတွက် အပေါ်ထပ်မှ ကျနော်တို့အနေဖြင့် လာကြိုပေးမည် ဖြစ်ပါသည်။ မလာတတ်သည့် သူများလည်း ဖုန်းဆက် မေးလို့ရပါတယ်။ မြို့ထဲတွင်ဖြစ်သည့်အပြင် အားလုံးနှင့်နီးသည့်နေရာ ဖြစ်သည့်အတွက်ကြောင့် လာရတာ အဆင်ပြေမည်ထင်ပါတယ်။ ကားဂိတ်နှင့်လည်း နီးပါတယ်။ အသေးစိတ် သိလိုသည့်သူများ မေးမြန်းဆက်သွယ်နိုင်ပါတယ်။
  • The Mall Bangkae, Lotus Bangkae ဘက်အခြမ်းမှ လာသောသူများ လိုတက်စ်ဘန်ခဲ တွင်ဆင်းပြီး လမ်းနည်းနည်းဆက်လျောက်လာပါ. လိုတက်မှာ ဆင်းပါက လမ်းညွှန်လွယ်ကူသောကြောင့် ဖြစ်ပါသည်. လမ်းဆက်လျောက်လာပြီး FAMILY MART ရှိသော လမ်းဘေးနားရှိ ဂိတ်အစောင့် ရုံရှိသော လမ်းကြားထဲမှ ၀င်လာပါ. ကွန်ဒိသို့ ရောက်ပါပြီ.
  • - ဘန်ခဲဈေးဘက်မှ လာသောသူများ ဘန်ခဲဈေး ကားမှတ်တိုင်တွင်ဆင်းပြီး တံတားမှ တဆင့် ဘဘက်ခြမ်းသို့ ကူးလာပါ. ပြီးလျင် လမ်းနည်းနည်းလျောက်လာပြီး လမ်းထိပ်တွင် FAMILY MART ရှိနေသော လမ်းကြားထဲမှ ၀င်လျင် ကွန်ဒိုသို့ ရောက်ပါပြီ.
- ကွန်ဒိုသို့ လာရာတွင် အခက်အခဲ ရှိပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်.
ဆရာ ညီနေမင်း - 094-7463414
ကိုဖြိုး - 082-3433929
မရွှေဇင်ဝင်း - 096-0744373









 

07 December 2015

ယခု Blog အား ဒီဇင်ဘာ 13 ရက်နေ့ 2015 ရက်နေ့မှ စတင်ကာ ပြန်လည်ရေးသားပါမည်။

ယခု www.nyinaymin.org Blog အား ၁၃ ရက်နေ့ ဒီဇင်ဘာလ 2015 ရက်နေ့ (ကျွန်တော့်မွေးနေ့)မှ စတင်ပြီး ပြန်လည် စတင်ရေးသားတော့မည်ဖြစ်ပါသည်။ software များနှင့်ပါတ်သက်ပြီး တင်ပေးတော့ မည် မဟုတ်သောကြောင့် တင်ထားသမျှ software များအားလုံးကို ဖျက်ထုတ်ပစ်ခြင်း၊ တင်ထားသည့် စာအုပ်များကို ဖျက်ထုတ်ဖြစ်ခြင်းများ ပြုလုပ်ခဲပါသည်။ ယခုဆိုက်အား နည်းပညာရပ်များအနေဖြင့် သီးသန့် ရေးသားတော့မည် ဖြစ်ပါသဖြင့် software sharing များလုပ်ခြင်းအား ရပ်တန့်လိုက်ခြင်းဖြစ် ပါသည်။ ကျွန်တော့်အနေဖြင့် software အသုံးပြုနည်းများကို သင်ခန်းစာအလိုက် တစ်ခန်း ချင်း ပြန်လည်ရှင်းပြပေးပါမယ်။ နေ့စဉ် သင်ခန်းစာများကို 13 ရက်နေ့တွင် စတင်ကာ ပြန်လည်လေ့ လာနိုင်ပြီ ဖြစ်ပါတယ်။

30 March 2015

သင်​ကွန်​ပျူ​တာ​တစ်​လုံး​မှာ 100% ​လုပ်​ကိုင်​ခွင့် ​အ​ပြည့်​အ​ဝ​ရှိ​ရဲ့​လား??

