This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, November 11, 2011

HP Photosmart Printer တွေကို Master reset ဘယ်လိုလုပ်ရလဲ

kosaiwinaung@gmail.com : အကိုရေ Hp Photosmart 6280 ကောရမလားမသိဘူးနော် ကျနော် မင်ကိုအပ်နဲ့ ပြန်ဖြည့် တယ်လေ သုံးတောရတယ် ဒါပေမဲ့ မင်ကိုမသိဘူးပြောနေတာလေ စက်ဖွင်တိုင်း okဘေးက အတုံးလေးကိုတခါနိပ်ကိ ok ပြောလိုက် ရင်တော့ ပင်ထုပ်ပေးပါတယ် ပင်ထုပ်ပိရင်လယ် မင်ကိုမသိဘူး လို ပြောနေပြန်တယ်လေ.. ok ပေးလိုက်ရင် ပြောက်သွား တယ်လေ နောက် တခါ စက်ပြန်သုံးရင် ပြန်ပိဖြေပေးနေ ရပြန်တယ်လေ ကျနော်သုံးရင် ဘာမှ မဖြစ်ပေးမဲတခြားတစ်ယောက်သုံးရင် နာမ လယ်တော့ အခက်တွေနေတာပေါ့နော် .. နောက်ပိမင်းကုန်တော့လယ် သိနေပြန်တယ် ခင်များ ကျေးဇူးပြုပိ ဖြေကျားပေး ပါနော်... ကျေးဇူးတင်ပါတယ်.....

ကိုစိုင်းဝင်းအောင်ရေ . အခုကျွန်တော်ပြောတဲ့အတိုင်း master reset လုပ်ကြည့်ပေးပါ. အခုပြောတဲ့ master reset က တစ်ခါတစ်လေ မှင်ဘူးရဲ့ circuit က အားလုံး fix ဖြစ်နေပေမယ့် မသိတာမျိုး တစ်ခါတစ်လေ လွတ်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်. "Ink system has failed. Unable to print. Refer to printer documentation. Error: 0xc19a0024 Turn power off, then on again." အဲ့လို error မျိုးပြရင်လဲ Master reset လုပ်ရပါတယ်. အခုပြောပြတာကို ယုံယုံကြည်ကြည်နဲ့ ရဲရဲတင်းတင်း လုပ်ဖို့တော့ လိုပါတယ်. ကြောက်နေရင်တော့ မလုပ်ဖို့ ကြိုပြီးတော့ တားပါရစေ. printer service လုပ်မယ်ဆိုရင်တော့ ရဲမှရပါတယ်. cover တွေကို ခွါတာကအစ သူ့မှာ သင်္ကေတတွေရှိပါတယ်. နောက်တော့ အဲ့သင်္ကေတတွေ ကို ပြောပြ ပါ့မယ်. cover တွေကို ဖြုတ်တဲ့အခါမှာ သူဖြုတ်ဖို့ပြထားတဲ့ သင်္ကေတတွေကို မကြည့်ဘဲနဲ့ ဖြုတ်တဲ့အခါ ကလစ်လေးတွေ ကြိုးသွားတာမျိုးတို့၊ printer မှာ အစင်းကြောင်း (သို့)ဒဏ်ရာအနာတရနဲ့ ပဲ့သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်. ရဲလဲရဲတင်းရသလို ဖြုတ်နည်းကိုလဲ သိထားဖို့လိုပါတယ်. တစ်ချို့တွေ printer cover တွေကို ဖြုတ်တဲ့ အခါ ဖြုတ်ချင်သလို ဖြုတ်တယ်၊ အဓိကက cover တွေပြုတ် သွားဖို့ပဲလိုတယ်လို့ ထင်ကြပါတယ်. အဲ့ဒါမှားပါတယ်။ Printer company က ထုတ်က တည်းက ဖြုတ်ဖို့အတွက် နေရာတိုင်းမှာ သင်္ကေတလေးတွေ ထားထးတတ်ပါတယ်. သူ့သင်္ကေတအတိုင်းဖြုတ်လိုက်ပါ. အရမ်းလွယ်ပါတယ်. ကဲဒါတွေထားလိုက်ပါ Master reset ဘယ်လိုလုပ်ရလဲ ပြောပြပါ့မယ်. လုပ်နည်း နှစ်နည်းပြောပြပါ့မယ်. တစ်နည်းနဲ့တစ်နည်း အတူတူလောက် ပါပဲ သိပ်မကွာပါဘူး. ပထမနည်းနဲ့လဲ အဆင်ပြေသွားနိုင်ပါတယ်.

Master reset လုပ်နည်း
  • ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.
  • Printer ရဲ့ ညာဖက်အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုးမျိုးကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်းကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင်တဲ့ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခုစလုံးကို ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက်ပါ. ပြုတ်ရင်ပြီးရောဆိုပြီးတော့ အတင်းဆွဲမဖြုတ်ပါနဲ့။
  • ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတော့ error message တစ်ခုပေါ်လာတဲ့အထိ စောင့်လိုက်ပါ. error message ပေါ်လာပြီဆိုတာနဲ့ Ok ကို နှိပ်ပေးပါ.
  • Power ကြိုးကို Power button ကို မနှိပ်ပဲနဲ့ Printer power ကြိုးထိုးထားတဲ့ plug ကို ဆွဲဖြုတ်လိုက်ပါ.
  • ပထမတုန်းက ဖြုတ်ထားခဲ့တဲ့ "flat ribbon cables" ကြိုးနှစ်ပြားကို main circuit board မှာ ပြန်တပ်လိုက်ပါ. တပ်တဲ့နေရာမှာ စောင်းပြီးမထည့်ပါနဲ့ ကြိုးကို တည့်တည့်ထားပြီးတော့ သေသေချာချာ မိမိရရလေး တပ်ပေးပါ.
  • ပြီးတာနဲ့ printer ကို plug ထိုးပြီးတော့ power button ကို နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ. error message ပျောက်သွားတာကို တွေ့ရမှာပါ. မှင်ပြဿနာဖြစ်ရင်လဲ ဖြစ်တဲ့ မှင်ပြဿနာ error ပျောက်သွားပါလိမ့်မယ်.
Master reset လုပ်နည်း (ဒုတိယနည်း)
  • ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.
  • Printer ရဲ့ ညာဖက်အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုးမျိုးကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်းကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင်တဲ့ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခုစလုံးကို ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက်ပါ. ပြုတ်ရင်ပြီးရောဆိုပြီးတော့ အတင်းဆွဲမဖြုတ်ပါနဲ့။
  • ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ printer အလုပ်လုပ်နေတဲ့ အသံတွေ ကြားရပါလိမ့်မယ်. ဘာသံမှ မကြားရတဲ့အထိ စောင့်ပေးပါ. 
  • အားလုံး ဘာသံမှမကြားရတော့ဘူး ဆိုတာနဲ့ cancel button နဲ့ power button ကို ပြိုင်တူ နှိပ်ပေးလိုက်ပါ. တစ်ချိန်တည်းမှာ ပြိုင်တူ နှိပ်ရမှာဖြစ်ပါတယ်. ဟိုတစ်နေ့က canon လို button တစ်ခုနှိပ်ပြီးမှ နောက် button ကို နှိပ်တာမျိုးမဟုတ်ပါဘူး. 
  • အဲ့ဒီ့ button နှစ်ခုကို နှိပ်လိုက်တာနဲ့ "Enter Special Key Combo" ဆိုတဲ့ message box ပေါ်လာပါ လိမ့်မယ်. Left key ကိုနှိပ်ပါ ပြီးရင် Ok key ကို နှိပ်ပါ ပြီးရင် Right key ကိုနှိပ်ပါ. အစဉ်အတိုင်းနှိပ် ရမှာ ဖြစ်ပါတယ်. Left-Ok-Right အဲ့လို သွားပါမယ်.
  • ပြီးတာနဲ့ setting ထဲမှာ "System Menu" ကို တွေ့အောင်ရှာပါ တွေ့ရင် Ok ကိုနှိပ် ပေးလိုက်ပါ.
  • နောက်တစ်ခါ "Clean Derivative" ဆိုတာကို ထပ်ရှာပြီးတော့ Ok ကို ထပ်နှိပ်ပေးပါ. clean လုပ်နေတဲ့ အချိန်ခဏလေး စောင့်ပေးရပါမယ်. တစ်ခါတစ်လေ တစ်မိနစ်လောက်ကြာသလို တစ်ခါတစ်လေ နှစ်မိနစ်လောက် ကြာတတ်ပါတယ်.
  • နောက်တစ်ခါ "Clean Firms" ဆိုတာကို ထပ်ရှာပါ. တွေ့ပြီဆိုတာနဲ့ Ok ကို နှိပ်ပေးလိုက်ပါ. သူလည်းပဲ Clean လုပ်နေစဉ်အချိန် ခဏလောက် စောင့်ပေးလိုက်ပါ.
  • အားလုံးပြီးသွားပြီဆိုရင် "Cancel" button ကို 4 ကြိမ်ဆက်တိုက် နှိပ်ပေးရပါမယ်.
  • ကဲပြီးသွားပြီဆိုရင် printer ရဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ (power botton ကနေ မပိတ်မိပါစေနဲ့)
  • ပြီးသွားပြီဆိုရင်တော့ ပထမက ဖြုတ်ထားတဲ့ "flat ribbon cables" နှစ်ကြိုးကို main circuit board မှာ သေသေ ချာချာ ပြန် တပ်လိုက်ပါ။
  • အားလုံးပြီးသွားရင် power ကြိုးပြန်ထိုးပြီးတော့ power button ကိုနှိပ်ပြီး printer ကို ဖွင့်ကြည့် လိုက်ပါ။
  • အဲ့အချိန်မှာ တစ်ခါတစ်လေ printer screen မှာ ထုတ်မည့်စာရွက်နဲ့ ပတ်သက်ပြီး setting ပိုင်း မှာလိုသလို ရွေးပေးဖို့ မေးတတ်ပါ တယ်. မေးထားတာကို ကိုလိုချင်တဲ့ setting အတိုင်း ရွေးပေးလိုက်ပါ. တစ်ခါတစ်လေ မမေးတတ်ပါဘူး.
  • အားလုံးပြီးသွားရင်တော့ printer က head က စပြီး အလုပ်လုပ်နေပါလိမ့်မယ်. အဲ့အချိန်မှာ printer ကို မပိတ်မိပါစေနဲ့. ခဏစောင့်ပေးလိုက်ပါ. head အလုပ်လုပ်တာ ငြိမ်သွားပြီဆိုတာနဲ့ ခုနက ဖြစ်နေတဲ့ မှင်ပြဿနာနဲ့ error ဖြစ်သေးလား ပြန်စစ်ကြည့်လိုက်ပါ. 
ကဲ ကျွန်တော်လဲ ဒီပို့စ်ရေးဖို့ စဉ်းစားလိုက် ရေးလိုက်နဲ့ နည်းနည်းပင်ပန်းသွားပြီဗျာ. ဒီနေ့က လပြည့်နေ့ ဆိုတော့ နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်တယ်လေ . အဲ့ဒါဆိုင်ကယ်နဲ့ သွားဖူးရင်းနဲ့ တော်တော် ပင်ပန်း သွားတာ. ပြန်ရောက်တော့ ဖုန်းပြင်တဲ့ သူငယ်ချင်းတစ်ယောက်က ကွန်ပျူတာ လာပြင်ခိုင်း တာနဲ့ ပြင်ပေးနေတာ.  တစ်ဖက်က ကွန်ပျူတာ ပြင်နေတုန်း အချိန်ရတုန်းလေး ပို့စ်ရေးမယ် ဆိုပြီး ရေး လိုက်တာပါ. တစ်ခါလာ အဟောင်း တစ်ခါလာ အဟောင်းနဲ့ချည်းပဲ တိုးနေရင် ငြီးငွေ့နေမှာ စိုးလို့လေ။ တစ်ချို့တွေက ပို့စ်တစ်ခု ရေးဖို့ အရမ်းလွယ်တယ် ထင်ကြတာ. ကိုယ်တိုင်ကို သိထားတဲ့ အကြောင်းအရာ တစ်ခုကိုပဲ လက်နဲ့ပဲရေးရေး ကွန်ပျူတာနဲ့ပဲရိုက်ရိုက် စမ်းရိုက်ကြည့်လိုက်ပါ. သိပါလိမ့်မယ်. ၀ဘ်ဆိုက်ရေးတဲ့သူ အချင်းချင်းကတော့ ကိုယ်ချင်းစာတတ်ပါတယ်. 

