Move Tool ဆိုတာကတော့ ဓါတ်ပုံတွေ၊ စာတွေနဲ့ Layer လို့ခေါ်တဲ့ အလွှာလေးတွေကို .. တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်း (သို့) ကြီး/သေးဖို့အတွက် Move Tool ကို အသုံးပြုကြရပါတယ်။ အသေးစိတ် ရှင်းလင်းချက်များကို Video ဖြင့် ရှင်းပေးထားပါတယ်။
မည်သည့် Tools ကို သုံးနေပါစေ .. Move Tool ကို ပြောင်းချင်တယ်ဆိုရင်တော့ "v" ကို နှိပ်လိုက်ရင်လည်း ရသလို။ Ctrl ကို ဖိထားလျှင်လည်း Move Tool ကို အလိုလျှောက်ပြောင်းပေးပါလိမ့်မယ်။
အဲ့ဒီ့ နှစ်မျိုးစလုံးသည် move tool ပြောင်းတယ် ဆိုပေမယ့် ပြောင်းလိုက်တဲ့ အခြေအနေချင်းမတူညီကြပါဘူး။
shortcut key "v" ကို နှိပ်လိုက်ခြင်းသည် မိမိကနေ တစ်ခြား Tools ကို မနှိပ်မချင်း အဆိုပါ move tool ကိုသာ ဖြစ်နေပါလိမ့်မယ်။
Ctrl ကို ဖိထားခြင်းဖြင့် ပြောင်းသွားသော Move Tool သည် မိမိဖိထားသည့် Ctrl key ကို လက်နဲ့ဖိထားတာကို လွှတ်လိုက်သည်နှင့် ဆိုပါ Tools သည် ပထမအသုံးပြုနေသည့် Tool ကို အလိုလျှောက် ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ အသေးစိတ် နားလည်လိုပါက ယခုတင်ထားတဲ့ Tutorial video လေးကို လေ့လာကြည့်စေချင်ပါတယ်။
I like this
ReplyDelete