အကူအညီတောင်းဆိုသူများ သိစေရန်
ကျွန်တော့်ဆီကို အကူအညီတောင်းတဲ့သူများ အားလုံးနီးပါးကို အထူးမှာချင်တာလေး တစ်ခုရှိပါတယ်. ဘာလဲဆိုရင် ကိုဖြစ်နေတဲ့ ပြဿနာကို စာနဲ့ပဲ မပို့ပဲနဲ့ ဖြစ်နေတဲ့ပုံလေးကို screen short ရိုက်ပြီးတော့ ပို့ပေးစေချင်ပါတယ်. screen short ရိုက်တာ လွယ်လွယ်လေးပါ. ဘာမှမခက်ပါဘူး. မရိုက်တတ်တဲ့သူများအတွက် တစ်ခါတည်း သင်ပေးလိုက်ပါ့မယ်. photoshop နဲ့မှ screen short ရိုက်လို့ရတာ မဟုတ်ပါဘူး. paint နဲ့လဲ screen short ရိုက်လို့ရပါတယ်. paint ဆိုတဲ့ program ဟာ window စတင်ကတည်းက ပါထားပြီးသား program ဖြစ်လို့ လူတိုင်းသိကြလိမ့်မယ်လို့ ထင်ပါတယ်. photoshop နဲ့ကော paint နဲ့ပါ screen short ရိုက်နည်းကို ပြောပြပေးလိုက်ပါ့မယ် . နောက်တစ်ခါဖြစ်ရင်. ပုံလေးတွေနဲ့ ပို့ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်.
Paint ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး paint program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးရဲ့အထက်မှာ search program and file ဆိုတာရှိပါတယ်. အဲ့အကွက်ထဲမှာ paint ဆိုတဲ့ စာကို ရိုက်ထည့်လိုက်တာနဲ့ paint program ပေါ်လာပါလိမ့်မယ်. paint ကိုဖွင့်ထားပါ.
- ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
- ပြီးတာနဲ့ paint program ကို ပြန်သွားပါ။
- ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ.
- ဒါဟာ paint နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
Adobe photoshop ဖြင့် screen short ရိုက်နည်း
Adobe photoshop ဖြင့် screen short ရိုက်နည်း
ပထမဦးဆုံး Adobe photoshop program ကို ဖွင့်လိုက်ပါ.
window 7 မှာဆိုရင် start icon လေးကို နှိပ်လိုက်တာနဲ့ photoshop ဆိုတဲ့ program ကို စတွေ့ပါလိမ့်မယ်. Adobe photoshop program ကိုဖွင့်ထားပါ.
- ဖြစ်နေတဲ့ error box ကို မြင်ရပြီဆိုတာနဲ့ Desktop သမားများက keyboard မှာ Print Screen SysRq ဆိုတဲ့ စာသားလေးရှိပါတယ်. Scroll Lock ရှိတဲ့အကွက်မှာပဲ ရှိတတ်ပါတယ်. အဓိက ကတော့ screen ဆိုတဲ့ စာသားပါပါလိမ့်မယ်. Keyboard တစ်မျိုးနဲ့ တစ်မျိုး ရေးထားတာချင်း မတူညီလို့ပါ. အဲ့စာသားကို တစ်ချက်နှိပ်လိုက်ပါ. တစ်ချက်နဲ့ အားမရရင် နှစ်ချက်နှိပ်ပါ.
- ပြီးတာနဲ့ Adobe photoshop program ကို ပြန်သွားပါ။
- ctrl + n (or) File >> new ကို နှိပ်လိုက်ပြီး page setup ပေါ်လာရင် enter ခေါက်လိုက်ပါ ပြီးရင် ctrl + v (or) လွတ်နေတဲ့ အဖြူရောင်အကွက်မှာ right click ထောက်ပြီးတော့ paste လုပ်လိုက်ပါ. ပြီးတာနဲ့ save (or) ctrl + s ကိုနှိပ်လိုက်ပါ။ အဲ့ဒီ့မှာ Save as type အကွက်မှာ (.png, .gif, .jpg) အဲ့သုံးမျိုးထဲက တစ်မျိုးမျိုးကိုရွေးပြီးတော့ သင့်တော်တဲ့နေရာမှာ save လုပ်လိုက်ပါ.
