ကျွန်တော်တို့အနေနဲ့ ဖုန်းတွေ အသီးသီး ရှိကြတယ်ဗျာ. ဖုန်းခေါ်ဆိုခတွေ အရမ်းများတယ်။ အဲ့တော့ ပိုက်ဆံမကုန်အောင် ဖုန်းပြောတာတို့၊ မြန်မာလို chat တာတို့၊ message ပို့တာတို့ မလုပ်ချင်ဘူးလား။ အင်တာနက်ခက တစ်မိနစ်မှ 2 ကျပ်လား 20 လား ပေးရတာပါ။ တန်ပါတယ်။ အဲ့လိုခေါ်ချင်ရင်တော့ အောက်က အချက်တွေနဲ့ ပြည့်စုံဖို့တော့ လိုအပ်ပါတယ်။ အခု ကျွန်တော် ကွန်ပျူတာကနေ ဟန်းဖုန်းကို ဖရီးခေါ်ဆိုနိုင်အောင် ကြိုးစားကြည့်နေပါတယ်။ ဖုန်းနံပါတ်ကတော့ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခက်တာက android phone(အတု-အစစ်ကဲ့သို့) တစ်လုံးကို ကွန်ပျူတာပေါ်ကနေ စမ်းသုံးပြီး ဖုန်းခေါ်ဖို့အတွက် ဖုန်းနံပါတ်နဲ့ activate လုပ်ဖို့က ရပြီ။ အဲ့ထဲကို install လုပ်ဖို့အဆင့်တစ်ဆင့် လိုနေသေးလို့ လုံးဝ ထည့်လို့မရဘူးဖြစ်နေတယ်။ ကဲဒါကထားပါ ကျွန်တော့်ဖက်က အခက်အခဲပေါ့.
- မိမိဖုန်းဟာ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးထဲက တစ်ခုခုဖြစ်ရပါမယ်။ (အခုအထိတော့ ဒီ ၄ မျိုးပဲ ရှိပါသေးတယ်။ နောက်ထပ်ပြီး update လုပ်နေပါတယ်။)
- မိမိဖုန်းမှာ viber ဆိုတဲ့ free ခေါ်ဆိုနိုင်တဲ့ software Download လုပ်ဖို့နဲ့ install လုပ်ဖို့ internet လိုအပ်ပါလိမ့်မယ်။ Download လုပ်ဖို့ခဲယဉ်းနေရင်လည်း ကျွန်တော် တင်ပေးလိုက်ပါ့မယ်။ မပူပါနဲ့ memory card ထဲကိုသာ အဲ့ viber software ထည့်ပြီး install လုပ်သွားလိုက်ပါ။ ကျွန်တော့်မှာ samsung Android အမျိုးအစား ရှိလို့ ကျွန်တော့်ဖုန်းကို ဥပမာထားပြီးတော့ ရေးသားလိုက်ပါ့မယ်။
- မိမိကိုယ်တိုင် ဖုန်းမှာ အင်တာနက်ရှိလို့ပဲ ဖြစ်ဖြစ်၊ wifi ရနေလို့ပဲဖြစ်ဖြစ်ပေါ့၊ အဲ့ဒါမျိုးဆိုခဲ့ရင် ပိုအဆင်ပြေတာပေါ့။ နိုင်ငံခြားက သူငယ်ချင်းဆီကို ဖုန်းခေါ်ချင်ရင် အင်တာနက် ကဖေးဆိုင်ကို သွားထိုင်ပြီး တစ်နာရီလောက် ဖုန်းပြောလိုက်ပေါ့။ အဲ့ကပေးတဲ့ wifi နဲ့ ဖုန်းနဲ့ချိတ်ပြီးတော့။ အော်ဒါနဲ့ပြောဖို့ကျန်သွားပါတယ်။ အဲ့လိုခေါ်ဆိုဖို့အတွက် တစ်ဖက်ဖုန်းမှာလည်းပဲ viber software ရှိရပါမယ်။ အဲ့ဒါဆိုရင် သူ့ဖုန်းကို ကိုကခေါ်မယ်ဆိုတာနဲ့ သူကမေးပါလိမ့်မယ်. viber နဲ့လား Dialer နဲ့လားပေါ့၊ Dialer ကိုရွေးမိရင်တော့ ငါးပါးမှောက်ပါမယ်။ oversea call နဲ့ပေးရပါလိမ့်မယ်။ အဲ့တော့ viber ကိုရွေးပြီး ကိုခေါ်ချင်တဲ့သူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ ဟိုဖက်က ဟန်းဖုန်းမှာ viber နဲ့သွားမည်ပါလိမ့်မယ်. သူကလည်း ကိုခေါ်တယ်ဆိုတာ တန်းသိပါတယ်။ ဟိုဖက်က အိုကေနှိပ်တာနဲ့ ပြောပေတော့ပေါ့။
