W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

10 June 2016

အခန်း(၄) Quick Selection Tools and Magic wand tool အကြောင်း

ဒီ Tools ၂ ခုမှာတော့ select လုပ်တာချင်း သိပ်မကွာပါဘူး။

Quick selection Tool - ကတော့ သုံးမယ်ဆိုရင်တော့ ပေါင်းခြင်း (shift) နှင့် နှုတ်ခြင်း (Alt) စတဲ့ key တွေကို အသုံးပြုပြီးတော့ selection ကို ပေါင်း(သို့)နှုတ် လုပ်ပေးရပါတယ်။ ကို select လုပ်မယ့်နေရာထဲကနေ ပါသွားရင် ပြန်ပေါင်း ၊ လိုသွားရင် ပြန်နှုတ်ပေါ့ ..
Magic Wand Tool ကတော့ - တူညီတဲ့ အရောင်တွေကို ချက်ချင်း select မှတ်ပေးပါတယ်။ အဖြူဆို အဖြူပေါ့။ သူ့မှာ အားနည်းချက်ကတော့ အရောင်ပြေးစနစ်နဲ့ဆိုင်တဲ့ ရောစပ်ထားတဲ့အရောင်တွေကိုတော့ select မလုပ်ပေးနိုင်ပါဘူး။

Download Tutorial Video

အခန်း(၃) Lasso (L) Tools အသုံးပြုနည်း

Lasso Tools မှာ Family Tools အနေနဲ့ ၃ မျိုးရှိပါတယ်။

(1) Lasso Tool
(2) Polygonal Lasso Tool
(3) Magnetic Lasso Tool
(1) Lasso Tool - ကတော့ ကို select ပေးချင်တဲ့ အပိုင်းကို Mouse နဲ့ တစ်ချက်ဖိဆွဲပြီး အဆုံးသတ်တော့မယ်ဆို အစမှတ်ဆီကို ပြန်သွားပြီး လွှတ်လိုက်ခြင်းဖြင့် ကိုလိုချင်တဲ့ အပိုင်းတွေကို selection လုပ်ပေးပါတယ်။

(၂) Polygonal Lasso Tool - ကတော့ အစမှတ်ကနေ လိုအပ်တဲ့ အပိုင်းတွေရဲ့ အနားသတ်လိုင်းတွေကို တဖြည်းဖြည်းချင်း လှီးသွားရင်းကနေ နောက်ဆုံးအဆုံးသတ်အမှတ်သည် အစမှတ်ဆီကို ပြန်သွားပြီး အဆုံးသတ်မယ်ဆို ကလစ် နှစ်ချက်ဆက်တိုက် နှိပ်ခြင်းဖြင့် (သို့) အစမှတ်အပေါ်သို့ ကလစ်နှိပ်ခြင်း စသဖြင့် ကြိုက်သလို အဆုံးသတ်ပေးလို့ရပါတယ်။

(၃) Magnetic Lasso Tool - ကတော့ ထင်ထင်ရှားရှားရှိနေတဲ့ အရောင်းတွေကို အလိုလျောက် ရွေးချယ်ပေးခြင်းဖြင့် select မှတ်ပေးပါတယ်။ Gradient Color လို ပေါင်းစပ်အရောင်းတွေဆိုရင်တော့ သူက selection မှတ်ဖို့ အဆင်မပြေနိုင်ပါဘူး။

Tutorial Video ဖိုင်ဖြင့် အသေးစိတ် ရှင်းပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Download Tutorial Video

08 June 2016

အခန်း( ၂ ) Marquee Tools (M) ဆိုတာ ....