- ဒါဟာ Adobe photoshop နဲ့ screen short ရိုက်နည်းပါ. ပို့ပေးရမှာလည်းပဲ အဲ့ဒီ့ပုံပါပဲ.
..............................................
tarzan.villane09@gmail.comး ကိုညီနေမင်းခင်ဗျာ ကျွန်တော်ကို kaspersky antiviurs 2012 keygen ကို download ဆွဲတာမရလို့ပါခင်ဗျာ အဲဒါကိုညီနေမင်း ကျွန်တော်ကို အကူညီလေးတစ်ခုလောက်ပေး ပါလားခင်ဗျာ.. ကျေးဇူး တင်ပါတယ်....
ညီလေးရေ keygen လို့တော့ တင်ပေးတာ မတွေ့မိသေးပါဘူး. တွေ့ရင်လည်းပဲ trojan နဲ့ပေါင်းထားတဲ့ program တစ်ခုလို့ပဲ အစ်ကို့အနေနဲ့တော့ ယူဆမိပါတယ်. အန္တရယ်အကင်းဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ key ဖိုင်တွေကို အမြဲတမ်း update တင်ပေးနေတာကို ဘာ့ကြောင့် keygen ကို လိုချင်တာလဲဆိုတာကိုတော့ ကိုမသိပါဘူး. ဒါပေမယ့် ညီလိုချင်တဲ့ keygen ကို ရှာပေးလို့ရပါတယ်. window os ပါ ဒေါင်းသွားတာမျိုး virus ဝင်သွားတာမျိုးဆိုရင်တော့ အစ်ကိုတာဝန် မယူနိုင်ပါဘူး. ဘာ့ကြောင့်လဲဆိုရင် အစ်ကို့ရှေ့မှာ ရက်ပေါင်း 3600 ကျော် crack တစ်ခုကို ဆိုင်တစ်ဆိုင်ကနေ ရောင်းလိုက်ပါတယ်. ကိုစစ်ကြည့်လိုက်တော့ အထဲမှာ trojan နဲ့ပေါင်းပြီး virus အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်. ထည့်ပြီးပြီးချင်းတော့ update လုပ်လို့ရပါသေးတယ်. 100% ပြည့်သွားလို့ window ကို restart တောင်းလိုက်လို့ ပေးလိုက်တဲ့အခါမှာ window တက်မလာတော့ပါဘူး. အဲ့ဒါ ကို့ဆီကိုလာတဲ့ customer တစ်ယောက်ရဲ့အဖြစ်ပါ. ကိုတားပါသေးတယ်. ညီလေး ၃ လကျော် ၄ လလောက်အထိ အစ်ကိုရက်ကို ရှာပေးပြီး ထည့်ပေးပါ့မယ်. ဒီ crack ကိုတော့ မထည့်စေချင်ပါဘူးဆိုတော့. ဆိုင်က အစ်ကိုက ရက်ပေါင်း 3600 ကျော်ရှိတယ်လို့ အသေအချာပြောလိုက်ပါတယ်အစ်ကို ထည့်သာထည့်လိုက်ပါလို့ပြောပါတယ်. တားပေမယ့် မရတဲ့အတွက် အဲ့ဒီ့ crack ကို ထည့်ပေးလိုက်ပါတယ်. ရက်ပေါင်း 3600 ရပြီးတဲ့အချိန်မှာ သူ့စက်ကို ပြန်ယူသွားပြီး နောက်နေ့ ကွန်ပျူတာ ဝင်းဒိုး တက်မလာတဲ့အကြောင့် လာပြောပါတယ်. အစကတည်းက ဖြစ်မယ်ဆိုတာကိုကြိုသိလို့ တားပေမယ့် မရတဲ့အတွက် လုပ်ပေးလိုက်တာပါ. ကျွန်တော့်မှာ အပြစ်ကင်းတယ်လို့ ယူဆပါတယ်. ဒါပေမယ့် သူ့ကို သင်ခန်းစာ ရသွားစေချင်တဲ့ သဘောပါပဲ. ကျွန်တော် window အသစ်ပြန်တင်ပေးပြီး အကုန်ပြန်လုပ်ပေးလိုက်ပါတယ်. တစ်ပြားမှ မယူလိုက်ပါဘူး. အဲ့တော့ ဒီသင်ခန်းစာလေးကို ယူစေချင်ပါတယ်. မယုံရင် keygen ချည်းပဲသတ်သတ် google ကနေ ရှာကြည့်လိုက်ပါ. ဆိုက်တော်တော်များများဟာ kaspersky internet security က blacklist သတ်မှတ်ထားတဲ့ ဆိုက်တွေ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်.
