This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, January 31, 2010

The Most Powerful Guitar Chord Dictionary in the World!

ကဲ Guitar လက်ကွက် မကိုင်တတ်သူများနှင့် လက်ကွက် မသိသူများ ဒီ program လေးထဲမှာ လက်ကွက်ပေါင်း တစ်သန်းကျော်ပါပါတယ် . ကမ္ဘာမှာ ရှိရှိသမျှ လက်ကွက် အကုန်လုံးပါပါတယ် . ဂစ်တာ အတီး တတ်ချင်သူများ . လက်ကွက် မသိသူများနှင့် တစ်ခြား ဂစ်တာဝါသနာ ရှင်များ အားလုံး လေ့လာနိုင်ပါတယ် . လက်ကိုင်ပုံ ကိုင်နည်းလဲ ပါပါတယ် .



Download up4vn

Desktop iCalendar 1.4.4.0

ဒါလေးကတော့ xp ပရိတ်သတ်များ အတွက် လှလှပပလေး ဖြစ်သွားအောင် နှင့် မိမိ လုပ်ချင်တဲ့ လုပ်ငန်းတွေကို အဆိုပါ Calendar ထဲမှာ မှတ်ထားလို့ ရပါတယ် . မွေးနေ့ဆိုလဲ မွေးနေ့ပေါ့ . မနက်ဖြန် ဘယ်အချိန်မှာ ဘာအလုပ် လုပ်စရာရှိတယ်ဆိုရင် အဲ့မှာ ရေးထားလိုက် မနက်ဖြန်ကျရင် အဲ့ဒီ့မှတ်ထားတဲ့ အလုပ်တွေနဲ့ လုပ်ငန်းလုပ်စရာ တွေက ပေါ်နေလိမ့်မယ် . Feature တွေကတော့ အများကြီးပါပဲ . အသုံပြုချင် သူများအတွက် တင်ပေး လိုက်ပါတယ် .


Saturday, January 30, 2010

mobile များအတွက် application များ

ဘာ Application များ ပါသလဲ ဆိုရင်တော့ ..
Adobe Reader
Aazan
Flash Player
FLV Player
Mundu Radio
IM+ v4.30
Shutdown Software
Flash Lite
iMate Suite PPC
Media Ham Mobile
.Net Framework 2.0
Nimbuz
Opera
Pocket TV
Real Player
VNC Viewer
Windows Mobiel Storage Manager
Real Player
Youtube Download
Youtube Player
Voice Twister
Smart Movie
English Oxford Dictionary
English Synonyms
Pocket Quake
Sompy Player
Windows Media Player Skins
tGPS
Airscanner Mobile Antivirus
Button max
Megasoft POcket Clock
MIRC
Opera 8.65
PC Cillin
Pocket Music Player
Smart Movie 3.31
SoftMem Maid
Speed Booster
tcp Music Player
Vito Voice Dialer.......and Many More

လိုချင်ရင်တော့ ထုံးစံအတိုင်း အောက်မှာ Download လိုက်ပါ . မနည်းကို တင်လိုက်ရတယ် .

flash drive ကို format ချမရရင်ဖြင့်

ညီငယ်တစ်ယောက် မေးထားတာလေးပါ . ပြန်ဖြေပေးလိုက်ပါတယ် .

ဒါကတော့ မိမိတို့ flash drive များကို format ချမရတဲ့ အခါမျိုးမှာ အခုတင်ပေးတဲ့ hp usb disk storage format tool ကို သုံးပြီး စမ်းကြည့်လိုက်ပါ . အသုံးပြုနည်းကတော့ လွယ်ပါတယ် . software ကို install လုပ်ပြီးတာနဲ့ ဖွင့်လိုက်ပါ . ပြီးတာနဲ့ မိမိ format ချမရတဲ့ storage device ရဲ့ Port ကို ရွေးပြီး type မှာ NTSC ကို ရွေးပြီးတော့ start ကို နှိပ်ပေးလိုက်ပါ . လွယ်ပါတယ် . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ .
(မှတ်ချက်။ ။pc တစ်လုံးတွင် format ချမရပါက တစ်ခြား pc တွင် အဆိုပါ program ကို install လုပ်ပြီး တစ်ခြား pc ဖြင့် format ချကြည့်ပါ .)


Friday, January 29, 2010

USB STORAGE DEVICE ခေါ် flash drive များကို ဘယ်လိုပိတ် ထားနိုင်မလဲ .

flash drive ကို ဘယ်လို ပိတ်ရမလဲ အစ်ကိုလို့ မေးထားတဲ့ ညီငယ်တစ်ယောက် အတွက် ပြန်ဖြေပေးလိုက်တာပါ .

