This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, October 30, 2008

မိန်းကလေးများ၏အချစ်ဇယား

ဒီတစ်ယောက်ကအချစ်ဦးမို့
တစ်သက်မမေ့နိုင်ဖြစ်ရသည်။
ဒုတိယတစ်ယောက်က ချစ်စရာလေးမို့
ဆက်ချစ်သွားဖို့ ဆုံးဖြတ်သည်။
ဟောဒီ့တစ်ယောက်က အပျံစားလေးမို့
လူတွေအားကျအောင် တွဲလိုက်မည်။
ဒီတစ်ယောက်ကျတော့ အပြုံးချိုလေးမို့

သူ့နှုတ်ခမ်းလေးကို စွဲလမ်းသည်။
အဲ့ဒီ့တစ်ယောက်က တိုင်းရင်းသားလေးမို့
အသံဝဲလေးကို ချစ်မိပြီ။
စေ့စပ်ထားတဲ့ ကောင်လေးက
ခပ်မိုက်မိုက်မို့ လက်မလွှတ်ချင်အောင်ဖြစ်ပါသည်။
အထက်ပါခြောက်ယောက်ရက်တွေပြည့်လို့
တနင်္ဂနွေပိုသေးသည်။
စိတ်ဝင်စားလျှင် လျှောက်လွှာတင်ပါ
တနင်္ဂနွေအားသူဖြစ်ရမည်။

G-talk Multiple

Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။ account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့ account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။

Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်။
Start > All Programs > Google Talk > Right click Google Talk > Properties
Shortcut tab ကို ၀င်ပါ။
Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။

General tab ကို ၀င်ပါ။
Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။
ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။

ဂျစ်ပစီငှက်

မသေမချင်း မပြည့်ဝနိုင်တဲ့
လိုအင်ဆန္ဒတွေကြားထဲ
"အူဝဲ" ဆိုတဲ့အသံကြားတိုင်း
လောကထဲကို ဒုက္ခအိုးထမ်းပြီး
ခြေလှမ်းဖို့ လူတစ်ယောက်
ထပ်တိုးလာပြီလို့
ငါခံစားမိတယ် ......
ဆန္ဒရဲ့ခြေရာနောက်လိုက်ရင်
ပျော်ရွှင်ခြင်းနယ်ထဲကို
ကျွံဝင်လိုက်ပြီဆိုတာနဲ့
သောကရဲ့ နွံအိုင်က
နောက်တစ်လှမ်းအတွက်ပဲ
နိုးထခြင်းနဲ့ အိပ်စက်ခြင်းအကြား
ဆာလောင်မှုတွေနဲ့
ညှပ်ပိတ်ခံနေရတဲ့ကြားထဲ
မကောင်းမှုတွေရဲ့
မြူဆွယ်ရာ ပါသွားတတ်တဲ့
စိတ်.........

မျက်နှာသစ်ပြီးမှ
ပေါ်လာတဲ့ နောင်တက
အမြဲတမ်း ...........
ပန်းဝင်နောက်ကျတတ်တယ်
တောင်းပန်လို့မရနိုင်တဲ့
ကောလဟာလတွေရဲ့အကြား
မြွေတစ်ကောင်လို
လူးလွန့်ယိမ်းထိုးရင်း
အသံမဲ့ အချက်ပေးတတ်တဲ့
အသိစိတ်တွေက တစ်ခါတစ်လေ
လေပြင်းတိုက်ခံရတဲ့
သဲမှုန်ပွင့်လို ကစဥ့်ကလျား
ဖြစ်ချင်တဲ့ ဆန္ဒနဲ့
လက်တွေ့ဘ၀ဆိုတာက
ပေါင်းကူးတံတားကျိုးပဲ့နေတဲ့
ကမ်းပါးစွန်းတစ်ဖက်စီမှာ .............
ရှုပ်ယှက်ခတ်နေတဲ့
လူ့ဘ၀ပေါင်းမြက်တောထဲမှာ
နားအူမတတ်အော်နေတဲ့
ဖားသံတွေကြားတိုင်း
ငါ့မျက်နှာမှာ ဒဏ်ရာမရှိပဲ
ရှုံ့မဲ့သွားတတ်တယ် ............
ရင်ထဲရှိသမျှသာ ဖွင့်ဟဖြစ်ရင်
ခုံပေါ်မှာ အဆီရစ်ပြီး
အိပ်ပျော်နေသူကို
ဝင်တိုက်မိသလို ဖြစ်လိမ့်မယ် .....