- အဲ့တော့ ခုနက ပြောတဲ့ iphone (or) android (or) Black berry (or) window phone အဲ့အမျိုးအစား ၄ မျိုးမှာ အင်တာနက်ရှိနေခဲ့ရင် http://www.viber.com ကိုသွားပြီး ကို့ဖုန်းအမျိုးအစားကို ရွေးပြီး Download လုပ်လို့ရသလို၊ Android ဖုန်းဆိုရင်တော့ Play store ကနေ အရင်နှိပ်ပြီး search box ထဲမှာ viber လို့ရိုက်ထည့်လိုက်တာနဲ့ တန်းပေါ်လာပါလိမ့်မယ်။ ရွေးပြီးတော့သာ download လုပ်လိုက်ပါ။ download လုပ်ပြီးတာနဲ့ install ကို သူ့ဟာသူ လုပ်သွားပါလိမ့်မယ်။ activate ဖြစ်ဖို့အတွက် မိမိရဲ့ နိုင်ငံနဲ့ ဖုန်းနံပါတ်ကို ရွေးပေးရပါမယ်။ ရွေးပြီး OK နှိပ်တာနဲ့ ဖုန်းထဲကို message ရောက်လာပါမယ်။ အဲ့ message ထဲက code ကို viber phone activate ဖြစ်ဖို့အတွက် တောင်းတဲ့အကွက်ထဲမှာ ရိုက်ထည့်ပေးလိုက်ပါ။ ဒါဆိုရင် viber ရှိသော မည်သည့် ဖုန်းကိုမဆို ခုခေါ် ခုပြောလို့ရသလို၊ message ပို့ရင်လည်း ခုပို့ ခုရောက်ပါတယ်။ ကဲပြောမယ့်သူချည်းပဲလို့ ထင်ပါတယ်။ အဲပြောဖို့တစ်ခုကျန်သွားပါတယ်။ play store (or) www.play.google.com ကို ၀င်ဖို့အတွက် google account လိုအပ်ပါတယ်။ မိမိသုံးနေတဲ့ google account နဲ့ ၀င်လည်း ရပါတယ်။ ၀င်လို့ရမှသာ application တွေကို ဖရီး Download လုပ်ခွင့်ရကြမှာပါ။ apple က ထုတ်တဲ့ iphone နဲ့ ipad ကိုတော့ google ကနေ မထင်မှတ်ဘဲနဲ့ ခဏတာအတွင်း အသုံးပြုသူအရေအတွက်နဲ့ service ကောင်းကောင်းနဲ့ လုပ်ပြလိုက်ပြီဆိုတော့ apple အနေနဲ့တော့ နည်းနည်းမျက်ခုံးလှုပ်သွားမှာ အမှန်ပါ။ ဘာလို့လဲဆိုတော့ iphone, ipad တွေကို ပြန်သုံးရဖို့အတွက် jailbreak လုပ်ရလို့ပါပဲ။ android phone မှာ အဲ့ဒါတွေမလိုပါဘူး။ ကြိုက်သလိုသွား၊ ကြိုက်တာ install လုပ်လို့ရပါတယ်။ ကဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ android သမားများအတွက် မရှာချင်ရင်တော့ အောက်မှာ တင်ပေးလိုက်ပါပြီ။ မြန်မာနိုင်ငံက အင်တာနက်ရှိတဲ့ဖုန်း၊ အင်တာနက်လိုင်းရတဲ့နေရာကနေ ဖုန်းကတဆင့် ကျွန်တော့်ဖုန်းကို လှမ်းဆက်လို့ရပါတယ်။ +66862735597 ပါ။ ရတယ်ဆိုရင် စမ်းခေါ်လိုက်ပါ။ phone number ထည့်လိုက်တာနဲ့ ကို့သူငယ်ချင်းတွေထဲမှာ viber ထည့်ထားတယ်ဆိုရင် viber ပုံလေး ဖုန်းနံပါတ်နဘေးမှာ ပေါ်နေပါတယ်။ ဘယ်သူထည့်ထားလဲ ကြည့်လို့ရပါတယ်။ မေးစရာမလိုပါဘူး။
Download Viber.apk
ifile | Minus | Mediafire Direct link
Apple | Android | Blackberry | Window Phone
















ကိုညီနေမင်း PC ထဲမှာရော Viber ကိုတွင်းပြီး ဖုန်းခေါ်လို့ရလား ...