ဟိုတစ်ရက်က ညီလေးတစ်ယောက် မေးပါတယ်. အစ်ကိုဝဘ်ဆိုက်မှာ အမေးအဖြေတွေနဲ့ ရေးနေတော့ အစ်ကို့ဝဘ်ဆိုက်ကနေ ပိုက်ဆံတွေအများကြီးရမှာပေါ့နော်. အားကျလိုက်တာ အစ်ကိုရာတဲ့. သောရောဟ လို့. အဲ့ဒါနဲ့ပြန်ပြောလိုက်ပါတယ်. ဒီဝဘ်ဆိုက်ရေးနေတာ ပိုက်ဆံရလို့ ရေးနေတာ မဟုတ်ဘူးလို့။ အရင်တုန်းက www.nyinaymin.com တုန်းက လူအတော်များတယ်. ကြည့်လိုက်ရင် အယောက် 90 ကျော်ချည်းပဲ. ရုတ်တရက် domain name က expire ဖြစ်သွားတယ်. expire ဖြစ်သွားတယ်ဆိုပေမယ့် အသိပေးရုံပဲရှိတယ်. ၀ဘ်ဆိုက်က အလုပ်လုပ်နေသေးတယ်. အဲ့အချိန်တုန်းက ပိုက်ဆံအရမ်းပြတ်နေတဲ့ အချိန် ရန်ကုန်မှာ ရောက်နေတဲ့အချိန်ပေါ့. ၀ဘ်ဆိုက်ကနေ အကူအညီတောင်းရင် ရနိုင်မှန်းသိတယ်. ဒါပေမယ့် ဘယ်သူ့ဆီက အကူအညီမှ မတောင်းခဲ့ဘူး. အဲ့ဒါနဲ့ မကြာပါဘူး. website ကို ပြန်ဝယ်ဖို့ ပိုက်ဆံလဲ ရရော www.nyinaymin.com ၀ဘ်ဆိုက်က online market ကိုရောက်သွားပြီတဲ့ သူတောင်းတဲ့ ဈေးနှုန်းကိုလဲကြည့်လိုက်ရော လူကသေချင်ဆော်ပါနံသွားတယ်. $ 98000 တဲ့။ ဒေါ်လာ ကိုးသောင်းရှစ်ထောင်ဆိုတဲ့ ဈေးနှုန်းက ကျွန်တော် ဘယ်ဝယ်နိုင်တော့မလဲ. မယုံဘူးဆိုတဲ့သူများ ဒီမှာ ကြည့်လိုက်လို့ရပါတယ်. အရင်ဆိုက်ကို www.godaddy.com ကနေ ၀ယ်ထားတာပါ. ဟိုတစ်လက website အပ်ချင်တဲ့သူ proxy ၀ယ်ချင်တဲ့သူနဲ့ ၀ဘ်ဆိုက် အပ်ချင်တဲ့သူတွေ အဆင်ပြေအောင်ရယ် domain name လှူချင်တဲ့သူများ လှူချင်ရင် လှူရအောင်လို့ paypal account လေးလုပ်မိပါတယ်. တန်းပြီး အပြောခံရတာပါပဲ။ ညီနေမင်းက အလှူတောင် ခံတတ်နေပြီတဲ့။ ဒီဝဘ်ဆိုက်လုပ်တယ် ဆိုတာကလည်း ကျွန်တော့်ကိုယ်ကျိုး တစ်ခုမှ မပါဘူး. အအိပ်ပျက် အစားပျက်နဲ့ အချိန်ကုန် လူအပင်ပန်းခံပြီး လုပ်နေရတာ. ကျွန်တော်ရလိုက်တဲ့ result က ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားတစ်ခွန်းပဲ. ဒီ့ထက်မပိုဘူး. အခုဘန်ကောက်က ကိုရဲထွန်းဆိုတဲ့ အစ်ကိုတစ်ယောက်ရှိတယ်. ၀ဘ်ဆိုက်အတွက် domain name ကို လတ်တလော အဲ့အစ်ကို က လှူပေးနေတယ်.  ကျွန်တော် အရင်က စဉ်းစားထားတာက paypal account ကနေ လှူတဲ့သူရှိခဲ့ရင် hosting တစ်ခုဝယ်ပြီးတော့ file တွေကို တင်ပေးမယ်ပေါ့. မျှော်လင့်မိခဲ့တာပါ. ဒါပေမယ့် အထင်နဲ့အမြင် တလွဲစီဖြစ်ခဲ့တယ်. ရလိုက်တဲ့ result က ၀ဘ်ဆိုက် ဘန်းပြပြီး အလှူခံတယ် ဆိုတဲ့ စကားတစ်လုံးပါပဲ. တစ်ချို့တင်ထားတဲ့ စာအုပ်တွေက ဟိုကရှာ ဒီကရှာဆိုပေမယ့် တစ်ချို့စာအုပ်တွေက ကျွန်တော်ကိုယ်တိုင် scannar ဖတ်ပြီး pdf လုပ်ထားတာတွေ ပါပါတယ်. အဲ့ဒီ့ စာအုပ်ကို ကျွန်တော်တောင် မဖတ်ရသေးဘူး ဆိုက်မှာအရင်တင်ပေးတာပါ. စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကတင် တစ်ကယ်အပြင်မှာ ၀ယ်မယ်ဆိုရင် 5000 နဲ့ 6000 ကြားမှာရှိပါတယ်. ဒီလောက်အပင်ပန်းခံ လုပ်ပေးတာတောင်မှ အပြောခံနေရသေးတယ်. တစ်ချို့ကတော့ မေးလ်ပို့ရှာပါတယ်. ၀ဘ်ဆိုက်အတွက် လှူချင်လို့ပါ. လှူပါရစေ. အင်းလှူမယ်ဆိုရင်တော့ ကောင်းတာပေါ့ ကိုလဲ hosting ၀ယ်ပြီး ဖိုင်တွေတင်ပေးဖို့လုပ်နေတယ် ဘာညာနဲ့ ပြောလဲပြောဖြစ်ရော နောက်ပေါ်မလာတော့ဘူး. အဲ့တော့ နောက်ပိုင်း ဘယ်သူ့ဆီက မမျှော်လင့်တော့ဘူး. ကို့ဖက်က နိုင်သလောက်တော့ အတတ်နိုင်ဆုံး ကြိုးစားပြီးရေးသွားမယ်. ကူညီပေးသွားမယ်. မတတ်နိုင်တော့တဲ့ တစ်နေ့တော့ သိပ်ပြီးတော့ ခေါင်းခြောက် မခံတော့ဘူး. အပြောအဆိုတော့ မခံတော့ဘူး. 

