Tuesday, February 2, 2010

ကွန်ပျူတာ အမေးအဖြေ

ဒါကတော့ ကွန်ပျူတာနှင့် ပတ်သက်သည့် အမေးအဖြေ စာအုပ်ကလေးပါ . လေ့လာသင့်တဲ့ စာအုပ်ကလေးပါ . များသောအားဖြင့် ကွန်ပျူတာအကြောင်း များများသိချင်ရင် အမေးအဖြေ ကဏ္ဍလေးတွေကို လိုက်ပြီးဖတ် . အဲ့ဒါလေး တွေက ကိုယ်တစ်ချိန်မှာ တွေ့ကြုံနိုင်တဲ့ အခက်အခဲလေးတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ် . သိပြီးသား ဆိုရင်တောင် ကျော်မဖတ်နဲ့ ကိုသိထားတာနဲ့ ဖြေရှင်းထားတာ တူညီရဲ့လား အသေအချာ ဖတ်ပြီးမှ စမ်းစစ်ပါ. နောက်တစ်ခု ပြောချင်တာလေး ရှိပါသေးတယ် . ဥပမာ တစ်ခုနှင့် နှိုင်းပြောရရင် converter တွေ အများကြီးရှိတယ် . ဘယ် converter ကဖြင့် အကောင်းဆုံးပါ . မင်း တစ်ခြားဟာတွေ မသုံးနဲ့ အဲ့ကောင်တွေက မကောင်းဘူး၊ ငါသုံးတာတော့ ဒီကောင် အကောင်းဆုံးပဲလို့ တစ်ပါးသူပြောရင် အင်းဟုတ်မှာပဲ ဆိုပြီး စွတ်မယုံ ပါနဲ့ . ဒါကသူ့အမြင်ကို . ကိုယ့်အမြင်လဲ ဘယ်လိုရှိသလဲ၊ ငါသုံးရင်ကော အဆင်ပြေနိုင်မလား၊ ဘာ့ကြောင့် သူက အဆင်မပြေဘူး မကောင်းဘူးပြောတာလဲ၊ အဲ့ဒီ့အဖြေကို သိချင်ရင် အဲ့ဒီ့လူကို မမေးပါနဲ့ ကိုကိုယ်တိုင် သူမကောင်းဘူး ပြောတဲ့ converter ကို သုံးကြည့်လိုက်ပါ . တစ်ဖက်သတ် အမြင်ကိုမကြည့်ပါနဲ့ . ဟုတ်မှာပဲလေလို့ မတွေးနဲ့၊ program တွေ ဒီလောက်ပေါတာဗျာ . အားလုံး Free တွေ ချည်းပဲ၊ တစ်ခုမကောင်းရင် တစ်ခုနဲ့ပြောင်းပြီးသုံး၊ သူများက တစ်ခုပဲကောင်းတယ်ဆိုပြီး တစ်ခုတည်း မသုံးနဲ့၊ အမြင်ကျဉ်းတယ်၊ မိမိအမြင်ကျယ်အောင် လက်လှမ်းမီသလောက် program တွေကို သုံးကြည့်ပါ နှိုင်းယှဉ်ကြည့်ပါ . တစ်ခါတစ်လေ ၃ - ၄ ခု ပေါင်းပြီးတော့ လုပ်ရတဲ့ အလုပ်တွေရှိပါတယ် . လိုက်လေ့လာပါ . program တိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြပါတယ် . အဲ့ဒါတွေကို သိအောင် ကြိုးစားပါ . ကျွမ်းကျင် သူတွေအတွက် ကျွန်တော့်စကားတွေက ပါချင်မှ ပါနိုင်ပေမယ့် အခုမှ လေ့လာသူတွေအဖို့ သိထား သင့်တယ်ထင်လို့ပါ . မျက်စိကို လက်တစ်ကမ်းကို မကြည့်ပါနဲ့ တစ်ဆုံးကြည့်ပစ်လိုက်ပါ . သူများပြော သမျှကို လိုက်ယုံပြီးတော့ လှေနံဓါးထစ် သဘောမျိုး ဒါဆိုဒါကိုပဲ လေ့လာနေလို့ကတော့ အမြင်ကျယ်လာမှာ ဗဟုသုတတိုးလာမှာ မဟုတ်ပါဘူး . program တစ်ခုတည်းကို ပိုင်နိုင်ပြီး သုံးတတ်နေယုံနဲ့ အဲ့ဒီ့လူ ကွန်ပျူတာ ကျွမ်းကျင်တယ်လို့ တထစ်ချ ပြောလို့မရပါဘူး . ဒီလူ့လေ့လာမှုအား ဘယ်လောက်ကောင်းတယ်၊ ဘာတွေကို အကျွမ်းကျင်ဆုံးလဲ၊ သူဘယ်အပိုင်းတွေကို အဓိကထား လေ့လာနေတာလဲ ဘာနဲ့ အသက် မွေးဝမ်းကျောင်း ပြုနေတာလဲ ဆိုတာတွေအပေါ်မှာ အများကြီး မူတည်နေပါတယ်။ ဒါတွေကို လေ့လာသင့်ပါတယ် . ဒါကတော့ အကောင်းဆုံးပါ ပြောလိုက်တာနဲ့ ဟုတ်မှာပဲလေလို့ မတွေးပါနဲ့ ၊ ဆယ်ပြားစေ့ တစ်စေ့ကို ဒါလေးထောင့်ကျကျ အပြားကြီးပါ လို့ သူ့ပါးစပ်ကပြောရင်၊ ဒါသူ့လက်ထဲမှာလေ၊ ကိုယ့်လက်ထဲရောက်ရင် အဲ့ဒီ့လေးထောင့်ကျကျ ဆယ်ပြားစေ့ကို လှည့်ကြည့်ပြီးတော့ အမြင်တစ်မျိုးနဲ့ ကြည့်လိုက်ပါ လေးထောင့်ကနေ အ၀ိုင်းဖြစ်သွားနိုင်ပါတယ် ။ ဘာ့ကြောင့် အဲ့လိုပြောရလဲဆိုရင် ကွန်ပျူတာနည်းပညာ ဆိုတာ ပုံသေကားချပ် (စာအုပ်ကြီးထဲကအတိုင်း) သတ်မှတ်ထားလို့ ရတဲ့အရာမဟုတ်ပါဘူး . ကိုလိုချင်တာတစ်ခုကို ဆက်စပ်တွေးခေါ်ပြီးတော့ ဦးနှောက်နှင့် ချင့်ချိန်ပြီးတော့ လုပ်ရတဲ့ အလုပ်တစ်ခုပါ . အခု အမေးအဖြေစာအုပ်ကလေးကို ဖတ်ကြည့်ပါ . မိမိအနေဖြင့် မသိသေးတာ တစ်ကြောင်းပါပါ နှစ်ကြောင်းပါပါ ဗဟုသုတရပါတယ် . သိပြီးသားလို့ ထင်ပေမယ့် တစ်ခြားသူတွေးတဲ့ အတွေး ဖြေရှင်းတဲ့ ဖြေရှင်းပုံချင်း မတူညီတာတွေကို လေ့လာသုံးသပ်ကြည့်ပါ .


