This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, May 27, 2012

မိမိသုံးခဲ့တဲ့ password, product key and serial keys များကို ရှာပေးမယ့် Spotmau Windows Password & Key Finder (v-6.0.1.3)

  • ဒါကတော့ မိမိကွန်ပျူတာမှာ သုံးခဲ့ဖူးတဲ့ username and password, Microsoft product key, window license key စသည်တို့ကို ပြန်ပြီး ရှာပေးနိုင်တဲ့ Spotmau Windows Password & Key Finder 6.0.1.3 နဲ့ မိတ်ဆက်ပေးပါ့မယ်. ရှာပေးနိုင်တာတွေကတော့ email password, Msn password, gmail password, yahoo messenger password, outlook express (or) Thunderbird စတာတွေရဲ့ password တွေကိုလဲ ပြန်ရှာပေးနိုင်ပါတယ်. ကဲဒီလောက်ဆိုရင် ဘာတွေကို လုပ်ပေးနိုင်တယ်ဆိုတာကို သိလောက်ပြီလို့ ထင်ပါတယ်။ 
အထဲမှာ license version ဖြစ်ပြီးသား sotware တွေရဲ့ key တွေကိုလည်း ရှာပေးနိုင်ပါတယ်. လိုအပ်တဲ့ သူများ အောက်မှာ Download လုပ်ယူနိုင်ပါတယ်. ဘယ် software မဆို size သေးသေးလေးဘဲ နောက်မှ ဆွဲလဲ ရတာပဲဆိုပြီး နေလိုက် တကယ့်တကယ် လိုလည်းလိုအပ်ရော ဘယ်နားက ရှာရမှန်း၊ Download လုပ်ရမှန်း မသိတော့ဘူး။ အဲ့ဒီ့တော့ လုပ်ထားသင့်ပါတယ် လို့ပဲ တိုက်တွန်းလိုက်ပါတယ်။ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Minus | Mediafire | Ifile

Saturday, May 26, 2012

Billion Chords-The Most Powerful Guitar Chord Dictionary in the World!

Rapp3rး ကိုညီနေမင်း တင်ပေးထားတဲ့  ဂစ်တာလက်ကွက်တွေက မရတော့ဘူး download လုပ်လို့ နောက်ထပ် တင်ပေးပါဦး. ကျွန်တော် လက်ကွက် အသစ်တွေကို သိချင်လို့ပါ။

Billion Chords Features List

  1. • Ability to find any chord possible
  2. • Ability to construct any chord by choosing the abbreviations on a list
  3. • Ability to listen the chords sound
  4. • Ability to change the sound by choosing an instrument
  5. • List of all synonyms of each chord
  6. • Drawing of the chord along the virtual fret diagram
  7. • You can choose a common tuning
  8. • You can change to your personal tuning
  9. • Find chords and omit barre chords
  10. • Display only easy chords
  11. • Choose the max distance between your fingers
  12. • Choose the maximum fret # to display the chord charts
  13. • Ability to display to left-handed chords
  14. • Change the bass note for any chord
  15. • More than 1 Billion combinations available
  16. • Omit 5 and omit 3 in any chord
Ifile | Mediafire | Minus

Photoshop cs5 အသုံးပြုနည်း (မြန်မာလို)

Photoshop user သမားများအတွက် အခု Photoshop cs5 အကြောင်း စာအုပ်ကို တင်ပေးလိုက်ပါတယ်. နောက်ထပ် တစ်အုပ်ရှိပါသေးတယ်. ကျွန်တော် တင်ဖို့ ကြိုးစားနေပါတယ်. ညီလေးတစ်ယောက် ပို့ပေးထားတာပါ. ဖိုင်ဆိုက်က ကြီးနေလို့ ခဏသီးခံပြီး စောင့်ပေးစေလိုပါတယ်.  ဆေးသောက်ထားတာမို့ ကျွန်တော် စာအုပ်တွေကိုပဲ တင်ပေးလိုက်ပါတယ်. မနက်ဖြန်မှာ  မေးထား တာတွေကို ဖြေပေး ဖို့အတွက် ဒါနောက်ဆုံး တင်ပေးလိုက်တဲ့ စာအုပ်ပါပဲ။ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ။ Website Design ကို မိမိကိုယ်တိုင် ရေးဆွဲချင်သူဟာ ကိုယ်ကိုယ်တိုင် Photoshop ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားဖို့ အထူးလိုအပ်ပါတယ်. Flash ပိုင်းကတော့ Profession မဟုတ်တောင်မှ flash အတွက် ထုတ်ထားတဲ့ software တွေက ဒုနဲ့ဒေး ဖြစ်နေတာကြောင့်မို့ flash ကိုတော့ ခဏ ခေါက်ထားလို့ ရသေးပေမယ့် Photoshop ကိုတော့ဖြင့် မဖြစ်မနေ သင်ယူထားရပါမယ်.

