W w W. N y I n @ y M i N. o R g

09 January 2015

BOOTMGR is missing Error ​ကို ​ဘယ်​လို ​ရှင်း​မ​လဲ ..



Bootmgr is missing error ​ဟာ Boot sector ​မှာ ​ထိ​သွား​လို့ ​ဖြစ်​လာ​တဲ့ error ​ဖြစ်​ပါ​တယ်။ ​ကွန်​ပျူ​တာ ​စ​ဖွင့်​ဖွင့်​ချင်း​မှာ ​အဲ့​စာ​ပေါ်​လာ​ပြီး​တာ​နဲ့ ​ကွန်​ပျူ​တာ ​ဆက်​ပြီး ​မ​တက်​တော့​ပါ​ဘူး။ ​ကဲ​အဲ့​ဒါ​ဆို​ရင် ​ဘယ်​လို ​ရှင်း​ကြ​မ​လဲ။ ​ရှင်း​နည်း​က ​လွယ်​ပါ​တယ်။ ​သိပ်​ပြီး​မ​ခဲ​ရင်း​ပါ​ဘူး။ windows ​ပြန်​တင်​ရင်​ကော ​မ​ရ​ဘူး​လား​လို့ ​မေး​လို့​ရ​ပါ​တယ်။ ​ဘယ်​ပြ​သ​နာ​ပဲ ​ဖြစ်​ဖြစ် ​ကြိုး​စား​ပြီး​ရှင်း​ပါ။ window ​တင်​တာ​ကို ​နောက်​ဆုံး​မှ ​စဉ်း​စား​ပေး​ပါ။ ​ဘာ​ဖြစ်​လို့​လဲ​ဆို​ရင် ​တ​ကယ်​လို့ windows ​တင်​ရင် .......

  1. window installing ​လုပ်​တဲ့​ချိန် ​ကြာ​မြင့်​မယ်
  2. Driver ​တွေ ​စုံ​အောင်​တင်​ရ​မယ် ..
  3. Adobe Master collection ​လို auto-cad ​လို​မျိုး Program ​အ​ကြီး​တွေ​တင်​ရင် ​ကြာ​မြင့်​မယ်
  4. Antivirus and Other Application ​တင်​တဲ့​ချိန် ​ကြာ​မယ်
  5. Antivirus update ​လုပ်​မယ့်​အ​ချိန် ​ကြာ​မယ်
  6. Browser ​မှာ Flash player & Java  install ​လုပ်​ရ​မယ် .net Framework offline installer ​မ​ရှိ​ရင် ​အင်​တာ​နက်​ချိတ်​ထည့်​ရ​မယ်​ဗျာ .. ​ပြော​ချင်​တာ​က​တော့ ​အဲ့​အ​တွက် ​အ​ချိန်​တွေ ​အ​ရမ်း​ပေး​ရ​ပါ​လိမ့်​မယ်။


အ​ချိန်​အ​ရမ်း​ပေး​ရ​ပါ​တယ်။ ​အဲ့​တော့ ​အဲ့​ဒါ​တွေ​ကို ​မ​လုပ်​ချင်​ဘဲ ​ဖြေ​ရှင်း​လို့​မ​ရ​ဘူး​လား ​မေး​ရင် ​ရ​တာ​ပေါ့။ ​ဖြေ​ရှင်း​နည်း​တွေ ​အ​များ​ကြီး​ရှိ​ပါ​တယ်။ ​အဲ့​ထဲ​မှာ​မှ ​လွယ်​ကူ​ရိုး​ရှင်း​တဲ့​နည်း​ကို ​ပြော​ပြ​ပါ့​မယ်။  ​ကဲ​အောက်​က ​နည်း​လမ်း​အ​တိုင်း ​လုပ်​လိုက်​ပါ။ ​အ​ရင်​က ​ရေး​ဖူး​ထား​ပါ​သေး​တယ်။