 တတ်နိုင်သလောက်တော့ ကျွန်တော် ကြိုးစားသွား ပါ့မယ်. ဘန်ကောက်က ကျွန်တော့်အစ်ကို ကိုရဲထွန်းကပြောတယ်. ၀ဘ်ဆိုက်နဲ့ပဲ အချိန်ကုန်ပြီး ဘ၀ကို မေ့မနေနဲ့တဲ့. နေမကောင်းတဲ့အချိန်နဲ့ ကိုယ့်ဘ၀ရှေ့ရေးအတွက် စဉ်းစားပါဦးတဲ့. အဲ့အချိန်မှာ ကျွန်တော် စပြီး အသိတရားဝင်သွားတာပါပဲ. ပြီးတော့ နောက်တစ်ခုက အခုအချိန်အထိ ကျွန်တော့်ကို ၀ဘ်ဆိုက်ကို ကြိုးစားပြီးရေးဖို့နဲ့ ကျွန်တော် စိတ်ဆင်းရဲနေတဲ့အချိန်တွေ၊ ပူပင်သောက ရောက်နေတဲ့ အချိန်တွေမှာ အားပေးတဲ့သူ ရှိပါတယ်. ဒါပေမယ့် သူကအဝေးမှာပါ. ကျွန်တော်အခုနေတဲ့နေရာနဲ့ အရမ်းဝေးပါတယ်. ကျွန်တော့်အဖေဆုံးတုန်းကလဲ သူကပဲ ကူညီမှုတွေပေးပြီးတော့ အားပေးခဲ့တာပါ. ညီနေမင်းဆိုတာ ဘယ်လိုလူမျိုးလဲ ဘယ်လိုအိမ်မျိုးနဲ့ နေရတယ်ဆိုတာ ကျွန်တော့်အဖေ ဈာပနမှာ သွားကြည့်လိုက်ပါ. အဲ့ဒါ ကျွန်တော်တို့ မိသားစု နေနေတဲ့အိမ်ပါ. ကျွန်တော့်အဖေ ဆုံးသွားတော့ ကျွန်တော်က အိမ်မှာ အကြီးဆုံး တစ်နည်းအားဖြင့် အိမ်ထောင်ဦးစီး ဖြစ်သွားပါပြီ. ညီအစ်ကိုမောင်နှစ်မ အားလုံးရဲ့တာဝန်ကို ယူရမှာပါ. အဲ့ဒီ့အတွက် ကျွန်တော့်ဘ၀အတွက် ကျွန်တော် အပြင်းအထန် ကြိုးစား ရတော့မှာပါ. ကျွန်တော် ဘယ်အချိန်မှာ သေမယ်ဆိုတာ မသိပါဘူး. လူတိုင်းလူတိုင်းဟာ ကိုသေမယ့်နေ့ကို ထမင်းစားပြီးတော့ စိတ်ရှည်ရှည်နဲ့စောင့်နေကြတာပါ. ကိုမသေခင်မှာ တစ်ခြားဘ၀တစ်ပါး ကူးပြောင်းတဲ့အချိန်မှာ ပါသွားဖို့အတွက် ကုသိုလ်ကောင်းမှု့လုပ်ခဲ့ဖို့ အရေးကြီးပါတယ်. ကျွန်တော်က သူများတွေလို ဘုရားတွေ၊ ကျောင်းတွေ ဆောက်ပြီးမလှူနိုင်ဘူးလေ၊ အဲ့ဒီ့အတွက် ကျွန်တော် တတ်ထားတဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ပြန်ပြီးတော့ share ခွဲပေးတဲ့သဘောပါ. အခုအချိန်အထိ တတ်ထားတဲ့ ပညာအားလုံး ဘာပညာမှ မလျှိုပဲနဲ့ပြောပြခဲ့ ရှင်းပြခဲ့ပါတယ်. ပညာဒါနပေါ့. 

အစက Forum တစ်ခုထောင်ပြီးတော့ နည်းပညာဝဘ်ဆိုက်တစ်ခု လုပ်မလို့ပဲ။ ဒါပေမယ့် Forum တစ်ခုလုပ်မယ် ဆိုရင် တစ်ယောက်တည်းနဲ့ မနိုင်ဘူး. အနည်းဆုံး ၃-၄ ယောက်လောက်မှ မဟုတ်တာ ရေးတဲ့ ပို့စ်တွေကို ဖျက်ဖို့ ရေးချင်တာရေးတဲ့သူတွေရဲ့ ပို့စ်တွေကို ရွှေ့ပြောင်းဖို့နဲ့ ဖိုရမ်တစ်ခု လုံးကို ထိန်းသိမ်းစောင့်ကြည့်ဖို့ အလုပ်တွေက တစ်ကယ်တော့ မလွယ်ပါဘူး. အဲ့ဒီ့အတွက်ကြောင့်မို့လို့ Forum မလုပ်ဖြစ်ပဲနဲ့ ကိုယ်ပိုင်ရေးလို့ရတဲ့ ၀ဘ်ဆိုက်တစ်ခုကိုပဲ လုပ်လိုက်တာပါ. ကျွန်တော်တစ်ယောက် တည်း ရေးတဲ့ ၀ဘ်ဆိုက် ဖြစ်လို့ ဖြစ်လာတဲ့ ပြဿနာအားလုံး ကျွန်တော်တာဝန်ယူရဲ ပါတယ်.

ကဲအားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. (ဒါကကျွန်တော့်လက်သုံးစကားပါ)
ညီနေမင်း

အတော်လေးစုံတဲ့ Ayar Dictionary website and software

ဒါကတော့ မသိသေးတဲ့သူတွေကို သိစေချင်လို့ ကြေငြာပေးလိုက်တာပါ. သိပြီးသားလဲ ဖြစ်ကောင်းဖြစ်မှာပါ. ဧရာအဖွဲ့ကနေ လုပ်ထားတဲ့ Dictionary website နဲ့ dictionary software လေးကို သုံးကြည့်စေချင်ပါတယ်. လတ်တလောတော့ စာလုံးပေါင်း 241299 ကို ထည့်သွင်းပေးထား ပါတယ်. နောက်ထပ်လည်းပဲ update လုပ်နေဦးမယ်ထင်ပါတယ်. web dictionary မှာကတော့ မြန်မာ မှ အင်္ဂလိပ်အင်္ဂလိပ် မှ မြန်မာ မြန်မာ မှ မြန်မာ မြန်မာဆိုရိုးစကား မြန်မာ ဘန်းစကားကွန်ပျူတာသုံးအတိုကောက်အက္ခရာများအမည်အသံထွက်များ စာလုံးပေါင်းသတ်ပုံ စတဲ့ အကြောင်း အရာတွေကို ရှာဖွေပေးနိုင်ပါတယ်. လိုချင်တဲ့ စာသားတော်တော်များများကို တွေ့ရပါတယ်. Web dictionary ကို သွားချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ. Dictionary ကို Download လုပ်မယ်ဆိုရင်တော့ အဲ့ဆိုက်မှာ Download လုပ်ဖို့ပေးထားပါတယ်. web dictionary မှာ ဧရာဖောင့် မလိုအပ်ပေမယ့်. Dictionary software ကို Download လုပ်ပြီးတော့ မိမိကွန်ပျူတာမှာ ထည့်ပြီး offline သုံးချင်တယ် ဆိုရင်တော့ ayar font ရှိလို့ လိုအပ်ပါတယ်. Dictionary ကို install လုပ်စရာမလိုပါဘူး. portable ဖြစ်တဲ့အတွက် run ပြီး သုံးရုံပါပဲ. ayar font ကို လိုချင်ရင်တော့ ဒီမှာ Download လုပ်လိုက်ပါ.