Minus | Filecloud | Mediafire | Sharebeast

Java programming အကြောင်း လေ့လာနေတဲ့သူများအတွက် Teach Yourself Java (မြန်မာလို)

java အကြောင်း လေ့လာနေတဲ့ programmer များအတွက် အထောက်အကူ ရစေရန် အတွက် တင်ပေးလိုက်ပါတယ်. အရင်က စာအုပ်က လင့်ပျက်သွားပြီ ထင်တာရယ်. မပြည့်စုံဘူးလို့ ထင်တာရယ်ကြောင့် အသစ်ထပ်တင်ပေးလိုက်ပါတယ်. အခု စာအုပ်ကို လေ့လာကြည့်ပါ. တစ်ခုခု အကျိုးသက်ရောက်မှု့ ရှိပါလိမ့်မယ်. အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်. လိုချင်ရင် အောက်မှာ Download လုပ်လိုက်ပါ။

Minus | Mediafire | Ifile

Virus များအကြောင်း (မြန်မာလို)

virus များအကြောင်းကို အရင်က ပြောလည်း ပြောပြခဲ့ဖူးပြီးသား ဖြစ်သလို စာအုပ်တွေလဲ တင်ပေးထားခဲ့ပြီးသားပါ. အခုဟာက ညီလေး တစ်ယောက်ကနေ email ကနေ ပို့ပြီးတော့ တင်ပေးခိုင်းလို့ ထပ်တင်ပေးလိုက်ပါတယ်. ဘယ်အကြောင်း အရာပဲဖြစ်ဖြစ် ကိုသိထားတာပဲဆိုပြီးတော့ ပေါ့ပေါ့ မထားပါနဲ့ ကိုသိတာတွေ ထဲမှာကိုပဲ မသိသေးတဲ့ အချက်လေးတွေ ကျန်နေသေးတတ်ပါတယ်. ကဲ အဆင်ပြေမယ်ဆိုရင်တော့ အောက်မှာ Download လုပ်ယူလိုက်ပါ။

Ifile | Mediafire | Minus

လွယ်ကူတဲ့ Power director video editing စာအုပ် (မြန်မာလို)

ကိုညီနေမင်း video editing ကို ဘယ်ကနေ စခဲ့သလဲမေးရင်တော့ Power director ကနေ စလေ့လာခဲ့တယ်လို့ပဲ ပြောရမှာပါပဲ။ လွယ်ကူသလို ရိုးရှင်းပါတယ်။ တကယ်လဲ လုပ်ရတာ မြန်ဆန်ပါတယ်။ ခက်ခဲမှု့ မရှိသလောက်ပါပဲ။ အဲ့တော့ ပထမဦးဆုံး စပြီးတော့ video editing ကို စပြီးတော့ လေ့လာတော့မယ် ဆိုရင်တော့ အခုပေးထားတဲ့ power director ကို မဖြစ်မနေ စပြီးတော့ လေ့လာပေးပါ။ ကဲ video editing စလေ့လာတဲ့ သူများ အဆင်ပြေနိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်း ပေးလိုက် ပါတယ်။ လိုချင်ရင်တော့ အောက်မှာ Download လုပ်လိုက်ပါ။

Minus | ifile | Mediafire

ကိုဝင်းဟိန်းရေးသားသော Android application ဆိုင်ရာ ရေးသားဖန်တီးနိုင်မှု့ အခြေခံသဘောတရားများ (မြန်မာလို)