ကျွန်တော်တို့ ပိတ်မယ့် usb port မှာ နှစ်မျိုးရှိတယ်လို့ အကြမ်းဖျင်း မှတ်ထားပေးပါ . usb port မှန်သမျှကို ပိတ်လို့ရတဲ့ နည်းလဲရှိပါတယ် . အခု ကျွန်တော်က အဲ့ဒီ့နည်းကို မသုံးချင်ဘူး . virus ၀င်မှာစိုးလို့ flash drive တွေကိုပဲ ပိတ်ထားမယ် . Printer, Scanner, webcom, စတဲ့ port တွေကိုတော့ အသုံးပြုခွင့်ပေးထားမယ် . ပိတ်မှာက storage device တစ်ခုတည်းကိုပဲ ပိတ်မယ် . storage device မှာ flah drive တင်မဟုတ်ပါဘူး တစ်ခြား external storage device တွေဖြစ်တဲ့ MP3 (or) MP4 Player, ipot, iphone, external HDD , Digital Camera စတာတွေကိုလဲ ပိတ်ထားမှာ ဖြစ်ပါတယ် . program မလိုဘဲ လတ်တလော menual နည်း နဲ့ လုပ်ကြည့်ကြရ အောင်ပါ .

လုပ်နည်း
  • Start >> Run ကို ခေါ်ပါ .
  • regedit ကိုရိုက်ထည့်ပြီး OK ပေးလိုက်ပါ .
  • Registry Editor Box ပေါ်လာရင် အောက်က အတိုင်း သွားလိုက်ပါ . အောက်မှာ
  • ပုံ(၁) နှင့် (၂) မှာ ပြထားပေးပါတယ် . မရှင်းရင် ပုံတွေကို ကလစ်နှိပ်လိုက်တာနဲ့ ပုံကြီးပေါ်လာ ပါလိမ့်မယ် HKEY LOCAL MACHINE >> SYSTEM >> CurrentControlSet >> Services >> USBSTOR ကို သွားပြီး ပုံနှစ်ထဲကအတိုင်း 2 ချက်နှိပ်လိုက်ပါ . box တစ်ခု ပေါ်လာပါလိမ့်မယ် .
  • အဲ့ဒီ့ Box မှာ ပေါ်နေတဲ့ နံပါတ်ကို "3" ကနေ "4" ကိုပြောင်းပေးလိုက်ပါ .



အဲ့ဒါဆိုရင် usb storage device များကို ပိတ်ထားပြီးသား ဖြစ်သွားပါပြီ . သူ့ကို အသုံးပြုခွင့် ပြန်ပေးမယ်ဆိုရင် "4" ကနေ "3" ကို ပြန်ပြောင်း ပေးလိုက်ပါ .

HotFile Auto Downloader v1.0

ဒါကတော့ hotfile link တွေကို premium account နည်းတူ စောင့်စရာ မလိုဘဲနှင့် Download လုပ်ပေးမည့် hotfile Downloader ပါ . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . အရင်ကလဲ premium account နည်းတူ Download လုပ်နည်းကို ဒီမှာ ရေးခဲ့ ပြီးပါပြီ . ဒီလို Downloader များဟာ hotfile downloader ဟာ hotfile download link များကို Download လုပ်ဖို့အတွက် ဖြစ်သလို rapidshare downloader ဟာလဲ rapidshare download link များကို Download လုပ်ဖို့အတွက် ပြုလုပ်ထားကြတဲ့ special tool များဖြစ်တဲ့အတွက် တစ်ခြား Download link များကို Download လုပ်ရာတွင် အခက်အခဲများ ကြုံရတတ်ပါတယ် . အဲ့ဒါကြောင့် တစ်ခြား link များကို Download လုပ်ဖို့အတွက် ကတော့ orbit downloader, download manager စတဲ့ Downloader များဖြင့် Download လုပ်ဖို့ တိုက်တွန်းချင်ပါတယ် . အခုတင်ပေးတဲ့ Downloader ဟာ hotfile link များအတွက် သီးသန့် ဖြစ်ပါတယ် . အဆင်ပြေကြပါစေ .


Valentine’s Day

ချစ်သူများနေ့ အတွက် ထပ်ပြီး တင်ပေးလိုက်ပါတယ် . valentime's day အတွက် အမှတ်တရလေးတွေ ဖြစ်သွားအောင် ပေးချင်သူများ အတွက် လှလှလေးတွေ တင်ပေးလိုက်ပါတယ် . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ . တစ်ဖိုင်တည်းကို တင်ပေးလိုက်တာ ဖြစ်တဲ့အတွက် Download လုပ်သူများ Downloader တစ်ခုခုဖြင့် ခံပြီးတော့မှ Download လုပ်စေချင်ပါတယ် .


2009 ခုနှစ်ထုတ် computer journal များ

ဒါကတော့ ကျွန်တော် ဒီနေ့မှ ကိုကျော်မြင့်ဦး ဆိုက်ကနေ ရလာတဲ့ ကွန်ပျူတာ 2009 ဂျာနယ်တွေပါ . မြန်မာပြည် ကနေ ၀ယ်မဖတ်နိုင် သူများ နှင့် နိုင်ငံခြားရောက် ညီအစ်ကိုများ အတွက် အဆင်ပြေအောင် တစ်ခါတည်း တင်ပေး လိုက်ပါတယ် . အဆင်ပြေတဲ့ Link ကနေသာ Download လုပ်လိုက်ပါ . အဆင်မပြေရင် ပြောလို့ရပါတယ် .


