W w W. N y I n @ y M i N. o R g

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Computer နှင့် Mobile သင်တန်း

သင့်အနာဂတ်ဘ၀ကို ကွန်ပျူတာပညာရပ်ဖြင့် အသက်မွေးနိုင်ဖို့အထိ တာဝန်ယူသင်ကြားပေးနေပါပြီ။

သင်ပေးမည့် သင်ခန်းစာများ

1. Adobe Indesign ၊ 2. Adobe Premiere ၊ 3. Adobe Pagemaker ၊ 4. Essential software Guide ၊ 5. Microsoft office (Word, Excel, Powerpoint)၊ 6. Beginner web Design ၊ 7. Hardware ၊ 8. Adobe Illustrator

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

အမှာစကား

အားလုံးပဲ နားလည်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

10 June 2016

အခန်း(၄) Quick Selection Tools and Magic wand tool အကြောင်း

ဒီ Tools ၂ ခုမှာတော့ select လုပ်တာချင်း သိပ်မကွာပါဘူး။

Quick selection Tool - ကတော့ သုံးမယ်ဆိုရင်တော့ ပေါင်းခြင်း (shift) နှင့် နှုတ်ခြင်း (Alt) စတဲ့ key တွေကို အသုံးပြုပြီးတော့ selection ကို ပေါင်း(သို့)နှုတ် လုပ်ပေးရပါတယ်။ ကို select လုပ်မယ့်နေရာထဲကနေ ပါသွားရင် ပြန်ပေါင်း ၊ လိုသွားရင် ပြန်နှုတ်ပေါ့ ..
Magic Wand Tool ကတော့ - တူညီတဲ့ အရောင်တွေကို ချက်ချင်း select မှတ်ပေးပါတယ်။ အဖြူဆို အဖြူပေါ့။ သူ့မှာ အားနည်းချက်ကတော့ အရောင်ပြေးစနစ်နဲ့ဆိုင်တဲ့ ရောစပ်ထားတဲ့အရောင်တွေကိုတော့ select မလုပ်ပေးနိုင်ပါဘူး။

Download Tutorial Video

အခန်း(၃) Lasso (L) Tools အသုံးပြုနည်း

Lasso Tools မှာ Family Tools အနေနဲ့ ၃ မျိုးရှိပါတယ်။

(1) Lasso Tool
(2) Polygonal Lasso Tool
(3) Magnetic Lasso Tool
(1) Lasso Tool - ကတော့ ကို select ပေးချင်တဲ့ အပိုင်းကို Mouse နဲ့ တစ်ချက်ဖိဆွဲပြီး အဆုံးသတ်တော့မယ်ဆို အစမှတ်ဆီကို ပြန်သွားပြီး လွှတ်လိုက်ခြင်းဖြင့် ကိုလိုချင်တဲ့ အပိုင်းတွေကို selection လုပ်ပေးပါတယ်။

(၂) Polygonal Lasso Tool - ကတော့ အစမှတ်ကနေ လိုအပ်တဲ့ အပိုင်းတွေရဲ့ အနားသတ်လိုင်းတွေကို တဖြည်းဖြည်းချင်း လှီးသွားရင်းကနေ နောက်ဆုံးအဆုံးသတ်အမှတ်သည် အစမှတ်ဆီကို ပြန်သွားပြီး အဆုံးသတ်မယ်ဆို ကလစ် နှစ်ချက်ဆက်တိုက် နှိပ်ခြင်းဖြင့် (သို့) အစမှတ်အပေါ်သို့ ကလစ်နှိပ်ခြင်း စသဖြင့် ကြိုက်သလို အဆုံးသတ်ပေးလို့ရပါတယ်။

(၃) Magnetic Lasso Tool - ကတော့ ထင်ထင်ရှားရှားရှိနေတဲ့ အရောင်းတွေကို အလိုလျောက် ရွေးချယ်ပေးခြင်းဖြင့် select မှတ်ပေးပါတယ်။ Gradient Color လို ပေါင်းစပ်အရောင်းတွေဆိုရင်တော့ သူက selection မှတ်ဖို့ အဆင်မပြေနိုင်ပါဘူး။

Tutorial Video ဖိုင်ဖြင့် အသေးစိတ် ရှင်းပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Download Tutorial Video

08 June 2016

အခန်း( ၂ ) Marquee Tools (M) ဆိုတာ ....