ကဲ android mobile ဖုန်းတွေ သုံးနေတဲ့သူများရော မသုံးသေးတဲ့ သူများပါ လေ့လာထားသင့်ပါတယ်။ ဒီစာအုပ်မျိုးကို ဖုန်းနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ သူများရော လုပ်ဖို့ ရည်မှန်းထားတဲ့ သူများပါ လေ့လာထား သင့်ပါတယ်။ ဒါမှသာ တစ်ခြားဖုန်းတွေရဲ့ သဘောတရားကိုလည်း နားလည်လာမှာ ဖြစ်ပါတယ်။ အကြောင်းအရာတိုင်းဟာ လွယ်ကူကြတယ်လို့ ထင်ရပေမယ့် တကယ်တမ်း လက်တွေ့ လုပ်ကြည့်ပါ။ အမှားတွေနဲ့ အခက်အခဲတွေ မလွှဲမသွေ တွေ့ကြုံရတတ်ပါတယ်။ အဲ့လိုအခါကျမှ ဟူး ကြည့်တော့သာ လွယ်တာ လုပ်ရတာ မလွယ်ပါလား ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ စာအုပ်ကိုချည်းပဲ ဖတ်နေရင်တော့ စာပဲဦးနှောက်ထဲကို ရောက်သွားမှာဖြစ်ပြီးတော့ လက်တွေ့လေ့လာမှု့ မရှိရင်တော့ အချည်းနှီးပါပဲ။ အဲ့တော့ စာတွေ့နဲ့ဖတ် လက်တွေ့နဲ့ တစ်ကယ်လုပ်ကြည့်လိုက် ဒါဆိုရင် သဘောတရား ဆိုတာ ဦးနှောက်ထဲကို အလိုလို ရောက်လာမှာပါ။ အားလုံး အဆင်ပြေကြ လိမ့်မယ် လို့ မျှော်လင့် ပါတယ်။ လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ။

Ifile | Mediafire | Minus

ဦးဇော်လင်း ရေးသားထားတဲ့ Computer Lessons For Hight School စာအုပ် (မြန်မာလို)

အထက်တန်းကျောင်းသား/သူများ အတွက်လို့ ဆိုပေမယ့် အခုမှ လေ့လာကြတဲ့ လူငယ်များအတွက်တော့ မဖြစ်မနေ ဖတ်ထားသင့် လေ့လာထားသင့်တဲ့ စာအုပ်ကလေးပါ။ အတော်လေးကောင်းပါတယ်။ အခုမှ လေ့လာတဲ့သူများအနေဖြင့် ပထမဦးဆုံး စလေ့လာရမှာကတော့ အခြေခံပိုင်းအတွက် ရေးသားထားတဲ့ စာအုပ်တွေကို အရင်ဆုံး စဖတ်ပြီး လေ့လာရမှာပါ။ ဒါမှသာ အခြေခံသဘောတရား တွေကို သိလာပြီး ဒီ့ထက်မြင့်တဲ့ စာအုပ်တွေကို ဖတ်လာနိုင် မှာပါ။ ဟိုလာလေ့လာလိုက် အပေါ်ယံလောက်၊ ဒီဟာကောက်ဖတ်လိုက် ပြီးပြီးရော ဆိုရင်တော့ မျောက်သစ်ကိုင်း လွတ်သလိုပဲ ဖြစ်နေမှာပါ။ အောက်ပြုတ်ကျတတ်ပါတယ်. အားလုံးအဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်. လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ။

Minus | Mediafire | ifile.it

Adobe Premiere Pro CS5 အသုံးပြုနည်း (မြန်မာလို)