2009 ဇန်န၀ါရီလထုတ် ကွန်ပျူတာဂျာန
ယ် >> Download
2009 ဖေဖော်ဝါရီလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 မတ်လထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 ဧပြီလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 မေလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 ဇွန်လထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 ဇူလိုင်လထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 သြဂုတ်လထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 စက်တင်ဘာလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 အောက်တိုဘာလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 နိုဝင်ဘာလထုတ် ကွန်ပျူတာဂျာနယ် >> Download
2009 ဒီဇင်ဘာလထုတ် ကွန်ပျူတာဂျာနယ် >> Download

Thursday, January 28, 2010

Deep Freeze ကို ဘယ်လို ပြန်ဖြုတ်မလဲ

Kyaw : DeepFreeze software ကို ဖျက်နည်းလေးတွေ သိချင်ပါတရ် သူများတကာ တွေက မိမိစက် (သို့) တဦးတယောက်ရဲ့ စက်အား DeepFreeze ကိုတင်ထားလျှင် Password မသိဘဲ ပြန်ဖြုတ်မယ်ဆိုရင် ဘယ်လို ပြုလုပ်ရပါလဲ ကျေးဇူးတင်ပါတရ် ..


Deep Freeze ရဲ့ Admin Password မေ့သွားသူများ အတွက် နည်း (၂) နည်းနဲ့ ပြန်ဖြုတ်နည်းကို ရေးပေးလိုက်ပါတယ် . တစ်နည်းနဲ့ မရရင် တစ်နည်းနဲ့ လုပ်ပါ . အပေါ်ကနည်းကို မလုပ်တတ်ရင် နောက်ဆုံး တစ်နည်းနဲ့ လုပ်ကြည့်လိုက်ပါ . အပေါ်နည်းနှင့် မလုပ်ဘဲ နံပါတ်(၂) နည်းကို တစ်ခါတည်း လုပ်လဲ ရပါတယ် . အဆင်ပြေသလိုလုပ်ပါ .



ပထမတစ်နည်း
မိမိတင်ထားသည့် Deep Freeze ကို your uninstaller ကိုသုံးပြီး uninstall လုပ်ပါ။
urinstaller မရှိရင် ဒီမှာ ယူလိုက်ပါ .
ပြီးတာနဲ့ system restore ကို သူမသုံးခင်နေ့ကကိုပြောင်းပါ။
ပြီးရင် restart လုပ်ပါ။


ဒုတိယတစ်နည်း
Unfreezer for Deep Freeze ဆိုတဲ့ program တစ်ခုကို အသုံးပြုပြီး ပြန်ဖြုတ်တဲ့ နည်းပါ . အဲ့ဒီ့နည်းကတော့ Admin Password မေ့သွားတဲ့ သူတွေအတွက်ကို အဆင်ပြေပါတယ် . အောက်မှာ တင်ပေးထားပါတယ် .

Download up4vn

ဘာ့ကြောင့် ဟန်းဖုန်းမှာ memory card error ပေါ်သလဲ

မဖြူဖြူအောင် : ကျွန်မဟန်းစက်က လည်းကွန်ပျူတာနဲ. joinတဲ့ကြိုး မရှိပါဘူး။ ဒါကြောင့်ဖုန်းက memory cardကိုထုတ်ပြီး card reader နဲ.ပဲသီချင်းတွေကို လိုသလို ထည့်ပါတယ်။ နေ.တိုင်းလိုလို ကျွန်မနားထောင်ချင်တဲ့ သီချင်းကိုထည့်ဖို. memory cardကို ထုတ်ဖြစ်ပါတယ်။ အဲလိုနဲ. ထုတ်လိုက် ထည့်လိုက်လုပ် ဖြစ်ပါတယ်။ ကျွန်မဟမ်းစက်ကအရင်ကဆို camera ပါရိုက် လို.ရပါတယ်။ အခု system error ဆိုတာပေါ်ပေါ် နေပြီး ဓာတ်ပုံ ရိုက်လို. မရတော့ဘူး ဖြစ်နေပါတယ်။ ရိုက်ရင်လည်း memory ပြည့်နေလို. အခြားဖိုင်တွေ ဖျက်ပါလို.ပဲ ပေါ်ပေါ် လာပါတယ်။ ဒါနဲ. ကျွန်မလည်း ရှိသမျှဖိုင်တွေကို ဖျက်လိုက်ပါတယ်။ အဲလိုဖျက်လည်း အခြားဖိုင်တွေ ဖျက်ပါလို.ပဲ ပေါ်လာပါတယ်။ အဲဒါဘာဖြစ်လို.လဲ ဆိုတာ ကျွန်မသိချင်လို.ပါ။ ကျွန်မကို ပြောပြပေးပါနော်. ... memory card က ဘာဖြစ်လို.လဲ မသိပါဘူး။ ဒါကြောင့်ပါ။

အဲ့ဒါကတော့ ကျွန်တော့်ကို မေးလ်ကနေ ပို့ပြီး မေးလာတဲ့ မဖြူဖြူအောင်ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ မေးခွန်းတစ်ခုပါ . ကျွန်တော် မေးလ်ပြန်ပို့ပြီးတော့ မဖြေပေးတော့ပါဘူး . ဒီမှာပဲ ပို့စ်တင်ပြီး ဖြေပေးလိုက်ပါတယ် .

