ဒါကတော့ Website တွေကို ဘယ်လို hack လဲ ဆိုတာကို သဘောတရားလောက် ရှင်းပြထားပါတယ်။ ဒီစာအုပ်လေးလဲ တင်ပေးပါဦးလို့ ပြောလို့ ထပ်တင်ပေးလိုက်ပါတယ်။ ယခုကတည်းက ပြောပါမည်။ စမ်းသပ်ချင်လျှင် ကွန်ပျူတာ တစ်လုံး သီးသန့်ထားပြီး စမ်းသပ်ပါ။ အောင်မြင်တာ မအောင်မြင်တာက တစ်ကြောင်းပေါ့ ဒါက ကိုလုပ်တဲ့၊ ကြိုးစားတဲ့အပေါ်မှာ မူတည်ပါတယ်။ ကွန်ပျူတာ တစ်လုံးထားခိုင်းတာက ကိုယ်တိုင်ရေးတဲ့ hacking & cracking tools တွေ မဟုတ်တဲ့အတွက်ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှု့တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲ့အတွက်ကြောင့် မိမိအင်တာနက် မသုံးတဲ့ တစ်ခြားကွန်ပျူတာတစ်လုံးကနေ စမ်းလိုက်ကြပေါ့။ မဟုတ်ရင်တော့ gmail, hotmail, yahoo mail, bank account and personal data စတာတွေ ပါသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ လုပ်ပါလို့ မတိုက်တွန်းသလို မလုပ်ပါနဲ့လို့လဲ မတားမြစ်ပါဘူး။ ကိုဝါသနာပါရာ ၀ါသနာပါရာပေါ့။ ကဲတင်ပေးလိုက်ပါပြီဗျာ။ တကယ်ကြိုးစားတဲ့သူများဆိုရင် တစ်ဆင့်ချင်းဆီကနေ သဘောပေါက် နားလည်တဲ့ အဆင့်အထိ ရောက်သွားပါလိမ့်မယ်. နောက်ပြီး တစ်ချို့ မိမိသုံးတဲ့ gmail အကောင့်ကို ၀င်မရလို့ phone activate တောင်းခဲ့ရင် တွေ့ကရာလူကို သွားပြီးတော့ အကူအညီတောင်း ကြပါတယ်။ အဲ့လိုမလုပ်ကြပါနဲ့။ အရမ်းရင်းနှီးတဲ့သူ ယုံကြည်တဲ့သူကိုမှ အကူအညီတောင်းပါ ဘာလို့လဲဆိုရင် အဲ့ထည့်ပေးလိုက်တဲ့ ဖုန်းပိုင်ရှင်ဟာ သူ့ဖုန်းနဲ့ဖြစ်တဲ့အတွက် သူထည့်ထားပေးတဲ့ gmail account ကို အချိန်မရွေး(phone number မပြောင်းသရွေ့) ပြန်ယူသွားနိုင်ပါတယ်။ ကဲ အသေးစိတ်ကတော့ နောက်မှ ပြောပြပါတော့မယ်။ စာအုပ်ကို လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ကြပါ။
ifile | mediafire | minus

















"ကိုယ်တိုင်ရေးတဲ့ hacking & cracking tools တွေ မဟုတ်တဲ့အတွက်ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှု့တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲ့အတွက်ကြောင့် မိမိအင်တာနက် မသုံးတဲ့ တစ်ခြားကွန်ပျူတာတစ်လုံးကနေ စမ်းလိုက်ကြပေါ့။ မဟုတ်ရင်တော့ gmail, hotmail, yahoo mail, bank account and personal data စတာတွေ ပါသွားနိုင်ပါတယ်။"
