W w W. N y I n @ y M i N. o R g
10 November 2011
Locked ​ကျ​ပြီး​တော့ Run box ​ခေါ်​မ​ရ​ခြင်း ​ပြ​ဿ​နာ
akllhn@googlemail.com : ​ကို​ညီ ​ကျွန်​တော်​က ​အင်​တာ​နက်​ဆိုင်​ဖွင့်​ထား​တာ ​ဆို​တော့ ​ကွန်​ပြူ​တာ​တွေ​ကို ​အ​ချိန်​ပြည့် ​ဖွင့်​ထား​ရ​ပါ​တယ်။ ​အဲ့​လို​ဖွင့်​ထား​တဲ့​အ​ချိန်​မှာ ​ကွန်​ပြူ​တာ​တွေ​က ​ခ​ဏ​လေး​နဲ့ Locked ​ကျ​ကျ​သွား​ပါ​တယ်​ဗျာ။ ​နောက်​ပြီး ​ကွန်​ပြူ​တာ​တွေ​မှာ Run box ​ခေါ်​ပြီး​စာ​ရိုက်​လိုက်​ရင်​လဲ Run box ​က​လဲ​ကျ​မ​လာ​လို့​ဗျာ။ ​အဲ့​ဒါ ​ဘယ်​လို​လုပ်​ရ​မ​လဲ​ဆို​တာ​သေ​သေ ​ချာ​ချာ​လေး ​ရှ​ငိး​ပြ​ပေး​ပါ​လား​ဗျာ။ ​ကျွန်​တော်​က ​ဆိုင်​တာ​ဖွင့်​ထား​တာ ​ကွန်​ပြူ​တာ​သိပ်​မ​ကျွမ်း​ကျင်​လို့​ပါ​ဗျာ။ ​ကို​ညီ ​ကျန်း​မာ​ပါ​စေ​ဗျာ။ ​ကို​ညီ​ဖြစ်​နီုင်​မယ်​ဆို​ရင်​ကျွန်​တော့​မေး​ထဲ​ကို ​ပို့​ပေး​ပါ​လား​ဗျာ။
မေး​ထဲ​ကို​တော့ ​သီး​သန့်​ပို့​ပေး​ခဲ​ပါ​တယ်. ​ပုံ​တွေ​နဲ့ ​ရှင်း​ပြ​ရ​မှာ​ဆို​ရင်​တော့ ​အစ်​ကို ​ဝဘ်​ဆိုက်​မှာ​ပဲ ​တင်​ပေး​ပါ​တယ်. ​သီး​သန့်​မေးလ် ​မ​ပို့​ပေး​ပါ​ဘူး. ​ဒါ​ပေ​မယ့် ​ပုံ​တွေ​နဲ့​ရှင်း​ပြ​ဖို့ ​မ​လို​ဘူး​ဆို​ရင်​တော့ ​အစ်​ကို​မေးလ်​နဲ့​ပို့​ပေး​ပါ​တယ်.
မ​ကြာ​ခ​ဏ Locked ​ကျ​နေ​ခြင်း
  • start ​ရဲ့ ​အ​ပေါ်​မှာ search programs and files ​ဆို​တဲ့​အ​ကွက် ​ရှိ​ပါ​တယ်. ​အဲ့​အ​ကွက်​မှာ (​ပုံ-၁) ​ထဲ​က​အ​တိုင်း power option ​ဆို​ပြီး​တော့ ​ရိုက်​လိုက်​ပါ. ​ပြီး​တော့ ​အ​ပေါ်​ဆုံး​မှာ​ပေါ်​နေ​တဲ့ power option ​ဆို​တဲ့ icon ​လေး​ကို ​နှိပ်​လိုက်​ပါ.
  • (​ပုံ-၂)​ထဲ​က​အ​တိုင်း power option box ​ပေါ်​လာ​ရင် Change plan settings ​ဆို​တာ ​နှစ်​ကြောင်း​တွေ့​ရ​မှာ​ပါ.
  • ​အဲ့​ထဲ​က ​တစ်​ကြောင်း​ချင်း​စီ​ကို ​နှိပ်​ပြီး​တော့ ​အောက်​က (​ပုံ-၃)​ထဲ​က​အ​တိုင်း Never ​ကို ​ရွေး​ပေး​လိုက်​ပါ။ ​ပုံ​များ​ကို ​သိပ်​မ​မြင်​ရ​ရင် ​က​လစ်​နှိပ်​လိုက်​ပါ ​ပုံ​ကြီး​ထွက်​လာ​ပါ​လိမ့်​မယ်.
(​ပုံ-၁)
(​ပုံ-၂)
(​ပုံ-၃)
Run Box ​ခေါ်​မ​ရ​ခြင်း. 
  • ​အ​ရင်​က​လို Run ​ဆို​ပြီး​တော့ window 7 ​မှာ ​မ​ပါ​တော့​ပါ​ဘူး. ​အဲ့​ဒီ့​အ​တွက် ​ခု​န​က​လို​ပဲ start ​ရဲ့ ​အ​ပေါ်​မှာ search programs and files ​ဆို​တဲ့​အ​ကွက် ​ရှိ​ပါ​တယ်. ​အဲ့​အ​ကွက်​မှာ run ​ဆို​ပြီး​တော့ ​ရိုက်​လိုက်​ပါ. Run ​ဆို​တဲ့ icon ​လေး ​အ​ပေါ်​ဆုံး​မှာ ​ပေါ်​နေ​ပါ​လိမ့်​မယ်. ​အဲ့ icon ​လး​ကို ​နှိပ်​လိုက် ​တာ​နဲ့ Run box ​ပေါ်​လာ​ပါ​လိမ့်​မယ်.
  • ​နောက်​တစ်​နည်း​က​တော့ window key + r ​ကို ​နှိပ်​ပေး​လိုက်​ပါ Run box ​ပေါ်​လာ​ပါ​လိမ့်​မယ်. window key ​ဆို​တာ​က​တော့ ​မ​သိ​ရင် ctrl key ​နဲ့ Alt key ​ကြား​ထဲ​မှာ ​ရှိ​တဲ့ window icon ​ပုံ​လေး​နဲ့ key ​ကို​ခေါ်​တာ​ပါ. ​အဲ့​ဒီ့ window key ​ကို ​အ​ရင်​နှိပ်​ပြီး​တာ​နဲ့ ​မ​လွှတ်​ပဲ​နဲ့ r ​ကို ​နှိပ်​ပေး​ရ​မှာ ​ဖြစ်​ပါ​တယ်.
3 comments:
  1. ​ကို​ညီ
    ReplyDelete
  2. ​ကျွန်​တော်​က​တော့​ပြော​မ​ပြ​တက်​အောင်​ကျေး​ဇူး​တင်​ပါ​တယ်​ဗျာ။
    ReplyDelete
  3. It's very nice and helpful site. Thanks for your sharing knowledge. Blessed be You.
    ReplyDelete