W w W. N y I n @ y M i N. o R g
03 February 2010
internet sharing ​ဘယ်​လို ​ခွဲ​သုံး​မ​လဲ .
ကို​မြင့်​ဇော် ​မေး​ထား​တာ ​လေး​ပါ . computer (wireless) ​တစ်​လုံး​က​နေ ​တစ်​ခြား​တစ်​လုံး (wireless) ​ကို internet sharing ​ဘယ်​လို ​ခွဲ​ပေး​မ​လဲ​လို့ ​မေး​ထား​တာ​ပါ . ​သ​ဘော ​က​တော့ ​တစ်​လိုင်း​တည်း​ကို ​ကွန်​ပျူ​တာ ​နှစ်​လုံး ​တစ်​ပြိုင်​တည်း ​သုံး​ချင်​တာ ​ပါ​တဲ့ .
(​လုပ်​နည်း​က​တော့ ​နဲ​နဲ​အ​ဆင့်​များ​ပါ​တယ် . ​ကျွန်​တော် ​ရှင်း​ပြ​တဲ့ ​အ​ထဲ​မှာ ​လို​အပ်​မှု​များ​လဲ ​ရှိ​ကောင်း​ရှိ​နေ​နိုင်​ပါ​တယ် . network ​ပိုင်း​မှာ professional ​တစ်​ယောက်​မ​ဟုတ်​တဲ့​အ​တွက် ​တစ်​ချို့​နေ​ရာ​လေး​တွေ​မှာ ​လို​အပ်​မှု​များ ​ရှိ​နေ​နိုင်​ပါ​တယ် .)
  • ​အင်​တာ​နက် ​ခွဲ​ယူ​သုံး​စွဲ​ဖို့​ရာ ​နှစ်​လုံး​စ​လုံး​မှာ Lan card ​ရှိ​ဖို့​လို​ပါ​တယ် . ​ဒါ​က ​အ​လွယ်​ကူ​ဆုံး ​နည်း​ပါ . ​မူ​ရင်း​အ​လုံး​က PC ​ဖြစ်​ပြီး ​ခွဲ​ယူ​သုံး​မယ့်​တစ်​လုံး​က notebook ​ဆို​လဲ ​ရ​ပါ​တယ် . notebook ​မှာ wireless ​ပါ​ထား​ပြီး​သား​ပါ . ​ခွဲ​ပုံ​ခွဲ​နည်း​လေး​ကို ​အောက်​မှာ ​ပြ​ပါ့​မယ် .
ခွဲ​ပေး​မည့် ​မူ​ရင်း​အ​လုံး ​ကို ​ဘယ်​လို setting ​ချ​မ​လဲ .
  • Start >> Setting >> Network Connections ​ကို ​သွား​လိုက်​ပါ . ​မိ​မိ​လက်​ရှိ​သုံး​နေ​သည့် wireless icon ​လေး​ကို ​တွေ​ရ​မှာ​ပါ . ​ခွဲ​ပေး​မယ့် ​အ​လုံး​က​နေ wireless ​ကို ​ဖွင့်​လိုက်​ပါ . ​ပြီး​လျှင် Right click >> properties ​ကို ​ဝင်​လိုက်​ပါ .
  • Advance ​ကို ​က​လစ်​လိုက်​ပြီး ​ပုံ​ထဲ​က​အ​တိုင်း Allow other network user to connect through this computer's internet connection ​ဆို​တာ​ကို ​အ​မှန်​ခြစ်​က​လေး ​ပေး​လိုက်​ပါ .
  • ​အဲ့​လို ​အ​မှန်​ခြစ်​ပေး​ပြီး​တာ​နဲ့ ​ပ​ထ​မ wireless icon ​လေး​ဟာ ​အ​ခု​လို ​ပုံ​လေး​ပြောင်း​သွား​မှာ​ပါ .