ReplyDeleteပြီတော့ ကိုယ့်သူငယ်ချင်းက သူ့ဖုန်းထဲမှာ Viber တွင်းထားတယ်ဆိုပါတော့ ကိုယ်ကသူ့ကိုခေါ်မယ်ဆိုရင် သူ့ဖုန်းနံပါတ်ဘဲနှိပ်ထဲရဒါလား ဒါမှမဟုတ်ဘယ်လိုလုပ်ရဒါလဲ ....
ကိုညီနေမင်း iphone မှာကျွန်တော်က app store ကနေရှာပြီးဒေါင်းလိုက်တာပါ ဒေါင်းလို့ရပြီးပါပြီ ဒါပေမဲ့ ဘာဆက်လုပ်ရမှန်းမသိဘူး ဖြစ်နေလို့ပါ ကူညီပါအုံး...
ReplyDeleteiphone မှာ ဘယ်လိုဆက်လုပ်ရမလဲ မသိလို့ ကူညီပေးပါ ကိုညီနေမင်းခင်ဗျာ...
ReplyDeleteအစ်ကိုညီနေမင်း။ Android Xperia X8,W8 ကို Froyo version ပြောင်းပြီးသုံးတဲ့ နည်းလေးရှင်းပြပေးပါလား။ ကျွန်တော်ဖုန်းကိုလုပ်ကြည့် ချင်လို့ ပါ။ software version ပြောင်းပြီး မြန်မာဖောင့်ထည့် သုံးချင်လို့ ပါ။ ကျွန်တော်ကြိုးစားရှာပါသေးတယ် ။မတွေ့ တဲ့ အဆုံးအစ်ကို့ ကိုအကူညီတောင်းဒါပါ။နော်
ReplyDeleteဒါများ အကိုတို့ရယ် viber ကိုဖွင့်လိုက် ပီးတော့ ကိုယ့် ဖုန်းနံပါတ်ကို ထည့်လိုက် တော်ကြာ မက်ဆေ့ပို့လိမ့်မယ်... အဲဒီပို့တဲ့ ကုတ်ကို ထပ်ဖြည့်လိုက် ဒါဆို ရသွားလိမ့်မယ် ...
ReplyDeleteကိုညီခင်ဗျားးး ပီဒီအက်စ် pdf ဖိုင်ကနေ ဝါ့ဒ်ဒိုးချူမင့် word doc,. ကိုပြောင်းတဲ့ ဆော့ဝဲလေးရှိရင် တင်ပေးပါလားခင်ဗျား။ကျနော်လိုချင်လို့ ပါ။ကျေးဇူးတင်ပါတယ်။
ReplyDeleteကိုညီခင်ဗျား PDF ဖိုင်ကနေ Microsoft Word Doc,.ကိုပြောင်းပေးတဲ့ဆော့ဝဲလ် လေးရှိရင်တင်ပေးပပါလား။ ကျနော်လိုချင်လို့ ပါခင်ဗျား။ကျေးဇူးတင်ပါတယ်။
ReplyDeleteကိုယ့်ဖုန်းက မြန်မာဖုန်း 09 5012345 ဆို +959 5012345 ရိုက်ထည့်ပေးပါ Viber ကနေပီး ကိုယ့်ဖုန်းကို ခေါ်ပီး activation code ပြောပါလိမ့်မယ် သူပြောတယ့် code ကို ရိုက်ထည့်ပီး activate လုပ်ပေးရင် အဆင်ပြေသွားပါလိမ့်မယ်.. မှတ်ချက် မြန်မာ ဖုန်း no ဆို viber ကတစ်ခါတစ်လေ မခေါ်ပါဘူး။ ကျနော့တုန်းက ၂ပါတ်လောက် ကြာသွားပါတယ်. activation ရဖို့.. :)
ReplyDeleteကျေးဇူးပဲအစ်ကိုရေ အစ်ကိုပြောသလိုပါပဲ အားလုံးအဆင်ပြေပါတယ်
ReplyDeleteတကယ်ကောင်းတယ်ဗျ ကိုယ်.ဆီမှာဖုန်းရှိယုံပဲ sim card မလိုဘူးဗျ wi fi ရှိရင်အဆင်ပြေတယ်
ReplyDeleteviber coad အခုထိကျမလာဘူး ကိုညီရေ...