ကွန်​ပျူ​တာ ​တစ်​လုံး​မှာ ​ကျ​နော်​တို့ window ​တင်​ပြီး​က​တည်း​က ​စ​သုံး​ရ​တဲ့ User ​အ​ဆင့်​က Administrator (95%) unlimited ​သူ့​အောက်​မှာ​က​တော့ Standard User (50%) limited ​ပ​ထ​မ window ​စ​ပြီး​က​တည်း​က ​အ​သုံး​ပြု​ခွင့်​ရ​ရှိ​ထား​တဲ့ Admin ​အ​ဆင့်​ရှိ​တဲ့​သူ​ဟာ Standard User ​ကို ​ပုံ​စံ​အ​မျိုး​မျိုး​နဲ့ ​ကန့်​သတ်​ချက်​တွေ ​ထား​ပြီး​တော့ ​ထိန်း​ချုပ်​ထား​လို့​ရ​ပါ​တယ်။ ​ပြော​ရ​ရင် standard user ​ဟာ Administrator Laval ​အ​ဆင့်​ရဲ့ ​သတ်​မှတ်​ချက်​အောက်​မှာ​ဘဲ ​ရှင်​သန်​ရ​တဲ့​သူ​ပေါ့. Admin ​က ​မ​သုံး​စေ​ချင်​တာ​ကို​လည်း ​သူ့​မှာ ​အ​သုံး​ပြု​ခွင့် ​မ​ရ​ရှိ​ဘူး။ ​အ​ဆို​ပါ administrator ​အ​ဆင့်​ရှိ​တဲ့​သူ​ဟာ ​ကွန်​ပျူ​တာ ​တစ်​လုံး​မှာ ​အား​လုံး​လုပ်​လို့​ရ​ပါ​တယ်။ ​သူ​နဲ့​အ​ဆင့်​တူ​တဲ့ Administrator ​တွေ​ကို​လည်း ​ဖျက်​ချင်​ရင် ​ဖျက်​လို့​ရ​ပါ​တယ်။ ​အဲ​ဒါ​ပေ​မယ့် ​သူ့​မှာ ​တစ်​ခု​တော့ ​လုပ်​ပိုင်​ခွင့် ​မ​ရှိ​ဘူး။ ​အဲ့​ဒါ​က ????? ​အဲ့​ဒီ့​အ​ကြောင့်​ကို ​မ​ရှင်း​ပြ​ခင် ​ကျ​နော် ​အ​လွယ်​ဆုံး ​တစ်​ခု​နဲ့ ​ဥ​ပ​မာ​ပေး​ပါ့​မယ်။ ​အဲ့​ဒီ့​ဥ​ပ​မာ​ကို ​နား​လည်​မယ်​ဆို​ရင်​တော့ ​ခု ​ကျ​နော်​ပြော​ပြ​မှာ​ကို ​လုံး​ဝ​နား​လည်​သွား​ပါ​လိမ့်​မယ်။ ​ကျ​နော်​တို့ wordpress , Joomla, Php Forum ​စ​တဲ့ ​ဆိုက်​တွေ​ကို ​လုပ်​တော့​မယ်​ဆို​ရင်. ​သတ်​မှတ်​တဲ့ ​အ​ဆင့်​ကို ၃ ​မျိုး​နဲ့​ပဲ ​ခွဲ​ပြ​ပါ့​မယ်။ ​အဲ့​ထက်​အ​ဆင့်​တွေ​များ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အား​လုံး​မြင်​နိုင်​အောင် ​ကျ​နော် ​သုံး​ဆင့်​ကို​ပဲ ​ခွဲ​ပြ​ပါ့​မယ်။ ​အ​ဆင့်(၁) ​ဝဘ်​ဆိုက်​ကို ​စ​တင်​အ​သက်​သွင်း​သူ (​တည်​ထောင်​သူ) ​ကို Creator ​အ​ဆင့်(၂) Creator ​က ​နေ ​သူ​နဲ့​လုပ်​ကိုင်​ခွင့် ​တန်း​တူ​ထား​ပေး​ထား​တဲ့​သူ​ကို Administrator ​အ​ဆင့်(၃) Creator ​နဲ့ Administrator ​ရဲ့ ​ထိန်း​ချုပ်​မှု့​အောက်​မှာ​ပဲ ​ရှိ​နေ​တဲ့​သူ​အား​လုံး​ကို user ​လို့​ပဲ ​အ​လွယ်​မှတ်​လိုက်​ပါ။ ​တ​ကယ်​တမ်း​ခွဲ​ထုတ်​မယ်​ဆို ​အ​ဆင့်​တွေ ​အ​များ​ကြီး​ခွဲ​ထုတ်​လို့​ရ​ပါ​တယ်။ ​အဲ့​တော့ ​ကျ​နော်​ပြော​ချင်​တာ​က Admin ​အောက်​မှာ ​ရှိ​တဲ့​သူ​အား​လုံး​ကို User ​လို့​ပဲ ​ပေါင်း​မှတ်​ပေး​ပါ။ ​အဲ့​တော့ ​ကျ​နော်​တို့ ​ခု ​အ​ဆင့် ၃ ​ဆင့်​မှာ ​အ​ပေါ်​က (၂) ​ယောက်​သည် ​ရုတ်​တ​ရက်​ကြည့်​မယ်​ဆို ​တူ​ညီ​တယ်​လို့ ​ထင်​ရ​ပါ​တယ်။ ​ဘာ​လို့​လဲ​ဆို​ရင် ၂ ​ယောက်​စ​လုံး​က Administrator ​အ​ဆင့်​တွေ​ချည်း​ဖြစ်​နေ​လို့​ပါ။ ​လုပ်​ကိုင်​ခွင့်​တူ​ပါ​တယ်။ ​ဒါ​ပေ​မယ့် Creator ​ဟာ ​ဆိုက်​တစ်​ခု​မှာ ​တစ်​ယောက်​ပဲ​ရှိ​ပါ​တယ်။ ​အဲ့ Creator ​က​နေ ​သူ​နဲ့​တန်း​တူ​ရှိ​နေ​တဲ့ Administrator ​နဲ့ User ​အား​လုံး​ကို ​ထုတ်​ခွင့် ​ထိန်း​ချုပ်​ခွင့်​ကို ​အ​ပြည့်​အ​ဝ ​ရ​ရှိ​ထား​ပါ​တယ်။ ​သူ​ထည့်​ချင်​ထည့်​လို့​ရ​သ​လို ​ထုတ်​ချင်​လည်း ​ထုတ်​ခွင့်​ရှိ​ပါ​တယ်။ ​ဒါ​ပေ​မယ့် Administrator ​က​တော့ ​သူ့​ကို ​ပြန်​ထုတ်​တာ​တို့ ​ဘာ​တို့ ​လုပ်​ခွင့်​မ​ရှိ​ပါ​ဘူး။ ​ကဲ ​ဒီ​အ​ဆင့် ၃ ​ဆင့်​ကို ​နား​လည်​ပြီ​ဆို​ရင် ​ခု​န​က ​ကျ​နော်​တို့ ​ကွန်​ပျူ​တာ​ဖက်​ကို ​နည်း​နည်း​ပြန်​လှည့်​ရ​အောင်​ဗျာ .. ​ကွန်​ပျူ​တာ​မှာ ​ကျ​နော်​တို့ ​စ​ပြီး​တော့ window ​တင်​ပြီး​ပြီး​ချင်​မှာ ​အ​သုံး​ပြု​ခွင့်​ရ​ထား​တာ​က ​အ​ဆင့်(၂) ​အ​ဆင့်​ရှိ​တဲ့ Administrator ​အ​ဆင့်​ကို​ပဲ ​ရ​ရှိ​ထား​တာ​ပါ။ ​ဒါ​ဆို​ရင် ​သူ့​အ​ထက်​က Creator ​အ​ဆင့်​ရှိ​တဲ့ ​အ​ကောင့်​က​ကော​လို့ ​မေး​စ​ရာ​ရှိ​ပါ​တယ်။ ​အဲ့​အ​ကောင့်​ကို Microsoft ​ဟာ window ​တင်​ပြီး​က​တည်း​က​ကို ​မ​သုံး​စေ​ချင်​လို့ ​ဖျောက်​ထား​ပါ​တယ်။ ​အဲ့​တော့ ​အဲ့​ဒီ့ ​ပျောက်​နေ​တဲ့ Creator ​ကို ​ပေါ်​အောင် ​လုပ်​တဲ့​နည်း​ရှိ​ပါ​တယ်။ ​အဲ့​နည်း​နဲ့​လုပ်​မယ်​ဆို​ရင်​တော့ Microsoft ​က ​မ​သုံး ​စေ​ချင်​လို့ ​ဖျောက်​ထား​တဲ့ Creator ​အ​ဆင့်​ရှိ​တဲ့ Laval ​ဟာ ​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ့​ပေါ်​လာ​တဲ့ ​အ​ဆင့်​က​မှ ​ကျ​နော်​တို့​အ​တွက် ​လုပ်​ကိုင်​ခွင့်​အ​ပြည့်​အ​ဝ ​ရ​ရှိ​ထား​တဲ့ ​အ​ဆင့်​ဖြစ်​ပါ​တယ်။ ​အဲ့​ဒီ့ creator ​ဟာ ​ခု​န​က ​ကျ​နော်​တို့ website ​နဲ့ ​ဥ​ပ​မာ​ရှင်း​ပြ​ထား​သ​လို​မျိုး Admin ​အား​လုံး​ရဲ့ ​အ​ကောင့်​တွေ​ကို ​ဖျက်​ထုတ်​ပစ်​လို့​ရ​ပါ​တယ်. ​ကွန်​ပျူ​တာ​ကို ​သုံး​နေ​တဲ့ user ​အား​လုံး​ကို ​ဖျက်​ခွင့်​ရှိ​ပါ​တယ်။ ​ဒါ​ပေ​မယ့် ​အဲ့​ပေါ်​လာ​တဲ့ Creator(Admin) ​ကို​တော့ ​တစ်​ခြား Admin ​အ​ကောင့်​တွေ​နဲ့ ​ဖျက်​ခွင့် ​မ​ရှိ​ပါ​ဘူး။ ​ပျောက်​နေ​တဲ့ Creator ​အ​ဆင့်​ကို ​ဖော်​ကြည့်​ချင်​တယ်​ဆို​ရင်​တော့ ​အောက်​က ​နည်း​နဲ့ ​ဖော်​ကြည့်​ပါ။ ​ဒီ​နေ့​ဟာ ​ကျ​နော် ​နည်း​ပ​ညာ​လော​က​ထဲ​ကို ​ပြန်​လည် ​ခြေ​ချ​တဲ့ ​နေ့​အ​ဖြစ် ​အ​မှတ်​တ​ရ ​ပို့စ်​ရေး​တင်​ပေး​လိုက်​တာ​ပါ။ http://www.nyinaymin.org/2014/…/window-admin-password_9.html ​အဲ့​ပို့စ်​ထဲ​က ​နည်း​အ​တိုင်း ​လုပ်​ကြည့်​ရင် Admin ​အ​ကောင့်​အ​သစ်​တစ်​ခု ​ပေါ်​လာ​ပါ​လိမ့်​မယ်။ ​အဲ့​ဒီ့​အ​ကောင့်​က​မှ ​သင့်​ကို 100% ​အ​ပြည့်​အ​ဝ ​လုပ်​ကိုင်​ခွင့်​ပေး​ထား​တဲ့ ​အ​ကောင့်​ဖြစ်​ပါ​တယ်။ ​အား​လုံး​ကို ​ခင်​မင်​လေး​စား​လျှက် ​ညီ​နေ​မင်း(​နည်း​ပ​ညာ)