ကျွန်တော်တို့ ဟန်းဖုန်းသုံးတဲ့သူတွေ သတိမထားမိတဲ့ အချက်ကလေးကို ထောက်ပြရင်းနဲ့ ပို့စ်တင်လိုက်တာပါ . ဟန်းဖုန်းတွေကို သုံးတဲ့အခါမှာ memory မှာ external memory နဲ့ internal memory ဆိုတာ နှစ်မျိုးရှိပါတယ် . external ကတော့ card လေးတွေပေါ့ . internal memory ကတော့ ဟန်းဖုန်း ၀ယ်တုန်းက သူ့ရဲ့ ဖုန်းထဲမှာကို ပါတဲ မူရင်း memory ပါ . bluetooth နဲ့ပဲ ပို့ပို့၊ ကင်မရာပဲ ရိုက်ရိုက် မူလအစပထမမှာ phone memory ထဲကို သွားသွားသိမ်းနေ ပါတယ် . အဲ့ဒါကို ကျွန်တော်တို့အနေနဲ့ card card memory ထဲကို ပြန်ပြီးတော့ ပြောင်းထည့်ပေးရပါတယ် . အခုပေါ်နေတဲ့ error များဟာ phone ရဲ့ မူရင်း memory card ထဲမှာ ဖိုင်ပြည့်နေလို့ ပေါ်တဲ့ error ပါ . ကျွန်တော်တို့က ဖုန်း memory card ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေ သီချင်းတွေ နှင့် အခြားဖိုင်တွေကို card ထဲကို move လုပ်ပေးပါ . မဟုတ်ရင်လဲ ဖျက်ပစ်ပါ . bluetooth နဲ့ ပို့တဲ့အခါတွေမှာ memory card (external memory) ထဲကို တစ်ခါတည်း မရောက်ပါဘူး . ဖုန်း memory ထဲကို အရင်ရောက်ပြီးမှ card ထဲကို ပြန်ပြောင်းထည့်ပေးလိုက်ပါ . အဲ့ဒါဆိုရင် ဖိုင်တွေ ထပ်ထည့်တာတို့၊ ဓါတ်ပုံ ရိုက်တာတို့ ကို ပြန်ပြီး လုပ်လို့ ရသွားပါလိမ့်မယ် .

Wednesday, January 27, 2010

Card Recovery v5.30 Build 1206

ဒါကတော့ ကျွန်တော်တို့ memory card ထဲက ပုံတွေ မှားပြီး ဖျက်မိတာမျိုးတွေ . ဖျက်မိပြီးခါမှ ပြန်လိုချင်တာမျိုးတွေ အတွက် ပါ . အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ် .

Features:

Recover deleted photos from memory cards.
Recover lost photos from memory cards.
Recover photos from formatted memory cards.
Recover photos from damaged, unreadable or defective memory cards.
Recover pictures from removable storage including floppy disks, Zip disks etc.
Recover images, audio/video, MP3/MP4 files from cellular phones, MP3 players, PDAs.

Download mediafire

Tuesday, January 26, 2010

christmax brush

လိုချင်သူများ Download လုပ်ယူနိုင်ပါတယ် . Photoshop brush ကို လေးတွေကို တစ်စုတစ်စည်းတည်း ဖြစ်သွားအောင် လို့ တစ်ခါတည်း တင်ပေး လိုက်တာပါ . ကောင်းနိုးရာရာလေးတွေကို စုစည်းပေးပါဦးမယ် .

Waterfalls

ဒါကတော့ ရေတံခွန်ပုံ brush တွေပါ . လိုချင်ရင်တော့ အောက်မှာ ကိုင်ထည့် လိုက်ပါ . ရှု့ခင်းဒီဇိုင်း ဆွဲတဲ့ ဒီဇိုင်းနာ တွေအတွက်တော့ ဒါလေးတွေက လိုအပ်ပါတယ် .


3D Formation

Autocad သများများတော့ သိမှာပါ . 3D ဒီဇိုင်းပုံစံ photoshop brush လေးတွေပါ . အတော်လေး လှပါတယ် . ဘာရယ် ဘာရယ်တော့ မဟုတ်ဘူး . လိုအပ်တယ် ထင်ရင်တော့ ကိုင်ထည့်လိုက် . အောက်မှာ တင်ပေးထားတယ် .