ဒုတိယ သင်ခန်းစာအနေနဲ့ Marquee Tools အကြောင်းကို ရှင်းပြပေးချင်ပါတယ်။ များသောအားဖြင့် shortcut key တွေသည် စာလုံးတွေရဲ့ ပထမ အစစာလုံးကိုသာ ယူတာများပါတယ်။ အခု Marquee Tools ဆိုတော့ သူ့ရဲ့ အစစလုံး M ကိုပဲယူပြီး သူ့shortcut key အနေနဲ့ ယူလိုက်ပါတယ်။ အဲ့တာဆို ပိုမှတ်မိလွယ်တာပေါ့။ ဟုတ်ပြီ Marquee Tool, Move Tool အဲ့နှစ်ခုစလုံးက M နဲ့စတာချင်းအတူတူ move Tool ကိုကျတော့ M မသုံးဘဲ marquee tool ကိုကျမှ m သုံးရသလဲ။ စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ အောက်က သင်ခန်းစာ Video ကနေ လေ့လာလိုက်ပါ။

ပေါင်းခြင်း = Shift
နှုတ်ခြင်း = Alt
Selection ၂ ခုကြား ဘုံအပိုင်း= Shift + Alt

07 June 2016

အခန်း( ၁) Move Tool (v) ဆိုတာဘာလဲ

Move Tool ဆိုတာကတော့ ဓါတ်ပုံတွေ၊ စာတွေနဲ့ Layer လို့ခေါ်တဲ့ အလွှာလေးတွေကို .. တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်း (သို့) ကြီး/သေးဖို့အတွက် Move Tool ကို အသုံးပြုကြရပါတယ်။ အသေးစိတ် ရှင်းလင်းချက်များကို Video ဖြင့် ရှင်းပေးထားပါတယ်။

မည်သည့် Tools ကို သုံးနေပါစေ .. Move Tool ကို ပြောင်းချင်တယ်ဆိုရင်တော့ "v" ကို နှိပ်လိုက်ရင်လည်း ရသလို။ Ctrl ကို ဖိထားလျှင်လည်း Move Tool ကို အလိုလျှောက်ပြောင်းပေးပါလိမ့်မယ်။

အဲ့ဒီ့ နှစ်မျိုးစလုံးသည် move tool ပြောင်းတယ် ဆိုပေမယ့် ပြောင်းလိုက်တဲ့ အခြေအနေချင်းမတူညီကြပါဘူး။

shortcut key "v" ကို နှိပ်လိုက်ခြင်းသည် မိမိကနေ တစ်ခြား Tools ကို မနှိပ်မချင်း အဆိုပါ move tool ကိုသာ ဖြစ်နေပါလိမ့်မယ်။

Ctrl ကို ဖိထားခြင်းဖြင့် ပြောင်းသွားသော Move Tool သည် မိမိဖိထားသည့် Ctrl key ကို လက်နဲ့ဖိထားတာကို လွှတ်လိုက်သည်နှင့် ဆိုပါ Tools သည် ပထမအသုံးပြုနေသည့် Tool ကို အလိုလျှောက် ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ အသေးစိတ် နားလည်လိုပါက ယခုတင်ထားတဲ့ Tutorial video လေးကို လေ့လာကြည့်စေချင်ပါတယ်။


01 June 2016

Windows ကို 5 မိနစ်လောက်နဲ့ အကုန်ဘယ်လို တင်မလဲ (သင်ခန်းစာ)

ဒီနေ့ညတော့ ကျွန်တော့်ကွန်ပျူတာကနေ လက်တွေ့ video record ပေးမလို့ပါ။ ဗိုက်ကလည်းအောင့်နေတာနဲ့ .. ကတိကလည်း ပေးထားပြီးပြီဆိုတော့ ဖြစ်အောင်တင်ပေးလိုက်ပါတယ်။ Windows 7,8,10 ဘယ် version ပဲ တင်ထားတင်ထား.. ကျွန်တော်တို့အနေနဲ့ backup လုပ်ပြီးတော့ နောက်ပိုင်းမှာ restore ပြန်လုပ်ခြင်းဖြင့် windows ကို 5 မိနစ်ကျော်လောက်နဲ့ တင်လို့ရပါတယ်။ ဒီနေ့တော့ windows ကို Backup ဘယ်လိုလုပ်မလဲဆိုတာကို video နဲ့ တင်ပေးလိုက်ပါတယ်။