28 January 2015

utorrent ​က ​ရုပ်​ရှင်​မှန်​သ​မျှ​ကို Download ​မ​လုပ်​ဘဲ ​ကြည့်​ချင်​လား


utorrent ​က ​ရုပ်​ရှင်​တွေ​ကို Download ​လုပ်​တဲ့​အ​ခါ ​ကျ​နော်​တို့ ​အ​မြဲ ​ကြုံ​တွေ့​ရ​တဲ့ ​အ​ခက်​အ​ခဲ ​တစ်​ခု​ရှိ​ပါ​တယ်။ ​အဲ့​ဒါ​ဘာ​လဲ​ဆို​ရင် ​စာ​တန်း​ထိုး​တဲ့ ​ဖိုင်​နဲ့ ​တွဲ​ကြည့်​ဖို့ Download ​လုပ်​တဲ့​အ​ခါ​မှာ ​ခက်​ခက်​ခဲ​ခဲ​လည်း Download ​လုပ်​ပြီး​ရော ​ဖွင့်​ကြည့်​တဲ့​အ​ခါ​မှာ ​အ​င်္ဂ​လိပ်​စာ​တန်း​တွဲ​ပြီး ​ထိုး​ပြီး​သား ​ဖိုင်​ဖြစ်​နေ​တာ​မျိုး ​ဒါ​မှ​မ​ဟုတ် ​ကြည်​လင်​ပြတ်​သား​မှု​မ​ရှိ​တဲ့ ​ရုပ်​ရှင်​ကား ​ဖြစ်​နေ​တာ​မျိုး​ကို ​အ​မြဲ​လို​လို ​တွေ့​ကြုံ​ရ​မှာ​ပါ။ Download ​လုပ်​ထား​တာ ​အ​ချိန်​ကုန်​တာ​မျိုး ​ဖြစ်​သွား​တတ်​ပါ​တယ်။ ​အဲ့​လို ​မ​ဖြစ်​ရ​အောင်  ​ကျ​နော်​တို့​အ​နေ​နဲ့ Download ​မ​လုပ်​ခင်​မှာ ​တစ်​ခါ​တည်း ​ကြည်​ရဲ့​လား၊ ​စာ​တန်း​ထိုး​ပြီး​သား ​ရုပ်​ရှင်​ဖြစ်​နေ​မ​လား ​ဆို​တာ​ကို ​ကြို​ပြီး ​ကြည့်​လို့​ရ​မယ်​ဆို​ရင် ​အ​ချိန်​တွေ ​မ​ကုန်​တော့​ဘူး​ပေါ့။ ​အဲ့​ဒါ​ဆို ​ဘယ်​လို​လုပ်​မ​လဲ။

၁။  www.kickass.so, www.yify-torrent.org ​လို​မျိုး  torrent ​ဆိုက်​တွေ​ကို ​သွား​လိုက်​ပါ ​ပြီး​ရင် ​ကို​လို​ချင်​တဲ့ ​ရုပ်​ရှင်​နာ​မည်​ကို ​ရွေး​ပါ ​ပြီး​ရင် Download ​လုပ်​လိုက်​ပါ။  (​ပုံ၁)

ပုံ(၁)


၂။  torrent ​ဖိုင်​ရ​လာ​ပါ​လိမ့်​မယ်။ (​ပုံ ၂)

(​ပုံ ၂ )


၃။ ​ညာ​ဖက်​က Download ​လုပ်​ထား​တဲ့ ​နေ​ရာ​ကို ​တစ်​ချက်​နှိပ်​လိုက်​ပါ။ ​ပြီး​ရင် right click ​ထောက်​ပြီး​တော့ Copy Download Link ​ကို ​နှိပ်​လိုက်​ပါ။ (​ပုံ ၃)

