W w W. N y I n @ y M i N. o R g
27 September 2011
ကြိုက်​တယ် ​မ​ကြိုက်​ဘူး ​သ​ဘော​ထား​လေး ​ပြော​ပေး​ကြ​ပါ​ဦး.
ဒီ​နေ့​ည​တော့ ​ဘာ​မှ​ကို ​ပို့စ်​မ​တင်​နိုင်​တော့​ဘူး​ဗျာ. ​ဝဘ်​ဆိုက် ​ဒီ​ဇိုင်း​က ​နောက်​ခံ​အ​မဲ​နဲ့​ဆို​တော့ ​ကြည့်​ရ​တာ ​မျက်​စိ ​မ​သက်​သာ​ဘူး. ​အဲ့​ဒါ​နဲ့ ​ဒီ​ဇိုင်း​ကောင်း​ကောင်း​လေး ​လိုက်​ရှာ​ပြီး ​ပြန်​ပြောင်း​လိုက် ​ရ​တယ်. ​နောက်​ခံ​အ​ဖြူ​လေး ​နဲ့​ဆို​တော့ ​သိပ်​မ​ဆိုး​ဘူး​လား​လို့​ပဲ. ​ပြင်​သင့်​တာ​လဲ​ပြင် ​ထည့်​သင့်​တာ​လဲ ​ထည့်​ပေါ့. ​ပြောင်း​ပြီး​ဆို​က​တည်း​က ​အ​ထဲ​မှာ​ရှိ​တဲ့ link ​တွေ​ကို ​အ​ကုန်​လို​ပြောင်း​ရ​ပြီ. ​အ​ခု​မ​နက် ၅ ​နာ​ရီ​ထိုး​နေ​ပြီ . ​ခု​မှ ​အိပ်​ရ​မှာ. ​လုပ်​ပြီ​ဆို​ရင် ​မ​ပြီး​ဘဲ​နဲ့ ​အိပ်​လို့​ကို ​မ​ပျော်​တာ. ​ခု​ပြီး​သွား​ပြီ​ဆို​တော့ ​အိပ်​တော့​မယ်​ဗျာ. ​အား​လုံး​ပဲ ​အ​ခု​ပြောင်း​လိုက်​တဲ့ template ​ဒီ​ဇိုင်း​ကို ​ကြိုက်​လား ​မ​ကြိုက်​ဖူး​လား ​ဆို​တာ​လေး​ကို​လဲ ​သ​ဘော​ထား​လေး ​ပြော​ပြ​စေ​ချင်​ပါ​တယ်. ​ကျွန်​တော်​က​တော့ ​မျက်​စိ​လဲ​အေး​တယ်. ​ရှင်း​လဲ​ရှင်း​သွား​လို့ ​ကြိုက်​တယ်. ​အား​လုံး​ပဲ ​အ​ဆင်​ပြေ​ကြ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်.
19 comments:
  1. ​လုပ်​ချင်​တာ​သာ​လုပ်​ပေ​တော့....​ဝက်​ဆိုက်​မ​ပျက်​ရင်​တော​ပါ​ပြီ..(​ရဲ​ထွန်း)
    ReplyDelete
  2. ​နည်း​နည်း​တော့ ​ရိုး​သွား​သ​လို​ပဲ ​ကို​ညီ။ ​ရိုး​ရိုး​လေး​ပဲ​ကြိုက်​တတ်​တဲ့ ​သူ​တွေ​အ​တွက်​တော့ ​ကောင်း​ပါ​တယ်။ ​ဒီ​ကို ​လာ​လည်​တဲ့​လူ​အ​များ​စု​က ​လူ​ငယ်​တွေ​ဆို​တော့ ​ကျွန်​တော့်​လို​ပဲ ​ဆန်း​ဆန်း​နဲ့ ​လန်း​လန်း​ပဲ​ကြိုက်​မယ်​လို့ ​ထင်​ပါ​တယ်။ DJ ​သီ​ချင်း​လေး​ပါ​နှော​ထား​ရင် ​ပို​တောင်​မိုက်​သေး​သ​ဗျ။ ​ကို​ညီ​က ​အ​ကြံ​ပေး​ခိုင်း​လို့​နော်။ ​ဆ​ရာ​မ​လုပ်​ရဲ​ပါ​ဘူး။ ​ဆ​ရာ​က​ပဲ ​ဆ​ရာ​ပါ​ဗျာ။
    ReplyDelete
  3. ​နောက်​ခံ​အ​ဖြူ​ရောင်​က ​လူ​တွေ​ရဲ့ ​မျက်​စိ​ကို ​ပို​စူး​စေ​တယ်​ထင်​တယ် ​အ​လင်း​ပို​များ​တော့​လေ ​ကျွန်​နော် ​စာ​တစ်​ခု​ထဲ​မှာ ​ဖတ်​ဖူး​တယ် ​ဟုတ်​မ​ဟုတ်​တော့ ​ကြာ​ကြာ​ကြည့်​တဲ့​သူ​တွေ​က​ပို​သိ​နိုင်​လိမ့်​မယ်​ထင်​ပါ​တယ် ​နောက်​ခံ​အ​ရောင် ​က ​အ​လင်း​သိပ်​မ​ပါ​တဲ့ ​အ​ရောင်​ဆို​ရင် ​စာ​များ​များ ​ဖတ်​သူ​တွေ ​ဘို့ ​ပို​အ​ဆင်​ပေး​နိုင်​တယ်​ထင်​ပါ​တယ် ​ကျွန်​နော့် ​အ​ထင်​လေး​ပြော​တာ​ပါ​နော် ​ဝေ​ဖန်​တာ​မ​ဟုတ်​ပါ​ဘူး ​ကို​ညီ​တို့​လို ​တက်​ကျွမ်း​တဲ့​သူ​မ​ဟုတ်​လို့ ​ဝေ​ဖန်​သ​လို ​ဖြစ်​သွား​ရင် ​တောင်း​ပန်​ပါ​တယ်
    ReplyDelete
  4. ​ကြိုက်​တယ်​ဗျာ...