Download mediafire | Download rapidshare | Download hotfile | Download megaupload

40 comments:

  1. ကိုညီနေမင်းရေးအကျိုးမဖက်ပဲအကျိုးဆောင်ပေးနိုင်နေတဲ့
    စိတ်ထားလေးကိုအံ့သြ့မိတယ်။
    ကိုညီနေမင်းလိုအင်ဆန္ဒပြည့်ဝပါစေဗျာ

    ReplyDelete
  2. ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

    ReplyDelete
  3. ကျေးဇူးအထူးပါ

    ReplyDelete
  4. မသိတာလေးတွေကို သိရတဲ့အတွက်ကျေးဇူးတင်ပါတယ်

    ReplyDelete
  5. ကို ညီနေမင်းရှင့်…
    DRAM Circuit Design: A Tutorial (IEEE Press Series on Microelectronic Systems) (Hardcover)
    နဲ့ DRAM Circuit Design: Fundamental and High-Speed Topics (IEEE Press Series on Microelectronic Systems) (Hardcover) စာအုပ်လေး နှစ်အုပ်လောက် ဖြစ်နိုင်ရှင် ရှာပေးပါနော်။ ကျွန်မကျောင်းစာအတွက် အရေးကြီးလို့ ပါရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

    ReplyDelete
  6. ko nyi nay min is a great men.Thanks you so much.

