Khine Pan Sone : အစ်ကိုရေ ဖိုင်တွေက ဘယ်လိုဖြေရမှာလဲ မသိဘူး . ms 2003 က Download လုပ်ပြီးပါပြီ . ဘယ်လိုဆက်လုပ်ရမှာလဲ ပြောပြပေးပါဦး .
ကျွန်တော် ဒါကို လွယ်လို့မရေးတာပါ . တော်တော်များများက ဖိုင်ဖြေနည်းကို မသိကြဘူး ဖြစ်နေတယ် . အဲ့ဒါကြောင့် ရေးလိုက်တာပါ . လွယ်ပါတယ် . ဖိုင်ဘာ့ကြောင့် အများကြီးခွဲပြီး တင်ရသလဲလို့ မေးချင်တဲ့ သူများအတွက် တစ်ခါတည်း ဖြေပေးပါ့မယ် . ဖိုင်တစ်ဖိုင်ကို 250 MB ရှိကြတယ်စိုပါစို့ဗျာ . အဲ့ဖိုင်ကို မခွဲပဲနဲ့ 250 MB တစ်ဖိုင်တည်း hosting site မှာ upload လုပ်ပြီး တင်လိုက်မယ်ဗျာ . တင်တဲ့သူဖက်က speed ကောင်းရင်တော့ အိုကေမယ် . အဲ့လိုတင်လိုက်ခြင်းအားဖြင့် ဆိုးကျိုးတွေ ဘာတွေဖြစ်လာမလဲ
(၁) Download လုပ်တဲ့သူဖက်မှ အချိန်ကြာမြင့်စွာ Download လုပ်ယူရခြင်း(၂) ဖိုင်တင်သည့် သူဖက်မှလဲ ဖိုင်ဆိုက်ကြီးသည့်အတွက် ဝဘ်ဆိုက်တွေက လက်မခံခြင်း (ဝဘ်ဆိုက်တိုင်း အများဆုံး 200 MB လောက်အထိပဲ လက်ခံတတ်ပါတယ်)
(၃) ဝဘ်ဆိုက်မှ သတ်မှတ်ထားသော အချက်ထဲတွင်ပါဝင်သည့် ဖိုင်ဆိုက် 100 MB နှင့်အထက်ဆိုလျှင် တစ်ပတ်အတွင်း တစ်စုံတစ်ယောက်မှ Download လုပ်ယူမှုမရှိလျှင် အဆိုပါဖိုင်သည် ဖိုင်ဆိုက်ကြီးသောကြောင့် server မှာ ဖျက်ပစ်ခြင်းခံရပါသည် . ဥပမာ ... ifile.it ဆိုက်မှာဆိုရင် ဒီနေရာ မှာ သွားဖတ်ကြည့်ပါ
ဖိုင်ဖြေနည်း
(၁) ပုံ-၁ အတိုင်း ဖိုင်တစ်ဖိုင်ကို Download လုပ်ပြီးလို့ရလာတာနဲ့ ဘာနဲ့ဆုံးလဲ ကြည့်ရပါမယ် . rar နဲ့ ဆုံးလား .001, .002, 003 နဲ့ ဆုံးလားဆိုတာကို သေချာကြည့်ပါ . အခု .rar နဲ့ ဆုံးအတွက်အတွက်ကြောင့် win rar (သို့မဟုတ်) win zip နဲ့ ဖြေပါမယ် . ကျွန်တော်ကတော့ win rar နဲ့ ဖြေပြလိုက်ပါတယ် . Guest user အနေနဲ့ တင်ထားတဲ့ဖိုင်ဆိုရင် တစ်ပတ်ကြာလို့မှ Download လုပ်မယ့်သူမရှိရင် ပယ်ဖျက်ပစ်ပါတယ် . Free registered user အနေနဲ့ဆိုရင်တော့ အောက်မှာ ရေးပြထားပါတယ် . ဖတ်ကြည့်ပါ သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် . ဒါ့ကြောင့်မို့ Download လုပ်တဲ့သူလဲ အဆင်ပြေအောင် ၊ server မှာလဲ ရေရှည်ရှိနေအောင်လို့ ဖိုင်ဆိုက်ကို 50 လောက်အထိပဲ အများဆုံးထားပြီး တင်ပေးတာပါ .
How long are my files kept?
* Guest users, 7 days after last download
* Free registered users:
.... 90 days after last download for files below 100MB
.... 30 days after last download for files above 100MB
.... 14 days after last download for files above 200MB
(၂) ပုံ-၂ ပါအတိုင်း ကိုဖြေမယ့် ဖိုင်နံပါတ်(၁) (သို့) ဖိုင်တစ်ဖိုင်ဖိုင်ကို rightclick ထောက်ပြီး extract here ကို နှိပ်ပါမယ် .
(၃) ပုံ-၃ ပါအတိုင်း ဖိုင်တွေဖြေနေတာကို တွေ့ရမှာပါ ..
(၄) အားလုံးပြီးဆုံးသွားရင်တော့ ပုံ-၄ အတိုင်း ဖိုင်ဖြေထားပြီးသား အသစ်တစ်ဖိုင် ထပ်ပေါ်လာတာကို တွေ့ရမှာပါ . ကျွန်တော်တို့လိုချင်တာ အဲ့ဒီ့အသစ်ထပ်ပြီး ပေါ်လာတဲ့ ဖိုင်ကိုပါ . သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ် .