Beyond the Mist (brush)

ဒါကတော့ ရှု့ခင်းတို့ သစ်တောပုံစံလေးတို့ အတွက် လုပ်ထားတဲ့ brush ပါ အတော်လေးကို လှပါတယ် . ပန်းချီခံစား တတ်တဲ့သူတွေ ကတော့ အတော်လေး ကောင်းတယ်ပြောတာပဲ . ကျွန်တော်ကတော့ သိပ်ပြီးတော့ အဲ့လိုမျိုး ပန်းချီဆန်ဆန် မတွေ မခံစားတတ်ဘူး . လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် .

Download Beyond the Mist

Tree Brush

ဒါကတော့ Photoshop tree brush ပါ . လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ် .


Download Tree Brush

Borders Brush

Photoshop Brush လေးပါ စိတ်ဝင်စားတဲ့သူများ Download လုပ်ယူနိုင်ပါတယ် . အောက်မှာ လင့်အသစ်နှင့် တင်ပေးထားပါတယ် . အဆင်ပြေတဲ့ လင့်သာ Download လုပ်ယူကြပါ .

Download up4vn

ကဲ ဒီနေ့တော့ link အသစ်ကလေးနဲ့ မိတ်ဆက်လိုက်ပါတယ် . အဲ့ဒီ့ Link လေးထဲမှာပဲ ကျွန်တော်တို့ အားလုံးနှင့် အဆင်ပြေတဲ့ RapidshareMegauploadDeposite filesMediafireifile.ithotfile တစ်ခါတည်း ပါထားပြီးသားပါ . အဆင်ပြေတဲ့ link နဲ့သာ Download လုပ်လိုက်ကြဗျာ .

Download Dragon Brush

Monday, January 25, 2010

Realtek High Definition Audio Driver R 2.41

အသံမလာတဲ့ ညီအစ်ကိုများရဲ့ pc ကို အခုတင်ပေးလိုက်တဲ့ realtek high definition audio driver ကိုသာတင်လိုက် မရတဲ့အသံ ထွက်လာလိမ့်မယ် .

Download Driver for Windows 2000, Windows XP/2003 (32/64 bits)



Download Driver for Windows 7/ Vista (32/64 bits)


NVIDIA Forceware 195.62



NVIDIA Forceware 195.62 WHQL Xp 32
(This software requires Windows 2000, Windows XP, or Windows 2003 Server.)


Download Direct link


NVIDIA Forceware 195.62 WHQL XP 64
(This software requires XP 64. 108.Mp)

Download Direct link


NVIDIA Forceware 195.62 WHQL Vista 32
his software requires Windows Vist



NVIDIA Forceware 195.62 WHQL Vista 64
(This software requires 64-bit Windows Vista.)

Download Direct link

Desinger တိုင်း လိုချင်ကြတဲ့ Vector Stars and Bubbles Brushes များ

.ကျွန်တော် ရှာနေတာ ကြာပါပြီ ရှာလို့ မတွေ့နိုင်ဘူး ဒီနေ့ညမှ ရှာရင်းနဲ့ ကံကောင်းတော့ သွားတွေ့တယ် . တွေ့တွေ့ချင်း ၀မ်းသာသွားတယ် . ချက်ချင်းပဲ တင်ပေးလိုက်ပါတယ် .

Download ifile.it | Download mediafire | Downld multiupload

သစ်သီး ပုံ ဒီဇိုင်းများ

သစ်သီးနှင့် ပတ်သက်သည့် ဒီဇိုင်းများ၊ ပိုစတာများ လုပ်ချင်သူများ အတွက် google ကနေ ရှာစရာမလိုအောင်လို့ တင်ပေးလိုက်ပါတယ် . ဒီနေ့ menu စာအုပ် လုပ်ဖို့ လိုက်ရှာရင်းနဲ့ တွေ့တဲ့ ဟာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ယူလိုက်ပါ . အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် .

Download hotfile | Download uploading | Download rapidshare | Download mediafire | Download extabit