mail ပို့တဲ့အခါ မေးလ်ထဲက စာသားနဲ့အတူ ပုံတွေပါထည့်ချင်ရင်

မိုးယံလေးအစ်ကိုရေ ကျွန်တော့်ထဲကို forward mail တွေ ရောက် လာတဲ့အခါ မေးလ်ထဲမှာ ပုံတွေ ပါလာတာ ကို တွေ့ရပါတယ်. attach တွဲပြီးပို့တာ မဟုတ်ပဲလေ အောက်က စာသားတွေ ထဲမှာကို ပုံတွေပါလာတာပါ. အဲ့ဒါ ကျွန်တော် ဘယ်လို လုပ်ရမလဲ သိချင်လို့ပါ ကူညီပေးပါအစ်ကို.

ကိုမိုးယံရေ အဲ့ဒါကတော့ လွယ်ပါတယ်.
  • မိမိရဲ့ gmail ကို username and password ရိုက်ထည့်ပြီး အရင်ဝင်လိုက်ပါ.
  • မးလ်ထဲကို ရောက်သွားပြီဆိုရင် setting ထဲက Lab ကို သွားလိုက်ပါ. မသွားတတ်ဘူးဆိုရင် ဒီကို နှိပ်လိုက်ပါ. တစ်ခါတည်း ရောက်သွားပါလိမ့်မယ်.
  • ရောက်သွားပြီဆိုရင်တော့ အောက်ကပုံထဲကလိုမျိုး "inserting images" ဆိုတဲ့ lab ကို လိုက်ရှာလိုက်ပါ. တွေ့ပြီဆိုရင် ပုံထဲကအတိုင်းပဲ Disable ဖြစ်နေတာကို Enable ကို ရွေးပေးပြီးတော့ အောက်ဆုံးက "Save Change" ကိုနှိပ်ပေးလိုက်ပါ.

ကဲအားလုံးပြီးသွားပြီဆိုရင်တော့ မေးလ်ပို့ဖို့ Compose ကို နှိပ်ကြည့်လိုက်ပါ. အဲ့မှာ ပုံအစားသွင်းဖို့အတွက် insert image ဆိုတဲ့ ပုံလေးတစ်ပုံ တိုးလာတာကို တွေ့ရပါလိမ့်မယ်. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်.

Thursday, November 10, 2011

Canon-IP1800 နှင့် MF8350 Driver

နေရိုင်းကိုညိရေ အစ်ကို.ကို ကျေးဇူး အများကြီး တင်ပါ တယ် နောက်ထပ် IP 1880 နှင်. MF canon 8350 driver လေး ကိုလည်း တင်ပေးပါ.အုံးနော်

MF 8350 Driver (ကြိုက်တဲ့ လင့်တစ်ခုကနေ Download လုပ်လိုက်ပါ)
Link1 | Link2


အဲ့မှာ ကို့ရဲ့ printer အမျိုးအစား window အမျိုးအစားနဲ့ language ကိုရွေးပေးလိုက်ပြီး Download လုပ်လိုက်ပါ.

Canon ip1800 Driver (ကြိုက်တဲ့ လင့်တစ်ခုကနေ Download လုပ်လိုက်ပါ။
Download mediafire (Link-1) | Download (Link-2)

Locked ကျပြီးတော့ Run box ခေါ်မရခြင်း ပြဿနာ

akllhn@googlemail.com : ကိုညီ ကျွန်တော်က အင်တာနက်ဆိုင်ဖွင့်ထားတာ ဆိုတော့ ကွန်ပြူတာတွေကို အချိန်ပြည့် ဖွင့်ထားရပါတယ်။ အဲ့လိုဖွင့်ထားတဲ့အချိန်မှာ ကွန်ပြူတာတွေက ခဏလေးနဲ့ Locked ကျကျသွားပါတယ်ဗျာ။ နောက်ပြီး ကွန်ပြူတာတွေမှာ Run box ခေါ်ပြီးစာရိုက်လိုက်ရင်လဲ Run box ကလဲကျမလာလို့ဗျာ။ အဲ့ဒါ ဘယ်လိုလုပ်ရမလဲဆိုတာသေသေ ချာချာလေး ရှငိးပြပေးပါလားဗျာ။ ကျွန်တော်က ဆိုင်တာဖွင့်ထားတာ ကွန်ပြူတာသိပ်မကျွမ်းကျင်လို့ပါဗျာ။ ကိုညီ ကျန်းမာပါစေဗျာ။ ကိုညီဖြစ်နီုင်မယ်ဆိုရင်ကျွန်တော့မေးထဲကို ပို့ပေးပါလားဗျာ။

မေးထဲကိုတော့ သီးသန့်ပို့ပေးခဲပါတယ်. ပုံတွေနဲ့ ရှင်းပြရမှာဆိုရင်တော့ အစ်ကို ၀ဘ်ဆိုက်မှာပဲ တင်ပေးပါတယ်. သီးသန့်မေးလ် မပို့ပေးပါဘူး. ဒါပေမယ့် ပုံတွေနဲ့ရှင်းပြဖို့ မလိုဘူးဆိုရင်တော့ အစ်ကိုမေးလ်နဲ့ပို့ပေးပါတယ်.

မကြာခဏ Locked ကျနေခြင်း
  • start ရဲ့ အပေါ်မှာ search programs and files ဆိုတဲ့အကွက် ရှိပါတယ်. အဲ့အကွက်မှာ (ပုံ-၁) ထဲကအတိုင်း power option ဆိုပြီးတော့ ရိုက်လိုက်ပါ. ပြီးတော့ အပေါ်ဆုံးမှာပေါ်နေတဲ့ power option ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ.
  • (ပုံ-၂)ထဲကအတိုင်း power option box ပေါ်လာရင် Change plan settings ဆိုတာ နှစ်ကြောင်းတွေ့ရမှာပါ.
  • အဲ့ထဲက တစ်ကြောင်းချင်းစီကို နှိပ်ပြီးတော့ အောက်က (ပုံ-၃)ထဲကအတိုင်း Never ကို ရွေးပေးလိုက်ပါ။ ပုံများကို သိပ်မမြင်ရရင် ကလစ်နှိပ်လိုက်ပါ ပုံကြီးထွက်လာပါလိမ့်မယ်.
(ပုံ-၁)

(ပုံ-၂)

(ပုံ-၃)
Run Box ခေါ်မရခြင်း. 
  • အရင်ကလို Run ဆိုပြီးတော့ window 7 မှာ မပါတော့ပါဘူး. အဲ့ဒီ့အတွက် ခုနကလိုပဲ start ရဲ့ အပေါ်မှာ search programs and files ဆိုတဲ့အကွက် ရှိပါတယ်. အဲ့အကွက်မှာ run ဆိုပြီးတော့ ရိုက်လိုက်ပါ. Run ဆိုတဲ့ icon လေး အပေါ်ဆုံးမှာ ပေါ်နေပါလိမ့်မယ်. အဲ့ icon လးကို နှိပ်လိုက် တာနဲ့ Run box ပေါ်လာပါလိမ့်မယ်.
  • နောက်တစ်နည်းကတော့ window key + r ကို နှိပ်ပေးလိုက်ပါ Run box ပေါ်လာပါလိမ့်မယ်. window key ဆိုတာကတော့ မသိရင် ctrl key နဲ့ Alt key ကြားထဲမှာ ရှိတဲ့ window icon ပုံလေးနဲ့ key ကိုခေါ်တာပါ. အဲ့ဒီ့ window key ကို အရင်နှိပ်ပြီးတာနဲ့ မလွှတ်ပဲနဲ့ r ကို နှိပ်ပေးရမှာ ဖြစ်ပါတယ်.