ReplyDeleteHow about ipad, is that can use viber or not?
ReplyDeleteHi!Great and interesting blog you have:) Come and visit my site too. http://motors.com.mm/?utm_campaign=mot_mm_lb_blog_martaste&utm_source=mot_lb_blog&utm_medium=lb_blog
ReplyDeleteအကိုေ၇ ကျွန်တော်ကို ဆမ်ဆောင်းဂက်ဆီအက်စ်ပလက် ၇ဲ့ မြန်မာဖောင်.လေး
ReplyDelete၇နိင်လား ကျေးဇူးပြုပြီးဘယ်မှာ၇ှိနိင်သလဲပြောပေးပါဗျာ အားပေးလျှက်
ကိုညီရေ..ကျွန်တော့်ကွန်ပျူတာမှာ New Folder exe. တွေပေါ်ပေါ်နေတယ်..
ReplyDeleteဖျောက်လို့လဲမရဘူး....ဖျက်ရင်လဲခဏပါဘဲ..အဲဒါ နဲနဲ တင်ပေးပါအုံး...ကျွန်တော်ကလဲ
အလုပ်များနေလို့ ကိုညီ့ဆိုင်ကိုတောင်မရောက်ဖြစ်ဘူး...ကျေးဇူး..နဲနဲတင်ပါတယ်
ကိုညီနေမင်း viber က Nokia 500 မှာသုံးလို.ရလားမသိဝူး သုံးလို.ရရင် ပြောပြပေးပါအုံးဗျာ ပြီးတော့ viber က samsung galaxy y မှာဆော့ဝဲတော့ install လုပ်ပြီးပြီ ဖုန်းနံပတ်ထဲ.ပြီး message ပြန်မလာဝူးဖြစ်နေလို. ကူညီပေးပါအုံးဗျာ ကျေးဇူးတင်ပါတယ် ဖုန်းက နှစ်သိန်းတန်ဖုန်းဖြစ်နေလို.မရတာလားသိချင်ပါတယ်
ReplyDeletemama minthar ခင်ဗျာ ကျွန်တော် ကိုညီနေမင်းရဲ့ ကိုယ်စား ၀င်ဖောပေးပါ့မယ် message ပြန်မလာတာကတော့ မြန်ဖုန်းတွေမှာ များသောအားဖြင့် ပြန်မလာပါဘူးဗျာ။ ဒါပေမယ့် ရှေ့ဆက်လုပ်လို့ရပါတယ်
ReplyDeleteEnter viber ဆိုတဲ့ ခလုပ်လေးရဲ့အောက်နားက
click here ကိုနှိပ် ပါ web page တစ်ခုကို ရောက်သွားပါလိမ့်မယ်
Get Code ကိုနှိပ်လိုက်ပါ ချက်ချင်းဆိုသလို မိမိဖုန်းကို နိုင်ငံခြား call တစ်ခု ၀င်လာပါလိမ့်
ဖွင့်နားထောင်လိုက်ပါ code နံပါတ်ပြောပါလိမ့်မယ် ပြောတဲ့ code ကို ဘောလ်ပင်နဲ့ လိုက်မှတ်ထားပါ သူက နှစ်ခါပြန်ပြောလိမ့်မယ် အဲဒါဆိုရင် code ရပါပီ viber ကိုပြန်ဖွင့်လိုက်ပါ Enter code here မှာ ဖြည့်လိုက်ပါ ပြီးလျင် Enter viber ကိုနှိပ်လိုက်ပါ။ ခဏနေရင် အာလုံးပြီးသွားပါလိမ့်မယ်။ အောင်မြင်သွားပါပီ။ တကယ်လို့ သူပေးတဲ့ code ကို အကြောင်းအမျိုးမျိုးကြောင့် မကြားလိုက်ရဘူးဆိုရင်လဲ စိတ်မပျက်ပါနဲ့ နောက် ၂၄ နာရီကြာရင် တစ်ခါ ထပ်တောင်းလို့ရပါတယ်။ မရမချင်း ၂၄နာရီခြား တစ်ခါတောင်းပေါ့ဗျာ။ အဆင်ပြေပါစေ