အထက်က ပုံကိုသိပ်နားမလည်ရင် movie နဲ့ပါ ဖိုင်ဖြေပြထားပါတယ် . အောက်မှာ movie ရှင်းပြချက် ဖိုင်ကို Download လုပ်လိုက်ပါ . တစ်ခုပြောပြပါဦးမယ် . ကျွန်တော် အခုလို အပင်ပန်းခံပြီး ရှင်းပြနေတာ . သင်ပြနေတာ ကျွန်တော် တော်လို့ တတ်လို့ မဟုတ်ပါဘူး . ကျွန်တော့်တုန်းက အပင်ပန်းခံခဲ့ရသလို အပင်ပန်းမခံ စေချင်လို့ပါ . ကျွန်တော့်ဆိုရင် ကွန်ပျူတာ စပြီး စာရိုက်သင်ခါစက "ဒ" ကို pagemaker မှာ ရိုက်မရလို့ ကျွန်တော့်ဆရာမှာမေးတာ သူကချက်ခြင်းမဖြေပဲ လဖက်ရည်ဆိုင် သွားလိုက် အအေးဆိုင်သွားလိုက်နဲ့ လုပ်နေတာပါ . သူသွားတဲ့နောက်ကို လိုက်နေရတာပါ . ဒါကျွန်တော် ဟာသပြောတာ မဟုတ်ပါဘူး . တစ်ချို့တွေဆိုရင် . ကျွန်တော် တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ ပြောပြပေးတာကို . ဆဲသွားတဲ့လူတွေက ရှိပါသေးတယ် . ကျွန်တော်တို့ မြန်မာတွေမှာ မကောင်းတဲ့ တစ်ချက်က အဲ့ဒါပဲဗျ . အလကားရတဲ့ အရာကို တန်ဖိုးမထားတတ်ကြဘူး . . ပိုက်ဆံပေးပြီး သင်ရမှ ကောင်းတယ်ထင်ကြတာ .
Download ifile.it ၊ Download multiupload
လာလည်သွားပါတယ်ဗျာ။ကျန်းမာပါစေ။ချမ်းသာပါစေ။
ReplyDeleteဟုတ်တယ်အကိုရ ကျနော်တို့ မြန်မာတွေက အဲတိုင်းပဲ
ReplyDeleteတစ်ခုရှိသေးတယ် တစ်ယောက်ကောင်းစားရင်တစ်ယောက်မနာလိုတာရှိသေးဗျ
အကို ဆက်လျှောက်ပါအကို
လာလည်သွားပါတယ်ဗျာ
ကိုညီနေမင်း ပျော်ရွင်ပါစေ
အရမ်းပဲကျေးဇူးတင်မိပါတယ် ကိုညီနေမင်း ဒီလိုရေးပြတဲ့အတွက် ငါ့ အကိုပျော်ရွင်ပါစေ
ReplyDeleteကိုညီနေမင်း
ReplyDeleteမသိသေးတာတွေ သင်ပြ၊ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါနော်။
အကို ပျော်ရွှင်ပါစေ။
အရမ်းပဲကျေးဇူးတင်မိပါတယ် ကိုညီနေမင်း
ReplyDeleteကျန်းမာပါစေ။ချမ်းသာပါစေဗျား!!!!
ဒါကြောင့်လဲ မြန်မာတွေ မတိုးတက်တာပေါ့ဗျာ
ReplyDeleteပညာရဲ့ တန်ဖိုးကို နားမှမလည်ကြတာ၊
အချောင် စိတ်ဓါတ်တွေများနေကြတယ်လေ။Carry on Brother.
ကောင်းမွန်တဲ့ဆန္ဒနဲ့စေတနာကတန်ဘိုးဖြတ်လို့မရပါဘူး
ReplyDeleteကိုညီ ဟာ.....
ReplyDeleteကျွန်တော်တို့ရဲ့ သင်ဆရာတပါး ပါပဲ ဗျာ ...
ကိုညီ ဆက်လျှောက်ရမဲ့ ဘဝလမ်းမှာ အောင်မြင်နေပါစေ ....
ကျေးဇူးပါအစ်ကိုရာ လိုင်းမကောင်းလို့ ဘာမှကို မသိခဲ့ဘူး
ReplyDeleteနောက်လိုင်းကောင်းတဲ့တခါကျမှပဲအသေးစိတ်လေ့လာ
ကြည့်ရအုံးမေ....ပျော်ရွှင်ပါစေနော်...
အကိုရေ ..
ReplyDeleteကူပါဦှးဗျာ .. software တစ်ခုက win.rar နဲ့ ချုံ့ထားတယ် .. ပြန်ဖြေတော့ .. folder name က အရမ်းရှည်လို့ ဆိုပြီး character 260 ကျော်တယ်လို့ ပြောပြီး ပြန်ဖြေမပေးဘူး ဖြစ်နေတယ်.. အဲ software လဲ သုံးလို့ မရဘူး ဖြစ်နေတယ် .. ကူညီပါဦး .. ဘယ်လို လုပ်ရင် အဆင်ပြေမလဲ ဆိုတာကို ..
အော်ဆဲတဲ့သူတွေရှိပါသလား အဲဒီလူတွေက နွားတွေဖြစ်မှာပါ
ReplyDeleteဖိုင်ဖြေနည်း ebook လိုချင်တယ် ဘယ်မှာဒေါင်းရမလဲ ဆရာ
ReplyDeleteဘန်းခဲမှာဘဲလား...ကျနော် ကွန်ပျူတာ ပြုပြင်နည်းလေးလာသင်ချင်ပါတယ်...
ReplyDelete