အင်တာနက်မချိတ်ထားပဲ offline မှာ lan connection နဲ့ local အနေနဲ့ chat ဘယ်လို chat ကြမလဲ

moonstar1500အစ်ကိုကျွန်တော် pop messenger ရဲ့ crack file ကိုရှာနေတာ မရသေးဘူး။ ခေါင်းတွေ လည်းနောက်လာပြီ။ အဲဒါ အစ်ကိုကျွန်တော့်ကို ကူပြီးရှာပေးပါလား။ အစ်ကို့ကို ဒုက္ခပေး မိတဲ့အတွက် တောင်းပန်ပါတယ်။

အခုပြောပြမှာကတော့ ကျွန်တော်တို့ သင်တန်းကျောင်းတွေမှာ အများဆုံးသုံးကြပါတယ်. ကွန်ပျူတာ အလုံး 20-30 လောက်ချိတ်ပြီးတော့ Lan Chat လေးတွေ တင်ပေးထားတတ်ပါတယ်. ကိုဝင်ချင်တဲ့အကောင့်နဲ့ ၀င်ပြီးတော့ အင်တာနက် မရှိဘဲနဲ့ local မှာပဲ ချက်ကြတာလေ မြင်ဖူးကြမယ်လို့ ထင်ပါတယ်. မေးထား တာကတော့ နည်းနည်းကြာပါပြီ. ဒီနေ့မှ မေးလ်တစ်စောင်ဝင်ပြီး ညီလေး တစ်ယောက်က ထပ်တောင်းလို့ သတိရပြီးတော့ တင်ပေးလိုက်ပါတယ်. အောက်မှာ Lan chat အတွက် ဆိုက်တွေပေးလိုက်ပါတယ်. အားလုံး Free version တွေချည်းပါပဲ. သုံးကြည့်လိုက်ပါ. အဆင်ပြေတဲ့ program နဲ့သာ ချက်ကြပါ. အဆင်ပြေ မယ်လို့မျှော်လင့်ပါတယ်.

  1. http://www.fomine.com/lan-chat.html
  2. http://www.leadmind.com
  3. http://www.lanmessenger.com
  4. http://www.winpopup-lan-messenger.com
  5. http://lan-chat.srimax.com
  6. http://www.akeni.com

ကဲ မေးထားတဲ့ ညီလေးတွေလဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. သုံးတတ်မယ်လို့လဲမျှော်လင့်ပါတယ်. လွယ်ပါတယ်. စမ်းကြည့်လိုက်ပါ. အဆင်မပြေရင်ပြန်ပြောပါ.

Gtalk နဲ့ Gmail ကို ပိတ်ထားလည်း အလွယ်တကူဝင်လို့ ရတဲ့ Surfing Tunnel

22aung.engg@gmail.com ; Surfing Tunnel ဆော့ဖ်ဝဲလေးလိုချင်လို့ပါ အွန်လိုင်း မှာပေးတာက ၁၀ ရက်စာပဲ အလကားရ တယ်.. .မြန်မာပြည်မှာ ရှာဝယ်တာတော့ ဘယ်လိုမှရှာမရဘူး။ အစ်ကို့မှာရှိရင် မျှပါဦး၊ လိုင်စင် ကီးပဲဖြစ်ဖြစ်၊ crack လေးပဲဖြစ်ဖြစ် ရှိရင်မျှပါအစ်ကို.... အဲဒီဆော့ဝဲလေးက ပိတ်ထားတဲ့ဆိုက်တွေလည်းအကုန်ရတယ်... gmail, gtalk ပိတ်ထား လည်း ၀င်လို့ရတယ် တော်တော်ကောင်း တဲ့ ဆော့ဖ်ဝဲလေးပါ.... အဆင်ပြေမယ် ဆိုရင် ညီလေးမေးလ်ထဲ ပို့ပေးပါ အစ်ကို...ကျေးဇူးတင်ပါတယ်အစ်ကို.....

ကဲ ညီလေးရေ တင်ပေးလိုက်ပါပြီ. အဆင်ပြေတဲ့ link ကနေသာ Download လုပ်ယူလိုက်ပါ. ကိုတော့ မသုံးဖူးပါဘူး. အဆင်မပြေရင် ထပ်ပြောပါညီလေး. အစ်ကို version 1.5 နဲ့ version 1.61 နှစ်မျိုးစလုံးကို တင်ပေးလိုက်ပါတယ်. အဆင်ပြေတဲ့ကောင်နဲ့သာ သုံးလိုက်ပါညီလေး. gtalk နဲ့ gmail ကို အဆင်ပြေပြေနဲ့ ၀င်နိုင်ပါစေ ညီလေးရေ.

Download Surfing Tunnel v-1.5
Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Download Surfing Tunnel v-1.6.1
Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Wednesday, November 9, 2011

Canon Pixma IP2770 printer ရဲ့ error 5B00 ကို resetter နဲ့ ဘယ်လိုရှင်းရလဲ

ဓါတ်ပုံနဲ့ကတော့ အသေးစိတ်မပြတော့ပါဘူး. ဘာလို့လဲ ဆိုရင် ပြောပြတာနဲ့တင် အဆင်ပြေမယ်လို့ မျှော်လင့်မိလို့ပါ. အဲ့တော့ printer service သမားတော်တော်များများမှာ resetter တစ်နည်းအားဖြင့် service tools တွေကို အမြဲဆောင်ထား တတ်ကြပါတယ်. များသောအားဖြင့်တော့ service tools တွေကို သုံးပြီးတော့ ဖြေရှင်းကြတာ များပါတယ်. ကဲဟုတ်ပြီအဲ့တော့ အခုပြောပြမယ့် error 5B00 ဆိုတာကဘာလဲ ဘာလို့ပေါ်တာလဲ ဆိုတာကို အရင်ဆုံးပြောပြ ပါ့မယ်. ဒိ printer မှ မဟုတ်ပါဘူး. inkjet printer တိုင်းလိုလို ဒီအဖြစ်အပျက်ကို စာရွက်အထုတ်များတဲ့ပေါ်မှာ မူတည်ပြီးတော့ အဖြစ်များတတ်ပါတယ်. တစ်ခြား printer အမျိုးအစားတွေအတွက်လည်း အလျင်းသင့်ရင် သင့်သလို ပြောပြ ပေးသွားပါ့မယ်. ဒါတွေကို ပြောပြနေတာ service လုပ်စားတဲ့သူတွေ နစ်နာပါစေတော့ ဆိုတဲ့သဘောနဲ့ မဟုတ်ပါဘူး. နယ်အဝေးကြီးမှာ နေနေရတဲ့ ညီအစ်ကိုများ တစ်နေ့မဟုတ် တစ်နေ့ ဒီလိုမျိုး ပြဿနာတွေနဲ့ ကြုံလာတဲ့အခါ ကားတတန်၊ လေယဉ်တတန်နဲ့ ရန်ကုန်မှာလာပြင်ရတဲ့အခါမျိုးတွေ ကြုံဖူးပါတယ်။ အဲ့လိုမျိုးဒုက္ခတွေ မကြုံစေချင် တဲ့ဆန္ဒနဲ့ ပြောပြပေးတဲ့သဘောပါ။

error 5B00 ဆိုတဲ့ error ကိုပြတဲ့အချိန်မှာတော့ printer ဟာ POWER ခလုတ်နှင့် RESUME ခလုတ်ဟာ တစ်လှည့်စီ မီးလင်းလိုက် မှိတ်လိုက် ဖြစ်နေပါလိမ့်မယ်. ဒါကဘာဖြစ်တာလဲဆိုရင် PRINTER အတွင်းပိုင်းမှာရှိတဲ့ ink absorber လို့ခေါ်တဲ့ ပိုနေပြီး မလိုအပ်တဲ့ မှင်တွေကို စုပ်ယူတဲ့ ကန်မှာ ပြည့်နေပြီလို့ ပြတဲ့ ERROR ပါ။ printer မှာ သူ့ရဲ့ စာရွက် သတ်မှတ်ချက် ရှိထားပြီးသားပါ. စာရွက် ဘယ်နှစ်ရွက်ပြည့်ပြီးတဲ့အချိန်မှာ မှင်လျှံကန်ပြည့်ပြီ ဆိုတာကို အစကတည်းက သတ်မှတ်ထားပြီးသားပါ. အဲ့ဒီ့အတိုင်းပဲ Laser jet printer တွေမှာလဲ အတူတူပါပဲ. သူ့မှာကျတော့ catridge အတွင်းပိုင်းမှာရှိတဲ့ Drum တို့ Brake ဟာ စာရွက်အရွက်ရေ ဘယ်နှစ်ရွက်အထိ ထုတ်နိုင်မယ်၊ ဘယ်နှစ်ရွက်အထိ ကောင်းကောင်းမွန်မွန် လုပ်နိုင်မယ် ဆိုတာကို သတ်မှတ်ချက်ရှိထားပြီးသားပါ. (ရိုရိုသေသေ သန့်သန့်ရှင်းရှင်းနဲ့ ကိုင်ရင်ဖြစ်ခဲပါတယ်) Brake ကတော့ တော်တော်နဲ့လဲရခဲ ပါတယ်. ဒါပေမယ့် Drum ကတော့ ထုတ်တဲ့စာရွက်မှာ သဲမှုန်တွေပါသွားတာ မျိုးတို့ သံချောင်း၊ စတာပလာပင်လေး ပါသွားတာမျိုးတို့ ဆိုတဲ့အခါမျိုးတွေမှာ Drum မှာ အစင်းရာ ထင်တတ်ပါတယ်၊ အဲ့လိုအစင်းရာထင်တာနဲ့ ထုတ်တဲ့ စာရွက်မှာလဲ အဲ့အစင်းရာအတိုင်းပေါ်နေမှာပါ. နောက်ပိုင်း Drum အလုပ်လုပ်ပုံ၊ Brake အလုပ်လုပ်ပုံနဲ့ တစ်ခြား အကြောင်းအရာတွေကိုလဲ အလျင်းသင့်ရင် သင့်သလို ပြောပြပေး သွားပါ့မယ်. အချိန်ရရင် မိတ္တူကူးစက်အကြောင်းကိုလဲ ကျွန်တော် နားလည်သလောက်လေး ရှင်းပြပေး ပါ့မယ်. စကားကပြောရင်းနဲ့ ဘယ်ရောက်သွားလဲ မသိတော့ပါဘူး.