ကဲ video editing သမားများအတွက် ကျွန်တော် Adobe premiere Pro cs5 ကိုအသုံးပြုပြီး တည်းဖြတ်နည်း စာအုပ်ကို တင်ပေးလိုက်ပါတယ်. . အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်. video editing အတွက် စာအုပ်နှစ်အုပ် ဒီနေ့ တင်ပေးလိုက်ပါ့မယ်။ နှစ်အုပ်စလုံးကို ဖတ်ပါ။ ပထမစာအုပ်ကို ဖတ်ပြီးမှ Adobe premiere Pro cs5 စာအုပ်ကို ဖတ်ပေးပါ။ သဘောတရားတွေကတော့ အားလုံးဟာ အတူတူချည်းပါပဲ။ Tools တွေသာ ပိုများလာပြီး။ တစ်ချို့လုပ်ဆောင်ချက်ချင်း မတူတဲ့ အချက်တွေသာ ကွဲပြားသွားတာပါ။ user တစ်ယောက် ဖြစ်လာဖို့ လွယ်ကူပေမယ့်. Professional user တစ်ယောက် ဖြစ်လာဖို့ကတော့ မလွယ်ကူဘူးလို့ပဲ ပြောပါရစေ။ Professional user တစ်ယောက် ဖြစ်လာဖို့အတွက် Video editing software တော်တော်များများနှင့် ရင်းနှီးကျွမ်းဝင်ထားရင် ပိုကောင်းပါတယ်။ ဒါမှ တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်မှု့၊ အားသာချက်၊ အားနည်းချက်တွေကို သဘောပေါက် လာမှာဖြစ်ပါတယ်။ ကဲ အဆင်ပြေမယ်ဆိုရင် လိုချင်တဲ့သူများအောက်မှာ Download လုပ်ယူနိုင်ပါတယ်.

Minus | Ifile | Mediafire

Friday, May 25, 2012

Wifi Hacking Basic (မြန်မာလို)

ကျွန်တော်ကိုယ်တိုင်ကတော့ မရေးခဲ့ဖူးပါဘူး. ခု wifi hack နည်းကို ရေးထားတဲ့ စာအုပ်လေးတစ်အုပ် မေးလ်ထဲကို ပို့လာလို့ရယ်။ wifi ကို ဘယ်လို ဟက်ရတယ်ဆိုတာကိုရယ် သဘောပေါက်အောင်နှင့် wifi လွှင့်တဲ့သူများအနေဖြင့် security ပိုင်းအနေနဲ့ ဘယ်လိုမျိုး လွှင့်သင့်တယ် security ထပ်တိုးသင့်တယ်ဆိုတာကို သိစေချင်လို့ပါ. ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ. Security Model အမျိုးအစားများ ဖြစ်သော WEP, WEP2, WPA-PSK, WPA2-PSK များထဲက WEP,WEP2 ဖြင့် လွှင့်ထားသော လိုင်းများကိုသာ ရနိုင်ဖို့များပြီး တစ်ခြားနှစ်ခုကိုတော့ ဖြင့် ရနိုင်ဖို့ မသေချာပါဘူး။ တစ်ခြားနည်းလမ်းတွေတော့ ရှိပါတယ်. ကဲ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်. WIFI ဟက်နည်းတွေ ရေးထားတာ ပလူပျံနေတဲ့ အချိန်ကျမှ ဒီစာအုပ်ကို တင်ပေးလိုက်တာဟာ ဘယ်သူ့ကိုမှ ထိခိုက်လိမ့်မယ်လို့ မမျှော်လင့်ပါဘူး. wifi လွှင့်တဲ့သူများလည်း သတိပြုမိအောင်လို့ တင်ပေးလိုက်ခြင်းပါ။ ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ..

Minus | Mediafire | Ifile

ကိုမျိုးသူရရေးတဲ့ Easy Computer Basic စာအုပ် (မြန်မာလို)

ကဲ အားလုံးပဲ ရွှင်လန်းချမ်းမြေ့ပါစေလို့ ပထမဦးဆုံး ဆုတောင်းပေး လိုက်ပါတယ်. နေတော့ ကောင်းသင့်သလောက် ကောင်းသွားပေမယ့် အိပ်ရေး ပျက်တာ များသွားတာရယ်ကြောင့်မို့ နှလုံးအရမ်းအားနည်းနေပါသေးတယ်. မနေ့ညကပဲ 11 ခွဲလောက်မှာ အရမ်းမောလာလို့ ဆေးသွားထိုးရပါတယ်. ကျွန်တော့်အတွက် စိတ်ပူပေးကြတဲ့ သူတစ်ချို့ကို ကျေးဇူးတင်ပါတယ်. အထူးသဖြင့် ??? ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်. ကျွန်တော်အခု နည်းနည်း သက်သာတာနဲ့ စာအုပ်တွေ တင်ပေးလိုက်ပါတယ်. အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်. ဒီစာအုပ်က ကိုမျိုးသူရ ရေးတဲ့ လွယ်ကူလေ့လာ အခြေခံကွန်ပျူတာ ဆိုတဲ့ စာအုပ်ကလေးပါ. မရှိတဲ့သူများ Download လုပ်လိုက်ကြပါ. 

