W w W. N y I n @ y M i N. o R g
31 December 2008
ဘ​လောက်​လုပ်​ပုံ ​အ​ဆင့်​ဆင့် ​အ​ပိုင်း(၃)
1.3. Moderate Comments
ဘ​လော့ဂ်​များ​တွင် ​ပိုစ့်​တစ်​ခု​ချင်း​စီ​ကို Comment ​မှတ်​ချက် ​ပေး​လို့​ရ​သည်။ ​မည်​သူ​မ​ဆို ​ပေး​လို့​ရ​အောင် ​ခွင့်​ပြု​နိုင်​သ​လို
ကိုယ်​ခွင့်​ပြု​လို​သူ​များ​ကို​သာ ​မှတ်​ချက်​ပေး​နိုင်​အောင် ​သတ်​မှတ်​ပေး​ထား​လို့​လည်း ​ရ​သည်။ Blospot​က ​အ​သင့်​ပေး​ထား​သော Comment System ​ကို ​အ​သုံး​ပြု​လို့ ​ရ​သ​လို ​အ​ခြား​ကိုယ်​နှစ်​သက်​သော ​စ​နစ်​ကို ​အ​သုံး​ပြု​မည် ​ဆို​လျှင်​လည်း ​အ​ဆင်​ပြေ​သည်။ ​ဤ​နေ​ရာ​တွင်​မူ Blogspot ​မှ​အ​သင့်​ပေး​ထား​သော ​ကွန်​မန့် ​စ​နစ်​အ​ကြောင်း​ကို​သာ ​ရှင်း​ပြ​သွား​ပါ​မည်။
Moderate Comments ​ဆို​သည်​မှာ Comments ​များ​ကို ​ထိန်း​ချုပ်​ခြင်း​ပင် ​ဖြစ်​သည်။ ​အ​ခြား​သူ​များ​ကို ​မ​မြင်​စေ​ချင်​သော ​အ​ချို့ ​သော Comments ​များ​ကို ​ခွင့်​မ​ပြု​သေဲး ​ဆိုင်း​ငံ့​ထား​နိုင်​သည်။ ​ပယ်​ဖျက် ​ပစ်​နိုင်​သည်။ ​သို့​မ​ဟုတ် ​ကိုယ့်​ဘ​လော့ဂ်​ကို ​ဖတ်​ရှု​သော ​မည်​သူ​ကို​မ​ဆို Comments ​လုပ်​ခွင့် ​ပေး​နိုင်​သ​လို၊ Comments ​ပေး​နိုင်​ခွင့်​ကို ​သတ်​မှတ်​ထား​သော ​သူ​များ​မှ​သာ ​ရ​ရှိ​ရန် ​သတ်​မှတ်​ပေး​နိုင်​သည်။ ​ယင်း​သို့ ​ထိန်း​ချုပ်​နိုင်​ရန်​အ​တွက်​မူ ​မိ​မိ​ဘ​လော့ဂ်​၏ Comment ​စ​နစ်​ကို Setting ​အောက်​မှ Comments ​က​ဏ္ဍ​တွင် ​သွား​ရောက် ​ပြင်​ဆင်​ပေး​ရ​မည် ​ဖြစ်​သည်။ Blogger ​၏ ​အ​သင့်​သုံး ​မှတ်​ချက် ​စ​နစ်​မှာ ​လူ​တိုင်း​ကို ​မှတ်​ချက်​ပေး​နိုင်​အောင် ​ခွင့်​ပြု​ထား​သည်။ ​ထို့​ကြောင့် ​ထို​စ​နစ်​ကို ​သွား​၍ ​မ​ပြင်​ဆင်​သ​မျှ ​မိ​မိ​ဘ​လော့ဂ်​တွင် ​လူ​တိုင်း​ပေး​သော ​မှတ်​ချက်​များ​ကို ​အ​လို​အ​လျောက် ​ဖော်​ပြ​နေ​မည် ​ဖြစ်​သ​လို ​ယ​ခု Posting>Moderate Comment ​ခ​လုတ်​ကို ​နှိပ်​လျှင်​လည်း ​ဘာ​မှ ​မြင်​ရ​မည် ​မ​ဟုတ်​ပေ။ Moderate ​လုပ်​စ​ရာ Comments ​မ​ရှိ​ဘူး ​ဟူ​၍​သာ ​ပြော​ပေ​လိမ့်​မည်။
2. Setting
Setting ​က​ဏ္ဍ​တွင် ​အ​ပိုင်း (၇)​ပိုင်း ​ရှိ​သည်။
1. Basic
2. Publishing
3. Formatting
4. Comments
5. Archiving
6. Site Feed
7. Email
8. Permissions ​စ​သည်​တို့ ​ဖြစ်​သည်။
2.1. Basic
ယင်း​က​ဏ္ဍ​သည် ​ဆိုဒ်​တစ်​ခု​လုံး​၏ ​အ​ခြေ​ခံ ​အ​ဆင့်​ဖြစ်​သည်။ ​အ​ဓိ​က ​အ​ပိုင်း ​ကိုး​ပိုင်း ​ပါ​ဝင်​သည်။ ​ယင်း​တို့​မှာ
1. Title (​ဘ​လော့ဂ် ​ခေါင်း​စဉ်)
2. Description (​ဘ​လော့ဂ် ​အ​ကြောင်း​အ​ရာ)
3. Add your blog to our listings? (Blogger.com ​မှာ ​ဖော်​ပြ​မှာ​လား)
4. Let search engines find your blog? (Search Engine ​တွေ​ကို ​အ​လို​အ​လျောက် ​ရှာ​ခွင့်​ပြု​မှာ​လား)
5. Show quick editing on your blog? (​ပိုစ့်​တွေ​ကို ​အ​လွယ်​တ​ကူ ​ပြင်​တဲ့ ​ခ​လုတ် ​တပ်​မှာ​လား)
6. Show email post links? (​ပိုစ့်​တွေ​ကို ​အီး​မေးလ်​နဲ့ ​ပို့​လို့​ရ​တဲ့ ​လင့်ခ် ​ထား​ပေး​မှာ​လား)
7. Show compose mode for all your blogs? (​ဘ​လော့ဂ်​တွေ​မှာ ​တိုက်​ရိုက်​ပိုစ့် ​တင်​တဲ့​စ​နစ် ​ထား​မှာ​လား)
8. Show transliteration button for your posts? (​စာ​ရိုက်​တဲ့ ​နေ​ရာ​မှာ ​ဘာ​သာ​ပြန်​တဲ့ ​ခ​လုတ် ​ထား​မှာ​လား)
9. Delete your blog? (​လုပ်​ထား​တဲ့ ​ဘ​လော့ဂ်​ကို ​ဖျက်​မှာ​လား)
1 comments:
  1. ​ဘ​လောက်​လုပ်​ပုံ ​အ​ဆင့်​ဆင့် ​ကို ​အ​သေး​စိပ်​ရှင်း​ပြ ​ထား​တဲ့ ​အ​တွက် ​ကျေး​ဇူး​အ​များ​ကြီး​တင် ​ပါ​တယ် ​အစ်​ကို။
    ReplyDelete