ဟုတ်ပါပြီအဲ့လိုမျိုး inkjet printer တွေမှာ ink absorber လို့ မှင်စုပ်ယူတဲ့ကန်ပြည့်သွားတဲ့ error မျိုးပေါ်လာရင် ဘယ်လိုဖြေရှင်းမလဲ. ဟုတ်ပြီ ဒီလိုဆိုရင် သန့်ရှင်းရေ တစ်နည်းအားဖြင့် စာရွက်အရွက်ရေ ပြည့်သွားပြီလို့ သတ်မှတ်ထားတဲ့ counter ကို ကျွန်တော်တို့က reset လုပ်ရမယ်. နားအလည်ဆုံးပြောရရင်ဗျာ. printer တစ်လုံးမှာ စာရွက်အရွက်ရေ 10000 ပြည့်ရင် ဒီ error ပေါ်ရမယ်လို့ printer ထုတ်ကတည်းက သတ်မှတ်ထားတယ်ဆိုရင် original catridge ပဲသုံးသုံး ink box လို့ခေါ်တဲ့ ဘေးမှာချိတ်ပြီး ကြိုးတွေနဲ့ ink catridge ထဲကို သွယ်ပြီးပဲသုံးသုံး တစ်နေ့နေ့မှာ အရွက်ရေ 10000 ပြည့်တဲ့အချိန် ဒီ error ပေါ်မှာပဲ. အဲ့တော့ ကျွန်တော်တို့က အဲ့ဒီ့ သူစာရွက်အရွက်ရေ 10000 ပြည့်ပါပြီလို့ မှတ်ထားတဲ့ memory လေးကို စာရွက်အရွက်ရေ 1 ကနေ ပြန်စရအောင် လုပ်လိုက်တာကို reset လုပ်တယ်လို့ခေါ်တယ်. အစကတော့ ဒီလောက် အသေးစိတ်မပြောပြဘူးလို့ပဲ ဘန်ကောက်က ကျွန်တော့်သူငယ်ချင်းလဲဟုတ် အစ်ကိုဆိုလဲ ဟုတ်တဲ့ ကိုရဲထွန်းက ကိုညီနေမင်းရယ် ကျွန်တော်တို့လို တစ်ကနေ စသင်ရတဲ့သူတွေအဖို့လဲ နည်းနည်းလောက် စဉ်းစားပေးပါဦးဆိုလို့ အပင်ပန်းခံပြီးတော့ အသေးစိတ်ရှင်းပြပေးတာပါ. ကဲအဲ့ဒီ့ error ကို စပြီးတော့ ဖြေရှင်းကြည့်ရအောင်

ကဲပထမဦးဆုံး အောက်ကပေးထားတဲ့ link ကနေ resetter ကို Download လုပ်လိုက်ပါ.

Mirrorcreator | ifile | mediafire | zshare | ziddu | megaupload

ကဲ Download လုပ်ပြီးပြီဆိုရင်တော့ ကျွန်တော်တို့က service tool ကို အသုံးပြုနိုင်ဖို့အတွက် printer ရဲ့ service mode ထဲကို ရောက်အောင် ၀င်ရမှာပါ. ကဲ ၀င်ကြည့်လိုက်ရအောင်

  • Printer ကို power ကြိုးဆွဲမဖြုတ်ပဲနဲ့ ရိုးရိုးအတိုင်း power button ကနေ ပိတ်လိုက်ပါ.
  • RESUME button ကိုဖိထားရင်းကနေ POWER button ကို ထပ်နှိပ်ပြီးဖိထားလိုက်ပါ. (Resume buttom ကိုအရင်ဖိထားပြီး နောက်မှ power button ကိုဖိပါ. နှစ်ခုစလုံးကို ဖိထားရမှာပါဖြစ်ပါတယ်)
  • ပြီးတာနဲ့ POWER button ကို ဆက်ဖိထားရင်းကနေ RESUME button ကို လွှတ်လိုက်ပါ (POWER button ကိုမလွှတ်လိုက်ပါနဲ့ဦး ဆက်ဖိထားပေးပါ)
  • POWER button ကို ဖိထားရင်းကနေ တစ်ခြားလက်တစ်ဖက်နဲ့ RESUME button ကို (5)ကြိမ်နှိပ်လိုက်ပါ (တိတိကျကျနှိပ်ပေးရမှာဖြစ်ပါတယ်. မလျှော့ရသလို ပိုလဲမပိုရပါဘူး)
  • (5)ကြိမ်နှိပ်ပြီးတာနဲ့ POWER button ကော RESUME button ကော နှစ်ခုစလုံးကို လွှတ်လိုက်ပါ.
  • အဲ့ဒီ့အဆင့်ပြီးတာနဲ့ ပထမဦးဆုံးက printer မှာ POWER button နဲ့ RESUME button တစ်လှည့်စီ လင်းလိုက် မှိတ်လိုက် ဖြစ်နေတဲ့မီးဟာ အရင်ကလို မဖြစ်တော့တာကို တွေ့ရမှာပါ.
  • ဒါဟာ ကျွန်တော်တို့အနေနဲ့ service mode ထဲကို ရောက်သွားပြီလို့ သိထားရပါမယ်. ကဲ service mode ထဲကို ရောက်သွားပြီဆိုရင် ဘာဆက်မလဲ။

ဒါကတော့ ဒုတိယအဆင့်ဖြစ်သွားပါပြီ.
  • ခုနက Download လုပ်ထားတဲ့ service tool တစ်နည်းအားဖြင့် Resetter ကို အသုံးပြုရမယ့်အလှည့် ရောက်လာပါပြီ.
  • Download လုပ်လို့ရလာတဲ့ဖိုင်ကို ဖြည်လိုက်ပါ. ပြီးတာနဲ့ အထဲမှာပါတဲ့ servicetool.exe ဆိုတဲ့ ဖိုင်ကို Double click (နှစ်ချက်ဆက်တိုက်) နှိပ်ပေးပါ. program ပွင့်လာပါလိမ့်မယ်.
  • service tool ပေါ်လာတာနဲ့ "Main" ဆိုတဲ့ button လေးကို ပထမဆုံးနှိပ်ပေးပါ. ပြီးတာနဲ့ ဒုတိယအခါ "EEPROM Clear" ဆိုတဲ့ button လေးကို နှိပ်ပေးရမှာဖြစ်ပါတယ်.
  • Box တစ်ခုပေါ်လာပါလိမ့်မယ်. Ok ပေးလိုက်ပါ.
  • ပြီးတာနဲ့ Printer က Power button ကို တစ်ချက်နှိပ်ပြီး ပိတ်လိုက်ပါ. (တစ်ခါတစ်ရံ နှစ်ချက်နှိပ်မှလဲ power ပိတ်တတ်ပါတယ်).
  • ပြီးသွားတာနဲ့ printer ကို power ပြန်ဖွင့်လိုက်ပါ.

ကဲ ဒီအဆင့်အထိ ပြီးဆုံးသွားပြီဆိုရင်တော့ ခုနက error 5B00 တက်နေတဲ့ ink absorber error ပျောက်သွားပြီး printer အလုပ်လုပ်သွားတာကို တွေ့ရမှာပါ.