Minus | Ifile | Mediafire

Thursday, May 24, 2012

uniblue Driver scanner 2012 version 4.0.7.1 (နောက်ဆုံးထွက် ဗားရှင်း)

ဒီတစ်ခါ Driver အခက်အခဲ ဖြစ်နေသူများအတွက် တစ်ခြား driver ရှာတဲ့ program တွေထက် ကောင်းတဲ့ driver scanner ကို တင်ပေးလိုက်ပါတယ်. နောက်ဆုံးထွက် version ပါ. ကျွန်တော် ကိုယ်တိုင် ခုနကပဲ စမ်းပြီးတော့ Download လုပ်လို့ မရတဲ့ window 7 အတွက် driver ကို install လုပ်လိုက်တာ အဆင်ပြေသွားပါတယ်. Dell နဲ့ fujitsu အတွက်ပါ. အားလုံးအတွက် အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်. ထည့်ရမယ့် serial number တွေကို အများကြီး တင်ပေးထားပါတယ်. တစ်ခုနဲ့ အဆင်မပြေ ရင် နောက် တစ်ခုနဲ့ ထည့်ပါ. ပြောစရာတစ်ခုကတော့ သူ့ကို active ဖြစ်ဖို့အတွက် internet တော့ လိုအပ်မှာ ဖြစ်ပါတယ်. internet မချိတ်ပဲနဲ့တော့ active မဖြစ်ပါဘူး. ကဲလိုချင်ရင် အောက်မှာ download လုပ်လိုက်ပါ.

  • ပထမဦးစွာ active ဖြစ်ဖို့ key ထည့်ပါ
  • Driver ကို Scan လုပ်ပါ။ 
  • လိုအပ်သည့် driver များတွေ့လျှင် Download All ကို နှိပ်ပြီး Download လုပ်ပါ။
  • Download လုပ်ပြီးလျှင် လုပ်ပြီးသည့် link ရဲ့ အလယ်တည့်တည့်မှာ install ဆိုတာ ပေါ်လာပါလိမ့်မယ်. install ကိုနှိပ်ပေးလိုက်ပါ။ ဒါဆိုရင် လိုအပ်တဲ့ driver တွေ အလိုအလျှောက် ရရှိသွားမှာဖြစ်ပါတယ်. ဒါပေမယ့် တစ်ခါတစ်ရံမှာ install လုပ်ပြီးရင် restart ချခိုင်းတတ်ပါတယ်. restart ချပေးလိုက်ပါ. အစကနေ ပြန်ပြီး download လုပ်စရာမလိုပါဘူး. Driver scanner program ပြန်ပေါ်လာတာနဲ့ ခုနက Download လုပ်နေတဲ့ နေရာကနေ ကျန်တဲ့ Driver တွေကို ဆက်ရှာနေပါလိမ့်မယ်။ ပြီးတဲ့ driver တွေကိုသာ install လုပ်နေလိုက်ပါ။ 

Internet Download manager 6.11 built 7 (နောက်ဆုံးထွက် version)

