This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 28, 2009

နှိုးစက်

ကဲ အချိန်တွေ နောက်မကျစေဖို့ ကျွန်တော် နှိုးစက်လေးတစ်လုံးရလာလို့ တင်ပေးလိုက်ပါတယ် .. ကိုလိုချင်တဲ့ အသံမျိုးနဲ့လဲ အသံသွင်းထားလို့ရပါတယ်။
download လုပ်ချင်ရင်တော့ ဒီမှာ ပါ ...

Tuesday, January 27, 2009

စင်္ကာပူကို ဖုန်း message ပို့ကြမယ်

ဒီလင့်လေးဟာ ဘယ်လောက်ပို့ ရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး....။ ဒါကြောင့် ပိုချင်သလောက်ပို့ပေတော့ဗျာ စိတ်ကြိုက်ပေါ့...။
ဒီလင့်လေးကိုတော့မည်သည့်နိုင်ငံ က မဆို Singapore ကိုပို့နိုင်ပါတယ်.....။ အကန့်အသတ်မရှိပေါ့ဗျာ....။
ကဲစိတ်ဝင်စားတယ်ဆိုရင်တော့ဖြင့် ဒီဆိုက် လေးကို သွားကြည့်လိုက်ပါ ..

ဒါက နောက်တစ်ခုပါ
ဒီကောင်လေးကတော့ International အတွက်ပါ ... ကန့်သတ်ချက်တော့ထားထားပါတယ် ... တစ်နေ့ကို ၃ ကြိမ်ပဲ ပို့ခွင့်ရှိပါတယ်.

ကဲစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဆိုက် လေးကို သွားလိုက်ပါ

Saturday, January 24, 2009

Health brake

Now I'm really sick. Thus, I can't creat new posts and I can't repair my blog template. ;-) now I write this post when lie on my bed. Really, I want to write alot of posts. But, now I can't do it. I'm dancing with the medicine and injection. ;-( but don't worry friends. I'm good better. I write this post by my handphone. Thus please understand for me. Best regards, NYINAYMIN


Saturday, January 17, 2009

ဖုန်းဖြင့် mobile english-myanmar dictionary install လုပ်နည်းနှင့် myanmar message ပို့နည်း

သူငယ်ချင်းတစ်ယောက် တောင်းဆိုလာတာနဲ့ ကျွန်တော်တင်ပေးလိုက်တာပါ။ တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာလဲပါတယ်။ နေလဲမကောင်းတာနဲ့ ပို့စ်တွေတောင် နောက်ကျနေတယ်ဗျာ. အားလုံးကိုတောင်းပန်ပါတယ်။ အခုတစ်လော ဖုန်းအကြောင်းကိုပဲ မေးကြမြန်းကြနဲ့ဆိုတော့ စိတ်က ဖုန်းနှင့်ပတ်သက်တာလေးတွေကိုပဲ တင်ဖြစ်နေတယ်။ ဒီအတွက် ကြေနပ်ကြလိမ့်မယ်လို့လဲ ယူဆပါတယ်။ မိုဘိုင်းဖုန်းထဲမှာ မြန်မာ dictionary ထည့်ချင်ကြမှာပေါ့နော် သူငယ်ချင်းတို့ ကျွန်တော်လဲ ထည့်ထားပါတယ်ဗျာ။ ဟဲဟဲ အခုပေးမှာက ၃ရက်ပဲရမှာပါ။ အပိုင်ဝယ်ချင်ရင်တော့ မြန်မာငွေ ၅၀၀၀ သွင်းရပါတယ်. သူကုတ်နံပါတ်ပြန်ပေးပါလိမ့်မယ်ခင်ဗျာ။ သွင်းရမှာက ရန်ကုန်မှာပါ။ သူငယ်ချင်းတစ်ယောက်ယောက်ကို အကူအညီတောင်းခိုင်းပြီးသွင်းခိုင်းလိုက်တာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပြီးတော့ ကျွန်တော်ရေးပေးလိုက်တဲ့ ပို့စ်တစ်ခုအတွက် ရင်ထဲမှာပျော်သွားတယ်ဆိုရင်ပဲ ကြေနပ်မိပါတယ်။ ကြေနပ်မှုတစ်ခုခုဖြစ်သွားရင် ကျွန်တော့်ဘလောက်လေးမှာကွန်မန့်တစ်ခုခုရေးပေးခဲ့ပေါ့ ဟုတ်ဖူးလား။ ကဗျာလေးတစ်ခုရှိတယ်ဗျသိလား။ ကျွန်တော်ကိုယ်တိုင်လဲ ရှစ်တန်း၊ ကိုးတန်း၊ ၁၀ တန်းကို ဂိုက်လုပ်ဖူးတယ်ဆိုတော့ ဒီကဗျာလေးကို ကြိုက်မိတာလဲပါတယ်။
ဆရာဟူသည်
တပည့်မရှား
တစ်ပြားမရှိ
ပီတိကိုစား
အားရှိပါသည် တဲ့ ဟဲဟဲ