နောက်ဆုံးအနေနဲ့ပြောချင်တာက computer service ပဲဖြစ်ဖြစ် printer service ပဲဖြစ်ဖြစ် ၀ါသနာပါရင် ကိုယ်ကိုယ်တိုင် လေ့လာပါ၊ ကိုယ်ကိုယ်တိုင် စမ်းသပ်ပါ. ကိုလုပ်လို့အောင်မြင်သွားတဲ့အခါမှာ အရမ်းကိုပျော်ဖို့ကောင်းပါတယ်. အခုအပေါ်က နောက်ဆုံးလုပ်ပြတဲ့အဆင့်အထိ မရောက်ဘူးဆိုရင် တစ်ခုခုမှားနေလို့ပါ. မှားစရာက service mode ထဲကို ၀င်တဲ့အခါမှာပဲ နည်းနည်းခက်တာပါ. resetter သုံးတဲ့အခါမှာ မခက်ပါဘူး. ကဲကျွန်တော်လဲ မျက်စိက နာချင်နေလားမသိဘူး နာချင်နေတယ်. ဒီပို့စ်လေးကို printer service သမားဖြစ်ချင်သူများနဲ့ resetter ကိုဘာ့ကြောင့် သုံးရမှန်း၊ resetter ဆိုတာ ဘာများအရေးပါလဲလို့ ယူဆနေတဲ့သူများအတွက် တင်ပေးလိုက်ပါတယ်. resetter တွေကို ဘာလို့တင်တင်ပေးနေတာလဲ. ဘာလုပ်တာလဲ software တွေ စာအုပ်တွေပဲ တင်ပေါ့လို့ ပြောနေတဲ့ ညီလေးရေ resetter ဆိုတာ အခုလိုမျိုး အသုံးဝင်ပါတယ်. ဒါက အဖြစ်များတဲ့ error ကို ဖြေရှင်းပြတာလေးပါ. နောက်ထပ် error တွေကို ရှင်းတာတွေ ကြုံရင်ကြုံသလို အားရင်အားသလို တင်ပေးပါ့မယ်.

canon ip2770 and ip2772 printer resetter

Khin Aye : ကိုညီနေမင်း ခင်ဗျာ အလုပ်များနေသူကို အားနာပေမယ့် canon ip2772 printer resetter လေး
လိုအပ်နေလို့ပါ၊ တင်ပြီးသားရှိရင်လည်း link လေးပေးထားစေလိုပါတယ် ခင်ဗျာ။

နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်. စမ်းကြည့်လိုက်ပါ.

canon ip2770 Driver အတွက် ဟိုတစ်လောက တောင်းထားတဲ့ ညီလေးအတွက်က အောက်ကလင့်ကနေ ကိုတင်ထားတဲ့ window os အမျိုးအစားကို ရွေးပြီးတော့ Download လုပ်လိုက်ပါ.

Download Driver for ip2770

- Windows 7, download. Windows 7 (x64), download
- Windows Vista, download
- Windows Vista (x64), download
- Windows XP, download
- Windows XP (x64), download

ဒါကတော့ ကိုခင်အေး လိုချင်နေတဲ့ canon ip2770 and ip2772 resetter ပါ နှစ်မျိုးတင်ပေးလိုက်ပါတယ်. တစ်ခုနဲ့ အဆင်မပြေရင် နောက်တစ်ခုနဲ့ လုပ်ပါ.

Mirrorcreator  | ifile | Mediafire | Ziddu | Zshare | Megaupload

 

Tuesday, November 8, 2011

Facebook mail များ မေးလ်ထဲဝင်လာတာ မလိုအပ်ရင် ဘယ်လိုလုပ်သင့်သလဲ

Notimeforlove: ဆရာကိုညီနေမင်း မင်္ဂလာပါရှင် တခုလောက်မေးချင်လို့ Facebook mail တွေ ကိုယ့် အီးမေးလ်ထဲ မ၀င်အောင် ဘယ်လိုလုပ်ရမလဲ မသိလို့ပါဆရာ.

ဆရာမဟုတ်ပါဘူးညီမရေ. ကိုညီနေမင်းပဲခေါ်ပါ. အစကတည်းက ကျွန်တော့်ကို ကြည့်မရတဲ့သူတွေက ဆရာခေါ်မှ တော်ကြာနေ ကလော်တုတ်နေဦးမယ်. အောက်မှာ ရေးပေးလိုက်ပါတယ်ညီမရေ. ကျွန်တော်လဲ မေးလ်ထဲကို မကြာမကြာဆိုသလို facebook mail တွေဝင်ဝင်လာတာကို ကြုံဖူးပါတယ်. ဒီနေ့တော့ မေးထားတာနဲ့ တစ်ခါတည်း ပုံကိုပါ တင်ပေးလိုက်ပါတယ်. အဲ့ဒါမှ ပိုရှင်းသွားမှာပါ. ဟိုတစ်ရက်က ညီငယ်တစ်ယောက် virus ၀င်နေလို့တဲ့ အဲ့ဒါ ၀င်နေတဲ့ virus က ဘာတွေကို တိုက်ခိုက်တာလဲ ဒါမှမဟုတ်ရင် အဲ့ virus ၀င်လာရင် error ဘာတွေတက်လဲ တက်တဲ့ error လေးကို ကျေးဇူးပြုပြီးတော့ screen short ရိုက်ပြီးပို့ပေးပါလို့. ပို့စ်တင်တဲ့အခါမှာ error ပုံလေးပါ ထည့်ပေးချင်လို့ပါလို့ ပြောတာကို. မပြောချင်လဲနေဗျာတဲ့ ဆိုင်ကလူပဲလုပ်ခိုင်းတော့မယ် ဆိုပြီး တန်းလစ်သွားတာပဲ. ကျွန်တော့်မှာက တစ်ခါတစ်လေ ပို့စ်တင်ရင် ပုံလေးတွေ ထည့်ထည့်ပေးတာက တစ်ခြားမဟုတ်ပါဘူး စာချည်းပဲ သက်သက်ဆိုရင် သိပ်ပြီးတော့ ရှင်းမှာမဟုတ်သလို နားလည်မှာလဲ မဟုတ်ပါဘူး. အဲ့ဒါကြောင့် ဖြစ်လာတဲ့ error ပုံလေးတွေကို တင်ပြီးတစ်ခါတည်း ရှင်းပြလိုက်တော့ နောက်ကိုလဲ ဒီလို error ပေါ်လာတော့ ဘယ်လိုရှင်းရမလဲ တန်းသိသွားတာပေါ့. အဲ့ဒါကြောင့်မို့ ပုံလေးကို မေးလ်ပို့ပေးပါ အကူအညီတောင်းမိတာနဲ့ အဟောက်ခံရသေးတယ်. ကဲအောက်မှာ လတ်တလော ကျွန်တော့် facebook account ကရှိတဲ့ပုံလေးတွေနဲ့ တစ်ခါတည်း ရှင်းပြလိုက်ပါတယ်.

  • ပထမဦးဆုံး မိမိ facebook account ကိုဝင်လိုက်ပါ။ ပြီးတော့ ပုံထဲကအတိုင်း ၀င်ပြီးတာနဲ့ Group ဆိုတာကို ပုံထဲကအတိုင်း တွေ့အောင်ရှာပါ. ပြီးတာနဲ့ အောက်ကပုံထဲကအတိုင်း Leave Group ကို နှိပ်ပေးလိုက်ပါ. ပုံကိုသိပ်မမြင်ရရင် ကလစ်နှိပ်လိုက်ပါ ပုံကြီးထွက်လာပါလိမ့်မယ်.

ပုံ(၁)


  • ပြီးတာနဲ့ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ် .


  • အဲ့ပုံမှာလဲ Leave Group ကို ထပ်ပြီးတော့ နှိပ်ပေးလိုက်ပါ.

  • အားလုံးပြီးသွားရင်တော့ Account Settings ကိုသွားပါ။ ပြီးတာနဲ့  ဘယ်ဖက်အခြမ်းက Notifications ဆိုတဲ့ စာသားကို နှိပ်ပေးလိုက်ပါ။ Recent Notifications ဆိုတဲ့ အောက်မှာ အောက်ကပြထား တဲ့အတိုင်း စာအိတ်ပုံစံလေးတွေ မြင်တွေ့ရပါလိမ့်မယ်. ကိုမလိုတဲ့ အကောင့်နဲ့သက်ဆိုင်တဲ့ စာအိတ်အားလုံးကို နှိပ်လိုက်ပါ မှိန်သွားပါလိမ့်မယ်. ဘာစာမှကို မရောက်ချင်တာဆိုရင်တော့ ရှိသမျှစာအိတ် အားလုံးကို မှိန်သွားအောင် တစ်နည်းအားဖြင့် Disable ဖြစ်သွားအောင် လို့ နှိပ်ပေးလိုက်ပါ. ဒါဆိုရင် မေးလ်ထဲကို ဘယ် facebook mail မှ ၀င်လာတော့မှာ မဟုတ်ပါဘူး. 