အုံပုံးအချစ်

လှမ်းဆွတ်ချင်လည်း
မနမ်းဝံ့ပါ ...
ရင်ထဲက အတွေး
စိတ်ကူးနဲ့ပဲ မွှေးပါရစေ .....

ကြင်နာချင်ပေမယ့်
ဝင်္ကပါလို ဖြစ်မှာစိုး၊
ရင်ခွင်စိတ်ကူး
အိပ်မက်နဲ့ ရူးပါရစေ ....
တွေ့ချင်ပေမယ့်
မေ့ရင် ပိုကောင်းမလားမသိ
သံယောဇဉ်ကြိုး
ပြတ်မှာလဲ စိုးတယ် .....
ဖွင့်ပြောချင်ပေမယ့်
သခင့်သဘောကို မသိ၊
တိတ်တဆိတ်ကလေး
သူမမြင်အောင် ငေးမိ။
အချစ်ကို ရင်မှာပွေ့
သခင်မတွေ့အောင် လျှို့ဝှက်
ဒို့အတွက် .....
သတ္တိမရှိသူဖြစ်နေလား ......
ကံကြမ္မာကို မယုံရဲ
ငိုပွဲတွေ မကြုံစေချင်
လိုနေရင် ဖြည့်ပေး
ပိုနေရင် ထွက်ပြေး
ဆက်စပ်လို့တွေးကြည့်ရင်
ဒီပန်းကလေးတစ်သက်လုံး
ညိုးမှာကို စိုးလို့ပါကွယ် ...................

တစ်မြေ့မြေ့

ဖွင့်ဟပြောမှ

အချစ်လို့မည်ရင်
ဒီမျက်လုံးထဲက
ပုံရိပ်တွေဟာ
နှလုံးသား တစ်နေရာဆီ
တွန်းပို့လိုက်တိုင်း
လျှို့ဝှက်စွာနဲ့
သိမ်းဆည်းတတ်တဲ့ ........ ငါဟာ

တကယ်တော့
မျိုသိပ်ပါများလို့
အ ...... သွားရတဲ့သူပါကွာ .....

ရိုးသားစွာမိုက်မဲဖူးသော

ခွဲခွာခြင်းရဲ့နောက်ကွယ်မှာ
ငါ့အတွက်
ခိုင်မြဲစွာကျန်ရစ်တာက
ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ထားတဲ့
လက်နှစ်ဖက်ပါပဲ ..........

တစ်ကယ်ဆို
အိပ်မက်ဖြစ်သွားတဲ့
လက်တွေ့ဘ၀ထဲမှာ ..... ငါဟာ
ရိုးသားစွာနဲ့ မိုက်မဲခဲ့သူပါ .......
အရှုံးနဲ့ ဆုတ်ခွာပြီးတဲ့နောက်ပိုင်း
ရင်ထဲက အသံမဲ့ ဟစ်ကြွေးလိုက်တဲ့
ယောက်ျားတစ်ယောက်ရဲ့
မာနတရားဆိုတာက
ဒဏ်ရာရ ကျားတစ်ကောင်ရဲ့
ညည်းတွားမာန်ဖီသံမျိုးပေါ့ ..........
ရင်မခုန်တတ်ရင်
ဖြေသာလိမ့်မယ် ဆိုတဲ့ အတွေးက
ဒဏ်ရာနဲ့ လဲလျောင်းနေတဲ့
နှလုံးသားနံဘေးမှာ
နားငြီးစရာကောင်းတဲ့
ဧည့်သည်တစ်ယောက်လိုပဲ ...........

Contact form









E-mail Address: *
အမည် *
ဒီဝဘ်ဆိုက်လိပ်စာ ရရှိလာပုံ *
နိုင်ငံ *
ခေါင်းစဉ် *
အကြောင်းအရာ *

* Requiredညီနေမင်း

မံမီနှလုံးသားတစ်ခုအကြောင်း

လှပတဲ့တေးသွားတစ်ပုဒ်
ကမ္ဘာ့အပြင်ဘက်
ပြေးထွက်သွားခဲ့ရင်
အချိန်တွေကို ဆွဲထားပြီး
အစားထိုးဖို့မဖြစ်နိုင်ပါ ....