ကိုညီနေမင်းခင်ဗျာ Viber သုံးမယ်ဆိုရင် ကိုယ့်ဖုန်းမှာ အင်တာနက်ရှိပြီး တစ်ခြားဖုန်းက အင်တာနက်မရှိတဲ့ အချိန်မှာရော အဲဒီဖုန်းကိုခေါ်လို့ရလားသိချင်ပါတယ်။ ကျေးဇူးပြုပြီး hornstar.master4@gmail.com ကို Mail ပို့ပေးပါခင်ဗျာ
ReplyDeleteကိုညီနေမင်းခင်ဗျာ huawei ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး Internet သုံးတာ internet access မဖြစ်တာ ဘာ့ကြေင့်လဲဆိုတာသိချင်ပါတယ်။ ကျေးဇူးပြုပြီးပြော ပြပေးပါခင်ဗျာ
ReplyDeleteကျမကို ကူညီကြပါဦးThail phone နဲ့သုံးတာအဆင့်ဆင့်အဆင်ပြေတယ် ဒါပေမဲ့ code မကျလာဘူး။click here လဲနှိပ်မရဘူး။၃ ရက်ရှိပြီး။phone number ထည့်တာအခါ ၅၀ ရှိပြီး။ကျမတော်တော်စိတ်ပျက်မိတယ်။
ReplyDeletehttp://friendsmyanmar.org/forum/topics/phone-free
ReplyDeleteအဲ့ဒီနေရာလေးမှာ ကူးပြီး တင်ထားလိုက်ပါတယ်ဗျ :)
java ဖုန်းတွေအတွက် ကော မဖြစ်နိုင်ဘူးလား
ReplyDeleteအကိုညီနေမင်း ကျတော် Viber လုပ်လို့မရလို့ ကူညီပေးပါ ကျတော် Samsung Gio အမျိုးအစားနဲ့ ပါ အကိုပေးတဲ့ လင့်ကနေ Android ကိုရွေးပြီးသွားပါတယ် အင်စတော သူဟာသူ လုပ်မယ်ဆိုလို့ အင်စတောကို နိုပ်လိုက်ပါတယ် အကောင့်တောင်းလို့ အကောင့်ရိုက်ထည့်ပေးလိုက်ပါတယ် ဒါပေမဲ့ You have not any device တဲ့ ဘာတွေလုပ်ရပါ့မလဲ ရှင်းပြပေးပါအကို အချိန်ရရင် အမြန်လေး ဖြစ်စေချင်ပါတယ် ကျတော် Wi Fi မန်ဘာ ၃ထောင်ဘိုးကုန်သွားပါပြီး အသစ်ထက်ဝင်ထားရတယ် ကူညီပါအကို
ReplyDeleteအကိုညီနေမင်း ကျတော် Viber လုပ်လို့မရလို့ ကူညီပေးပါ ကျတော် Samsung Gio အမျိုးအစားနဲ့ ပါ အကိုပေးတဲ့ လင့်ကနေ Android ကိုရွေးပြီးသွားပါတယ် အင်စတော သူဟာသူ လုပ်မယ်ဆိုလို့ အင်စတောကို နိုပ်လိုက်ပါတယ် အကောင့်တောင်းလို့ အကောင့်ရိုက်ထည့်ပေးလိုက်ပါတယ် ဒါပေမဲ့ You have not any device တဲ့ ဘာတွေလုပ်ရပါ့မလဲ ရှင်းပြပေးပါအကို အချိန်ရရင် အမြန်လေး ဖြစ်စေချင်ပါတယ် ကျတော် Wi Fi မန်ဘာ ၃ထောင်ဘိုးကုန်သွားပါပြီး အသစ်ထက်ဝင်ထားရတယ် ကူညီပါအကို