ကဲအားလုံးပဲ မလိုအပ်ပဲ ရောက်လာတဲ့ မေးလ်များကို ဖျက်ရခြင်းဒုက္ခမှ ကင်းဝေးသွားလိမ့်မယ်လို့ ထင်ပါတယ်. အဆင်ပြေပါစေဗျာ.

Thursday, November 3, 2011

Window 7 အသုံးပြုနည်းလက်စွဲ (မြန်မာလို)

ဒါကတော့ window 7 အသုံးပြုနည်း စာအုပ်ပါ. အရင်က တင်ပေး ထားပြီးသားပါ. လင့်သေနေပြီလို့ ပြောလို့ ထပ်ပြီးတော့ တင်ပေးလိုက်ပါ တယ်. ကြိုက်တဲ့ link ကနေ Download လုပ်လိုက်ပါ. အဆင်ပြေ မယ်လို့ မျှော် လင့်ပါတယ်. 

Basic Autodesk 3D ဒီဇိုင်းဖန်တီးခြင်း (မြန်မာလို)

3D ဒီဇိုင်းများ ဆွဲချင်သူများအတွက် ဒီစာအုပ်လေးက အထောက်အကူပြုပါလိမ့်မယ်. တစ်ခြား 3D program ထက် ပိုပြီးတော့ အသုံးပြရလွယ်ကူပါတယ်. စမ်းသုံးကြည့်လိုက်ပါ. အခုခေတ်မှာတော့ 3D တွေ ခေတ်စားလာတဲ့အတွက် 3D အကြောင်းကို လေ့လာထားသင့်တယ်လို့လဲ အကြံပြုပါရစေ. ၀ါသနာပါလို့ ကိုယ်တိုင် လုပ်ချင်သူများ၊ လက်တွေ့စမ်းသပ်ချင်သူ များ လေ့လာလို့ရအောင် တင်ပေးလိုက်ပါ တယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Computer Network study Guide (မြန်မာလို)

ဒါကတော့ network အကြောင်းတွေကို အခြေခံကစပြီးတော့ ရေးသားထားတဲ့ စာအုပ်ပါ. ဗဟုသုတအနေနဲ့ သိထားသင့်တဲ့ အကြောင်းအရာတွေ ပါပါတယ်. အရင်စာအုပ်တွေက အခြေခံလို့ဆိုပေမယ့် ခုမှစလေ့လာမယ့် သူတွေ အတွက်တော့ နည်းနည်းလေး မြင့်နေလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်. ဒီစာအုပ်ကလေး ကတော့ သိထားသင့်တဲ့ အခြေခံဗဟုသုတတွေကို ရသွားပြီး စလေ့လာတဲ့ သူတွေကို ထောက်ပံ့မှုတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်. ဆရာ ဦးဇော်လင်း ရေးသားထားတဲ့ စာအုပ်လေးပါ.

Mirrorcreator | ifile | Mediafire | Zshare | Megaupload

Using internet and email (မြန်မာလို)

ဒါကတော့ ဟိုအရင်က တင်ပေးတဲ့ စာအုပ်တွေနဲ့တော့ သိပ်မထူးခြားပါဘူး. ဒါပေမယ့် အင်တာနက်နဲ့ email ကို ဘယ်လိုသုံးမလဲ chatting ကိုဘယ်လိုသုံးမလဲ ဆိုတာတွေကို ရှင်းပြပေးထားတဲ့ စာအုပ်ပါ. မသုံးတတ်တဲ့သူများ အတွက် အထောက်အကူရမယ်ထင်လို့ တင်ပေးလိုက်ပါတယ်. အောက်မှာ Download လုပ်လိုက်ပါ.

microsoft word 2007 အသုံးပြုနည်း (မြန်မာလို)


မနေ့ကတုန်းက 2010 တင်ပေးလိုက်တယ်. အခု word 2007 ကို ထပ်တင်ပေးလိုက်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ. အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Minus

Powerpoint 2007 အသုံးပြုနည်း (မြန်မာလို)

ဒါကတော့ projector တွေနဲ့ ဆလိုက်ထိုးပြီး ရှင်းတဲ့အချိန်မျိုးတွေမှာ အသုံးများတဲ့ powerpoint အသုံးပြုနည်းစာအုပ်ပါ. လိုချင်တဲ့သူများ Download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. စာအုပ် အသစ်များကို စောင့်မျှော်နေတဲ့ သူများအတွက်ပါ. နောက်ပိုင်း ဖုန်းနဲ့ ပတ်သက်ပြီးတော့ ရေးဖို့ရှိပါတယ်. လက်တွေ့လုပ်ပြဖို့အတွက် iphone တစ်လုံးရှာနေပါတယ်. ခဏစောင့်ပေးပါဦး.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

adobe photoshop cs4 အသုံးပြုနည်း (မြန်မာလို)

အရင်က တင်ပေးခဲ့ပြီးပါပြီ . ဒါပေမယ့် လင့်သေနေတယ်ဆိုပြီး စာရောက် လာလို့ ပြန်ပြီးတော့ တင်ပေးလိုက်ပါတယ်. Download လုပ်မရသေးဘူးများ Download လုပ်လိုက်ပါ. အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. ဘယ်နေရာကနေပဲ Download လုပ်လုပ် ရတဲ့နေရာကသာ Download လုပ်ပါ.

mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Adobe photoshop cs2 အသုံးပြုနည်း (မြန်မာလို)

ဒါကတော့ ဆရာဦးအောင်လင်း ရေးသားထားတဲ့ photoshop cs2 ကို အသုံးပြုနည်းအကြောင်း ရေးပေးထားတဲ့ စာအုပ်ကလေးပါ. photoshop သမားများအတွက်ပါ. မျှော်လင့်နေတဲ့သူလဲရှိမှာပါ. အောက်မှာ တင်ပေး ထားပါတယ်. အဆင်ပြေတဲ့ link ကနေသာ Download လုပ်လိုက် ပါ. မေးထားတဲ့ မေးခွန်းတွေကို ဖြေပေးပါ့မယ်. ညီလေးတစ်ယောက် ပို့ထားတဲ့ photoshop cs5 ကတော့ ဆိုက်အရမ်းကြီးနေလို့ ပြန်ပြီးတော့ ချုံ့နေ ပါတယ်. ခဏစောင့်ပေးပါ.

Word 2010 အသုံးပြုနည်း (မြန်မာလို)

ဒါကတော့ microsoft office word 2010 အသုံးပြုနည်းစာအုပ်ပါ. ဒါကတော့ မေးလ်ကနေ ပို့ပြီးတော့ တောင်းထားတာလေးပါ. အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. အဆင်ပြေတဲ့ link ကနေသာ Download လုပ်လိုက်ကြပါဗျာ.

Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Excel 2010 အသုံးပြုနည်း (မြန်မာလို)

ဒါကတော့ Excel 2010 ကို အသုံးပြုနည်းစာအုပ်ပါ. ဟိုတစ်ရက်က ညီလေး တစ်ယောက် တောင်းထားတာ တွေ့လို့ တင်ပေးလိုက်ပါတယ်. အဆင်ပြေ မယ်လို့ မျှော်လင့်ပါတယ်. အောက်မှာ Link တွေအများကြီးကနေ တင်ပေးထား ပါတယ်. အဆင်ပြေတဲ့ Link ကနေသာ Download လုပ်ကြပါ.

Mirrorcreator | ifile | mediafire | Zshare | Ziddu | Megaupload

Wednesday, November 2, 2011

နောက်ဆုံးထွက် Internet Download Manager v6.07 Build 14

internet download manager ကလဲ အသစ်ထွက်လာလို့ update တောင်းနေပြီ ထင်ပါတယ် . update လုပ်လိုက်လို့ ကီးထည့်စရာမလိုဘဲနဲ့ အဆင်ပြေသွား တဲ့သူတွေရှိသလို အဆင်မပြေတဲ့သူလဲ ရှိပါလိမ့်မယ် . အဆင်မပြေတဲ့ သူများ အတွက်ကို keygen ထည့်ပေးထားပါတယ်. အားလုံး အဆင်ပြေ ပါစေလို့ မျှော်လင့်ပါတယ်.


Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload

Tuesday, November 1, 2011

Fruity Loop Studio 10 (မြန်မာလို)


သီချင်းတစ်ပုဒ်ကို ကိုယ်တိုင် ဖန်တီးလိုသူတွေအတွက် ကိုဝင်းဟိန်း
ရေးသား ပြုစုထားတဲ့ Fruity Loop Studio 10 စာအုပ်လေးပါ။ အောက်က အဆင်ပြေတဲ့ လင့်လေးမှာ ဒေါင်းသွားနိုင်ပါတယ်နော်.....


Mirrorcreator | ifile | Mediafire | Zshare | Ziddu | Megaupload