မညီမျှတဲ့ ဘ၀ရဲ့
ချိန်ခွင်နှစ်ဖက်ကြားမှာ
မချိုမြိန်တဲ့ ဆုံတွေ့ခြင်းအတွက်
ကြေကွဲပေးရမလား ...
ကြင်နာသူလက်ကိုကိုင်လိုက်တိုင်း
အေးစက်စက်နဲ့
အသက်သွင်းထားတဲ့
ရုပ်တုတစ်ခုလား ......
တစ်ကယ်ဆို နင်ဟာလေ
အစိမ်းရောင်မြက်ခင်းပြင်ပေါ်
အိပ်စက်နေသူပါလေ ....
အချစ်ကို တိမ်တိုက်လို အဓိပ္ပါယ်သတ်မှတ်ပြီး
လေဟာပြင်နဲ့ ဈေးကစားနေသူပါ .....
ဒီအတွက် ငါဆုတောင်းပေးလိုက်ပါတယ်
မိန်းကလေးရယ် ......
မင်းအတွက်
နောင်တဆိုတာမရခင်
တစ်ခုခုအဆင်ပြေနိုင်ပါစေလို့ပေါ့ ......

ပုံရိပ်ယောင်ည

အတိတ်ကို စောင်းငဲ့ကြည့်တိုင်း
နာကျည်းစရာ အိပ်မက်ဆိုးထဲက
လှောင်ပြောင်သံသဲ့သဲ့ကိုကြား
တစ်ပိုင်းတစ်စ ပန်းချီကားတစ်ချပ်
ငါကျောခိုင်းပြီးတဲ့နောက်
ရင်ခွင်ထဲက စုတ်ချက်ကြမ်းကြမ်းတွေ
ဘယ်လိုဆေးသားနဲ့
အရောင်ပြောင်းပစ်ရမလဲ .............

အချိန်ဆိုတာ ဒဏ်ရာရဲ့ဆေး ဆိုပေမယ့်
တစ်ခါတစ်လေ
မိုက်မဲစွာ ပြန်တွေးမိတိုင်း
ကြိုးဝိုင်းထဲမှာ အလဲထိုးခံရတဲ့
ငါ့နှလုံးသား ....... တကယ်ဆို
ဟန်ဆောင်မှုများစွာနဲ့
ဧည့်ခံနေတဲ့ သရုပ်ဆောင်ကောင်းသော
ညတစ်ည (သို့) ဘ၀တစ်ခုထဲ
စည်းကြပ်ဒိုင်မဲ့
ရိုးသားစွာ အရှုံးပေးခဲ့ရသော
ငါ .....................
တသက်လုံး ဒီကျိန်စာတွေနဲ့
ပွေ့ပိုက် ပျော်မွှေ့နေရမလား
မင်းခင်တွယ်မြတ်နိုးတဲ့
ဒဏ်ရာဗရပွနဲ့ ရိုးသားမှုတွေ
ကွဲရှလွယ်တဲ့ မှန်တစ်ချပ်ရဲ့
နောက်ကွယ်က ယုယမှုတွေ
လေဟာပြင်ထဲ ထွန်းညှိထားတဲ့
မီးတစ်ပွင့်ရဲ့ ငွေကြေးတွေ
အဲ့ဒီ့ အိပ်မက်တွေက
မင်းအတွက် အမှန်တကယ်
အိပ်မက်ဖြစ်နေရင်
ငါ့ကြေကွဲခံစားမှုတွေဟာ
ထိုက်တန်တဲ့ အရင်းအနှီးမဟုတ်ဘူး ......
ဒီအတွက် ........ ငါ
နာကျဉ်းစွာနဲ့ ဆုတောင်းပေးပါတယ်
မင်းအိပ်မက်တွေဟာ
လက်တွေ့ ဘ၀ထဲမှာ
ရပ်တည်မှု အပြီးသတ်ပါစေလို့ .........