တစ်ခုတော့ရှိပါတယ်။ တစ်ခြားမတူညီတဲ့ ကွန်ပျူတာတွေမှာလည်း သုံးချင်တယ်ဆိုရင်တော့ Driver ကို မတင်ဘဲနဲ့ windows နဲ့ လိုအပ်တဲ့ Program တွေကို ပဲတင်ထားပြီးတော့ backup လုပ်ပါ။ Driver တင်ထားမယ်ဆိုရင် တစ်ခြားကွန်ပျူတာတွေမှာ သွားပြီးသုံမယ်ဆိုရင် Driver ပြသနာတက်ပြီး တင်ထားတဲ့ driver နဲ့ တတ်ထားတဲ့hardware မကိုက်ညီဘဲ windows မတက်တာမျိုး ကြုံရတတ်ပါတယ်။

ခု video လေးကို လက်တွေ့လုပ်ကြည့်ဖို့အတွက်တော့ Symantec Norton Ghost DVD အခွေလိုပါတယ်။ အင်တာနက်ကနေ ရှာပြီးတော့ Download လုပ်စေချင်ပါတယ်။ ဒီနေ့တော့ Symantec Norton Ghost အခွေ တင်မပေးနိုင်တော့ပါဘူး။ ဗိုက်နည်းနည်းအောင့်နေလို့ အနားယူတော့မယ် မနက်ဖြန်ကျရင် တင်ပေးပါ့မယ်။ ဒါမှမဟုတ်လည်း တစ်ခြားညီကိုတွေ Download link တွေ ချပေးပါလိမ့်မယ်။

Utorrent (or) Bittorrent ရှိတယ်ဆိုရင်တော့ www.kat.cr ဆိုက်ကနေပြီးတော့ Download လုပ်ယူလို့ရပါတယ်။ Torrent အသုံးပြုနည်းကို မနေ့က တင်တဲ့ သင်ခန်းစာပို့စ်မှာ တင်ပေးထားပြီးသားပါ။ https://goo.gl/SME0VA အဲ့ပို့စ်ကို ပြန်ကြည့်ပေးပါ။

မေးထားတဲ့ ညီလေးက Restore ပြန်လုပ်တာကိုတော့ နားလည်လိမ့်မယ်ထင်ပါတယ်။ နားမလည်ဘူးဆိုရင်လည်း မနက်ဖြန်မှ ထပ်တင်ပေးပါ့မယ်။ ခုကတော့ Norton Ghost နဲ့ .gho image ဖိုင် ရအောင် ပြန်ထုတ်နဲ့နည်းပါ။

Download This Tutorial Video

31 May 2016

ဆံပင်အနားစလေးတွေပါ ပါအောင် ဘယ်လို လှီးယူရမလဲ (သင်ခန်းစာ video)


Adobe Photoshop CS5 နဲ့အထက်မှာ Extract ဆိုတဲ့ plugin မပါလာတာကို သတိထားမိမယ်ထင်ပါတယ်။ အရင်ကဆိုရင်တော့ extract နဲ့ ဆံပင်အနားစလေးတွေပါ ပါအောင်လို့ လှီးယူလို့ရပါတယ်။ ခုနောက် version မှာ extract မပါလာတော့ပါဘူး။ သူ့အစားကို Refine Edge ဆိုတဲ့ ပါလာပါတယ်။ ခုနက ဆံပင်အနားစလေးကို လှီးယူဖို့အတွက် အခက်အခဲရှိနေတယ်ဆိုတဲ့ ညီလေးကိုတွေ့လို့ ကျနော် Tutorial အနေနဲ့ ရှင်းပြပြီးတော့ တင်ပေးလိုက်ပါတယ်။

Torrent ဆိုတာဘာလဲ .. ဘယ်လိုသုံးမလဲ (သင်ခန်းစာဖိုင်)