    ReplyDelete
  7. ကိုညီနေမင်းရေ.....
    ဒီစာအုပ်ထဲမှာပါတဲ့ တချို့စာမျက်နှာတွေက ပျက်နေတယ်ခင်ဗျ။
    ဖြစ်ချင်တော့ ကျွန်တော်သိချင်တဲ့ အကြောင်းအရာတချို့က ပျက်တဲ့အထဲမှာ ပါနေတယ်။
    (မာတိကာကနေကြည့်တာပါ)
    အဆင်ပြေရင် ပြန်စစ်ပြီးတော့ အသစ်ပြန်တင်ပေးပါဦးဗျာ။
    ဘာပဲဖြစ်ဖြစ် အခုလို မျှဝေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ......
    ။ မန္တလာသား ။

    ReplyDelete
  8. အထူးကျေးဇူးတင်တယ်ဗျာ

    ReplyDelete
  9. ကိုညီနေမင်း...
    ကျွန်တော်ကို wifi hacking2009 အသုံးပြုနည်းလေးရှင်းပြပေးလား.ခင်ဗျာ

    ReplyDelete
  10. အကို ညီနေမင်းရေ ညီလေးက software engineering ကို လေ့လာချင်လို့ အဲ့ဒါ အဲ့ဒါနဲ့သက်ဆိုင်တဲ့ စာအုပ်လေးတွေလိုချင်ပါတယ် ။ သင်တန်းတတ်တဲ့အခါ အထောက်အကူ ရအောင်လို့ပါ ။ မြန်မာလိုလေးဆိုရင်တော့ပိုကောင်းတာပေါ့ အကိုရာ ကျနော်က ပဲခူးကပါ

    ReplyDelete
  11. အ ကို ရေ WINDOW တင် နည်း လေး ရေး ပေး ပါ အုံး ။

    PHOTO နဲ့နော်။
    ကိုညီနေမင်း သူများအကြိုးဆောင်ပေးနေတာ။

    အရမ်းကျေးဇူး တင်ပါတယ်



    လိုအင်ဆန္ဒပြည့်ဝပါစေဗျာ

    ReplyDelete
  12. အရမ်းကိုအသုံဝင်တဲ့စာအုပ်လေးပါ
    ကျေးဇူးတင်ပါတယ်ရှင့်

    ReplyDelete
  13. ကျွန်တော့ကိုတခုလောက်တော့ကူညီပါအကိုဆိုက်ကိုဝင်ကြည့်မှကျွန်တော်မသိတာတွေသိလာရတာပါ ကျွန်တော်က ကွန်ပြူတာလုံးဝမတတ်ပါဘူး ကျွန်တောမလေးရှားမှာအလုပ်လာလုပ်ရင်သူငယ်ချင်းတွေကပြပေးလိုအင်တာနက်ကတဆင့်ကွန်ပြူတာကိုသိလာတာပါအကိုဆိုက်ထဲကစာအုပ်တွေဖက်ချင်တယ်လေ အချိန်ကမပေးနိုင်ဘူး ငွေကလဲအများကြီးကုန်မှာဆိုင်မှာသုံးတာဆိုတော့ကျွန်တော့မှကွန်ပြူတာအစုပ်လေးရှိတယ်လိုချင်လို့ဝယ်ထားတာ နားမလည်တော့ရမ်းဝယ်တာပေါ့ အဲ့မှာစာအုပ်ဖက်တဲ့ဆော့လ်ဝဲမပါဘူးအဲ့တာလိုချင်ပါတယ်မသိလိုဘယ်လိုခေါ်လဲဘာ နာမည်လဲမရေးတတ်ဘူးadobe pdf လားမသိဘူးစာအုပ်တွေဖက်ပြီးလော့ချင်လို့ပါ အကိုသူများကို ကူညီတတ်တော့ ကျွန်တော်အားနာလိုက်တာ အလုပ်ရှုပ်နေရင်အေးဆေးမှပေးပါ

    ReplyDelete
  14. အကိုညီနေ ကျေးဇူး အများကြီးတင်ပါတယ်..
    ဒေါင်းယူသွားပါတယ်.....
    ကျေးဇူး ကြီးမားလှပါတယ်..
    အများအကျိုးဒီထက်မက ရွက်ဆောင်နိုင်ပါစေ........

    ReplyDelete
  15. ကိုညီ ကျွန်တော် တော်တော်များများမသိတာတွေရှိနေတယ်အဲတာကြောင့်ဒီစာအုပ်လေးဒေါင်းသွားပြီနော် ကျေးဇူးတင်ပါ..တယ် ကိုညီ စစရာရာဆင်ပြေပါစေလို့ဆုတောင်းလိုက်ပါတယ်.....