အဲလိုပဲဗျ ဘလောက်မှာ ရေးတဲ့သူတိုင်းဟာလဲ စာဖတ်သူဆီက တုန့်ပြန်မှုတစ်စုံတစ်ရာကို မလိုချင်ဘူးဆိုပေမယ့် စိတ်ထဲမှာတော့ လိုချင်ကြတာပေါ့ဗျာ။ စာဖတ်သူတွေဘယ်လောက်များများကို့ဘလောက်ကို အားပေးနေတယ်ဆိုတာကိုပေါ့။ နေ့တိုင်းဘယ်သူတွေ ကွန်မန့် ဘာတွေရေးခဲ့လဲဆိုတာကို ကြည့်ကြည့်ပြီးတော့ ပီတိဖြစ်ကြရတာလဲ ဘလောက်ဂါတွေရဲ့ ပင်ပန်းမှုကို နှစ်သိမ့်ရတဲ့ အားဆေးတစ်မျိုးပဲပေါ့...

လုပ်နည်းလေးကတော့ ပထမဦးဆုံး
web >> go to address >> www.google.com ကိုနှိပ်လိုက်ပြီး google ကိုသွားပါ ...
ပြီးတာနဲ့ google search မှာ mobile myanmar ဆိုပြီး ရိုက်ထည့်လိုက်ပါ. အောက်ပုံဆိုက်လိပ်စာလေးကိုတွေ့ရမှာပါ သေသေချာချာ ရှာစေချင်ပါတယ် ..


အဲ့ဆိုက်လေးကို အရင် သွားလိုက်ပါ သွားလိုက်တာနဲ့ အောက်ကဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်။


အဲ့ဒီ့မှာ ကျွန်တော်တို့ အပေါ်ဆုံး Bar လေးမှာ download ဆိုတာလေးကို ထပ်နှိပ်လိုက်ပါ ..
အောက်ဆိုက်လေးထဲကိုရောက်သွားပါလိမ့်မယ်


စာလုံးအနီနဲ့ရေးထားတာက သိအောင်ကျွန်တော်ရေးထားတာပါ ဆိုက်မှာပေါ်နေမှာက အဲ့ဒီ့စာလုံးအနီနဲ့ဟာ ပျောက်နေမှာပါ.
မြန်မာလို phone message ပို့ချင်တယ်ဆိုရင် အပေါ်ဆုံးက Messx ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ.

အဲ့ အင်္ဂလိပ်မြန်မာ dictionary ကိုလိုချင်ရင်တော့ အောက်ဆုံးက defined:mobile က download full ဆိုတာလေးကို ကလစ်နှိပ်ပြီး download လုပ်ပါ။
ကွန်ပျူတာဖြင့် download လုပ်ချင်ရင်တော့
ဒီဆိုက်ကို သွားပါ ..

ကိုလိုချင်တာ download လုပ်ပြီးရင်တော့ install ပေါ့နော်.. ဒါကတော့ပြောစရာ မလိုလောက်တော့လို့ပြောတော့ပါဘူးဗျာ ..



ကျွန်တော့်ဘလောက်လေးကိုလာလည်ကြတဲ့သူငယ်ချင်းများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ...

Tuesday, January 13, 2009

Dial up connection ဖြင့် အင်တာနက်ချိတ်ရအောင် (ထိုင်းနိုင်ငံ)