ဒါကတော့ အခုနောက်ပိုင်း လူသုံးများလာတဲ့ ဖိုင်ခွဲတဲ့ program တစ်ခုပါ . win rar တို့ win zip တို့နဲ့ ဖိုင်ခွဲလို့ရတာပဲ . ပြန်ဆက်လို့ ရတာပဲလို့ အတွန့်တက်လာ နိုင်ပါတယ် . ဘာ့ကြောင့် သူ့ကိုမှ သုံးရတာလဲဆိုရင် win rar တို့ win zip တို့နဲ့ ဖိုင်အကြီးကြီး (ဥပမာ DVD တစ်ချပ်ကို) 50 MB စီရှိတဲ့ ဖိုင်လေးတွေ ပြန်ခွဲထုတ် ချင်တယ်ဆိုရင်တော့ hjsplit နဲ့မှ မဟုတ်ရင် file ပြန်ပြီး ဖြည်တဲ့အချိန်ကျရင် error တွေ တက်တတ်ပါတယ် . Download လုပ်တုန်းက လုပ်ပြီးခါမှ error တက်နေရင် ရင်ကျိုးရချည်ရဲ့ မဟုတ်ဘူးလား . အခု ဒီကောင်လေးက ဘာ error မှ မဖြစ်ဘဲနှင့် အကောင်းဆုံး ခွဲ/ဆက် အလုပ်ကို လုပ်ပေးနိုင်ပါတယ် . သူ့ကို Install လုပ်စရာမလိုပါဘူး . သူ့ကို အသုံးပြုနည်းကို အရင်က ရေးခဲ့ပြီးပါပြီ . သူနဲ့ ဖိုင်တွေကို ခွဲထုတ်ရင် နောက်ဆုံးက 001, 002,003 အဲ့လိုမျိုး ဆုံးပါတယ် . အဲ့တော့ အကြမ်းဖျင်း သိထားရမှာက .rar နဲ့ဆုံးရင် win rar နဲ့ ဖိုင်ခွဲထားတယ်၊ .zip နဲ့ ဆုံးရင် win zip နဲ့ ဖိုင်ခွဲထားတာ၊ အဲ 001, 002,003 နဲ့ ဆုံးနေတဲ့ ဖိုင်တွေကို မြင်ရင် ဘာမှမတွေးနဲ့ အဲ့ဒါ hjsplit နဲ့ ဖိုင်ခွဲထားတာ အဲ့တော့ hj split နဲ့ပဲ ပြန်ဆက်လို့ရမယ်လို့ သိလိုက်ရင် အိုကေသွားပါပြီ .

Download ifile.it | Download mediafire | Download rapidshare

Sunday, January 24, 2010

selection icons (70)

ဒါကတော့ ကျွန်တော် selection ရွေးထားတဲ့ icon အခု 70 ကျော်ပါ . အရမ်းကြိုက်လို့ သီးသန့် ခွဲထားတာ . အတော်လေးကို လှတယ် . လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ပါ . အားလုံး အဆင်ပြေပါစေ .

Download ifile.it | Download mediafire | Download multiupload | Download rapidshare

The Last Order

ဒါကတော့ အရမ်းလှတဲ့ icon လေးတွေ စုပေးထားတာပါ . ဒီဇိုင်းနာများ အတွက် လိုအပ်ပါတယ် . လိုချင်လျှင် အောက်မှာ Download လုပ်လိုက်ပါ . ဘာပုံလေးတွေလဲ သိချင်ရင် အဲ့ဒီ့ပုံကို ကလစ်လိုက်ပါ ပုံကြီး ထွက်လာပါလိမ့်မယ် .


Download mediafire | Download multiupload

Saturday, January 23, 2010

Desinger များအတွက် သစ်သား ဒီဇိုင်းများ

Photoshop Design များအတွက် လိုရမယ်ရ ဖြစ်အောင် ကျွန်တော် သစ်သားပုံစံ အမျိုးမျိုးကို လိုချင်သူများ အတွက် တင်ပေးလိုက်ပါတယ် . ဒီဇိုင်းနာများ အတွက်တော့ ဒီဇိုင်းနှင့် ပတ်သက်တာ မှန်သမျှကတော့ လိုအပ်နေပြီးရင်း လိုအပ်နေဦးမှာပါ . ကဲ အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် . နောက်ပိုင်းလဲ Photoshop နဲ့ ပတ်သက်တာတွေကို တင်ပေး ပါဦးမည်.


Download ifile.itDownload mediafire

Friday, January 22, 2010

OpoSoft Video Converter Professional v5.0

ကဲ ဒါလေးကတော့ အတော်လေး ကောင်းလို့ တင်ပေးလိုက်ပါပြီ . ဘာ ကောင်းတာ လဲဆိုရင် တစ်ခြား video converter များလို convert ကိုတင် လုပ်တာ မဟုတ်ဘဲ . movie များကို မလိုချင်တဲ့ အပိုင်းများကို ဖြတ်ပစ်တာတို့ အလင်း အမှောင် ချိန်တာတို့ စတဲ့ effect များကိုပါ ပြုပြင်လို့ ရပါသေးတယ် .

AVI, DivX, XviD, MPEG, MPG, MPE, DAT, WMV, ASF, RM, RMVB, OGM, MP4, FLV, 3GP, MKV, VOB ,MOV etc. ၊ High-Definition video ဖိုင်များ (H.264/MPEG-4 AVC, AVCHD Video (*.m2ts, *.mts)၊ Apple TV h.264 720P, MKV, HD WMV, MPEG2/MPEG-4 TS HD Video, etc) များကိုပါ convert လုပ်ပေးပါတယ် . ဒါ့အပြင် DVD format မှတစ်ဆင့် ပေါ်ပျူလာ ဖြစ်နေတဲ့ AVI, MPEG, WMV, MP4, FLV, H.264/MPEG-4 AVC, DivX, XviD, MOV, ASF, MPEG-1, MPEG-2, MPEG-4, VOB စတဲ့ format များကိုလဲ ပြောင်းပေးနိုင်ပါတယ် . ကြည့်ကျက်ပြီးသာ ကိုင်လိုက်ကြပါ . လွယ်ပါတယ် .