ReplyDeleteအကိုညီနေမင်း ကျတော် Viber လုပ်လို့မရလို့ ကူညီပေးပါ ကျတော် Samsung Gio အမျိုးအစားနဲ့ ပါ အကိုပေးတဲ့ လင့်ကနေ Android ကိုရွေးပြီးသွားပါတယ် အင်စတော သူဟာသူ လုပ်မယ်ဆိုလို့ အင်စတောကို နိုပ်လိုက်ပါတယ် အကောင့်တောင်းလို့ အကောင့်ရိုက်ထည့်ပေးလိုက်ပါတယ် ဒါပေမဲ့ You have not any device တဲ့ ဘာတွေလုပ်ရပါ့မလဲ ရှင်းပြပေးပါအကို အချိန်ရရင် အမြန်လေး ဖြစ်စေချင်ပါတယ် ကျတော် Wi Fi မန်ဘာ ၃ထောင်ဘိုးကုန်သွားပါပြီး အသစ်ထက်ဝင်ထားရတယ် ကူညီပါအကို
ReplyDeleteအကိုရေ ဒေင်းလို့မ၇လို့ ကူညီပါဦး Adfမှာတင် Please Wait နဲ့တင် တစ်နေတယ် နှိပ်လို့လည်း မရတော့ဘူး
ReplyDeleteကိုညီရေ . .. iTunes အကောင့် (free) လုပ်နည်းလေးလည်း သင်ပေးပါအုံးဗျာ ..
ReplyDeleteiTunes account (free) ရမယ့် နည်းလေး အမြန်ဆုံးသင်ပြပေးပါအုံးဗျာ ... အဖွဲ့လိုက်လိုအပ်နေကြပါတယ် .. .. အကို အမြန်ဆုံးသင်ပြပေးမှုကို မျှော်နေပါသည်။
ReplyDeleteitunes အကောင့်က setting ထဲမှာ icloud ရှိပါတယ် အဲဒီမှာ Free apple ID ဆိုတာရှိပါတယ် အဲဒီကနေ ဖွင့်ပါ....
ReplyDeleteအကိုရေ Nokia Lumia 900 window phone မှာ မြန်မာစာဖောင့်ထည့်ချင်လို့ ကူညီပေးပါဦး
ReplyDeleteကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ--။
ReplyDeleteကွန်ပျူတာက နေအသုံးပြုချင်သူများလဲ ရပါပြီ. Bluestacks (http://bluestacks.com/ ) ကို Download ချပြီး Install လုပ်လို့ပါ. Install လုပ်ပြီးလျှင် Search Box မှာ Viber free call လို့ရှိက်ပြီးရှာလိုက်ပါ. click တာနဲ့ automatically Download and Install လုပ်သွားပါလိမ့်မယ်. Display Driver Update တောင်းတတ်ပါတယ်. တောင်းရင်လဲ ပေးလိုက်ပါ.(သို့)Bluestacks ကို ဖြုတ်ချပြီး Reinstall ပြန်လုပ်ပါ.အဆင်ပြေပါစေ. ပြဿနာ တစ်ခုခုရှိလျှင်မေးနိုင်ပါသည်.(kingone37@gmail.com).
ReplyDeleteကိုညီရေ Viber စမ်းတာအဆင်ပြေတယ် ကိုညီရေ. ကျွန်တော့်ဟန်းဆက်လေး root မရလို့ Driver ပတ်ရှာတာ ဘယ်လိုမှရှာမရလို့ပါ။မြန်မာစာကို ဟန်းဆက်နဲ့သုံးမရဘူးဖြစ်နေပါတယ်။ဆိုင်တွေပြတော့လဲ ကိရိယာမျိုးစုံနဲ့ကလိကြတာမပေါက်သေးပါဘူး။ Driver မရှိသေးလို့နောက်မှပြန်လာပါချိန်းပါတယ်။အဆင်ပြေရင်ကူညီပါဦး(Lenovo A780 GSM/WCDMA)
ReplyDeleteအကိုရေတစ်ခုလောက်ကူညီပါအုံး....ကျွန်တော်ရဲ့ Nokia N8 ထဲကို Viber ထည့်လို့ မရလို့ ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါအုံးနော်.....