Dial up connection ဖြင့် အင်တာနက်ချိတ်ချင်တယ်ဆိုရင်တော့ ပထမဦးစွာ အင်တာနက်နာရီတော့ ၀ယ်ထားပြီးသားအဆင်သင့် ရှိနေရပါမယ်။
ဒီအတိုင်းလေးသွားကြည့်ရအောင်လားဗျာ -
ဒီလိုမလုပ်ခင် ကျွန်တော်တို့ mobile နှင့်ပတ်သက်တာလေးတွေတော့ လုပ်ထားပြီးသားဖြစ်ရပါ့မယ်။
(၁) cabel connection ဖြင့် dial up ချိတ်မယ်ဆိုရင်တော့ဖြင့် မိမိသုံးမယ့် mobile နှင့်ပတ်သက်သည့် modem နှင့်သက်ဆိုင်တာလေးများ install လုပ်ထားပြီးသားဖြစ်ရပါမယ်။ ဥပမာ Nokia (nokia pc suite) လိုမျိုး mobile ကို modem ခံပြီးသုံးဖို့အတွက် ကွန်ပျူတာနှင့် mobile ချိတ်ဖို့အတွက် လိုအပ်တဲ့ driver များ တင်ထားပေးရပါမယ်။
(၂) အဲ့လိုမတင်ချင်ဘူးဆိုရင်တော့ မိမိသုံးမည့် ဖုန်းတွင် bluetooth ပါလားအရင်ကြည့်ရပါမယ်။ bluetooth ပါတယ်ဆိုရင်တော့ ကျွန်တော်တို့ modem မတင်လဲ ဖြစ်ပါတယ်။ ဖုန်းမှာ bluetooth ပါပြီးတော့ ကွန်ပျူတာမှာ bluetooth မပါပြန်ရင်လဲ ကွန်ပျူတာမှာ bluetooth တစ်ခုဝယ်ပြီး တပ်လိုက်ပါ ဈေးချိုပါတယ်။ ထိုင်းဘတ်နဲ့ဆိုရင် ၃၀၀ ဘတ်လောက်ပဲကုန်မှာပါ။

အားလုံးအဆင်သင့်ဖြစ်ရင်တော့ ချိတ်ဖို့အတွက်ပဲ ကျန်တော့တာပေါ့ဗျာ။
ကဲ ဒီလိုလုပ်ရအောင် -
(၁) Start >> settings >> Network Connections ကိုအရင်သွားပါ
(၂) create network connection ကိုသွားပါ ပြီးရင်တော့ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးများအတိုင်းလုပ်ကြည့်လိုက်ပါ


Friday, January 9, 2009

ထိုင်းဖုန်းဖြင့် ပိုက်ဆံခိုး(အဲဟုတ်ပါဘူး) ပိုက်ဆံပို့ကြမယ်

ကျွန်တော် ညတုန်းက ရေးမလို့ပါပဲဗျာ ဒါပေမယ့် ညတုန်းက သူငယ်ချင်းတစ်ယောက်ကို ကူညီပေးနေရတာနဲ့ပဲ မရေးဖြစ်လိုက်ဘူး ဖြစ်သွားတယ်။ ထိုင်းနိုင်ငံမှာ နေတဲ့သူငယ်ချင်းများအတွက် ရည်းစူးထားပါတယ်။ ကျွန်တော်တို့ တစ်ခြားသူငယ်ချင်းတစ်ယောက်က ပိုက်ဆံအရေးတစ်ကြီးလိုအပ်နေတယ်ဆိုကြပါစို့ဗျာ။ ကို့ဖုန်းမှာပိုက်ဆံရှိတယ်ဆိုရင်ပို့လို့ရပါတယ်။ 12 call and Dtac တော့ပို့လို့မရပါဘူး ကုမ္ပဏီတူမှရတာပါ။ ကဲကျွန်တော်က 12call သုံးတာဆိုတော့ ဒီအကြောင်းပဲပြောပါ့မယ်။ နောက်ကျမှ Dtac အတွက် ရေးပါဦးမယ်။

ကဲစကြရအောင်ဗျာ ပထမဦးဆုံး *140 ကိုခေါ်လိုက်ပါဗျာ ထိုင်းသူကပြောပါတယ် For english please press 1 ဆိုပြီးပြောပါလိမ့်မယ် အဲ့ဒါဆိုရင် 1 ကိုနှိပ်ပါဗျာ။ ပြီးတာနဲ့သူက ဆက်ပြောပါမယ် ငွေလွှဲမယ်ဆိုရင် 1 ကိုနှိပ်ပါလို့ ပြောလိမ့်မယ်။ ကိုက ငွေလွှဲမှာဖြစ်တဲ့အတွက် 1 ကိုထပ်နှိပ်လိုက်ပါ။ ပြီးတာနဲ့ ကိုလွှဲမယ့် ဖုန်းနံပါတ်ကို ပြောခိုင်းပါတယ်။ ကိုလွှဲမယ့်ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါ။ အဲ့ ဒီနေရာမှာ ကျွန်တော့် ဖုန်းနံပါတ်ကို ရိုက်ထည့်လဲ စိတ်မဆိုးဘူးနော် ဟီးဟီး။ ဥပမာ- 0810781844 .. ပြီးတာနဲ့ သူက ၂၀ ပို့မှာဆိုရင် 1 ကိုနှိပ် 50 ပို့မှာဆိုရင် 2 ကိုနှိပ်၊ 100 ပို့မှာဆိုရင် 3 ကိုနှိပ်လို့ပြောပါမယ်။ ကိုပို့ချင်သလောက် ကို နှိပ်ပါ။ ပြီးတာနဲ့သူက ဆက်မေးပါမယ်။ သေချာလား သေချာတယ်ဆိုရင် 1 ကိုနှိပ်လို့ပြောပါမယ့်။ သေချာတယ် ငွေလွှဲချင်တယ်ဆိုရင်တော့ 1 ကိုနှိပ်လိုက်ပါ။ ကဲပြီးပါပြီဗျာ။