Wond.YouTube.Down.1.3.10.1

ဒါကတော့ Youtube.com ဆိုက်ကနေ တင်ထားတဲ့ movie တွေကို Download လုပ်တဲ့ downloader ပါ . အဆင်ပြေပြေနဲ့ Download လုပ်ယူနိုင်ပါတယ် . real player မရှိသူများ ဒါလေးနှင့် Download လုပ်ယူလို့ရပါတယ် . လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ .

Download ifile.itDownload mediafire

Thursday, January 21, 2010

GoldSolution PC Auto Shutdown v4.1

ကွန်ပျူတာကို auto ပိတ်ချင်သူများ အတွက် နောက်ထပ် တစ်ခု တင်ပေးလိုက် ပါတယ် . လိုချင်သူများ အောက်မှာ Download လုပ်လိုက်ပါ . အဆင်ပြေ ကြလိမ့်မယ်လို့ ထင်ပါတယ် .

Download mediafire

Uninstall Tool 2.9.5

တစ်ချို့ program တွေ မိမိ pc ကနေ uninstall လုပ်ပေးတဲ့ program တစ်ခုပါပဲ . ကျွန်တော် အရင်က ရှင်းပြထားဖူးပါတယ် . အဲ့ဒါကြောင့် အသေးစိတ် မရှင်းပြတော့ပါဘူး . လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ .

Windows 2000, XP, 2003, Vista and Windows 7 ( 64-bit အပါအ၀င်) အားလုံးကို support လုပ်ပါတယ် .


Download ifile.itDownload mediafire

Proxy Pro v7.0.1515

Year / Release year: 2010
OS / OS: Windows 7/Windows Vista / Windows XP / Server 2008 R2/Server 2008/Server 2003

Language
/ Language: English
Medicine / Activation / Crack / Serial / etc: present / present


 Download mediafire

လှလှပပ Animation ပုံလေးတွေ စုပေါင်းစပ်ပေါင်း

လှလှပပ ပုံလေးတွေ ကို တင်ပေး လိုက်ပါတယ် . . အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ် . ဟန်းဖုန်း ထဲကိုလဲ ထည့်ထားလို့ ရပါတယ် . ကျွန်တော် ကတော့ ကြိုက်တယ် . အခုပုံလေး တွေကို အဆင်ပြေမယ် ဆိုရင် အောက်မှာ Download လုပ်လိုက်ပါ .

Download mediafire

Internet Download Manager 5.18 Build 7

ကဲဒါကတော့ (Jan 20, 2010) က ထုတ်တဲ့ 5.18 build 7 ပါ . window 7 ကို support လုပ်ပါတယ် . ဟိုတစ်နေ့က ဘယ်သူလဲမသိဘူး တောင်းထားပါတယ် . ကဲအဆင်ပြေကြပါစေ . လိုချင်ရင်တော့ အောက်မှာ Download လုပ်လိုက်ပါ .


Download ifile.itDownload mediafire

Wednesday, January 20, 2010

ပေးထားတဲ့ DL link တွေကို ဘယ်လို Download လုပ်ယူမလဲ

အရင်က ဒါကို မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတာပါ မေးလ်တွေနဲ့ မေးကြ၊ box မှာ လာမေးကြနဲ့မို့ ကျွန်တော် ပို့စ်တင်ပြီး ဖြေပေးလိုက်ပါတယ် . ကျွန်တော့်ဆိုက်မှာ Download လုပ်ဖို့ ပေးထားတဲ့ link တွေကို tinpyaste ရဲ့ page ထဲမှာ ထည့်ထားပါတယ် . ဘာကြောင့်လဲဆိုရင် ကျွန်တော်တင်ထားတဲ့ ဖိုင်တွေကို Google ကနေ ရှာရင် မတွေ့အောင်လို့ပါ . ပြီးတော့ Download လုပ်ရမယ့်လင့်တွေ များနေရင် Part(1) Part(2) Part(3) ဆိုပြီး အပိုင်းတွေမခွဲတော့ဘဲ အဲ့ဒီ့ tinypaste ထဲမှာပဲ အားလုံး ပေါင်းပြီးတော့ ထည့်ပေးထားပါတယ် . အခု ကျွန်တော် အောက်ကဖိုင်လေးကို Download လုပ်ပြပါ့မယ် .