လူငယ်တော်တော်များများ Torrent အကြောင်းကို မသိကြဘူး။ တစ်နည်းအားဖြင့်ပြောရရင် Centralized Download အကြောင်းပဲသိပြီး၊ Peer to Peer Download အကြောင်းကို မသိကြဘူး။

  1. Centralized Download ဆိုတာဘာလဲ
  2. Peer to Peer Download ဆိုတာဘာလဲ

အားလုံးကို ရှင်းပြထားပါတယ်။ သေသေချာချာကြည့်ပြီး နားလည်အောင် ပြန်နားထောင်ပေးပါ။ ဖိုင်တွေကို ကိုယ်တိုင် ရှာတတ်ပြီး ကိုယ်တိုင် Download လုပ်တတ်လာပါလိမ့်မယ်။ ဘာမှမခဲရင်းပါဘူး။ ခု Group ထဲမှာ တော်တော်များများက software တွေကို တောင်းတောင်းနေကြတာ တွေ့လို့ တမင် ဒုက္ခခံရှင်းပြပြီး တင်ပေးလိုက်တာပါ။ ခု video ကို နားထောင်လိုက်တာနဲ့ အားလုံး ဖိုင်လိုက်တောင်းနေရတဲ့ ဘ၀ကနေ လွတ်ကင်းလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကဲအားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။

▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
Download ဘယ်လို အလုပ်လုပ်ကြလဲ ...
▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
( 1) Centralized Download
( 2) Peer to Peer Download
Torrent(.torrent) Downloader (၂)မျိုး (ကြိုက်ရာတစ်ခုကိုသုံးပါ)
=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x=x
www.utorrent.com
www.bittorrent.com

Torrent ဆိုက်များ
=x=x=x=x=x=x=
https://kat.cr
http://thepiratebay.se
http://extratorrent.cc
http://www.torrentz.eu
http://rarbg.to

.dll error ကို ဘယ်လိုဖြေရှင်းမလဲ ???

ဒီနေ့တော့ .dll နဲ့ ပါတ်သက်တဲ့ error တွေကို ဘယ်လိုနည်းလမ်းနဲ့ ရှင်းကြမလဲ။ ဒီနေ့ သင်ခန်းစာ video 5 ခု ထပ်တင်ပေးဖို့ရာ ဘာတင်ရင်ကောင်းမလဲ စဉ်းစားရင်းကနေ လတ်တလော ပြသနာဖြစ်နေတဲ့ညီ/အစ်ကိုတွေ မေးခွန်းထားတာကို အရင်ဦးစားပေးပြီး ရှင်းရင်ပိုကောင်းမယ်လို့ စဉ်းစားမိတာနဲ့ Post တင်ပြီး comments ရေးခိုင်းရာမှာ ပထမဆုံးတက်လာတာကတော့ .. ပုံထဲကအတိုင်း BIB.dll လေးပဲဖြစ်ပါတယ်။ လုပ်နည်းကို video ဖိုင်နဲ့တင်ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေစွာနဲ့ လုပ်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

26 May 2016

မှတ်တမ်းတင်ဂုဏ်ပြုလွှာအတွက် ဘောင်(.png အကြည်)

တော်တော်များများမှတ်တမ်းတင် ဂုဏ်ပြုလွှာအတွက် အခက်အခဲရှိကြတယ်။ ဘောင်တွေက မကြည်လို့ အဆင်မပြေဘူးလို့ အကူအညီတောင်းတဲ့အတွက် ဘောင် ၂ မျိုးကို png ဖိုင်နဲ့ တင်ပေးလိုက်ပါတယ်။ ခု ပြထားတဲ့ ပုံကို မယူပါနဲ့ Download လုပ်ပြီးမှ ယူပါ။ ခုတင်ထားတဲ့ဖိုင်က .jpeg ဖြစ်နေပါလိမ့်မယ်။ ပြီးတော့ Save လုပ်ပြီးရင်လည်း ကြည်မှာလည်းမဟုတ်ပါဘူး။