Thursday, January 8, 2009

မှားပါတယ်

တခါက လူနှစ်ယောက်ဟာတောထဲမှာမျက်စိလည်လမ်းမှားပြီးလမ်းပျောက်နေပါတယ်။ဒါကို သစ်ခုတ်သမားတစ်ယောက်ကကယ်ပြီး အိမ်ကိုခေါ်လာတယ်။ညရောက်တော့ အဲ့ဒီလူနှစ်ယောက် က သစ်ခုတ်သမားရဲ့သမီးကို-------တယ်။ဒါနဲ့ သစ်ခုတ်သမားလည်းအလွန်စိတ်ဆိုးပြီးသတ်မယ်လုပ်ပါရော။အဲ့ဒီလူနှစ်ယောက်လည်း

သစ်ခုတ်သမားကိုမသတ်ဖို့ဒူးထောက်တောင်းပန်တာပေါ့။ဒါနဲ့ သစ်ခုတ်သမားလည်းအခွင့်အရေးပေးတဲ့အနေနဲ့ သူတို့နှစ်ယောက်ကို ခြံထဲမှာရှိတဲ့ သစ်သီး၁၀လုံးစီ ခူးခဲ့ပါလို့ပြောလိုက်တယ်။မကြာခင်မှာ ပထမလူက မက်မန်းသီး၁၀လုံးကိုယူပြီးပြန်လာပါတယ်၊သစ်ခုတ်သမားက အဲ့ဒီမက်မန်းသီးကို မင်းရဲ့ ဖင်ပေါက်ထဲကိုထည့်ရမယ်၊တကယ်လို့ ၁၀လုံးလုံးထဲ့ပြီးတာတောင်တစ်ချက်မျှမရယ်ရင် အသက်ချမ်းသာခွင့်ပေးမယ်တဲ့၊ဒါနဲ့ ပထမလူလည်းထဲ့နေတာ ၉လုံးမြောက်လည်းရောက်ရော အားပါးတရရယ်လိုက်လို့ သတ်ခံလိုက်ရပါတယ်။ယမမင်းဆီကိုရောက်တော့ ယမမင်းက "မင်းကွာ ၊နောက်နှစ်လုံးသည်းခံလိုက်ရင် မင်းသေစရာမလိုတော့ဘူး၊ဘာကြောင့်ရယ်ရတာလဲ"လို့မေးတော့ ပထမလူက အရယ်ကိုမရပ်နိုင်သေးဘဲ "ယမမင်းကြီး ၊ကျတော်မျိုး မရယ်ဘဲနဲ့၁၀လုံးလုံးထဲ့နိုင်ပါတယ်၊ဒါပေမယ့် ၉လုံးမြောက်မှာ ကျနော့သူငယ်ချင်းက ဒူးရင်းသီး၁၀လုံးကို သယ်လာတာတွေ့လိုက်ရလို့ ပါ။"တဲ့

လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကို အူ တို့သုံး ဦး အား ရာဇဝတ် မှု ဖြင့် သေဒဏ် ပေး ရန် ပြင်ဆင် နေသည်။အစောင့်ဖြစ်သူ က ကိုဖြူအား အချုပ်ကားတွင်းမှ ပထမ ဆုံး ခေါ်ထုတ်လာ သည်။ ထို့ နောက် အရာရှိဖြစ်သူက သေနတ်သမား အား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)
အရာရှိ- "Ready",'Aim".
ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,' Earthquake!'

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး လွတ်မြောက်သွားသည်။
နောက် ကိုကြူအလှည့်
အရာရှိ-- 'Ready', 'Aim'
ကိုကြူ- 'Tornado!'
ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူ လည်း ထွက် ပြေး လွတ်မြောက်သွားပြန်သည်။
နောက်ဆုံး ကိုအူ့အလှည့်
အရာရှိ-' Ready', 'Aim'
ကိုအူ လည်း ကျန်လူများ ကို အတုယူ၍ အော်လိုက် ပုံ က "Fire

တိုက်ဆိုင်လိုက်ပုံများ

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့် မကြားသော်ကြောင့် သူမ နောက် တွင် ထိုင်နေ သော ကို ဖြိုးမှ ဘော့ပင်နှင့် ထိုး၍ သ တိ ပေးလိုက် သည်။

ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့် ရောင်၍ အော်လိုက်သည၊် ထို့နောက် သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က ဘယ်သူလဲ သမီး
ဆရာမမေး သည် ကို မနီမ မကြား ၊ အိပ် လို့ ကောင်း နေသည် ၊ ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။"ဂျီးဆပ် ခရစ်"(လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက် တဖန်အိပ်ပျော် ပြန်လေသည် )
ဆရာမ။ ။ မှန် ပါ တယ်၊ ဆရာမ နောက်ဆုံး တစ် ခု မေး ချင် တာ ကတော့ ၂၃ ယောက်မြောက် ကလေး မွေးပြီးတဲ့နောက် မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍ သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ် ယာ မှ နိုး လာ သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲ ထိုးကြည့် ၊ နင့် ဟာ ကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိ ဘ မသိ ဖြင့် သတိလစ် သွား ရှာသည်။

Internet နာရီဝယ်ကြရအောင် (ထိုင်းနိုင်ငံဖုန်းများအတွက်သာ)

အခုကျွန်တော်ပြောတာက 12 call (GSM) ဖုန်းအတွက်ဖြစ်ပါတယ်ဗျာ xxxxxx
ကဲကျွန်တော်ဆက်ပြီးတော့ အင်တာနက်နာရီ ၀ယ်တာလေးကို ဆွေးနွေးပါ့မယ်။
အဓိကကတော့ ကျွန်တော် အနီရောင်ပြထားတဲ့ ဂဏာန်းလေးတွေကို မှတ်ထားပါ။ သူ့အစဉ်အတိုင်းနှိပ်ရမှာဖြစ်ပါတယ်။
ဒါက ကျွန်တော်တို့ station ကိုမခေါ်ပဲနဲ့ Auto လုပ်တာပါ။ station နဲ့ပြောမယ်ဆိုရင် ပထမတစ်ချက်က ပိုက်ဆံအပိုကုန်မယ်။ နှစ်အချက်ကတော့ စောင့်နေရမယ် သူပို့လာမယ့် အကြောင်းကြားစာ(message)ကိုပေါ့။
(၁) *138 ကိုခေါ်လိုက်ပါ .. ခေါ်တာနဲ့ သူကမေးပါတယ် for english please press 1 လို့ပြောတာနဲ့ နံပါတ် " 1" ကိုနှိပ်လိုက်ပါ။

(၂) ပြီးတာနဲ့ သူကဆက်ပြောပါမယ် mobile internet ကို လိုချင်ရင် ၂ ကိုနှိပ်ပါလို့ပြောပါလိမ့်မယ်။ ''2'' ကိုနှိပ်လိုက်ပါ။
(၃) ပြီးတာနဲ့ ပြောမှာက အင်တာနက်သုံးမယ့် ရက်ကိုမေးပါလိမ့်မယ် လအလိုက်ယူမှာလား၊ ၃၀ ရက်ကို တစ်ခါယူမှာလား၊ ဘာညာနဲ့မေးပါလိမ့်မယ်။ အဲ့ဒါ ကျွန်တော်တို့ ''1''  ကိုနှိပ်ပြီး လအလိုက်ယူမှာပါ။
(၄) ပြီးတာနဲ့ သူမေးပါလိမ့်မယ် နာရီကို ၂ နာရီလား(၁ ကိုနှိပ်)၊ ၅ နာရီလား(၂ ကိုနှိပ်)၊ ၂၀ နာရီလား(၃ကိုနှိပ်)၊ ၅၀ နာရီလား(၄ကိုနှိပ်)၊ ၁၀၀နာရီလား(၅ကိုနှိပ်)၊ unlimited လား(၆ကိုနှိပ်)၊ ဆိုတာကိုမေးပါလိမ့်မယ်။ ကိုလိုချင်တာလေးကို နှိပ်ပါ။ ကျွန်တော်က နာရီ ၂၀ ကိုယူမှာဆိုတော့ နံပါတ် ''3''  (၁၀၇ဘတ်)ကိုနှိပ်ပါမယ်။
(၅) သေချာလား သေချာတယ်ဆိုရင် ၁ ကိုနှိပ်လို့မေးပါလိမ့်မယ်။ ''1'' ကိုနှိပ်လိုက်ပါ။
(၆) နောက်တစ်ခါထပ်မေးပါတယ်။ သေချာလား သေချာပြီဆိုရင် ၁ ကိုနှိပ်ပါလို့မေးရင် ''1''  ကိုထပ်နှိပ်ပါ။
Station က ချက်ခြင်းပဲ Message ပို့ပါလိမ့်မယ်။ မင်းစပြီးသုံးလို့ရပြီဆိုတဲ့အကြောင်းပေါ့
ကဲ စပြီးတော့ အင်တာနက်ကို သုံးလို့ရသွားပါပြီ။