    ReplyDelete
  16. ကျေးဇူး အရမ်းတင်ပါတယ်။

    ReplyDelete
  17. ကျေးဇူးပဲအစ်ကို ညီမင်း ကျွန်တော် ဒေါင်းချ လိုက် တရ်
    အခုမှစလေ့လာတာပါ အစ်ကို လိုတရ ပါစေ..

    ReplyDelete
  18. အကိုရေ ညီ့ ကိုတခုလောက်ပြောပြပါလား... ညီ အခုမှ ကွန်ပျူတာ ဝယ်မလို့ လေ ... ဝယ်တဲ့အခါမှာ ဘယ်လိုကွန်ပျူတာ မျိုးကိုဝယ်သင့်တယ်... ဘယ်လို အရည်အချင်းတွေကို ကြည့်ပြီးဝယ်သင့်တယ် ဆိုတာလေးပါပြောပြပေးပါနော်... ကြည့်သင့်တဲအချက်လေးတွေကို ပြောပြပေးပါနော် အကို..... ကျေးဇူးပါပဲ... အချိန်ရမယ်ဆိုရင် ကူညီပေးပါနော်.....

    ReplyDelete
  19. ကိုညီရေ၊ အလကားရတာတွေ အလကားဒေါင်းသွားပြီနော်။ ကိုညီ ကျန်းမာပြီး ချမ်းသာပါစေဗျား။ အများကို ကူညီတဲ့ ကိုညီ၊ တစ်နေ့မှာ စေတနာတွေ ရောင်ပြန်ဟပ်မှာပါ။

    ReplyDelete
  20. ကျေးဇူးတင်ပါတယ်ဗျာ

    ReplyDelete
  21. အကိုကျွန်တော် networking အပိုင်းကိုတော်တော်လေးကိုစိတ်ဝင်စားတယ်ဗျာအဲ့ ဒါအကိုအချိန်ရရင်ကျနော့ကိုကူညီးပြီးလမ်းညွှန်ပြပေးပါအုံးနော်အကိုကျေးဇူးပါအကို..........................

    ReplyDelete
  22. အမြဲတမ်းလေ့လာလေ အကျိုးရှိလေပါဘဲ ကိုညီနေမင်း ပျော်ရွှင်ပါစေဗျာ

    ReplyDelete
  23. ကျေဇူးပါအကိုရေ........
    ကွန်ပျူတာကိုအခုမှစလေ့လာတဲ့ကျနော်တို့လိုလူတွေအတွက်အရမ်းကောင်းပါတယ်ဒေါင်းယူသွားတယ်နော်အကိုကိုကျေးဇူးအရမ်းတင်ပါတယ်..ဒီထက်အောင်မြင်ပါစေ...

    ReplyDelete
  24. အကို ညီနေမင်း ကျွန်တော့ကို window ကို တစ်ဆင့်ပြီးတစ်ဆင့်တင်တဲ့လိုချင်ပါတယ်အကို ကျေးဇူးပြုပြီး ပို့ပေးလို့ရမလား၊ ပုံနဲ့အတူ ပို့ပေးပါလားအကို ကူညီပါနော် khantkyawswar7@gmail.com ကိုပို့ပေးပါအကို ကျေးဇူးတင်ပါတယ်

    ReplyDelete
  25. download လုပ်လို့ မရဘူးဖြစ်နေတယ်.ကူညီပေးပါလာ.သူငယ်ချင်းတို့ ။..kk.achrya@gmail.com..ကို

    ReplyDelete
  26. ကိုညီနေမင်း ညီလေးက P2ဂိမ်းစက်ကို ဟက်ဒစ်နဲသုံးချင်တာပါ အဲတာ ဟက်ဒစ်ထဲကိုထဲ့တယ့်ဆော်ဝဲလ်ကို ဘယ်မှာဘယ်လိုလျှာပြီး ဘယ်လိုဒေါင်းကမလည်းဆိုတာလေးကိုပြောပြပေးပါလား ကိုညီနေမင်း ကျေးဇူးတင်ပါတယ်အကို

    ReplyDelete
  27. မင်္ဂလာပါ
    ကိုညီနေမင်း
    ကျနော် စိုက်ချမ်းပါ။
    ခုနက ကိုယ့်ကိုဖုန်းဆက်ပြီးပြောတော့ ဖုန်းလိုင်းကျသွားတယ်။