ဘောင် နှစ်ဘောင်ကို Download လုပ်ပါ။

 Download Border 1  | Download Border2

21 May 2016

Nyi Nay Min - Animals 2 ဖောင့်ပါ

Nyi Nay Min - Animals 2 Font
------------------------------------

အရင်တင်ပေးထားတဲ့ Animals 1 ရဲ့ အဆက်ဆိုပါတော့ .. တိရိစ္ဆာန်ပုံလေးတွေတော့ သိပ်မစုံသေးဘူးပေါ့။ Animals 5 လောက် ဆိုရင်တော့ စုံလောက်မယ်ထင်တာဘဲ။ မသိသေးဘူး။ ခုလည်းပဲ အားလုံးအဆင်ပြေအောင်လို့ အချောသပ်ပြီး ထပ်တင်ပေးလိုက်ပါတယ်။ လိုအပ်တာများရှိရင်လည်း Comment ၀င်ရေးခဲ့လို့ရပါတယ်။ အားလုံးအဆင်ပြေအောင်တော့ အကောင်းဆုံးလုပ်ပေးထားတာပါပဲ။ ပြီးရင် ခုဖောင့်ဟာ ကျနော်ကိုယ်တိုင်လုပ်ထားတာဖြစ်လို့ မည်သည့်နေရာတွင်မဆို အခမဲ့ အသုံးပြုနိုင်ပြီး အခမဲ့ဖြန့်ဝေခွင့်ပြုပါတယ်။ ရောင်းစားတာမျိုးတော့ မလုပ်ကြဖို့ ကြိုပြီး သတိပေးချင်ပါတယ်။
ကဲ လိုချင်တဲ့သူများ အောက်ကနေ Download လုပ်လိုက်ပါ။
Link ၄ နေရာကနေတင်ပေးထားပါတယ်။
Download Nyi Nay Min - Animals 2 Font
~~~~~~~~~~~~~~~~~~~~~~~~~~~~

Google Drive | Zippyshare | Pcloud | Mediafire

ညီနေမင်းပြန်လာပြီ ဟီးဟီး

ဒီတစ်ခါတော့ ကျွန်တော် သင်ခန်းစာ Tutorial တွေနဲ့ကော စာလာဖတ်တဲ့ စာဖတ်သူများအားလုံး အကျိုးရှိရလေအောင်လို့ အမြဲတမ်း အသစ်အသစ်တွေနဲ့ ရေးပြီးရှင်းရင်းနဲ့ ကိုယ်တိုင်လုပ်တဲ့ ဖောင့်များကို တင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းနဲ့ပါတ်သက်တာတွေကိုလည်း ပြန်စရေးနေပါပြီ။ ယခုတင်ပေးသည့် Font များသည် ကျနော်ကိုယ်တိုင်လုပ်ထားသော ဖောင့်များဖြစ်တာကြောင့် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။ တစ်ခြားသူများကိုဝေမျှနိုင်ပါတယ်။ ပိုက်ဆံနှင့်ရောင်းချသည့်သူများကိုတော့ ခွင့်မပြုထားပါဘူး။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။ မယုံမရှိနဲ့ ဘယ်သူမှ မရေးရသေးတဲ့အကြောင်းတွေကို ရေးပေးမယ်။ ဘယ်သူမှ မချပြသေးတဲ့ အကြောင်းအရာတွေကို ချပြမယ်။ နေ့တိုင်းလာပြီး ၀င်ဖတ်ကြပါလို့ပဲ ဖိတ်ခေါ်လိုက်ပါရစေ။

Nyi Nay Min 01 Font ပါ