(​ပုံ ၃)

၎။ ​အောက်​မှာ ​တင်​ပေး​ထား​တဲ့ Ace Player ​ကို Download ​လုပ်​လိုက်​ပါ။ ​ပြီး​ရင်​တော့ Player ​ကို ​ဖွင့်​လိုက်​ပါ(​ပုံ  ၄)

(​ပုံ ၄)
၅။ Media ​ကို ​ရွေး​ပြီး Open Network Stream ​ကို ​နှိပ်​လိုက်​ပါ။ (​ပုံ ၅) (​ပုံ ၆)

(​ပုံ ၅)

(​ပုံ ၆)

၆။ Network ​ထဲ​က Please enter network URL ​ကို ​နှိပ်​လိုက်​ပြီး ​ခု​န​က ​ကူး​လာ​တဲ့ ​လိပ်​စာ​ကို Paste ​လုပ်​လိုက်​ပါ။

(​ပုံ ၇)

၇။ ​ပြီး​ရင်​တော့ Play ​ကို ​နှိပ်​လိုက်​ပါ။ ​ဒါ​ဆို​ရင်​တော့ ​ကျ​နော်​တို့​အ​နေ​နဲ့ ​ရုပ်​ရှင်​ပွင့်​လာ​တာ​ကို ​တွေ့​မြင်​ရ​ပါ​လိမ့်​မယ်။ ​အဲ့​အ​ချိန်​ကျ​မှ ​ကို့​မှာ ​စာ​တန်း​ထိုး​ဖိုင်​ရှိ​တယ်​ဆို​ရင်​တော့ ​စာ​ဖိုင်​ကို ​အ​ဆို​ပါ Player ​ထဲ​ကို ​ဆွဲ​ချ​လိုက်​ပါ။


(​ပုံ ၈)

(​ပုံ ၉)


၈။ ​ကဲ​ဒါ​ဆို​ရင်​တော့ ​ကျ​နော်​တို့ ​ကြည့်​လို့​ရ​ပြီ။ ​မိ​မိ​စိတ်​ကြိုက်​ကား​များ​ကို ​ကြည့်​ရှု​နိုင်​ပါ​ပြီ။ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

(​ပုံ ၁၀)






09 January 2015

BOOTMGR is missing Error ​ကို ​ဘယ်​လို ​ရှင်း​မ​လဲ ..



Bootmgr is missing error ​ဟာ Boot sector ​မှာ ​ထိ​သွား​လို့ ​ဖြစ်​လာ​တဲ့ error ​ဖြစ်​ပါ​တယ်။ ​ကွန်​ပျူ​တာ ​စ​ဖွင့်​ဖွင့်​ချင်း​မှာ ​အဲ့​စာ​ပေါ်​လာ​ပြီး​တာ​နဲ့ ​ကွန်​ပျူ​တာ ​ဆက်​ပြီး ​မ​တက်​တော့​ပါ​ဘူး။ ​ကဲ​အဲ့​ဒါ​ဆို​ရင် ​ဘယ်​လို ​ရှင်း​ကြ​မ​လဲ။ ​ရှင်း​နည်း​က ​လွယ်​ပါ​တယ်။ ​သိပ်​ပြီး​မ​ခဲ​ရင်း​ပါ​ဘူး။ windows ​ပြန်​တင်​ရင်​ကော ​မ​ရ​ဘူး​လား​လို့ ​မေး​လို့​ရ​ပါ​တယ်။ ​ဘယ်​ပြ​သ​နာ​ပဲ ​ဖြစ်​ဖြစ် ​ကြိုး​စား​ပြီး​ရှင်း​ပါ။ window ​တင်​တာ​ကို ​နောက်​ဆုံး​မှ ​စဉ်း​စား​ပေး​ပါ။ ​ဘာ​ဖြစ်​လို့​လဲ​ဆို​ရင် ​တ​ကယ်​လို့ windows ​တင်​ရင် .......