  • Desktop ​ဆို​ရင် Delete key ​ဆက်​တိုက်​နှိပ် boot setting ​ထဲ​ကို​ဝင်
  • Laptop ​ဆို​ရင် F2 ​ကို ​ဆက်​တိုက်​နှိပ်​ပြီး boot setting ​ထဲ​ကို​ဝင် (​အ​မျိုး​စား​လိုက် ​နှိပ်​ရ​သည့် ​ကီး​မ​တူ​ညီ​နိုင်​ပါ. ​သို့​သော်​များ​သော​အား​ဖြင့် F2 ​ဖြစ်​တာ​များ​ပါ​တယ်)



  • Boot option ​ထဲ ​ဝင်​ပြီး​တော့ 1st boot device ​မှာ dvd drive ​ကို​ပေး​လိုက်​ပါ (​ပုံ ၁)



ပုံ ၁
  • Window 7 ​အ​ခွေ​ထည့်​ပြီး​တော့ ​ကွန်​ပျူ​တာ​ကို Restart ​ချ​လိုက်​ပါ 
  • Press any key to boot from CD or DVD ​စာ​ကြောင်း​ပေါ်​လာ​တာ​နဲ့  Space Bar ​ကို ​နှစ်​ချက်​လောက် ​ပုတ်​ပေး​လိုက်​ပါ (​ပုံ ၂)

ပုံ ၂

  • Window 7 Logo ​အ​ခု​လို​ပေါ်​လာ​ရင် Next ​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၃) 

ပုံ ၃
  • ​ဒီ​အ​ဆင့်​ရောက်​ရင် Install Now ​ကို ​လုံးဝ(​လုံးဝ)​မ​နှိပ်​ပါ​နဲ့
  • Repair your computer ​ကို ​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၄) 

ပုံ ၎

  • ​အ​ခု​လို​ပေါ်​လာ​ရင် Searching ​လုပ်​နေ​တုန်း ​ခ​ဏ​စောင့်​ပေး​ပါ။ (​ပုံ ၅) 

ပုံ ၅

  • Use Recovery Tools ​ကို ​အ​မှန်​ခြစ်​ပေး​ပြီး Window7 ​ကို ​တစ်​ချက်​နှိပ်​ပေး​ပြီး​တော့ Next ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၆) 
ပုံ ၆

  • Repair and restart ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၇) 
ပုံ ၇

  • Repair ​လုပ်​နေ​ပါ​လိမ့်​မယ် ​ခ​ဏ​စောင့်​ပေး​ပါ။ (​ပုံ ၈) 
ပုံ ၈
  • ​ပြီး​သွား​ပြီ​ဆို​ရင်​တော့ ​အ​ခု​လို​ပေါ်​လာ​ရင် Finish ​ကို​နှိပ်​ပေး​လိုက်​ပါ။ (​ပုံ ၉) 
ပုံ ၉

  • ​အား​လုံး​ပြီး​သွား​ရင် ​ကွန်​ပျူ​တာ Restart ​ကျ​သွား​ပြီး ​ပြန်​တက်​လာ​ပါ​လိမ့်​မယ်. ​ခု​လို​ပေါ်​လာ​ရင် ​ဘာ​မှ​မ​နှိပ်​ပဲ​စောင့်​နေ​ပေး​လိုက်​ပါ. ​အား​လုံး​ပြီး​သွား​ရင် window 7 ​တက်​လာ​ပြီး Repair ​လုပ်​ခြင်း ​ပြီး​ဆုံး​သွား​ပါ​ပြီ။ ​ယ​ခင်​က ​တင်​ထား​ခဲ့​တဲ့​အ​တိုင်း ​အား​လုံး​ပြန်​ရှိ​နေ​ပါ​လိမ့်​မယ်။ ​အ​ဆင်​ပြေ​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်။ (​ပုံ ၁၀) 
ပုံ ၁၀

2 comments:

  1. Repair(Restore) ပြန်လုပ်လို့မရရင်ရော Window ပြန်တင်ရတာပဲ
    လား...တခြားနည်းရှိသေးသလားဘရားသား..Thank..:-)

    ReplyDelete

  2. Repair (Restore) လုပ်လို့မရရင်ကော Window ပြန်တင်တာအပြင်
    တခြားနည်းရှိသေးလား Bro..Thank..

    ReplyDelete