Nyinaymin 001 font (version 1.0)ပါ ကိုယ်တိုင်လုပ်ထားတဲ့ဖောင့်လေးမို့ အားလုံးပဲ စိတ်လွတ်ကိုယ်လွတ်သုံးလို့ရပါတယ်။ ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ခါတော့ လိုအပ်တာတွေကိုပြန်ပြီး ပြုပြင်ပေးထားတဲ့ ဖောင့်ကို တင်ပေးလိုက်ပါတယ်။ ဒီဇိုင်နာသမားတွေ ဒီဇိုင်းဆွဲရ အခက်အခဲဖြစ်မှာ စိုးလို့ ဒီဇိုင်းပြန်ဆွဲပြီး ဖောင့်တစ်ခါတည်းလုပ်ပေးလိုက်ပါတယ်။ ကဲ လိုချင်တဲ့သူများ အောက်မှာ ယူနိုင်ပါတယ်။



Download Nyi Nay Min1 (Google Drive)

Download NyiNayMin 1 (Pcloud) Download Mediafire

Nyi Nay Min Knote Font

ညီနေမင်း ကနုတ် Font 1 ---------------------------- ကဲကဲ ဟိုတစ်ရက်က ဖောင့်ကလဲ တစ်ခုတည်းလားလို့ မေးနေကြတဲ့ ညီအစ်ကိုတွေ အတွက် ဒီကနေ့ ကနုတ်ဖောင့် ၁ ကိုတင်ပေးလိုက်ပါတယ်။ အားလုံးလည်း ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အချောသတ်ပြီးပါပြီ။ ဒီတစ်ခါတော့ ဖုန်းသမားတွေပါ download လုပ်လို့ရအောင် winrar နဲ့ချုံ့ပြီးတင်ပေးထားပါကြောင်း။ ယခုဖောင့်သည် ကျွန်တော်ကိုယ်တိုင် ပြုလုပ်ထားသော ဖောင့်ဖြစ်တာကြောင့် အပြင်မှာ ရောင်းစားတာမျိုးတွေ မလုပ်စေချင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ့်ဖက်ကနေ တတ်နိုင်သလောက်ပေးဖို့ပဲ ကြည့်ပါတယ်။ အခုလို အပင်ပန်းခံလုပ်ပေးနေတာကလည်း ဘာကိုမှ မမျှော်လင့်ပါဘူး။ ကျွန်တော်ဝဘ်ဆိုက်စရေးတုန်းကလိုပေါ့။

တစ်နေကုန်ဝဘ်ဆိုက်မှာ ရေးနေတာ ပိုက်ဆံတွေအများကြီးရမှာပဲနော်တဲ့ အင်္ဂလန်ကနေလာလည်တဲ့ နိုင်ငံခြားသား သူငယ်ချင်း တစ်ယောက်က မေးပါတယ်။ ကျွန်တော်က ငါတို့နိုင်ငံက မင်းတို့လိုမဟုတ်ဘူး နည်းပညာပိုင်းဆင်းရဲကြတယ်လို့။အဲ့တာကြောင့် ငါနိုင်သလောက် ပြန်ကူညီပေးတာလို့။ ပရဟိတအနေနဲ့လုပ်တာလို့ပြောတော့။ အာငါတို့နိုင်ငံမှာပရဟိတအနေနဲ့ လုပ်တယ်ဆိုရင်လည်း ပိုက်ဆံရတာပဲတဲ့။ ကဲထုံးစံအတိုင်းအောက်မှာ Download လုပ်လိုက်ကြပါဦး။

Download Nyi Nay Min Knote

Download Mediafire

Nyi Nay Min - Animals 1 Font

Nyi Nay Min - Animals 1 Font ------------------------------------ ဒီဖောင့်နာမည်ကို ခေါ်မယ်ဆို ကျနော့်နာမည်ကို ခေါ်ပြီး တွံတွေးတစ်ချက် မြိုချပြီးမှ နောက်က Animals ကို ထပ်ခေါ်ပါ .. တစ်ခါတည်း တွဲပြီး မခေါ်ပါနဲ့။ ဖောင့်က တစ်ခြားနာမည်ပေးမလို့ဟာ တော်ကြာ ဒီဇိုင်းဆွဲတဲ့အခါကျ ဖောင့်တွေကို နာမည်မမှတ်မိမှာစိုးလို့ Animals font လို့ပေးလိုက်တာပါ။ အကြောင်းကတော့ ဒီ Font ထဲမှာ တိရိစ္ဆာန်မျိုးစုံပုံတွေကို ထည့်ထားပေးလို့ပါ။ :D :P ကိုယ်တိုင်လုပ်ထားတဲ့ ဖောင့်လေးတွေပါ။ တကယ်တော့ ကျနော့်ဆိုင်အတွက်ဆိုပြီးတော့ လုပ်လိုက်တာပါ။ ပြီးတော့မှတစ်ခြားသူတွေကိုလည်း သုံးစေချင်လို့ ပြန်တင်ပေးလိုက်ပါတယ်။