  1. window installing ​လုပ်​တဲ့​ချိန် ​ကြာ​မြင့်​မယ်
  2. Driver ​တွေ ​စုံ​အောင်​တင်​ရ​မယ် ..
  3. Adobe Master collection ​လို auto-cad ​လို​မျိုး Program ​အ​ကြီး​တွေ​တင်​ရင် ​ကြာ​မြင့်​မယ်
  4. Antivirus and Other Application ​တင်​တဲ့​ချိန် ​ကြာ​မယ်
  5. Antivirus update ​လုပ်​မယ့်​အ​ချိန် ​ကြာ​မယ်
  6. Browser ​မှာ Flash player & Java  install ​လုပ်​ရ​မယ် .net Framework offline installer ​မ​ရှိ​ရင် ​အင်​တာ​နက်​ချိတ်​ထည့်​ရ​မယ်​ဗျာ .. ​ပြော​ချင်​တာ​က​တော့ ​အဲ့​အ​တွက် ​အ​ချိန်​တွေ ​အ​ရမ်း​ပေး​ရ​ပါ​လိမ့်​မယ်။


အ​ချိန်​အ​ရမ်း​ပေး​ရ​ပါ​တယ်။ ​အဲ့​တော့ ​အဲ့​ဒါ​တွေ​ကို ​မ​လုပ်​ချင်​ဘဲ ​ဖြေ​ရှင်း​လို့​မ​ရ​ဘူး​လား ​မေး​ရင် ​ရ​တာ​ပေါ့။ ​ဖြေ​ရှင်း​နည်း​တွေ ​အ​များ​ကြီး​ရှိ​ပါ​တယ်။ ​အဲ့​ထဲ​မှာ​မှ ​လွယ်​ကူ​ရိုး​ရှင်း​တဲ့​နည်း​ကို ​ပြော​ပြ​ပါ့​မယ်။  ​ကဲ​အောက်​က ​နည်း​လမ်း​အ​တိုင်း ​လုပ်​လိုက်​ပါ။ ​အ​ရင်​က ​ရေး​ဖူး​ထား​ပါ​သေး​တယ်။



  • Desktop ​ဆို​ရင် Delete key ​ဆက်​တိုက်​နှိပ် boot setting ​ထဲ​ကို​ဝင်
  • Laptop ​ဆို​ရင် F2 ​ကို ​ဆက်​တိုက်​နှိပ်​ပြီး boot setting ​ထဲ​ကို​ဝင် (​အ​မျိုး​စား​လိုက် ​နှိပ်​ရ​သည့် ​ကီး​မ​တူ​ညီ​နိုင်​ပါ. ​သို့​သော်​များ​သော​အား​ဖြင့် F2 ​ဖြစ်​တာ​များ​ပါ​တယ်)



  • Boot option ​ထဲ ​ဝင်​ပြီး​တော့ 1st boot device ​မှာ dvd drive ​ကို​ပေး​လိုက်​ပါ (​ပုံ ၁)



ပုံ ၁
  • Window 7 ​အ​ခွေ​ထည့်​ပြီး​တော့ ​ကွန်​ပျူ​တာ​ကို Restart ​ချ​လိုက်​ပါ 
  • Press any key to boot from CD or DVD ​စာ​ကြောင်း​ပေါ်​လာ​တာ​နဲ့  Space Bar ​ကို ​နှစ်​ချက်​လောက် ​ပုတ်​ပေး​လိုက်​ပါ (​ပုံ ၂)

ပုံ ၂

  • Window 7 Logo ​အ​ခု​လို​ပေါ်​လာ​ရင် Next ​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၃) 

ပုံ ၃
  • ​ဒီ​အ​ဆင့်​ရောက်​ရင် Install Now ​ကို ​လုံးဝ(​လုံးဝ)​မ​နှိပ်​ပါ​နဲ့
  • Repair your computer ​ကို ​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၄) 

ပုံ ၎

  • ​အ​ခု​လို​ပေါ်​လာ​ရင် Searching ​လုပ်​နေ​တုန်း ​ခ​ဏ​စောင့်​ပေး​ပါ။ (​ပုံ ၅) 