ထိုင်းဖုန်းတွေ GSM တွေအတွက် Free call လုပ်ပြီးခေါ်ကြရအောင်ဗျာ

Free call (Day/Night) လုပ်ချင်တဲ့သူများအတွက် ကျွန်တော်ရည်စူးတာပါ။ တစ်ချို့ ဆိုရင် ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကို ကိုယ့်နိုင်ငံမှာ ဘာတွေထူးခြားနေတာလဲ ဘယ်လို service တွေပေးနေတယ်ဆိုတာကို မသိကြဘူးဗျ။ ကဲပြောနေကြပါတယ်ဗျာ။ နေ့ဖရီးကောဆိုရင် တစ်ခုတော့ရှိတယ်နော် GSM ဆိုရင် GSM ချင်းပဲ ဖရီးရမှာနော်။ နှစ်ချိန်ရှိတယ် မနက်(၅)ရီကနေ၊ ညနေ (၅)နာရီအထိက တစ်မျိုး၊ ည(၁၀)နာရီကနေ၊ မနက်(၁၀)နာရီအထိက တစ်မျိုး နှစ်မျိုှးရှိပါတယ်ဗျာ။ နေ့ဖရီးကောကိုလုပ်ချင်ရင် တစ်လကိုမှ ထိုင်းဘတ်ငွေ (၁၉၉)ဘတ်ကုန်ပါတယ်။ ညဖရီးကောကတော့ (၁၅၉)ဘတ်ကုန်ပါတယ်။ လုပ်ချင်တယ်ဆိုရင်တော့..
နေ့ - *777*1# ကိုနှိပ်လိုက်ပါ။ ပိုက်ဆံတော့ ကြိုထည့်ထားရမယ်နော်
ည- *777*2# ကိုနှိပ်လိုက်ပါ..
ကဲဒါလောက်ပါပဲ

ရွှင်လန်းချမ်းမြေ့ပါစေဗျာ..

Wednesday, January 7, 2009

ဘွားဘွားပြောတဲ့ ၀က်သီချင်း

ကျွန်တော့်ရဲ့ ချစ်လှစွာသောအဘွားဆုံးသွားတာ နှစ်နှစ်ကျော်သွားပါပြီ..
ဒါပေမယ့် ကျွန်တော့်ရင်ထဲမှာ အမြဲတမ်း အဘွားရှိနေတယ်လေ.
ညတိုင်း ၁၀ တန်းအောင်တဲ့အချိန်အထိ လာပြီးတော့ ပုံပြင်ပြောပြတုန်း၊ ပြီးတော့ အိပ်တော့မယ်ဆိုရင် ဘုရားစာတွေ ရွတ်ပြနေတုန်းပါ။ ကျွန်တော်အိပ်မှ အိပ်ယာဝင်တတ်တဲ့ အဖွားကို အမြဲတမ်း ရင်ထဲမှာ တမ်းတနေမိတယ် ဘွားရေ။
မနက်ကျရင် အဘွားဘုရားရှိခိုးတာ တစ်နာရီကျော်ကျော်လောက်ကို အမြဲတမ်း အိပ်ယာထဲကနေ နားထောင်ပြီးမှ အိပ်ယာကထတတ်တဲ့ မြေးတစ်ယောက်ရဲ့အကျင့် အခုတော့ ဒီကြည်နူးမှုတွေကို မျက်ကွယ်ပြုရင်း ချောက်ကပ်ကပ် နံနက်ခင်းတိုင်းကို ဖြတ်ကျော်လာတာ နှစ်နှစ်ကျော်တောင်ကြာခဲ့ပါပြီ ...


ကျွန်တော် ရန်ကုန်ကနေ အပြန် Big Bag ဆိုထားတဲ့ အဖိုးကြီးလဲ Rap၊ အဘွားကြီးလဲ Rap၊ မွေးကင်းစ အာဗြဲလေးလဲ Rap ဆိုတဲ့ သီချင်းခွေကို ၀ယ်လာပြီး ကြိုက်လွန်းလို့ အိမ်မှာနားထောင်မိတဲ့တစ်ခဏ..
ဘွားဘွားတစ်ယောက် ဥပုသ်ဆောက်ပြီးအပြန် ပုတီးစိပ်နေတုန်းပေါူ့။ ကျွန်တော့်သူငယ်ချင်း အောင်နေစိုးလဲရောက်လာတယ်။
သီချင်းခွေလေးကောင်းတယ်ဆိုပြီးတော့ ပေးနားထောင်လိုက်တယ်။ ဒီကောင်ကလဲ ဒီ Rap သီချင်းကိုပဲ နားထောင်တယ်။
တစ်ခေါက်ကနေ နှစ်ခေါက်ပေါ့။ မကြာပါဘူး ဘွားဘွား တုတ်တစ်ချောင်းနဲ့ ရောက်လာရော။
ဘွားဘွား။ မြေးကြီး မင်းတို့ ဖွင့်နေတဲ့ ဒီဝက်သီချင်းကို ပိတ်မှာလား အဘွားပိတ်ပေးရမှာလား။
ဘာလဲ? တစ်ခွေလုံး ၀က်တွေချည်းပဲ။ ဘာသီချင်းတွေလဲ မင်းတို့ဟာက။ ဒီမှာ ပုတီးစိပ်မလို့ဟာ။ ဒီဝက်/၀က်ဆိုတာချည်းပဲ ခဏခဏကြားနေရတယ်။ အခုပိတ်တော့တဲ့။