ဒုတိယ သင်ခန်းစာအနေနဲ့ Marquee Tools အကြောင်းကို ရှင်းပြပေးချင်ပါတယ်။ များသောအားဖြင့် shortcut key တွေသည် စာလုံးတွေရဲ့ ပထမ အစစာလုံးကိုသာ ယူတာများပါတယ်။ အခု Marquee Tools ဆိုတော့ သူ့ရဲ့ အစစလုံး M ကိုပဲယူပြီး သူ့shortcut key အနေနဲ့ ယူလိုက်ပါတယ်။ အဲ့တာဆို ပိုမှတ်မိလွယ်တာပေါ့။ ဟုတ်ပြီ Marquee Tool, Move Tool အဲ့နှစ်ခုစလုံးက M နဲ့စတာချင်းအတူတူ move Tool ကိုကျတော့ M မသုံးဘဲ marquee tool ကိုကျမှ m သုံးရသလဲ။ စတဲ့ အကြောင်းအရာတွေကို အသေးစိတ် ရှင်းပြပေးထားပါတယ်။ အောက်က သင်ခန်းစာ Video ကနေ လေ့လာလိုက်ပါ။

ပေါင်းခြင်း = Shift
နှုတ်ခြင်း = Alt
Selection ၂ ခုကြား ဘုံအပိုင်း= Shift + Alt

07 June 2016

အခန်း( ၁) Move Tool (v) ဆိုတာဘာလဲ

Move Tool ဆိုတာကတော့ ဓါတ်ပုံတွေ၊ စာတွေနဲ့ Layer လို့ခေါ်တဲ့ အလွှာလေးတွေကို .. တစ်နေရာကနေ တစ်နေရာကို ရွှေ့ပြောင်း (သို့) ကြီး/သေးဖို့အတွက် Move Tool ကို အသုံးပြုကြရပါတယ်။ အသေးစိတ် ရှင်းလင်းချက်များကို Video ဖြင့် ရှင်းပေးထားပါတယ်။

မည်သည့် Tools ကို သုံးနေပါစေ .. Move Tool ကို ပြောင်းချင်တယ်ဆိုရင်တော့ "v" ကို နှိပ်လိုက်ရင်လည်း ရသလို။ Ctrl ကို ဖိထားလျှင်လည်း Move Tool ကို အလိုလျှောက်ပြောင်းပေးပါလိမ့်မယ်။

အဲ့ဒီ့ နှစ်မျိုးစလုံးသည် move tool ပြောင်းတယ် ဆိုပေမယ့် ပြောင်းလိုက်တဲ့ အခြေအနေချင်းမတူညီကြပါဘူး။

shortcut key "v" ကို နှိပ်လိုက်ခြင်းသည် မိမိကနေ တစ်ခြား Tools ကို မနှိပ်မချင်း အဆိုပါ move tool ကိုသာ ဖြစ်နေပါလိမ့်မယ်။

Ctrl ကို ဖိထားခြင်းဖြင့် ပြောင်းသွားသော Move Tool သည် မိမိဖိထားသည့် Ctrl key ကို လက်နဲ့ဖိထားတာကို လွှတ်လိုက်သည်နှင့် ဆိုပါ Tools သည် ပထမအသုံးပြုနေသည့် Tool ကို အလိုလျှောက် ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။ အသေးစိတ် နားလည်လိုပါက ယခုတင်ထားတဲ့ Tutorial video လေးကို လေ့လာကြည့်စေချင်ပါတယ်။