ReplyDeleteလေးစားစွာဖြင့်.......
foreversoe
မနက်ဖြန်များစွာအတွက်ရှင်သန်ရပ်တည်နေမရ့် .......foreversoe
http://foreversoe.blogspot.com
ကိုညီရေface book အကောင့်လုပ်နည်းလေးမသိလို့ တချက်ကူညီပါ thnaing@mail.comကိုပို့ပေးပါ့
ReplyDeleteဟာဝေး သမားလေးရေ၊ ကိုယ်လည်း ဒီဖုံးပါပဲ။မင့်စက်နာမည်နဲ့၊အန်းဒရိုက်ဗားရှင်း ကလေးပြောဦးလေ။ မင့်ပီစီနဲ့ ဟန်းစက်နဲ့ရော ဒရိုင်ဘာကတဆင့်သိနေပြီလား။ မသိသေးဘူးဆိုရင် ဖုံးထဲမှာ အသင့်ပါတဲ့ ဒရိုင်ဘာကို ပီစီ မှာ အင်စတောလိုက်၊ သိသွားပြီဆိုရင် မင့်ဖုံးထိုးလိုက်တာနဲ့ မင့်ပီစီမှာ Drive F:\G\H: စသည်ဖြင့်တွေ့ ရမယ်။ အဲဒီအခါ မင်းဖုံးကိုအင်တာနက်ဖွင့်လိုက်၊setting\wireless network\ tethering\ထဲဝင်လိုက်၊ အဲ ဒီမှာ ပေါ်လာတဲ့ checkbox မှာ on လိုက်ပေါ့။ ပီစီရဲ့ ညာဖက်ထောင့်အောက်က နော့တီဖစ်ကေးရှင်း အေရီယာနေရာမှာ အိုကေနေ တာတွေ့ရင် ကြိုက်တဲ့ ဘရောက်ဇာဖွင့် လို့ကြိုက်တာကြည့်ပေတော့ ပဲ။ တို့3G network တောင် တယ်မမြန်လှပါဘူး ကွယ်။ ညီလေး အဆင်ပြေ သွားမှာပါ။
ReplyDeleteဖတ်သွားပါတယ်
ReplyDeleteကိုညီ ရေ.....viber ကို pc မှာသုံးမယ်ဆိုရင် bluestacks နဲ့ ရတယ် လို့်ပြောတယ်။ bluestacks size က 139 MB တောင်ရှိတယ်။ ကျွန်တော် စမ်းတာ အဆင်မပြေဘူး။စက်က 64bit မို့လို့လားမသိဘူး။ကိုညီ အဆင်ပြေရင် ကူညီပေးပါအုန်း။ကျေးဇူးတင်ပါတယ်။
ReplyDeleteအကိုရေ snmsung glaxy pocket ကိုမြန်မာဖောင့်ဘယ်လိုထည့်ရမလဲဗျာ ကူညီပေးပါအုံး။ကျေးဇူးပါအကို။
ReplyDeleteအကို ကျွန်တော့်မှာ ဖုန်းမရှိပါဘူး ဖုန်းခွံဝယ်ပြီးတော့ အင်တာနက်နဲ့ ဖုန်းအလွတ်နဲ့ချိပ်ပြီး သုံးလို့ရမရ သိချင်ပါတယ် အကို ကျေးဇူးတင်စွာဖြင့်
ReplyDeleteကိုညီခင်ဗျာ။ကျနော်Wyzo browser နဲ့ အင်တာ သုံးလိုက်တာ.ခု mozilla fire fox နဲ့ ပြန်သုံးချင်တာ.mozilla ကမပွင့်တော့ဘူး.ဘယ်လိုလုပ်ရမလဲ.ကူညီပါအုံးခင်ဗျာ။
ReplyDeleteနည်းလမ်းရှိရင် မေးထဲကိုပို့ပေးပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။
laminateyar@gmail.com
တဘက် က အင်တာနက် မရှိ တဲ့ မိုဘိုင်းဖုန်း ကို ဖုန်းခေါ် ချင်ရင် ဘာလို သုံး ရမလဲ ဆိုတာ သိကြလားဗျာ။။
ReplyDeleteသိရင် ပြောပြပေးပါလား။
ကျေးဇူး ကိုညီ
ReplyDeleteအကိုညီနေမင်းခင်ဗျာ... ကျွန်တော် Viber ကတချို့သူတွေရှိ ခေါ်ရင် Latest Version ကို Update လုပ်ခိုင်းနေပါတယ်. ဘယ်လို Update လုပ်ရမလဲ.ကူညီပါအုံးဗျာ။
ReplyDeleteနည်းလမ်းရှိရင် မေးထဲကိုပို့ပေးပါခင်ဗျာ.ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ecmememberminn.99@gmail.com
viber ကိုသုံးပြီး Pc ကနေ ဖုန်းခေါ်ချင်တယ်ဆိုရင်
ReplyDeleteကွန်ပျူတာမှာ start bluestacks ကို အရင်သွင်း
ပြီးရင် viber ကို instrall လုပ် ပြီးရင် viber code ထည့် ဒါဆိုရပြီ
အကိုနေမင်းရေ ကူပါဦး ကျွှန်တော်ဖုန်းကနေ googleplay က appတွေကို ဒေါင်းတာ မရဖူးဖြစ်နေတယ် you don't have any device ပြနေတာ အဲတာ ဘယ်လိုလုပ်ရမလဲ ပြောပြပေးပါ ဖုန်းက အန်းဒရိုက် အမျိုးစားပါ ကျွှန်တော့် အကောင့်က aungg0976@gmail.com ပါ Plz....