    ကျနော် ပြဿနာက--

    ကျနော် Lanovo Laptop တလုံးဝယ်ထားတယ်။ မော်ဒယ် G-750 ပါ။
    CPU 1.6 GHz
    Memory (RAM) က 2 GB ပါ။
    window 7 32 bit တင်ထားပါတယ်။
    Computer shortcut ကို right click လုပ်ပြီး Properties ကိုကြည့်တဲ့အခါမှာ

    CPU ကပြည့်နေပါတယ်။
    RAM က 2 GB (1.6 Use able) လို့ပေါနေပါတယ်။
    ကျနော့်အထင်တော့ ၀င်းဒိုးက RAM ကို အပြည့်အ၀ မဖတ်လို့ဖြစ်မှာပါ။

    ပြီးတော့ အခြားသိတဲ့လူတွေ ပြောတော့ Window 7 64 bit တင်မှ
    RAM ကို အပြည့်အ၀ဖတ်တယ်တဲ့။ ကျနော် တင်ကြည့်လို့ပြီးပါပြီ၊
    မထူးပါဘူး။
    ကျနော်က ကျနော့် ကွန်ပျူတာကို RAM 2 GB ပြည့်ပြည့် သုံးစေချင်တယ်။
    ဘယ်လိုလုပ်ရမလဲ။ နည်းလမ်းရှိရင် ကူညီပါနော်။


    ထာဝရ အောင်မြင်ပါစေ..........

    ReplyDelete
  28. ကိုညီရေကျေးဇူအရမ်းတင်တယ်ဗျာ

    ReplyDelete
  29. အကိုရေ ညီမက excelကိုလေ့လာနေသူပါ excelကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ချင်ပါတယ်
    အဲဒါနဲ့ပတ်သတ်တဲ့စာအုပ်လေးတွေလိုချင်ပါတယ် မြန်မာလိုဆိုပိုကောင်းပါတယ် အကိုကူညီပေးပါနော်

    ReplyDelete
  30. စာအုပ်ကိုဘယ်မှာဒေါင်းရမှာလည်း အကို ဒေါင်းလို့ ရောရလားသိချင်....

    ReplyDelete
  31. အမေးအဖြေစာအုပ်ကို ဘယ်လို ဒေါင်းရမလည်းသိချင်တယ် ကျေးဇူးပြုပြီးပြောပြပေးပါ ခင်ဗျာ....

    ReplyDelete
  32. အကိုရေ.....wifi password..WPA2..WEPတွေကိုဘယ်လိုခိုးလို့ရတယ်ဆိုတာပြောပြလို့ရရင်ပြောပြပါလား..အားလုံးအတွက်ပါ...နိုင်ငံခြားမှာနေတဲ့မြန်မာတွေအတွက်...အရမ်းအဆင်ပြေမယ်ထင်လို့ပါ..........ဘာလို့လဲဆိုတော့...ဒီမှာကသူ့နိုင်ငံကလူတွဘဲအလကားရတယ်...မြန်မာတွေဆိုရင်စရံပေးနေရလို့ပါ...စရံကလဲမနည်းဘူးဗျ.....ဟိ....ရှာလို့ရရင်အားလုံးအတွက်အဆင်ပြေတာပေါ့ဗျာ........

    ReplyDelete
  33. မင်္ဂလာပါအကို။
    စာအုပ်ကဒါင်းလို့မရဘူးဖြစ်နေတယ်။
    စစ်ကြည့်ပေးပါဦး၊။
    ကျေးဇူးတင်ပါတယ်၊။

    ReplyDelete
  34. မင်္ဂလာပါအကို
    စာအုပ်ကဒေါင်းယူလို့မရဘူးဖြစ်နေတယ်။
    စစ်ကြည့်ပေးပါဦး။
    ကျေးဇူးတင်ပါတယ်၊။
    လေးစားလျက်
    ......

    ReplyDelete
  35. ကိုညီမင်းရေးကျွန်တော်ကို facebook တင်နည်းပြောပြပါ

    ReplyDelete
  36. မင်္ဂလာပါအကို
    IADCS နဲ့ DCSC LEVEL ညီပါသလား?
    yangonthar246@gmail.com ကိုပို့ပေးပါ ကျေးဇူးတင်ပါတယ် အကို...

    ReplyDelete