ကဲ Download လုပ်မယ်ဆိုရင်တော့ အောက်မှာတင်ပေးထားပါတယ်။ အဲ့ကနေ ယူလိုက်ပါ။ Google Drive ကနေ တင်ပေးထားပါတယ်။ အဆင်မပြေတာရှိရင်ပြောပါ။

Download NyiNayMin Animals 1 Font

Download Mediafire

29 April 2016

ဆံပင်ရှည်ပုံစံ မျက်နှာပုံသဏ္ဍာန်(၅)မျိုး (psd)

ဆံပင်အရှည်ပုံစံ မျက်နှာပုံသဏ္ဍာန် (၅)မျိုးကို တင်ပေးလိုက်ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ ကြိုက်တဲ့ Linkကနေ ယူလို့ရပါတယ်။ ထုံးစံအတိုင်းပဲ Quality ကို ကျသွားမှာစိုးလို့ ဖိုင်ကို မချုံ့ထားပါဘူး။ 64 MB တော့ ရှိပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အဆင်မပြေတာရှိရင် CB ကနေ ပြောလို့ရပါတယ်။

Google Drive | Mediafire | Pcloud

Wedding Hair Style (၁၂)မျိုး (psd) (58 MB)

ဒါကတော့ နောက်ထပ် သတို့သမီးဆံပင်ပုံစံ (၁၂) မျိုးကို တင်ပေးလိုက်ပါတယ်။ သူကတော့ Psd ဖိုင်တစ်ဖိုင်တည်းမှာထည့်ထားတာဖြစ်လို့ ဖိုင်ဆိုက်တော့ နည်းနည်းကြီးနေလိမ့်မယ်။ နည်းနည်းလေး သီးခံ Download လိုက်ပါ။ အဆင်မပြေဘူးဆိုရင်လည်း ပြောလို့ရပါတယ်။ ခု သင်ခန်းစာ video တွေလည်း တင်ပေးဖို့ လုပ်နေပါတယ်။ quality ကျမှာစိုးလို့ ဖိုင်ကိုတော့ မရှုံ့တော့ဘဲ ဒီအတိုင်းတင်ပေးထားတာပါ။


Google Drive | Mediafire | Pcloud

မင်္ဂလာဆောင် သတို့သမီး ဆံပင်ပုံစံ (၄)မျိုး (psd)

မင်္ဂလာဆောင် သတို့သမီးရဲ့ ဆံပင်ပုံစံကို ပုံစံ(၄)မျိုးဖြင့် Quality ကို ပုံကြီးချဲ့လို့ရအောင်ထိကို quality အမှန်ဖြင့် တင်ပေးထားတာပါ။ Download လုပ်တဲ့အခါ ပုံစံ(၄) မျိုးကို ဓါတ်ပုံမှာသာ ပေါင်းထားပေမယ့် Qualityကျမှာစိုးလို့ အဲ့ဖိုင်၎ ဖိုင်ကို သီးသန့်စီတင်ပေးထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ Mediafire ကနေပဲ Download လုပ်လုပ်၊ Google Drive ကနေပဲ Download လုပ်လုပ်၊ pcloud ကနေဘဲ Download လုပ်လုပ် ၄ ခုစလုံးကို Download လုပ်ပေးရမှာပါ။ အဆင်မပြေတာရှိရင်လည်း ပြောလို့ရပါတယ်။


Download Google Drive
Style1 | Style2 | Style 3 | Style4


Download Pcloud
All weddig hair Styles(1,2,3,4)