ပုံ ၅

  • Use Recovery Tools ​ကို ​အ​မှန်​ခြစ်​ပေး​ပြီး Window7 ​ကို ​တစ်​ချက်​နှိပ်​ပေး​ပြီး​တော့ Next ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၆) 
ပုံ ၆

  • Repair and restart ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၇) 
ပုံ ၇

  • Repair ​လုပ်​နေ​ပါ​လိမ့်​မယ် ​ခ​ဏ​စောင့်​ပေး​ပါ။ (​ပုံ ၈) 
ပုံ ၈
  • ​ပြီး​သွား​ပြီ​ဆို​ရင်​တော့ ​အ​ခု​လို​ပေါ်​လာ​ရင် Finish ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၉) 
ပုံ ၉

  • ​အား​လုံး​ပြီး​သွား​ရင် ​ကွန်​ပျူ​တာ Restart ​ကျ​သွား​ပြီး ​ပြန်​တက်​လာ​ပါ​လိမ့်​မယ်. ​ခု​လို​ပေါ်​လာ​ရင် ​ဘာ​မှ​မ​နှိပ်​ပဲ​စောင့်​နေ​ပေး​လိုက်​ပါ. ​အား​လုံး​ပြီး​သွား​ရင် window 7 ​တက်​လာ​ပြီး Repair ​လုပ်​ခြင်း ​ပြီး​ဆုံး​သွား​ပါ​ပြီ။ ​ယ​ခင်​က ​တင်​ထား​ခဲ့​တဲ့​အ​တိုင်း ​အား​လုံး​ပြန်​ရှိ​နေ​ပါ​လိမ့်​မယ်။ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ (​ပုံ ၁၀) 
ပုံ ၁၀

Window 8.1 (Pro) x64


Window 8 ​ကို ​ပြောင်း​သုံး​ချင်​တဲ့​သူ​များ ​အ​တွက် 8.1 (Pro) ​ကို ​တင်​ပေး​လိုက်​ပါ​တယ်။ ​အ​ထဲ​မှာ ​အ​ပိုင်း​လိုက်​ခွဲ​ပြီး​တင်​ပေး​ထား​တာ​ပါ။ ​အား​လုံး Download ​လုပ်​ပြီး​ရင်​တော့ ​ဖိုင်​ဖြည်​ရ​ပါ​လိမ့်​မယ်။ ​အဲ့​အ​တွက် ​ကွန်​ပျူ​တာ​ထဲ​မှာ Winrar ​ရှိ​ဖို့​လို​အပ်​ပါ​တယ်။ ​မ​ရှိ​သေး​တဲ့​သူ​များ ​ဒီ​မှာ ​ယူ​လိုက်​ပါ။ ​ပြီး​ရင် ​ရ​လာ​တဲ့ ​ဖိုင်​တွေ​ကို Folder ​တစ်​ခု​ထဲ​မှာ​ထည့် ​ပြီး​ရင် Part(1) ​ကို right click ​ထောက်​ပြီး extract here ​ကို ​နှိပ်​ပေး​လိုက်​ပါ။ ​တစ်​ကယ်​လို့ ​ပါ့စ်​ဝါ့ဒ်​တောင်း​ခဲ့​ရင် nyinaymin ​လို့ ​ရိုက်​ထည့်​ပေး​လိုက်​ပါ။ ​အ​စ​က ​ပါ့စ်​ဝါ့ဒ်​မ​ထည့်​ဘူး​လို့​ပဲ Google Drive ​က Password ​မ​ခံ​ရင် Direct link ​ချ​ပေး​တဲ့​အ​ချိန် ​အ​ဆင်​မ​ပြေ​ဖြစ်​လို့ ​ထည့်​ပေး​လိုက်​တာ​ပါ။ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။

{Password = nyinaymin }





Part 1 | Part 2 | Part 3 | Part 4 | Part 5 | Part 6 | Part 7