အဖျားတော့ ကျသွားပါပြီ. အားနည်းနေတာ တစ်ခုပါပဲ. အဲ့အတွက်ကြောင့် အသစ်ထွက်တာလေးကို တင်ပေးလိုက်ပါတယ်. နောက်ထပ် အသစ်တွေ တင်ပေးစရာ စာအုပ်တွေ ရှိပါသေးတယ်. အားလုံး အဆင်ပြေမယ် လို့ မျှော်လင့် မိပါတယ်. (လွှမ်းမိုး)ဆိုထားတဲ့ သီချင်းလိုပါပဲ. အကြွေးများနဲ့ ၀ိုင်းနေသူကို (လွှမ်းမိုး)ဟုခေါ်သည်တဲ့ အခုကျွန်တော်လည်း အကြွေးတွေ ၀ိုင်းနေပါတယ်. ပိုက်ဆံ အကြွေးတော့ မဟုတ်ဘူး. မေးထားတဲ့ မေးခွန်းတွေ ကို ဖြေပေးဖို့ အကြွေးတွေပါ။ အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်မိပါတယ်. လိုချင်တဲ့သူများ အောက်မှာ download လုပ်လိုက်ပါ. အရင်တုန်းက ပေးထားတဲ့ crack နဲ့ လုပ်လည်းပဲ ရပါတယ်.


Ifile | Minus | Mediafire

Sunday, May 13, 2012

Toshiba Dynabook CX1 driver for window xp

zaw win Theinကို ညီနေမင်း ရေ တစ်ခုလောက်ကူညီလို.ရရင်ကူညီပေးပါနော် ကျွန်တော့် Toshiba Dynabook CX1/212CE laptop ရဲ. driver ခွေပျောက်သွားလို.အခက်ကြုံနေလို.ပါ ကျွန်တော်လဲ တတ်နိုင် သလောက်တော.တော်တော်မွှေပြီးပြီ အင်တာနက်ပေါ်မှာ အစ်ကိုတတ်နိုင်ရင် ကူရှာပြီးတော. အစ်ကို.ဆိုဒ်ထဲမှာ တင်ပေးထားပါလား အစ်ကို

ကဲကိုဇော်ဝင်းသိန်းရေ ဒီနေ့ည ကွန်ပျူတာရောက်လာတာနဲ့ ခဏ၀င်ပြီး တင်ပေးလိုက်ပါတယ်. အဖျားကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် အားနည်းနေသေးလို့ အားဆေးသောက်နေရပါတယ်. ကိုဇော်ဝင်းသိန်းတောင်းတဲ့ Driver က xp အတွက် ထင်လို့ xp အတွက်ပဲ တင်ပေးလိုက်ပါတယ်။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Download ရယူရန်

VGA Display driver 1
VGA Display Driver 2
Touchpad Driver 1
Touchpad Driver 2
bluetooth Stack for Windows® by Toshiba
NETWORK: Intel(R)PRO 10/100
Wireless 3945BG Network Connection(သင့်တော်တဲ့Driver ကို Download လုပ်ပါ)
w105159_1.exe | w105159_2.exe | w105159_3.exe | w105159_4.exe | w105159_5.exe

Friday, May 4, 2012

ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေ website စတင်ရေးသားခြင်း

ရွှေရင်ကျော် ၀ဘ်ဆိုက် ၀ဘ်ဆိုက်ကို စတင်ရေးသားနေပါပြီ. အခုလက်ရှိ မြ၀တီ ရခိုင်ကျောင်းတိုင်ဆရာတော်ကို ကုသစဉ် ဆရာတော်ခွင့်ပြုချက်ဖြင့် video မှတ်တမ်း ရိုက်ကူးထားခဲ့ပါသည်။ ၄င်း video ဖိုင်အား တင်ပေးထားပါသည်။ ဂိုဏ်းဝင်ထားခြင်း မရှိသောသူများ လေ့လာဖတ်ရှု့နိုင်စေရန်အတွက် စတင်ရေးသားနေပါပြီ ဖြစ်တဲ့အကြောင်း ကျွန်တော့်အနေဖြင့် အသိပေးအပ်ပါတယ်.


