This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, July 25, 2010

Internet Download Manager 5.20

ဒါကတော့ Internet Download Manager 5.20 ဖြစ်ပါတယ် Download Manager တွေတော့ အများကြီး ရှိနေပါပြီး ဒါက အသစ်တွေ့လို့ တင်ပေးလိုက်တာပါ ကျွန်တော် ပေးစရာတွေ အများကြီး ရှိပါသေးတယ် စိတ်ဓါတ်ကျ သွားလို့ မတင်တော့တာပါ ဒါပေမဲ့ တတ်နိုင် သလောက်တော့ တင်ပေးနေမှာ ကျွန်တော် မတင်တော့တဲ့ နေ့ကြရင်တော့ ကျွန်တော် အွန်လိုင်းနဲ့ အဝေးကို ရောက်သွားပါပြီး အဲ့ဒီအခါ ကြရင် ကျွန်တော် အားလုံးကို နှုတ်ဆက် သွားမှာပါ ကဲဗျာ ရှာရှည်သွားပြီး Internet Download Manager 5.20 လိုချင်ရင် အောက်မှာ ဒေါင်းယူလိုက်ပါ။ 7.14mb

Download ifile.it | Download mediafire

Wednesday, July 21, 2010

Advanced Office Password Recovery

ဒါကတော့ ညီလေး တစ်ယောက်က Excle password recover software တောင်းထားလို့ ကျွန်တော် တင်ပေးလိုက်ပါတယ် ဒါက Excle တစ်မျိုး မကပါဘူး Office File တော်တော်များများ password recover လုပ်လို့ရပါတယ် ဒါကြောင့် စာဖတ်သူတွေလဲ လိုရင် ယူသုံးလို့ရအောင် တင်ပေးလိုက်ပါတယ် ကျွန်တော်လဲ မအားလို့ ပိုစ်မတင်ဖြစ်တာ ကြာပါပြီး ကဲညီလေးရေ ဒါလေးနဲ့ စမ်းကြည့်လိုက်ပါ အဆင်ပြေမယ်လို့ တင်ပါတယ် လိုချင်ရင် အောက်မှာ ကြိုက်တဲ့ လင့်ကနေ ဒေါင်းယူလိုက်ပါ အဆင်ပြေပါစေ။ 2.77mb

Download ifile | Download mediafire

Monday, July 19, 2010

မှော်ဆရာရဲ့ သတို့သမီး

အရောင်မဆိုးတဲ့ ရိုးသားမှုတစ်ချို့ကို
မှောင်မိုက်တဲ့ နွေရာသီတွေအထိ
ရွက်လွှင့်ခိုင်းခဲ့တယ်
......
အိပ်မက်တွေသာ

စကားပြောတတ်မယ်ဆိုရင်
မနက်ဖြန်တွေကို တံခါးပိတ်လိုက်ချင်တယ်
......
တိမ်တိုက်တွေ မငိုကြွေးတတ်ပေမယ့်

မိုးစက်တွေကို တေးဆိုတတ်စေဖို့
သူတို့.....သင်ကြားပေးခဲ့ကြတယ်
.....

ခေါင်းစဉ်မရှိတဲ့ ရင်ခုန်သံတွေကို
ပန်းပင်လေးတစ်ပင်လို ပေါင်းသင်းနေတယ်
....

ဘာပဲဖြစ်ဖြစ်..... သတို့သမီးရေ ......
ကြယ်စင်တွေ ခရီးမထွက်ခင် အချိန်ထိ
အတူတူ ရှိနေခွင့်ပြုပါ......

လမင်းသစ်...........