ကျွန်တော် အော်ဇီ ကနေပါ။ မိုဘိုင်း ဟမ်းဖုန်း ( ဆိုနီ အဲရစ်ဆင် မော်ဒယ် နှိမ့် )မှာ အင်တာနက်ရတယ်။ အဲဒါကို လက်တော့(Acer) နှင့်သုံးချင်တယ်။ ရမလား။ လမ်းညွန်စေချင်တယ်။
ReplyDeleteကိုညီနေမင်း ရေ ကျနော ကိုတစ်ခုလောက်ကူညီပေးလို.ရမလားမသိဘူး.. ကျနောရဲ.ပြဿနာကတော့ gtalk မှာပါ။ ဒီလိုပါ ကျနော unifi တပ်ဆင်ထားတာမကြာသေးပါဘူး ကွန်နရှင်လည်းအပြည့်ဘဲ .. သို.ပေမယ့် gtalk ကနေ သူငယ်ချင်းတွေကို ခေါ်တာ ဘေးကကွန်နရှင်ဘားက လိုင်းကတက်မလာပါဘူး ကျနောခေါ်နေတဲ့သူငယ်ချင်းဘက်ကလည်း ကွန်နရှင် က အပြည့် ပါဘဲ . တစ်အိမ်တည်း အသုံးပြုနေတဲ့သူငယ်ချင်းကိုတော့ခေါ်လို.ရပါတယ်.. စကားပြောလို.ရပါတယ်.. ဒီအပြင်ဘက်က သူငယ်ချင်းတွေကိုတော့ခေါ်လို.မရဘူး (ဆိုလိုတာက) ကျနောခေါ်နေတာကို ကြားရတယ် ပြန်လက်ခံဖြေပေးတယ် ဒါပေမယ့် ကွန်နရှင်ဘားကတက်မလာတဲ့အတွက် စကားပြောလို.မရဘူး.. သူဘက်ကခေါ်ပြန်တော့လည်း ကျနောကကြားရတယ် ပြန်ဖြေပေးတယ် ဒီအတိုင်းဘြဲဖစ်ပြန်တယ်.. တစ်အိမ်တည်းအသုံးပြုနေတဲ့သူငယ်ချင်းကတော့ခေါ်နေတာကိုလက်ခံလိုက်ရင် ကွန်နရှင်ဘားကချက်ချင်းတက်လာတယ် စကားပြောလို.ရတယ်.. အကြမ်းမျဉ်းအားဖြင့်ကျနောတို.သိထားတာက တဖက်ဖက်က ကွန်နရှင်မကောင်းရင် ဘားကတက်မလာဘူး စကားပြောလို. မရဘူးလို.ကျနောသိထားပါတယ်.. အဲ့ဘယ်လိုကြောင့်ဖြစ်တာလဲမသိဘူးအကို.. ကျနောရဲ. gtalk ကလား gmailကလား ဒါမမဟုတ် ကွန်နရှင်ကြောင့်လား အကို ဒါမ မဟုတ် စက်ချွတ်ယွင်းမူကြောင့်လားမသိဘူး... ကျေးဇူးပြုပြီးကူညီပေးပါအကိုညီနေမင်းခင်ဗျာ.. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ... naybright665@gmail.com ကျနောရဲ. gmailလိပ်စာပါ...
ReplyDeleteကိုညီနေမင်းခင်ဗျား..
ReplyDeleteVirtual Private Server အကြောင်းမေးပါရစေ... အင်တာနက် ကွန်နက်ရှင် ဘယ်လောက်နှေးနှေး VPS account တခုရှိထားရင် မြန်နှုန်းမြင့် သုံးလို့ရတယ်လို့ သိထားပါတယ်.. ကျွန်တော်သိချင်တာက အဲ့လိုသုံးတဲ့အခါ ကျွန်တော့ကွန်ပျူတာက Terminal တခုလိုပဲဖြစ်သွားတာလား.. ဒါမှမဟုတ် ကွန်ပျူတာတလုံး အနေနဲ့ပဲ သုံးလို့ရပါသလား.. ဆိုလိုတာက VPS account ကိုသုံးပြီး အင်တာနက်ကနေ ဒေါင်းလုတ် ထားတာတွေကို ကျွန်တော့်ကိုယ်ပိုင် ကွန်ပျူတာမှာ သိမ်းလို့ ရပါသလား.. ဒါမှမဟုတ် VP server မှာပဲ သိမ်းလို့ရတာလား..