Download ifile.it

အပေါ်က Download ifile.it ကို နှိပ်လိုက်တာနဲ့ http://tinypaste.com/468ae ဆိုတဲ့ tinypaste ရဲ့ စာမျက်နှာ တစ်ခုကို ရောက်သွားမှာပါ . ကျွန်တော်တို့ တစ်ကယ် Download လုပ်ရမယ့် ifile.it ရဲ့ link ကို အဲ့ဒီ့ ပေါ်လာတဲ့ tinypaste ရဲ့ စာမျက်နှာမှာ သေချာ ပြန်ကြည့်လိုက်ပါ . တွေ့ပါလိမ့်မယ် . အဲ့ဒီ့ ifile.it rapisharemediafireMegauploadmultiupload စတာတွေရဲ့ Download link တွေအားလုံးကို အဲ့ဒီံ tinypaste မှာပဲ ထည့်ထားမှာ ဖြစ်ပါတယ် . ဘယ်လို Download ဆက်လုပ်ရမလဲ ဆိုတာကိုတော့ ဒီမှာ ရေးထားပြီးသားပါ .

Tuesday, January 19, 2010

Malwarebytes_Anti-Malware.1.44 with serials

ကဲ လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ . အရင်ကလဲ တင်ပေးခဲ့ပြီး ပါပြီ . အဆင်ပြေကြမယ် လို့ မျှော်လင့်ပါတယ် . ဒါကတော့ security အတွက် anti virus program ပါ . သူကတော့ malware antivirus အတွက် သီးသန့်ကို ထုတ်ထားတာပါ . အမြန်ဆုံး သတ်ပေးနိုင်ပါတယ် . malware မှန်သမျှအားလုံး နီးပါးကို သတ်ပေးနိုင်ပါတယ်.

Download ifile.it ၊ Download mediafire

Rapidshare No limit 2010

ကဲ ဒါလေးကတော့ rapidshare hosting site က ဖိုင်များကို စောင့်စရာမလိုဘဲနှင့် Download လုပ်လို့ရတဲ့ Downloader ပါ . အထဲမှာ License အတွက်တော့ ပါပြီးသားပါ . အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် .

Download ifile.it
Download mediafire

Monday, January 18, 2010

Deep Freeze Standard v6.61.20.2822 with serial

Deep Freeze အတွက် တောင်းတဲ့ သူများကို အရင်ကလဲ တင်ပေးထား ပါတယ် . အခု Deep Freeze Standard v6.61.20.2822 အတွက် serial ကိုပါ ထည့်ပေးထား ပါတယ် . အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ် . Deep freeze ကို ဘာ့ကြောင် လူတော်တော် များများ နှစ်သက်ကြသလဲ ဆိုရင်တော့ သူက virus အတွက်ပဲဖြစ်ဖြစ်၊ မှားယွင်းမှုတစ်ခုခုကြောင့် မိမိတင်ထားတဲ့ program တွေကို ပျက်ဆီးသွား တာမျိုးပဲ ဖြစ်ဖြစ်၊ မလိုအပ်တဲ့ program တွေကို ကိုကမသိဘဲနဲ့ တင်မှာစိုးလို့ စိုးရိမ်နေတာ ဘဲဖြစ်ဖြစ် အခုပေးထားတဲ့ Deep freeze ကိုသုံးလိုက်ပါ အဆင်ပြေသွား ပါလိမ့်မယ် . သူ့ကို ဘယ်လို သုံးတယ်ဆိုတာ ကိုတော့ မြန်မာလို ရေးထားတဲ့ စာအုပ်တင်ထား ပေးပါတယ် . ဒီမှာ သွားပြီး Download လုပ်လိုက်ပါ .

Download mediafire

Thursday, January 14, 2010

On The Road Icons

ကဲ နောက်ထပ် icons အစု တစ်ခုပါ လိုတဲ့နေရာမှာ သုံးလို့ရအောင်ပါ . ဒီဇိုင်း သမားများ အတွက် icon ကောင်းကောင်းလေး တွေက မရှိမဖြစ် လိုအပ်မှာမို့ တင်ပေးလိုက်တာပါ .


Download ifile.it ၊ Download mediafireDownload multiuploadDownload 4shared

ESET NOD32 Antivirus 4.0 (32 & 64)

ကဲ ကျွန်တော် 32 နှင့် 64 အတွက် နှစ်မျိုးစလုံးအတွက် တင်ပေး လိုက်ပါတယ် . အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် . ကျွန်တော် antivirus program တွေကို အစုံ တင်ပေးထား တာကတော့ အဆင်ပြေတာနှင့် မိမိနှစ်သက်တာကို သုံးကြည့်စေချင်တဲ့ စေတနာနဲ့ တင်ပေးထား တာပါ . ကြိုက်တယ် မကြိုက်ဘူး အားနည်းတယ် အားသာတယ် ဆိုတာကို ကျွန်တော် အကြိုက်လိုက်ပြီး ရွေးတာထက် အသုံးပြုသူ ကိုယ်တိုင် ဆုံးဖြတ်ပြီး ရွေးစေချင်တဲ့ ဆန္ဒနဲ့ပါ .

ESET NOD32 Antivirus 4.0 for 32

Download ifile.it ၊ Download mediafire

ESET NOD32 Antivirus 4.0 for 64

Download ifile.it ၊ Download mediafire