ပ​ထ​မ ​တစ်​လုံး​က ​အင်​တာ​နက် ​သုံး​စွဲ​လို့ ​ရ​နေ​ပြီ​ဖြစ်​တဲ့​အ​တွက် ​ကျွန်​တော်​တို့​အ​နေ​ဖြင့် ​ပ​ထ​မ​အ​လုံး​ရဲ့ DNS ​ကို ​သိ​ဖို့​လို​အပ်​ပါ​တယ် . ​အဲ့​ဒါ​က ​ဒု​တိ​ယ​အ​လုံး​မှာ ​ဖြည့်​ရ​မှာ​မို့​ပါ . wireless to wireless (notebook) ​မှာ​တော့ Notebook ​တော်​တော်​များ​များ​ဟာ dns ​ကို auto config ​လုပ်​ပေး​ပါ​တယ် . ​မ​လုပ်​ပေး​တော့​လဲ ​လက်​နဲ့ ​ရိုက်​ထည့်​ပေါ့ . ​တစ်​ကယ်​လို့ ​ဒု​တိ​ယ​တစ်​လုံး​က PC ​ဖြစ်​နေ​ပြီး lan card ​ဖြင့် ​ချိတ်​လို့ DNS server address ​ကို ​မ​သိ​ဘူး ​ဖြစ်​နေ​တယ် . ​ဖြည့်​မ​တတ်​ဘူး​ဖြစ်​နေ​ရင် ​မ​ခက်​ပါ​ဘူး . ​အောက်​က​အ​တိုင်း ​ပ​ထ​မ​တစ်​လုံး​ရဲ့ dns address ​ကို ​ယူ​လိုက်​ပါ .
ပ​ထ​မ​တစ်​လုံး​က​နေ Dns server address ​ဘယ်​လို​ယူ​မ​လဲ .
  • start>>>> run>>>cmd ​လို့ ​ရိုက်​ထည့်​ပြီး ipconfig /all ​လို့ ​ရိုက်​ထည့်​ပေး​ပါ
  • ​ပြီး​ရင် enter ​ခေါက်​လိုက်​ပါ .
  • ​အဲ့​ဒီ့​မှာ ​ယ​ခု​လက်​ရှိ ​သုံး​နေ​တဲ့ Ip ​ရဲ့ DNS ​လိပ်​စာ​ကို ​တွေ့​ရ​မှာ​ပါ . ​အဲ့​ဒီ့​တွေ့​ရ​တာ​ဟာ ​ကျွန်​တော်​တို့ ​ဒု​တိ​ယ​အ​လုံး​မှာ ​ဖြည့်​ထည့်​ရ​မယ့် dns ​ပါ . ip address ​မ​တူ​ပေ​မယ့် dns ​က​တော့ ​တူ​မှ ​ရ​ပါ​မယ် . ​ဒါ​လေး​တစ်​ချက်​ကို ​သ​တိ​ထား​မိ​ဖို့​ပဲ ​လို​တာ​ပါ . ​ကျန်​တာ​က​တော့ ​သိပ်​အ​ရေး​မ​ကြီး​ပါ​ဘူး . ​အ​ခု ​ဒီ​မှာ​တော့ ​ကျွန်​တော့် ip address ​နဲ့ dns ​ကို ​ကျွန်​တော် photoshop ​နဲ့ ​ဝါး​ပစ်​လိုက်​ပါ​တယ် . ​ဘာ​ဖြစ်​လို့​လဲ​လို့ ​မေး​ရင်​တော့ ​ဘာ​ဖြစ်​လို့​ပေါ့​နော် . ​အ​ဟ​ဟ .
ကဲ ​အ​ခု ​ပ​ထ​မ​အ​လုံး​ရဲ့ dns ​ကို​လဲ​သိ​ပြီ​ဆို​ရင် ​ဒု​တိ​ယ​အ​လုံး​မှာ ​သွား​ဖြည့်​မယ်​ဗျာ . ​သွား​ဖြည့်​တဲ့​နေ​ရာ​မှ ​တစ်​ချက်​က​လေး ​သ​တိ​ထား​ပေး​ပါ .
ဒု​တိ​ယ​တစ်​လုံး​မှာ ​ဖြည့်​ရ​မှာ​က
  • IP address = "192.168.0.1" (​ကဲ​ဒီ​နေ​ရာ​မှာ ​ပြော​ပြ​စ​ရာ​ရှိ​တာ​က . 192.168.0.1 ​ဆို​တာ​နဲ့ ​အဲ့​ဒီ့ Private ip ​ကို​ပဲ ​အ​သေ ​မ​တွက်​ထား​ပါ​နဲ့ IP Address = "192.168.0.0" ​က​နေ "192.168.255.255" ​အ​ထိ ​ဖြည့်​ထည့်​လို့​ရ​ပါ​တယ် . ​နောက်​ဆုံး​က​ဂ​ဏန်း​မှာ "0.0" ​က​နေ "255.255" ​အ​ထိ ​ထည့်​နိုင်​ပါ​တယ်)
  • Subnet mask = "255.255.255.0" ​ဆြို​ပီး​ထည့်​ပါ ​မ​ထည့်​ချင်​လဲ TAB ​ခုန်​လိုက်​တာ​နဲ့ auto ​ဖြည့်​ပေး​ပါ​လိမ့်​မယ် . ​မ​ဖြည့်​ပေး​တော့​လဲ ​ဖြည့်​ထည့်​လိုက်​ပေါ့ .
