W w W. N y I n @ y M i N. o R g
03 March 2012
TuneUp Utilities 2012 with keygen
ခင်​မောင်​ဌေးTuneUp Utilities 2012 ​က ​ကီး​က ​ထပ်​တောင်း​နေ​လို့ ​ကူ​ညီ​ပေး​ပါ​ဦး​ခင်​ဗျာ.
ကဲ​အ​ရင်​တုန်း​က ​တင်​ပေး​ထား​တာ​က ​ကီး​နဲ့​ပဲ ​တင်​ပေး​ထား​တာ​ပါ. ​အဲ့​အ​တွက်​ကြောင့် ​အ​ခန့်​မ​သင့်​လို့ key ​ကို block ​ဖြစ်​သွား​ခဲ့​ရင် key ​ပြန်​ရှာ​ဖို့ ​မ​လွယ်​ကူ​ပါ​ဘူး. ​အဲ့​အ​တွက်​ကြောင့် ​အ​ခု ​အား​လုံး​အ​ဆင်​ပြေ​အောင်​လို့ keygen ​ကို ​ရ​အောင် ​ရှာ​ပေး ​လိုက်​ပါ​တယ်. ​အဲ့​ထဲ​မှာ ​ကီး​တွေ​အ​များ​ကြီး​ပါ​တဲ့​အ​တွက် ​လုံး​ဝ​အ​ဆင်​ပြေ​သွား ​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​ကျွန်​တော်​လည်း​အ​ခု TuneUp Utilities 2012 ​ကို​ပဲ ​သုံး​နေ​ပါ​တယ်. ​ကွန်​ပျူ​တာ ​သုံး​တာ ​မြန် ​ဆန်​စေ ​ဖို့​က​တော့ ​တ​ခြား software ​တွေ​ထက် TuneUp Utilities 2012 ​က ​ပို​ပြီး​အ​ဆင်​ပြေ​စေ​ပါ​တယ်. ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ​ဖို့ ​နည်း ​လမ်း​တွေ​ကို ​သီး​သန့်​ရေး​ထား ​ပါ​တယ်. ​အ​ပြီး​မ​သတ်​ရ​သေး​လို့ ​မ​တင်​ပေး​သေး​တာ​ပါ. ​စာ​အုပ်​အ​နေ​နဲ့ ​ထုတ်​ပေး ​မှာ ​ဖြစ်​ပါ​တယ်။ ​နည်း​နည်း​တော့ ​များ​တယ်​လို့ ​ဆို​ရ​မှာ ​ဖြစ်​ပါ​တယ်. ​အ​ခု ​ကျွန်​တော့​မှာ ​သင်​တန်း​က ​တ​ဖက်​နဲ့​ဆို​တော့ ​စာ​အုပ်​လုပ်​ဖို့​ကို ​နည်း​နည်း​အား​တဲ့ ​အ​ချိန်​မှ​သာ ​ရေး​နိုင်​ပါ​တယ်. ​သင်​တန်း​သား​တွေ​က ​ပ​ထ​မ course ​တက်​ပြီး​ရင် ​နောက်​ထပ် course ​ကို ​တက်​ဖို့​အ​တွက် ​စိတ်​အား​ထက်​သန်​နေ​တော့ ​ကျွန်​တော့်​မှာ ​အ​တော်​လေး ​ပင်​ပန်း​ပါ​တယ်. ​တစ်​ယောက်​က photoshop, ​တစ်​ယောက်​က service special course, ​တစ်​ယောက်​က web design, ​တစ်​ယောက်​က ​စာ​စီ​စာ​ရိုက်​နဲ့၊ ​သူ​တို့​တွေ​အ​တွက် ​စာ​အုပ်​တွေ ​ထုတ်​ဖို့​အ​တွက် ​အား​လုံး​ညီ​တယ် ​ဆို​ရင်​တော့ ​ပြ​ဿ​နာ​မ​ရှိ​ပေ​မယ့်. ​တစ်​ယောက် ​တစ်​မျိုး ​ဝါ​သ​နာ​ချင်း ​မ​တူ​ညီ​တော့ ​ကျွန်​တော့်​မှာ ​အ​တော်​လေး​ကို ​ပင်​ပန်း​ရ​ပါ​တယ်. ​အား​လုံး​လည်း ​နား​လည်​လိမ့်​မယ်​လို့ ​မျှော်​လင့်​ပါ​တယ်. ​ကျွန်​တော် ​ဒီ​နေ​ရာ​မှာ ​တ​သက်​လုံး​နေ​မှာ ​မ​ဟုတ်​ပါ​ဘူး။ ​နှစ်​အ​ပိုင်း​အ​ခြား​လောက်​ပဲ ​ဖြစ်​မယ်​လို့ ​ထင်​ပါ​တယ်. ​နောက်​တစ်​နေ​ရာ​ကို ​မ​ပြောင်း​ခင်​အ​ချိန်​မှာ ​ကွန်​ပျူ​တာ ​ကျွမ်း​ကျင်​တဲ့​လူ​ငယ်​လေး​တွေ​ကို ​မွေး​ထုတ်​ပေး​ခဲ့​ချင်​တာ​ပါ။ ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ​မည့် ​နည်း​လမ်း​နှင့် ​နှေး​ရ​သည့် ​အ​ကြောင်း​ရင်း​လေး​တွေ ​ကို ​ခြုံ​ငုံ​ပြီး​ရေး​ပေး​သွား​မယ့် ​စာ​အုပ်​အ​ပြင်၊ ​အင်​တာ​နက်​သုံး​တဲ့​နေ​ရာ​မှာ ​ဘယ်​လို​နည်း​လမ်း​မျိုး​နဲ့ ​ကိုယ့်​ရဲ့ data ​တွေ​နဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​မ​ကျန်​ခဲ့​အောင် ​လုပ်​ခဲ့​ရ​မယ်​ဆို​တာ​ကို​ပါ ​စာ​အုပ်​လုပ်​ပြီး​တော့ ​တင်​ပေး​မှာ​ဖြစ်​ပါ​တယ်။ ​ကျွန်​တော့်​ဆီ​ကို ​အပ်​ထား​တဲ့ ​ဝဘ်​ဆိုက်​တွေ​ကို​လည်း ​အ​ခု ​တစ်​ပတ်​အ​တွင်း​ပြီး​အောင် ​အ​ဆုံး​သတ်​ရ​ပါ​မို့၊ ​အား​တဲ့​အ​ချိန်​လေး​တွေ​မှာ ​ရ​သ​လို ​ဝင်​ဝင်​ပြီး​တော့ ​တင်​ပေး​သွား​ပါ့​မယ်. ​ကျွန်​တော့် ​ဝဘ်​ဆိုက် ​တွင် ​နည်း​ပ​ညာ​ပိုင်း ​ရေး​သား​ချင်​သူ​များ၊ ​ဖြန့်​ဝေ​ချင်​သူ​များ​ကို ​ဖိတ်​ခေါ်​ပါ​တယ်. ​ရေး​သား​သည့် ​အ​ကြောင်း​အ​ရာ​များ​သည် ​သူ​များ​ရေး​သား​ထား​သည့် ​ပို့စ်​များ​ကို ​ကူး​ယူ​ပြီး ​မ​တင်​ပြ​ရ​ပါ။ ​ကိုယ်​ကိုယ်​တိုင် ​ရေး​သား​ထား​သည့် ​ပို့စ်​ဖြစ်​ရ​ပါ​မယ်။ ​ဖိုင်​များ​ကို​လည်း ​ကိုယ်​ကိုယ်​တိုင် ​တင်​ရ​မှာ​ဖြစ်​ပါ​တယ်။ ​အ​ရေး​အ​သား​နှင့်​ပို့စ်​တင်​နိုင်​မှု့​ပေါ်​မူ​တည်​ပြီး​တော့ web admin ​နှင့် chatbox admin ​ရာ​ထူး​ကို ​ပေး​မှာ​ဖြစ်​ပါ​တယ်။ ​အား​လုံး​ပဲ ​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ ​ဖို့ ​ပြု​လုပ် ​ရာ​မှာ ​မ​ပါ​မ​ဖြစ် ​ပါ​ဝင်​ရ​မည့် TuneUp Utilities 2012 software ​ကို ​ကြို​ပြီး​တော့ Download ​လုပ်​ထား​ပါ​လို့ ​တိုက်​တွန်း​ချင်​ပါ​တယ်. ​စာ​အုပ်​ထွက်​လာ​သည့် ​အ​ချိန်​ကျ​မှ download ​လုပ်​မ​ရ​တာ​မျိုး​နဲ့ ​ကြုံ​ရင် ​အ​စ​က​နေ ​ပြန်​ဒေါင်း​နေ​ရ​မှာ ​မို့ ​ကြို​ပြီး ​လုပ်​ခိုင်း​ထား​တာ​ပါ။
Download ifile.it
Part1 | Part2
Download Up4vn
Part1 | Part2
Download Mediafire
Part1 | Part2
Download Mirrorcreator
Part1 | Part2
6 comments:
  1. ​အ​သုံး​ပြု​နည်း​လေး​ပေး​ပါ​ဦး​နော်​အ​ကို.....​မ​သုံး​တတ်​လို့​ပါ။
    ReplyDelete
  2. ​ကျေး​ဇူး​အ​ရမ်း​တင်​ပါ​တယ် ​အ​ကို
    ReplyDelete
  3. ​ဒေါင်း​လုပ်​ဆွဲ​ပြီး​သွား​ပြီး ​ဖိုင်​လဲ WinRar​နဲ့​ဘဲ ​ဖိုင်​ဆက်​တာ ​ပြီး​သွား​ခဲ့​ပါ​တယ်..
    (​ကွန်​ပျူ​တာ ​မြန်​ဆန်​စေ​မည့် ​နည်း​လမ်း​နှင့် ​နှေး​ရ​သည့် ​အ​ကြောင်း​ရင်း​လေး​တွေ ​ကို ​ခြုံ​ငုံ​ပြီး​ရေး​ပေး​သွား​မယ့် ​စာ​အုပ်​အ​ပြင်၊ ​အင်​တာ​နက်​သုံး​တဲ့​နေ​ရာ​မှာ ​ဘယ်​လို​နည်း​လမ်း​မျိုး​နဲ့ ​ကိုယ့်​ရဲ့ data ​တွေ​နဲ့ ​အ​ချက်​အ​လက်​တွေ​ကို ​မ​ကျန်​ခဲ့​အောင် ​လုပ်​ခဲ့​ရ​မယ်​ဆို​တာ​ကို​ပါ ​စာ​အုပ်​လုပ်​ပြီး​တော့ ​တင်​ပေး​မှာ)​ဆို​လို့ ​စောင့်​မျှော်​နေ​ပါ​တယ်..
    TuneUp Utilities 2012 software
    ReplyDelete
  4. ​ကျေး​ဇူး​ပါ​အ​ကို
    ReplyDelete
  5. ​ကျေး​ဇူး​တင်​ပါ​တယ်....​ခု​လို​မ​အား​တဲ့ ​ကြား​က​နေ ​တင်​ပေး​တာ​ကို....
    ReplyDelete
  6. ​အ​ရမ်း​ကို​ကျေး​ဇူး​တင်​ပါ​တယ်​ဗျာ ​အ​ကို
    ReplyDelete