ကျွန်တော့်အနေဖြင့် ပထမဦးစွာ နော်ဝေနိုင်ငံရှိ ကိုစောကျော်ဦး (၀ဘ်ဆိုက်လှူဒါန်းသူအား) ထိုင်းနိုင်ငံကနေ လှမ်းပြီး ကုသခဲ့ပြီးပါပြီ. ကုသစဉ်က video မှတ်တမ်း ရိုက်ကူးခဲ့ဖို့ မေ့သွားခဲ့ပါသည်။ ကိုစောကျော်ဦးသည် 1985 ခုနှစ်တုန်းက မိုင်းထိထားသဖြင့် အောက်ပိုင်းလမ်းလျှောက်မရခြင်းကြောင့် ၀ှီးရှဲဖြင့် သွားနေရသည့် ကျွန်တော့်ခင်မင်ရတဲ့ အစ်ကိုတစ်ယောက် ဖြစ်ပါတယ်. သွေးတိုးနှင့်ဆီးချိုကို ကုသပေးပြီးမှ အခုကိုယ်တွင်း၊ ရိုးတွင်းချဉ်ဆီ၊ သွေး၊ သား ထဲမှာ ရှိနေသော မိုင်းဆိပ်များကို မျက်စိကနေတစ်ဆင့် ရေဇလုံထဲကို ထုတ်ပေးတာပါ။ မိုင်းစများနှင့် မိုင်းဆိပ်များ ထွက်လာပါတယ်။ နော်ဝေနိုင်ငံကို မြန်မာပြည် ကော့သောင်းကနေတစ်ဆင့် ကုသပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့သော (15)ရက်ကနေ စတင်ပြီး ကုသခဲ့ပါတယ်. အခုလကုန်ရက်မှာ သွေးတိုး၊ ဆီးချိုနှင့် မိုင်းဆိပ်များကို လစဉ် ဆေးစစ်ချက်ယူရပါတယ်။ မိုင်းဆိပ်ဟာ လစဉ် ပိုပိုပြီးပျံ့နှံ့လာတဲ့အတွက် ပိုပိုဆိုးလာပြီး ဆေးတွေလဲ ပိုပိုများလာခဲ့ပါတယ်. အခုလမှာ ဆေးကုသပြီး result ကတော့ မိုင်းပျံ့နှံ့နှုန်း 10% လျှော့ကျသွားခဲ့ပါတယ်. အဲ့ဒီ့ သက်သေအထောက်အထားများကို ကျွန်တော် ကိုစောကျော်ဦးရဲ့ ခွင့်ပြုချက်ဖြင့် တင်ခွင့်ရခဲ့လျှင် ယခင်လတွေက မိုင်းပျံ့နှံ့နှုန်းနှင့် ယခုလ လျှော့ကျသည့် medical check up ကို တင်ပေးပါ့မယ်. ဆရာဝန်အနေဖြင့် အဲ့လိုမျိုး 10% အထိ လျှော့ကျသွားတဲ့အပေါ် အံ့အားသင့်ပြီး မေးမြန်းတဲ့အဆင့်အထိ ရောက်လာပါတယ်. ဒါကိုကျွန်တော့်ရဲ့ ခင်မင်ရတဲ့အစ်ကို စောကျော်ဦး အသက် (57)နှစ်ဟာ ဖြေရှင်းလျှင် ယုံမည်မဟုတ်တာ သိတဲ့အတွက်ကြောင့်မို့ မြန်မာပြည်က ပို့တဲ့ဆေးကိုတော့ စားနေပါတယ်လို့ ဆရာဝန်ကိုပြောလိုက်ပါတယ်. ဆရာဝန်က အဲ့ဒီ့ဆေးကို အရမ်းစိတ်ဝင်စားပြီး နည်းနည်းလောက် ယူလာပြဖို့နဲ့ ဓါတ်ခွဲစမ်းသပ်ဖို့အထိ ပြောလာပါတယ်. အဲ့တော့ ဒါတွေဟာ သက်သေသာဓကတွေပါ. နိုင်ငံတွေဝေးနေပေမယ့် ကုသလို့ ရပါတယ်. အသေးစိတ်ကို http://www.shweyinkyaw.org ၀ဘ်ဆိုက်မှာ ရေးပေးမှာ ဖြစ်ပါတယ်. အားလုံးပဲ ဂိုဏ်းရဲ့အပေါ်မှာ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.

ဝေဖန်တာက သူတို့အလုပ် လုပ်ရမှာက ကိုယ့်အလုပ်
(အဖဆရာများ၏ ဆုံးမစကား)

အားလုံးကိုခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)