ReplyDeleteဒီစာသားကို လုံးဝသဘောမကျဘူးဗျ..ဒီစာအုပ်ကိုရေးသားသူက ကျွန်တော့်ဘော်ဒါအရင်းကြီးပါ နောက်ပြီးဒီလို စာသားမျိုးရေးတာရေးသားသူကိုဆော်ကားလိုက် သလို ပါပဲ ...မယုံကြည်ရင် မတင်ပေးပါနဲ့...ရေးသာသူဟာ IIS Hacking နဲ့ ပတ်သက် ပြီးမိတ်ဆက်ပေးထားတာပါ...။ကိုယ်ရေးတဲ့ စာကြောင့်သူများသိပ် ခါမထိခိုက်စေချင်ဘူး......။နောက်ပြီး IIS hacking အကြောင်းသိပ်မသိသလိုပဲနော်..။
ကာယကံရှင်ကတောင်ဘာမှမပြောဘူးဘေးကြက်ကခြေပျင်းနေပါ့ကော။ဒို့ကိုညီနေမင်းကိုအဲဒီလိုလေသံပြင်းပြင်းနဲ့မပြောနဲ့အမာခံပရိတ်သတ်တွေရှိတယ်။သူကြောင့်တို့လိုနယ်ကလူတွေတော်တော်အဆင်ပြေနေတာ
ReplyDeleteအေးငါကဘေးကြက်ဆိုမင်းက ကောက်ရိုပုံ စောင့်တဲ့ ခွေးပဲ..ကိုယ့်ကို ကိုယ် ပြန်ကြည့်ဦး ဘာမှာ မဆိုင်ပဲနဲ့ လိုက်မဟောင်နဲ့...ငါက သူငယ်ချင်းတစ်ယောက် ကိုထိလို့ ဖြစ်သွားတာ..။မင်းတို့
ReplyDeleteဘာသိကြလို့လဲ ဘယ်လောက်တတ်နေကြလို့ လဲ လူဆိုတာ..ကိုယ့်ဒူးကိုယ် ကို ချွန်ရတယ်..သူများနောက်လိုက်ဆို အမြဲတမ်းနောက်လိုက်ဖြစ်နေမှာပဲ...။သူများကို ပြောမယ်..ဆို ကိုယ့် ကိုကိုယ်မှန်ရဲ့ လားအရင်ကြည့်ရတယ်..ငါဝေဖန်တာ...ဘာမှရိုင်းတာမပါဘူးး...။တစ်ခုပြောမယ်...
မင်းလဲနောက်ကိုလေသံပြင်းနဲ့ငါ့ကိုမပြောရဘူး ငါဆိုတဲ့ကောင်က ဘယ်မှန်တယ်ထင်ရင် ဘာမဆိုလုပ် ရဲတယ်....။အွန်လိုင်းပေါ်ကနေလက်သီး ပုန်းပြမနေနဲ့...။
မှတ်ချက်
ဆိုက်ပိုင်ရှင်ကိုတော့အားနာပါရဲ့ ဒါပေမယ်မိုက်ရိုင်းတဲ့ စကားလုံး တစ်လုံးမှ မပါတဲ့ အတွက်..ဒီ
comment ကိုတင်ပေးပါ....။
စာအုပ်မှန်သမျှကတော့ အကုန်ကြိုက်တယ်ဗျာ...ဖတ်တော့မဖတ်နိုင်သေးပါဘူး...ရတုန်းလေး ဒေါင်းထားခွင့်ရှိတော့ ...ကိုညီနေမင်းကိုပဲ ကျေးဇူးအရမ်းတင်လှပါတယ်
ReplyDeleteဘာတွေကိုက်နေကြတာ လဲ ကွာရှုပ်ရှက်ကိုခတ်နေတာဘဲ
ReplyDeleteဘာပဲဖြစ်ဖြစ်လေ့လာခွင့်ရတဲ့အတွက် ကျေးဇူးကမ္ဘာပါ ကိုညီ...
ReplyDeleteပြောတဲ့အတိုင်းတော့လုပ်တာပဲ...
ReplyDeleteVM player က zip ဖြေထားတဲ့..back track5 ကိုမသိဘူးဖြစ်နေတယ်..
zip ဖြေထားတာကတော့ အောက်ကပုံအတိုင်းပါ..ဘယ်ဖိုင်ကို open virtual machine
လုပ်ရမှာလဲ...
[URL=http://www.imagebam.com/image/86404c198656659][IMG]http://thumbnails74.imagebam.com/19866/86404c198656659.jpg[/IMG][/URL]
links are dead n i really want to read this book PLEASE recover the links
ReplyDelete