Saturday, July 3, 2010

Windows ကို Update ဘယ်လိုပိတ်ရမလဲ

ဒီတစ်ခါတော့ Windows တွေကို Update ဘယ်လိုပိတ်ရမလဲ ဆိုတဲ့ မေးခွန်းလေးကို ကျွန်တော် ပြန်ဖြေပေးလိုက်ပါပြီး အစက မဖြေပေးတော့ဘူးလို့ နေလိုက်တာ မေးလာတာများတော့လဲ ဘယ်နေနိုင်မလဲ ဖြေပေးရတာပေါ့ ကျွန်တော် ပြန်တွေးကြည့်တော့လဲ သိပြီးသားသူတွေရှိသလို မသိတဲ့သူတွေလဲ ရှိနေသေးတယ်ဆိုတာကို ကျွန်တော် မေးလ်ကို ပြန်ဖွင့်ကြည့်လိုက်ရတယ် ဒါကြောင့် မသိလို့ ကျွန်တော်တို့ကို အားကိုးတကြီးနဲ့ မေးလာတဲ့ ညီအစ်ကို မောင်နှစ်မများ အတွက် ကျွန်တော် ဖြေပေးလိုက်ပါပြီး သေချာဖတ်ပြီး လိုက်လုပ်ကြည့်ပါ မသိတာလေတွေရှိရင်လဲ ကျွန်တော်တို့ကို မေးလို့ရပါတယ် အားရင်ဖြေပေးမှာပါ မအားတဲ့အခါ ဆိုရင်လဲ နားလည်ပေးကြပါ ..

windows 7 off update
ဒါက windows7 အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ဝင်လိုက်ပါ ပြီးရင်
၂။ ညာဘက်က အပေါ်မှာ Category မှာ ကလစ်ပြီး Large icons ကို ကလစ်လိုက်ပါ ပြီးရင်

၃။ အောက်ဆုံးမှာကြည့်လိုက်ပါ Windows Update ဆိုတာကို ကလစ်လိုက်ပါ ပြီးရင်
၎။ ဘယ်ဘက်မှာပြန်ကြည့်ပါ Change settings ကိုကလစ်လိုက်ပါ ပြီးရင် Important updates ရဲ့အောက်နားက ဘားလေးကို Never check for updates (not recommended) ကို ရွေးပေးလိုက်ပါ ပြီးရင် OK ပေးလိုက်ပါ။

windows vistar off update
ဒါကတော့ windows vistar အတွက် အောက်ပါအတိုင်း လုပ်လိုက်ပါ။
၁။ အရင်ဆုံး Control Panal ဝင်လိုက်ပါ ပြီးရင်
၂။ ဘယ်ဘက် အပေါ်မှာ Control Panal Home ကိုကလစ်လိုက်ပါ ပြီးရင်
၃။ Security မှာ အောက်က Check for updates ကို ကလစ်လိုက်ပါ ပြီးရင် ဘယ်ဘက်မှာ Change settings ကိုကလစ်လိုက်ပါ ပြီးရင်
၅။ Never check for updates (not recommended) ကို ကလစ်လိုက်ပါ ပြီးရင် OK ကိုသာနိပ်လိုက်ပါ။

windows xp off update
ဒါကတော့ windows xp အတွက် အောက်ပါအတိုင်း လိုက်လုပ်ပါ။
၁။ အရင်ဆုံး Control Panel ကိုဝင်လိုက်ပါ ပြီးရင်
၂။ Control Panel ထည်းမှာ Security Center ကိုရှာ တွေ့ရင်ကလစ်လိုက်ပါ
၃။ ပေါ်လာမယ့် ဝင်းဒိုးမှာ အောက်မှာဆုံးမှာကြည့်လိုက်ပါ Automatic Updates ဆိုတာကို ကလစ်လိုက်ပါ
၎။ နောက်ထပ်ဝင်ဒိုးမှာ Turn off Automatic Updates. ကို ကလစ်ပေးပြီး OK ပေးလိုက်ရင်ရပါပြီး။

ကဲဗျာ ဒီလောက်ဆို အဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ် လိုက်လုပ်ကြည့်ပါ update ကွိုင် မှ ကင်းဝေးကြပါစေ။