    ReplyDelete
  5. ​ကောင်း​ပါ​တယ်..​အ​ကို ​အူ​ဖူ​အ​ခံ​လေး​နဲ့​ဆို​တော့ ​ရှင်း​လည်း​ရှင်း​ပါ​တယ် ​အ​ကို..​သီ​ချင်း​လည်း ​အ​ခု​ပန်​ထည့်​ပေး​ထား​တော့​အ​ကို​ဆိုက်​ကို​ဝင်​ဖတ်​နေ​တဲ့​အ​ချိန်​မှာ​လည်း ​နား​ထောင်​လို့​ရ​တာ​ပေါ့...​ကျွန်​တော်​လည်း​ကြိုက်​ပါ​တယ်​အ​ကို
    ReplyDelete
  6. ​ကောင်း​ပါ​တယ် ..​အစ်​ကို
    ReplyDelete
  7. ​ကောင်း​ပါ​တယ် ​အ​ကို ​ကြိုက်​ပါ​တယ် ​အ​ကို​ဆိုင် ​နေ​တိုင်း​ရောက်​တဲ ​အ​ကို ​ကိုယ်​အား​ပေး​တဲ ​လူ​ငယ်​တစ်​ယောက်​ပါ ​အ​ကို​ဆိုဒ်​မ​ပျက်​ရင် ​ကြိုက်​သ​လို​လုပ် ​ဟဲ
    ReplyDelete
  8. ​ကောင်း​ပါ​တယ် ​ဒီ Design ​က ​ပို​ရှင်း​တယ် ​အ​ဖြူ​ရောင်​က​တော့ ​အ​တား ​လင်း​ပီ ​မျက်​စိ​စူး​တယ် ​နည်း​နည်း cool ​ဖြစ်​မယ့် ​အ​ရောင်​လေး​ဆို ​ပို​အ​ဆင်​ပြေ​မယ်​ထင်​တယ်
    ReplyDelete
  9. ​ဒီ​ဒီ​ဇိုင်း​လေး​က ​ရိုး​ရိုး​လေး​နဲ့​ကောင်း​ပါ​တယ်....​ပို​ခန့်​ထည်​သ​လို​ပဲ​ဗျာ......
    ReplyDelete
  10. ​အ​ပန်း​မ​ကြီး​ဘူး​ဆို​ရင် ​အ​ဖြူ​လည်း​မ​ဟုတ် ​အ​နက်​လည်း ​မ​ဟုတ်​တဲ့ ​အ​ရောင်​ခပ်​ဖျော့​ဖျော့​လေး ​သုံး
    ReplyDelete
  11. ​ကို​ညီ​ရေ ​အ​ကို​လို​သ​ဘော​ထား​ပြီး ​အား​မ​နာ​တမ်း​ပြော​မယ်​နော်...
    ReplyDelete
  12. ​ညီ​လေး ​ညီ​နေ​မင်း​ရေ
    ReplyDelete
  13. ​အ​ဆင်​ပြေ​သ​လို​သာ​လုပ် ​ကို​ညီ
    ReplyDelete
  14. ​ကြိုက်​တာ​မှ ​အ​ရမ်း ​ကြည့်​လို့​လဲ​သိပ်​ရှင်း​တယ် ​ဖ​တိ​လို့​လဲ ​မျက်​စေ့​ကို​အေး​တဲ့​အ​ရောင်​ပါ
    ReplyDelete
  15. ​မ​ဆိုး​ပါ​ဘူး​ဆိုဒ်​က​ကြည့်​လို့​ကောင်း​ပါ​တယ်
    ReplyDelete
  16. ​အ​ရမ်း​လှ​ပါ​တယ်
    ReplyDelete
  17. ​အ​ကုန်​လုံး​ကြိုက်​တယ်​ဗျာ
    ReplyDelete
  18. ​ကောင်း​ပါ့​ဗျာ။ ​ဆ​ရာ​သ​မား​ဆို​တော့ ​စော​ဒ​က​တက်​စ​ရာ ​မ​ရှိ​ပါ​ဘူး​ဗျာ....
    ReplyDelete
  19. ​ကြိုက်​ပါ​တယ်​ဗျာ...
    ReplyDelete