  • Dns : --. -- . -- . -- ​က​တော့ ​အ​ပေါ်​မှာ ​ပြ​ထား​တဲ့​အ​တိုင်း ​ပ​ထ​မ​တစ်​လုံး ip ​ရဲ့ dns ​ကို ​ဖြည့်​ပေး​ရ​မှာ​ပါ ​ဘယ်​လို dns ​ကို ​ရ​ယူ​မ​လဲ​ဆို​တာ​ကို​လဲ ​ပြော​ပြ​ထား​ပြီး​ပါ​ပြီ .
  • ​အား​လုံး​ပြီး​ရင်​တော့ Ok ​ပေး​လိုက်​ပါ .
  • ​ကဲ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ် .
11 comments:
  1. ​ညီ​နေ​မင်း​ရေ . .
    ReplyDelete
  2. MAC address ​ကို Router ​မှာ​ထည့်​ပြီး ​စမ်း​ကြည့်​စေ​ချင်​ပါ​တယ်
    ReplyDelete
  3. ​ကို​ညီ​နေ​မင်း ​ခင်​ဗျ ​ကျွန်​တော်​က ​ထိုင်း​မှာ ​အ​လုပ်​လုပ်​ပါ​တယ် ​ကွန်​ပျူ​တာ​ဂိမ်း​ဆိုင်​မှာ ​လုပ်​ရ​ပါ​တယ် ​ဒါ​ပေ​မယ့် ​ကျွန်​တော် ​ချက်​တင်​လေး​လောက်​နဲ့​ပဲ​လမ်း​ဆုံး​နေ​ပါ​တယ် ​တက်​ချင်​တာ​တော့် ​အ​များ​ကြီး​ပါ​ပဲ ​ပ​ထ​မ​ဆုံး ​သိ​ချင်​တာ ​တစ်​ခု​က ​အင်​တာ​နက်​ဆိုင်​မှာ​လုပ်​ပြီး ​ကျွန်​တော်​အင်​တာ​နက်​ကို ​အ​လ​ကား​မ​သုံး​ရ​တာ ​တစ်​ခု​ပါ ​အင်​တာ​နက်​ကို ​ကျွန်​တော့်​ရဲ့​လက်​တော့်​နဲ့ wireless ​ချိတ်​လို့​ရ​နိုင်​မ​လား
    ReplyDelete
    Replies
    1. Yes,u can use.press WiFi icon to turn on .press net connection icon .u will see wearless names near by it place.chose one.give password
      Delete
  4. thanks so much for knowledge brother.Be success
    ReplyDelete
  5. ​စမ်း​သပ်​လိုက်​ဦး​မယ် ​ကို​ညီ​နေ​မင်း ​ကျေး​ဇူး​ပဲ​ဗျို့
    ReplyDelete
  6. ​ကို​ညီ​ရေ laptop ​တစ်​လုံး​မှာ printer ​တပ်​ထား​ပြီး ​အဲ့​ဒီ printer ​ကို ​ကျွန်​တော်share​ပေး​ပြီး ​ကျန်​တဲ့ laptop ​တွေ​က ​အ​ထက်​က​နည်း​အ​တိုင်း print ​ထုတ်​လို့ ​ရ​ပါ​သ​လား။ ​ဘာ​တွေ​လို​အပ်​မ​လဲ​သိ​ချင်​ပါ​တယ်။ ​ကျေး​ဇူး​တင်​လျက်
    ReplyDelete
  7. ကိုညီနေမင်းရေ net sharing post ကိုမရှင်းလို့ပါ computer name တွေ work group တွေသတ်မှတ်စရာမလိုတော့ဘူးလား ဗျ gate way တွေကော်။ ပထမလုံးက 192.168.0.1 ဆို ဒုတိယအလုံးက ip address က 192.168.0.xxx လုပ်ပေးရဘူးလား
    ReplyDelete