Download Mediafire
Style1 | Style2 | Style 3 | Style4


28 April 2016

ပုံမှန်ဆံပင်ပုံစံ Hair style ပါ (.psd)

ရိုးရိုး မိန်းကလေးတစ်ယောက်ရဲ့ ဆံပင်ပုံစံတွေကို psd နဲ့လုပ်ပြီးတင်ပေးထားတာပါ။ ခု (၃) ရက်အတွင်း Psd ဖိုင်ပေါင်း 200 ကျော်ကို တင်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့သူများ Download ယူနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒီညတော့ ဆံပင်နှင့်ပါတ်သက်တဲ့ psd ဖိုင် 50 ကျော်ကို တင်ပေးပါ့မယ်။ တစ်ခုမရရင် တစ်ခုကနေ Download လုပ်ကြပါ။ ဘာလို့လဲဆိုရင် Download လုပ်တဲ့သူ များတယ်ဆိုရင် Traffic ဖြစ်တတ်လို့ တမင်ကို ဆိုက် ၃ ခုကနေတင်ပေးရတာဖြစ်ပါတယ်။


Google Drive | Pcloud | Mediafire

Wedding Hair Style (.psd)

မင်္ဂလာဆောင် သတို့သမီးရဲ့ ဆံထုံးတွေအတွက် လိုလိုမယ်မယ် သုံးလို့ရအောင်လို့ တင်ပေးလိုက်ပါတယ်။ ခု (၃) ရက်အတွင်း Psd ဖိုင်ပေါင်း 200 ကျော်ကို တင်ပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့သူများ Download ယူနိုင်ပါတယ်။ အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


ဒီညတော့ ဆံပင်နှင့်ပါတ်သက်တဲ့ psd ဖိုင် 50 ကျော်ကို တင်ပေးပါ့မယ်။ တစ်ခုမရရင် တစ်ခုကနေ Download လုပ်ကြပါ။ ဘာလို့လဲဆိုရင် Download လုပ်တဲ့သူ များတယ်ဆိုရင် Traffic ဖြစ်တတ်လို့ တမင်ကို ဆိုက် ၃ ခုကနေတင်ပေးရတာဖြစ်ပါတယ်။


Download Google Drive | Download Pcloud | Download Mediafire

Hair Style 1 (.psd)


ကျနော် ဒီနေ့ကစပြီး ဆိုက်ကို ပြန်ရေးပါပြီဆိုတာကို ကျနော့်ဆိုက်စာဖတ်သူများအတွက် အသိပေးအပ်ပါတယ်။ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ပထမဆုံးအနေနဲ့ ၃ ရက်ဆက်တိုက် Photoshop နဲ့ ပြုလုပ်ထားတဲ့ အစားထိုး psd original ဖိုင်များကို တင်ပေးသွားမှာဖြစ်ပါတယ်။

ယခု အစားထိုး ဖိုင်များအားလုံးသည် Photoshop ဖြင့် ပြုလုပ်ထားသည့် Photoshop psd ဖိုင်များသာ ဖြစ်ပါတယ်။ လိုအပ်သည့်သူများ အောက်တွင် Download လုပ်နိုင်ပါတယ်။ ကျွန်တော့်အနေဖြင့် အကောင်းဆုံး ဖြစ်စေဖို့အတွက် Download link 3 ခုကနေ တင်ပေးထားပါတယ်။ ကြိုက်တဲ့ Download link ကနေသာ Download လုပ်ကြပါ.

Download Google Drive | Download Pcloud | Download Mediafire