လေးစားစွာဖြင့်
wanna.soe@gmail.com
ကိုညီနေမင်းရေ..
ReplyDeleteကျနော်..ပီးခဲ့တဲ့အပတ်က ကွန်ပျူတာမြန်အောင်လုပ်ဆောင်နည်းဆိုတဲ့ စာကို ဖေ့စ်ဘုတ်မှာတွေ့ပီး အဲ့ဒီအတိုင်းလျှောက်လုပ်လိုက်တာ.. ရှိရှိသမျှ software တွေပါဖျက်မိလိုက်တယ်ထင်ပါတယ်။ အခုတော့ စက်က အင်တာနက်ကို ဘယ်လိုမှဖွင့်မရတော့ဘူးဖြစ်နေလို့.. ဘယ်လိုပြန်လုပ်ရမလဲ..ကူညီပေးပါဦး။
ဒီဆိုဒ်က ကျနော် လုပ်ချင်တာတွေ အမြဲရှာဖွေပီး စာပါအတိုင်း လိုက်လုပ်လေ့ရှိပါတယ်။ ကော်မန့်ကတော့ မပေးဖြစ်ပါဘူး။ အမှားပါလျှင်ခွင့်လွှတ်ပါ။
ကျေးဇူးတင်ပါတယ်။
ကိုညီနေမင်း
ReplyDeleteလေးစားလျှက် အကူအညီတစ်ခုတောင်းချင်ပါတယ်။ မြေပုံဆွဲဖို့ အကောင်းဆုံးဆော့ဝဲလ်နဲ့ အမြည်းလေးပေးစေချင်ပါတယ်။
ကျေးဇူးတင်ပါတယ် အကိုညီနေမင်း ရေ..ကျွန်တော်ကတော့ အကိုတို့လိုနည်းပညာသမားတွေ ကိုအားကိုးပြီး..စမ်းတဝါးဝါးနဲ့ လေ့လာရင်း ဘလော့လေးတစ်ခုလုပ်ထားပါတယ်.အကို့ဆိုဒ်ကိုလည်းအမြဲလာလည်နေကျပါ..ခုလိုနည်းပညာလေးတစ်ခုရလိုက်တာများစွာဝမ်းမြောက်မိပါတယ်။အကိုလည်း ထာဝရပြုံးပျော် နေနိုင်ပါစေနော်..စေတနာအရင်းခံတဲ့အကိုလိုလူမျိုးကိုထားဝရလေးစားလျက်ပါဗျာ။
ReplyDeleteအစ်ကို ကျနော့်ဖုန်းက reboot ပြန်မတက်တော့လို့  ကူညီပါအုံး..sony ercisson လို့ ပဲပေါ်နေပြီး ဘာမှအလုပ်မလုပ်တော့ဘူး..ginger DX ကို ကလိလိုက်လို့ ဖြစ်သွားတာပါ။ဖြေနည်းလေးများရှိရင် ပြောပေးပါအုံးနော်။ကျနော့်ဖုန်းမော်းဒယ်က xperia x8ပါ ခင်ဗျာ။
ReplyDeleteAdobe Cloud နှင့် ပတ်သက်သမျှ ဖြစ်နိုင်ရင်တော့ အကုန် သိချင်ပါတယ်ခင်ဗျ။ ကျနော်လည်း ရှာတော့ ရှာကြည့်ပါသေးတယ်။ အဆင်မပြေတာပဲ များနေတော့ အကို့ဆီကို အကူညီ တောင်းကြည့်တာပါ။ အချိန်မရလို့ မအားဘူးဆိုရင်တော့လည်း အားတဲ့အချိန်လေးမှာ ဖြေကြားပေးစေချင်ပါတယ်ခင်ဗျ။
ReplyDelete