အိမ်အိုဟောင်း


လာမလည်ချင်နေပါ
ငါ့ရဲ့ အိမ်အိုဟောင်းလေးကို
မင်းရဲ့ လောင်မြိုက်နေတဲ့ မောဟတွေနဲ့
မီးလောင်တိုက် မသွင်းလိုက်ပါနဲ့ xxxxx

မွှန်ထူနေတဲ့ ပျော်ရွှင်မှုတွေ
မွန်းကြပ်နေတဲ့ မေတ္တာတရားတွေနဲ့
အပြည့်ဖြည်းထားတဲ့ ဒီအိမ်လေးဟာ
ယိုင်နဲ့နေပေမယ့် ခိုင်မြဲနေဦးမှာပါ xxxxx


ကဗျာတွေကို ရေးလိုက်တိုင်း
အရူးတစ်ယောက်လိုပဲ
တစ်ခါတစ်ခါ ၀မ်းနည်းကြည့်လိုက်
တစ်ခါတစ်ခါ ပြုံးကြည့်လိုက်
တစ်ခါတစ်ခါ ဒေါသဖြစ်ကြည့်လိုက်နဲ့
တစ်ခါတစ်လေတော့လဲ ပျော်မိတယ်ဆိုပေမယ့်
အချိန်တွေကြာလာရင် ငါနှလုံးရောဂါရတော့မယ်နဲ့တူတယ်...

မပြီးဆုံးသေးတဲ့ ပန်းချီကား

ယိမ်းထိုးနေတဲ့ စိတ်ကူးတစ်ချို့လေ
ခါးသက်သက် လောကကြီးကိုဟားတိုက်ပြီး
မွန်းကြပ်မှုဆိုတဲ့ စုပ်တံတစ်ချောင်းနဲ့
လွမ်းဆွေးမှုဆိုတဲ့ ရောင်စုံဆးခွက်ထဲမှာစိမ်ပြီး
ဝေဒနာဆိုတဲ့ မှိုင်းပြပြပန်းချီကားတစ်ချပ်ကို
တုန်ရီနေတဲ့ ငါ့နှလုံးသားတစ်စုံရဲ့
လမ်းညွှန်မှုအောက်မှာ
ခပ်ကြမ်းကြမ်းရေးဆွဲခဲ့မိတယ် xxxxx

ငါ့မျက်ဝန်းတစ်စုံရဲ့ရှေ့မှာ
ရေကာတာတစ်ခု ကာထားတဲ့ကြားက
လေးလံနေတဲ့ မျက်ခွံတွေကို ပင့်တင်ရင်း
မသဲကွဲတဲ့ အမြင်အာရုံတစ်ချို့နဲ့
ငါအားတင်းပြီး ကြည့်လိုက်မိတယ်.
ဒါပေမယ့်ဝါးတားတားရယ်ပါ xxxxxxx

တိမ်ဝင်နေတဲ့ ကွဲအက်အက်အသံတစ်ချို့
မပီသတဲ့ အပြုံးတုတစ်ခုကိုတပ်ပြီး
လှောင်ရီနေတဲ့ မင်းမျက်ဝန်းရှေ့မှာ
ေ၀၀ါးနေတဲ့အကြည့်အကြည့်နဲ့
အားတင်းပြီးပြောလိုက်တာက
မင်းအတွက်ဆို အမြဲတမ်းခွင့်လွှတ်ပြီးသားပါတဲ့ xxxxxxxx

ငါ့ခေါင်းပေါ်ကို ကျနေတာက
အေးစိမ့်စိမ့် ရေတစ်စက်ဆိုပေမယ့်
ကျတဲ့နေရာက
တစ်နေရာတည်းကိုပဲ ထပ်ခါတစ်လဲလဲလေ
မင်းပြောတော့ အေးမြဖို့အတွက်တဲ့
ငါ့အတွက်တော့ ရေကျသံကြားရင်ကို
ခေါင်းတစ်ခုလုံး ကွဲထွက်တော့မတတ် ခံစားနေရတယ်
မင်းခံစားကြည့်ပါ ဒီရေတစ်ပေါက်ရဲ့
အစွန်းရောက်တဲ့ ထိရောက်မှုတစ်ချို့ကို xxxxxxx