ReplyDeleteကျေးဇူးတင်ပါတယ်အကို
ReplyDeleteကျွန်တော်တို့လိုနားမလည်တဲ့သူတွေကို နားလည်အောင်
ရှင်းပြပေးတဲ့အတွက်
အစ်ကိုအားရင်တစ်ခုလောက်ကူညီပါလားskype နဲ့ထိုင်းကနေမြန်မာပြည်ကိုဖုန်းခေါ်ရင်ဘယ်ဘယ်လောက်ကုန်ပါလဲ
ReplyDeleteskype မှာပိုက်ဆံထည့်ရင်ကောဘယ်လိုထည့်ရမလဲ euro 1000 ကဒ်မဝယ်ဘဲနဲ့
ထိုင်းကနေဘာဏ်ကဒ်နဲ့ ထိုင်းဘာတ်နဲ့ကောဝယ်လို့ရပါလား
သိချင်လို့တစ်ဆစ်လောက်ကူညီပေးပါနှော်
Nokia 6120 Classic အတွက် Viber ဆော့ဝဲလေး ကူညီပေးစေလိုပါတယ်ခင်ဗျာ..
ReplyDeleteရှာမတွေ့လို့ပါ...
အစ်ကိုရေ ကျွန်တော်က huawei t8620 ကိုင်တာပါ viber install လုပ်လို့မရလို့ ကူညီပါဦး
ReplyDeleteအခုလိုတင်ပေးတဲ့အတွက် အကို့ကိုကျေးဇူးတင်ပါတယ်
ReplyDeleteviber ကို update လုပ်လိုက်တာ code no ပြန်မရတော့ပါ mptက
ReplyDeleteပိတ်လိုက်တာများလား....ဘာဆက်လုပ်ရပါမလဲ.....
a ko yay, nyi ye vivo s7 ph mr mm font use chin loz pr,bal ka sa lote ya ma lal lone wa ma thi bu pyit nay loz pr, ku nyi pay prr ohne pyar.
ReplyDeleteကိုနေမင်းရေကျွန်တော်ဖုန်းအမျိုးအစားကsonyericsson u20i ဖြစ်ပါတယ်မြန်မာဖောင့်ဘယ်လိုထည့်ရမယ်ဆိုတာရှင်းပြပေးပါ
ReplyDeleteကိုညီနေမင်း
ReplyDeleteဖုန်းထဲမှာ viber ကရှိပါတယ်။ ဒါပေမယ့် အဝင်ရပြီ အထွက်မရလို uninstall လုပ်လိုက်ပြီ ဖျက်လိုက်ပါတယ်။
နောက်တစ်ခေါက်ထပ်ပြီ install လုပ်တော့ package file is invalid ဆိုပြီ ပေါ်လာပါတယ်။ ဘယ်လိုမှdownload ဆွဲလို့ မရတော့ပါ။ ဖုန်းအမျိုးအစားက galaxy s advance ပါ။ အဲဒါလေး ကို ကျေးဇူးပြုပြီး ပြောပြ ပေးစေလိုပါသည်။email ကတော nwenweyun@gmail.com