Monday, August 2, 2010
ပင်လယ်
“ပင်လယ်”
ပုဇွန်ဆီရောင် နေလုံးက “ငါ့ကို” နှုတ်ဆက်တယ်....
မကြာခင် သူလည်း
တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မှာပါ....
မြစ်တစ်စင်းရဲ့ ကွေ့ကောက်တဲ့ အကြည့်တွေကို
“ငါက” မမြင်ချင်ယောင် ဆောင်နေတယ်....
ဘာဖြစ်လို့လဲဆိုတော့
“ငါ့ရဲ့” ပခုံးပေါ်မှာ ကျွန်းတွေ ရှိနေတာကိုး....
“ငါက” ကြည်လင်တယ်
နောင်လည်း နက်နက်ရှိုင်းရှိုင်း
ရှိနေအုံးမှာပါ......
Subscribe to:
Posts (Atom)




