အိပ်မက်ဆိုး

ခြောက်သွေ့တဲ့ အထီးကျန်အိပ်မက်၊
ထိတ်လန့်ခြင်းက တစ်ရက်ပြီးတစ်ရက်ဆက်တိုက်
တစ်ခါတစ်လေ နိုးတစ်ဝက်၊ အိပ်တစ်ဝက်နဲ့
အိပ်ပျက်ခဲ့တဲ့ရက်တွေ ရေတွက်ဖို့ကို
မေ့လျော့နေခဲ့ .........

ဓါတ်ပြားဟောင်းတစ်ချပ်ကို အခါခါပြန်ကြည့်သလိုမျိုး
ဒီအရိပ်တွေပဲ ပြန်မြင်နေမိတယ် ....
ကြာလာတော့ ဒီအိပ်မက်ကြီးကို စိုးရွံ့နေရင်
အိပ်စက်ခြင်းတွေကို မျက်ကွယ်ပြုချင်နေမိတယ် ......
တစ်ခါတစ်ခါ ၀ိဥာဏ်တစ်ချို့ရဲ့ လှောင်ရယ်သံလိုလို
သစ်ရွက်ကြွေသံလိုလို၊ မင်းခေါ်သံလိုလို ပဲ့တင်သံတွေ
ငါ့နားထဲမှာ ကြားမိတာတော့ အသေအချာပဲ .....
ဒါဟာ မင်းအကြောင်းကိုတွေးရင်း
စိတ်မချမှုတွေ၊ လွမ်းဆွေးမှုတွေနဲ့
အနာဂတ်ဆိုတာကို ကြောက်နေမိတဲ့
စိုးရိမ်မှုကြောင့်ပဲလား ........
ဒါမှမဟုတ် စိတ်ခံစားမှုတွေပဲ ဒီဂရီတိုးလာလို့ပဲလား ...
ငါဝေခွဲရင်းနဲ့ အိပ်ပျက်ရက်တွေများလာမိတယ် ......
ဒါပေမယ့် .........
ဒီအချိန်မှာ မင်းကတော့ တစ်ခေါခေါနဲ့ပေါ့ ..............

Wednesday, October 29, 2008

လင်းယုန်ဝိညာဉ်

လမ်းတစ်ဝက်ကနေ အဆုံးကိုကြည့်
မမြင်သေးရင် လှည့်ပြန်မှာလား ..
တောင်တန်းလိုကျင့်၊ တိမ်လိုမမြင်နဲ့
သဘောကျသလိုနေ၊ သောကမပွေစေနဲ့
ဖြစ်နိုင်ရင်
"လာစမ်းသောကတွေ"
မင်းခေါ်ကြည့်
သူတို့တစ်တွေ တွေဝေနေလိမ့်မယ်

သောကတွေကို ဘောင်သွင်းထားလို့
မင်းအတွက် အကျဉ်းကျနေရင်
သီချင်းသာ ညဉ်းဆိုလိုက်
မင်းရှေ့ကို တံခါးတစ်ချပ်
အလိုလိုဖွင့်ပေးလာလိမ့်မယ် ...
ပြီးဆုံးသွားတဲ့ သောက
ပြီးပြည့်စုံတဲ့ဘဝ
ရှာဖွေဖို့ မကြိုးစားနဲ့
ရပ်တည်နေတဲ့၊ ခြေထောက်ရဲ့
ခံနိုင်အားကိုသာတွေး ...
မုန်တိုင်းကြားက လင်းယုန်ငှက်ရဲ့
တောင်ပံခတ်သံဟာ
စွမ်းအားတစ်ခုလို့ သိနားလည်ခဲ့ရင်
လေနီကြမ်းလောက်ကို ခါးစောင်းခံတိုက်နိုင်တယ်
ဒါပေမယ့် ....
မိုးကိုတိုက်မယ့်
ဒူးခေါင်းကိုတော့ မေ့ပစ်လိုက်ပါတော့ ...
ဖြစ်နိုင်ရင်
အလွမ်းတွေ အချစ်တွေကို
တိမ်တိုက်ကြားမှာ
ခဏ၀ှက်ထားလိုက်
ဒါဆို အိမ်မက်တွေတောင်
ပေါ့ပါးသွားပြီး
လန်းဆန်းခြင်းတွေက မင်းကို
အသာတကြည် လာနိုးလိမ့်မယ် ...