အရှုံးပေးပါပြီဆိုမှ
ဒူးထောက်ခိုင်းတယ် ..
ဒူးထောက်တယ်ဆိုမှ
လက်မြှောက်ခိုင်းတယ် ..
ဒါကိုတောင်မင်းဖက်က တရားတယ်တဲ့လား???
အားနွဲ့တယ်တဲ့လား ???

ငါးဆုံးဖြတ်လိုက်ပါပြီ
ဘယ်တော့မှ ဒီမှုန်ဝါးဝါး ပီချီကားကို
အဆုံးမသတ်တော့ဘူးလို့ xxxxxx

Tuesday, January 6, 2009

Recycle Bin(အမှိုက်ပုံး) ဖျောက်နည်း



window + Start -> run -> gpedit.msc
အဲဒီမှာ Group policy ပေါ်လာပါလိမ့်မယ်။ အဲဒီကနေ Local Computer Policy -> User Configuration -> Desktop မှ Remove Recycle Bin icon from desktop(double click)>> setting ထဲကနေ Enabled ကို ရွှေးပြီး အိုကေ ပေးလိုက်ရင် ရပါပြီ။ ပြီးရင်တော့ desktop ကို refresh တစ်ချက်လောက်ပေးလိုက်ပါ။ အမှိုက်ပုံးကြီး ပျောက်သွားပါလိမ့်မယ်။
ကျွန်တော်က Recycle bin ကို ဥပမာထား၍ အစမ်းဖျောက်ပြတာဖြစ်ပါတယ်။ ထိုနည်းတူစွာ ကျန်တဲ့ icon လေးများကိုလည်း စိတ်ကူးရှိသလို ဖျောက်နိုင်ပါတယ်။

Drive များ ဖျောက်နည်း

ဝင်းဒိုးမှာပါတဲ့ c , d , e စတဲ့ drive တွေကို ဖျောက်ထားလို့ ရပါတယ်။ recycle bin ဖျောက်တုန်းကလိုပဲ Group policy ထဲဝင်ပြီး User Configuration >> Administrative Templates >> Windows Explorer ကနေ Hide these specified drives in My Computer ကို double click နှိပ်ပြီး မိမိ ဖျောက်ထားချင်တဲ့ drive တွကို ရွှေးပြီး ဖျောက်ထားနိုင်ပါတယ်။ ကျန်တာတွေလည်း ဆက်ပြီး ဥာဏ်ရှိသလို လေ့လာနိုင်ပါတယ်။

လင့်တွေကို ညွှန်းကြရအောင်

သူငယ်ချင်းတစ်ယောက်က မေးတာနဲ့ တင်ပေးလိုက်တာပါ ...
လင့်တွေကို "ဒီမှာ" ဆိုပြီးတော့ ညွှန်းတာမျိုးကိုဆိုလိုတာပါ ... ကိုကြိုက်တာကို Select ပေးပြီးတော့ ညွှန်းတာမျိုးကို ဆိုလိုတာပါ . ကဲစမ်းကြည့်ရအောင်

ပထမဆုံး Posting>> Create>> Edit Html ကိုရောက်ပြီဆိုရင်
Example .. ကျွန်တော့်သူငယ်ချင်း ညီနေမင်း ဟာဆိုရင် တော်တော်လေးကို ချစ်စရာအလွန်ကောင်းပါတယ်..
မယုံဘူးဆိုရင်တော့
"ဒီ" ဆိုက်လေးကို သွားကြည့်လိုက်ပါလား ...



အဲ့ဒီ့နေရာမှာ ကိုလိုချင်တဲ့ "ဒီ" ဆိုတဲ့ စာလုံးလေးကို selection ပေးလိုက်ပါ ..
အဲပြီးပြီဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း insert link ကလေးကို ကလစ်နှိပ်လိုက်ပါ.
အပေါ်ကပြထားတဲ့အတိုင်း box လေးပေါ်လာပြီဆိုတာနဲ့ သူနဲ့သက်ဆိုင်တဲ့ လင့်လေးကို ဒီ box လေးထဲမှာ ရိုက်ထည့်လိုက်ပါ.


ကဲဒါဆိုရင်တော့ ကိုညွှန်းချင်တဲ့ လင့်လေးကို ချိတ်ပေးလို့ရသွားပါပြီ ..